LIVING TOGETHER နှင့် အမျိုးသမီး အခွင့်ရေး ဆိုတဲ့ post လေးကို ဘာရည်ရွယ်ချက် နဲ့  ရေးတယ် ဆိုတာ ကျနော် ဖော်ပြပြီးသာပါ ... ။ နောက်ပြီ ခေတ်အဆက်ဆက် အမျိုးသမီးအခွင့်ရေး ဆိုင်ရာ ဥပဒေ ကိုလည်း ကျနော် သိသလောက်လေး ဆက်လက်ရေးသား နေပါတယ် ဆိုတဲ့ ကြောင်းကိုလည်း အသိ ပေးခဲ့ ပါ တယ် ... ။ သေသေချာချာ ပြည့်ပြည့် စုံစုံလေး ရေးချင်လို့ ပါ ... ။ အခုတော့ ဆက်မရေးလို့  မရတော့ တဲ့ အခြေနေကို ရောက် နေပါပြီ ... ။
LIVING TOGETHER နှင့် အမျိုးသမီးအခွင့်ရေး ဆိုတဲ့ post မှာ Anonymous
said နေနှင့် comment ရေးသား တဲ့ မြန်မာအမျိုးသမီးတစ်ဦး နှင့် တရားရေးဆိုင်ရာ အမျိုးသမီးဝန်ထမ်း ဆိုတဲ့ အစ်မ နှစ်ဦး ရဲ့ မေးမြန်း ချက်ကို ပဲ အဓိကထား ဖြေကြား ရေးသား သွားပါမယ် ... ။
ပထမဦးဆုံးအနေ နှင့် မြန်မာအမျိုးသမီးတစ်ဦး ဆိုတဲ့ အစ်မ ရဲ့ comment ကို ပြန်လည် ဖြေရှင်းခဲ့ သော ကျနော် comment တွင် " ကန့် ကွက် " ဟူသော စကားရပ်ကို သုံးမိခဲ့သည့် အတွက် ဦးစွာ တောင်းပန် လိုပါတယ် ... ။
အစ်မတို့ ရေ ... မြန်မာအမျိုးသမီးများ အတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာမှာ တန်းတူအခွင့်ရေး ရရှိစေတဲ့ ဥပဒေ ကို ၁၉၅၄ မှာ
ပြဋ္ဌာန်း ခဲ့တယ်နော် ... ဒီ ဥပဒေဟာ အားနည်းချက် များစွာ ရှိတယ်လို့  ကျနော် မောင်ဘုန်း အထက်ပါ post မှာ ဖော်ပြခဲ့ပါတယ် ... ။ ကျနော် ရှင်းပြပါမယ် .... ။
၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ဆိုတာ .... (၁၉၃၄-၁၉၃၈) ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ (အတည်မဖြစ် ခဲ့သော ) ကို ၁၉၅၄ မှာ ပြင်ဆင်ပြီ ၊ ၁၉၅၄ မှာ ပဲ ပြဋ္ဌာန်း ခဲ့ ပါတယ် ... ဒီ ဥပဒေ ဟာ မြန်မာအမျိုးသမီးတစ်ဦး ဆိုသော .... အစ်မ ပြောသလို မြန်မာအမျိုး သမီးများ အတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ မှာ တန်းတူအခွင့်ရေး ရစေတယ် ဆိုတာ ကျနော် လက်ခံ ပါတယ် ... ။
ဒါပင်မဲ့ပ ဥပဒေ ရဲ့ ခေါင်းစဉ် က ဗုဒ္ဓဘာသာအမျိုးသမီးများ ဟု ဆိုဒါကြောင့် ဒီ ဥပဒေဟာ ဘာသာခြားတိုင်းရင်း သား အမျိုးသမီးများ နှင့် မဆိုင်သလို ဖြစ်နေခဲ့ပါ တယ် ... ။
ဥပဒေ
ပြဋ္ဌာန်းချက် မှာ ဘာသာခြားတိုင်းရင်းသား အမျိုးသမီးများ နှင့် မဆိုင်စေရ ... ဆိုတဲ့ စကားရပ် မပါသော် လည်း ၊ ။ ဒီ ဥပဒေကို လက်တွေ့  အသုံးပြုတဲ့ တရားစီရင်ရေး မှာတော့ တရားပြိုင်း အနေနှင့် ထို့  အချက် ကို ထောက်၍ လျှောက်လှဲချက် ပေးတက်တာ ကို တရားရေးဆိုင်ရာအမျိုးသမီး ဝန်ထမ်း ဆိုတဲ့ အစ်မ အသိ ဆုံးနေမှာပါ .... ။
ဥပဒေ တစ်ခု
ပြဋ္ဌာန်း ချက်သည် လူမျိုး ဘာသာ မရွေး သက် ဆိုင်တဲ့ ပြဋ္ဌာန်း ချက်ပဲ ဖြစ်သင့် မဟုတ်လော ။
ကျနော်တို့  နိုင်ငံမှာ လူမျိုးအများစု ဗုဒ္ဓဘာသာ ကိုးကွယ်သော်လည်း ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ် ခွင့် ဖော်ပြထား ပါတယ် .. ။ ထို့ ကြောင့်  လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ မှာ ကြည့်မယ် ဆို၇င်လည်း ဘာသာခြား ထုံးထမ်း စဉ်လာ ဥပဒေ ကို တရားစီရင်ရေး မှာ အသုံးပြု ခဲ့ပါတယ် ... ။
ဒါကြာင့် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများ ဘာသာခြားကို လက်ထပ်ခြင်းဖြစ်စေ .. ၊ ဘာသာခြား အမျိုးသမီးများ လက်ထပ်ခြင်းဆိုင်ရာ မှာ ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ဆိုတာ... တန်းတူ အခွင့် ရေး မရှိခဲ့ ပါဘူး ...။
အစ်မတို့  အနေ နှင့် ထိုအချက်ကို ပြင်ဆင်ခဲ့သည် ဟု ပြောဖွယ်ရာ ရှိပါတယ် .... ဘာကြောင့် လည်း ဆို၇င် တရားစီရင်ရေး တစ်ချို့  မှာ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် ထိုအချက်ကို ကာကွယ်ပေးထား တာတွေ ရှိပါ တယ် .. ။
၁၈၉၈ခုနှစ်မှာ
မြန်မာထုံးတမ်းစဉ်လာ ဥပဒေပြင်ဆင်ချက်ကို ကြည့်မယ်ဆိုရင် မြန်မာ့ထုံးတမ်းအရ လက်ထပ်ထိမ်းမြားခြင်း
သည် ဘာသာရေးနှင့်မဆိုင် ၊ လောကီရေးရာသာဖြစ်သည် ။ ထို့ ကြောင့် လက်ထပ်ထိမ်းမြားခြင်းသည် လူမှုရေး ကိစ္စဖြစ်သည် ... ဟု ဆိုသောအချက်ကို ထောက် ၍ တရားစီရင် ရေး နှင့် အမျိုးသမီး
အခွင့်အရေး ကို ကာကွယ် ပေးထားတာ တွေ့ ပါတယ် … ။
ဒါပင်မဲ့ တရားစီရင်ရေးတိုင်း မှာ ကာကွယ် ပေးခဲ့ တာမဟုတ်ဘူး နော် ... ဥပမာ အနေ နေနှင့် တရားစီရင် ခြင်း တစ်ခု ကို ကြည့် ရအောင် ဗျာ
၎၊ဘားမားလောတိုင်း ၁၂၄တွင်ပါရှိသော ၀ီရှိန်နှင့် မနှင်းလှိုင်အမှုစီရင်ထုံးမှာ မြန်မာနိုင်ငံမှာအမြဲနေထိုင်သည့်
တရုတ်လူမျိုးဗုဒ္ဓဘာသာဝင်တဦးနဲ့ မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတဦးတို့ နှစ်ဦးဆန္ဒအရ မြန်မာဓလေ့ထုံးတမ်း
ဥပဒေနဲ့အညီ ထိမ်းမြားလက်ထပ်ခဲ့ကြတယ်။ တရားဝင် လင်မယားအဖြစ် အထင်အရှား ပေါင်းဖက်နေထိုင်ခဲ့တယ်။
သားသမီးများ ထွန်းကားလာပြီးမှ တရုတ်အမျိုးသား ကွယ်လွန်ခဲ့တယ်။ သေဆုံးသွားသော
တရုတ်အမျိုးသား
ဆွေမျိုးများက ကျန်ရစ်သည့်အမွေကို ဆက်ခံလိုသဖြင့် တရား စွဲဆို ခဲ့ပါတယ် ... ရုံးတော် မှ
ထိုအမှု့  ကို ထိုတရုတ် အမျိုးသားနှင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏
ထိမ်းမြားမှုမှာ မြန်မာ့ဓလေ့ထုံးတမ်း
ဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားခဲ့ခြင်း ဖြစ်သော်လည်း
တရုတ်ဓလေ့ထုံးတမ်းအရ တရားဝင်
အတည်ဖြစ်သည့် ထိမ်းမြားမှုမပြုခဲ့သဖြင့် ၄င်းတို့နှစ်ဦးသည်
တရားဝင် လင်မယားအရာ မရောက်ခဲ့ဟု ရုံးတော် က
စီရင် ခဲ့ ပါတယ် ... ။
ထိုဖြစ်စဉ် ကို ကြည့်ရင် ရုံးတော်အနေ နှင့် လူမျိုးခြား ဓလေ့ထုံးတမ်းနဲ့ စီရင်ခဲ့တာ တွေ့ ရတယ်နော် ။
နောက်တစ်ခု ...
၁၉၆၆ ခု၊ မြန်မာနိုင်ငံစီရင်ထုံး ၆၀၇ မှာ ဖော်ပြချက်အရ ကိုသန်းငွေနှင့် မခင်ရီ အမှုစီရင်ထုံး တွင် အမှုဖြစ်ကြသူ လင်မယားမှာ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါတယ် ။ အချင်းချင်း မသင့်မတင့်ဖြစ်ကြပြီး ခွဲခွာနေကြသော အခါမှာ မိန်းမက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ မယားစရိတ် လျှောက်ထား ခွင့် ရုံးတော် သို့ တောင်းခံပါတယ် ။
ယောက်ျား ဖြစ်သူ မှ သူတို့ မူလလက်ထပ်စဉ် ဘာသာရေးအရ လိုက်နာရမည့် ကျင့်စဉ်နဲ့ မညီ ချွတ်ယွင်းခဲ့သဖြင့် တရားဝင် လင်မယားအဖြစ်သို့ မရောက်ခဲ့ကြောင်း ရုံးတော် သို့ လျှောက်လှဲ ခဲ့ပါတယ် ။ ရုံးတော်က စီရင်ဆုံးဖြတ်တဲ့ အခါမှာ ......
၁ ။ အမျိုးသမီးများဘ၀ လုံခြုံမှု ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ပါ ရှိတယ် ။
၂ ။ သူတို့
ဘယ်ဘာသာ ကိုးကွယ်တယ်ဆိုတာက ပဓါနမဟုတ်ပါ ။
၃ ။ လက်ထပ်ထိမ်းမြား
အိမ်ထောင်ပြုရေးသည် ဘာသာရေးကိစ္စမဟုတ်၊ လူမှုရေးကိစ္စသာ ဖြစ်သည် ။
ဟု ဆိုပြီး
တရားရုံးမှ ယောကျာ်း ဖြစ်သူ ကိုသန်းငွေ ၏ လျှောက်လှဲ ချက် ကို ပယ်ချ ခဲ့ပါတယ် … ။
ဒီအမှု့  မှာ တော့ ၁၈၉၈ ခုနှစ်မှာ
မြန်မာထုံးတမ်းစဉ်လာ ဥပဒေ ပြင်ဆင်ချက်အရ
မြန်မာ့ ထုံးတမ်း လက်ထပ်ထိမ်းမြားခြင်း
သည် ဘာသာရေးနှင့် မဆိုင်၊ လောကီရေးရာသာဖြစ်သည် ။ ထို့ ကြောင့် လက်ထပ် ထိမ်းမြား ခြင်း သည် လူမှုရေး ကိစ္စဖြစ်သည် ... ဟု ဆို သော အချက်
ကို ထောက် ၍ တရားစီရင် ရေး နှင့် အမျိုးသမီး
အခွင့်အရေး ကို ကာကွယ် ပေးထားတာ တွေ့ ရ ပြန် ပါတယ် ... ။
ဟုတ်ပြီ ... တရားရေဆိုင်ရာအမျိုးသမီး ဝန်ထမ်း ဆိုသော အစ်မ ရေ ... အထက်ပါ အမှု့ မှာ အမျိုးသမီး အခွင့်ရေးကို တရားစီရင်ရေး လုပ်ပိုင်ခွင့် နှင့် ကာကွယ်ပေးလိုက် သည် ဆိုသော်လည်း ကိုသန်းငွေ ၏ လျှောက်လှဲ ချက်ကို ခိုင်မာမှု့ မရှိ ဟု ဆိုပြီ ရုံးတော် က ပယ်ချ ခဲ့ ခြင်း မဟုတ်ဘူးနော် ... လုပ်ပိုင်း ခွင့် နှင့် ကာကွယ် ပေးလိုက် တဲ့ သဘောပါ ... ။
ဒါကြာင့် ကိုသန်းငွေအနေ နှင့် အယူခံဝင်ခွင့် ရှိပါသေးတယ်နော် .... ။ နောက်တစ်ချက်က ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ အရ ဆိုးပြီး ကိုသန်းငွေ ရဲ့ လျှောက်လှဲ ချက် ကို ခိုင်ခိုင်မာမာ မရှိ ဟု ရုံးတော် က ပယ်ချ လို့  ရပါတယ် ။ ဒါပင်မဲ့ ဘာကြောင့် လို့  ထင်ပါ လည်း ဗျာ ........။ ဒါ စဉ်းစားသင့် တယ်နော် .... ရှင်းပါတယ် ဗျာ ... ကိုသန်းငွေ ရဲ့ လျှောက်လွဲ ချက်ကို က ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို မျက်ကွယ်ပြုပြီး ဘာသာခြား ထုံးတမ်း စဉ်းလာ ဥပဒေ အပေါ် မှာ ခိုင်ခိုင်မာမာ တင်ပြ ထား ခဲ့တာကို .... ။
ဒါကြာင့် ကိုသန်းငွေအနေ နှင့် အယူခံဝင်ခွင့် ရှိပါသေးတယ်နော် .... ။ နောက်တစ်ချက်က ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ အရ ဆိုးပြီး ကိုသန်းငွေ ရဲ့ လျှောက်လှဲ ချက် ကို ခိုင်ခိုင်မာမာ မရှိ ဟု ရုံးတော် က ပယ်ချ လို့  ရပါတယ် ။ ဒါပင်မဲ့ ဘာကြောင့် လို့  ထင်ပါ လည်း ဗျာ ........။ ဒါ စဉ်းစားသင့် တယ်နော် .... ရှင်းပါတယ် ဗျာ ... ကိုသန်းငွေ ရဲ့ လျှောက်လွဲ ချက်ကို က ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို မျက်ကွယ်ပြုပြီး ဘာသာခြား ထုံးတမ်း စဉ်းလာ ဥပဒေ အပေါ် မှာ ခိုင်ခိုင်မာမာ တင်ပြ ထား ခဲ့တာကို .... ။
ထို့ ကြောင့် ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို မြန်မာ အမျိုးသမီး တစ်ရပ် လုံး အတွက် ထိရောက် ပြီး တိကျတဲ့ ပြင်ဆင် မှု့ လုပ်သင့်တယ်လို့  ... ထင်ပါလား အစ်မ တို့ ရေ ...
နောက်တစ်ခု ပြောအုံးမယ် ဗျာ .... အထက်ပါ အမှု့  နှစ် မှာ ဖြစ်ရပ် ကို ဥပဒေ ဆိုတာ ခဏ ဖယ်ကြည့် လိုက် ဗျာ .... ပထမ ဖြစ်စဉ် မှာ လင်မယား အဖြစ် အတူနေထိုင် ပြီး သားသမီး ရသည့် တိုင် လင်မယား မဖြစ်ခဲ့ပါဘူးလို့  ဆုံးဖြတ် ခံရတယ်နော် ....
နောက်တစ်ခု လင်မယား ဖြစ်ခဲ့ ပြီးမှ မဟုတ် ပါဘူး လို့  ငြင်းခံ ရတယ်နော် .....
ကယ် ....ထို အမျိုး သမီး များ နေရာက ကြည့် လျှင် တရားသည် လော ...
မြန်မာအမျိုးသမီး တစ်ဦး ဆိုသော အစ်ပြော သလို ရှုပ်ထွေးလှ လူမှု့ ရေးရာ ကို တိကျ တဲ့ ဥပဒေ
ပြဋ္ဌာန်း လို့  မရဘူ ဆိုတာကို ကျနော် လက်ခံပါတယ် ..။ နောက်ပြီ ဥပဒေ တစ်ခု ဟာ အချိန် ကြာလေလေ အားနည်း လာလေလေ ဖြစ်တက်လည်း သဘာဝ ပါ ... ။ ဒါကြောင့် လည်း မကြာခဏ ပြင်ဆင် ခဲ့ ရပါတယ် ။
ဒါပင်မဲ့ .....
ဒါပင်မဲ့ .....
ထို ဥပဒေ ကို ဘာကြောင့် အခု ထိ ထိရောက်တဲ့ ပြင်ဆင် မှု့  မရှိ သည်လော .. ။
ထိုသို့  ပြင်ဆင် ရန် ထိရောက်တဲ့ တောင်းဆိုမှု့  ရှိသင့်သည် လော ... ။
သို့ တည်မဟုတ် တကယ် ပဲ ပြင်ဆင်မို့  မလို အပ် သည် လော ... ။
နောက်ဆုံတစ်ခု ပြောအုံး မယ် ဗျာ .... ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ မှာ တန်းတူ အခွင့် ရေး ရှိတယ် လို့  အစ်မ တို့  ပြောခဲ့ တယ် နော် .... ဟုတ်ပြီ ...
ယနေ့  အချိန်ခါ မှာ အရမ်းခေတ်စား နေတဲ့ လက်ထပ် ထိမ်းမြား မှု့  လေး တစ်ခု ရှိပါတယ် .... မော်ကွန်းတင် လက်မှတ်ရေးထိုး လပ်ထပ်မင်္ဂလာ ပြု သည် ဆိုတဲ့ .... လပ်ထပ် ထိမ်းမြား မှု့ လေး ပါ ....
အစ်မတို့  ရေ ... နာမည်လေးလှ လို့  လုပ်တာကြ တာလား ဗျာ ... ။ ဥပဒေ ဘာသာ ရပ် ကို သိတဲ့ သူ ဆို၇င် မဟုတ်ဘူးလို့  ဖြေကြမှာ နော် ... ဘာကြောင့်လည်း ဆိုရင် ဥပဒေအရ အခိုင်မာဆုံး လက်ထပ်နည်း လို့  ပြောလို့  ၇တယ် လေ .... ။
ဒါဆိုရင် ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေဟာ ခိုင်မာ မှု့  မရှိတော့သလို ဖြစ်သွား ပြန် ရော .... ထားပါ ....ဗျာ ... ။
လက်ထိပ်ထိမ်းမြား ခြင်းဆိုင်ရာ တန်းတူအခွင့်ရေး ရှိတယ် ဆိုရင် ... ပြောအုံး မယ် .... မော်ကွန်းတင် လက်မှတ် ရေးထိုး လပ်ထပ်မင်္ဂလာပြု တယ် ဆိုတာ ယနေ့ အချိန် မှာ အထက်တန်းလွှာ လူတန်းစား ပဲ ဘာကြောင့် လုပ်ရတာလည်း ဗျာ ... ။
ရှင်း ပါတယ် ဗျာ ... မော်ကွန်းတင် ထိမ်းမြား လက်ထပ် တယ် ဆို တာ ကျနော် တို့  မြန်မာ ဘုရင် တွေ ခေတ် ကတည်း ရှိခဲ့ တာပါ ...ဘုရင် နှင့် မှုးကြီး မတ်ရာ တွေ ကိုယ် တိုင် အခမ်းနား ပြင်ဆင် ပေး ပြီး သူတို့  ကိုယ်တိုင် လက်ထပ် ထိမ်းမြားပေး ခြင်းကြောင့် ဘာ ဥပဒေ ... ညာ ဥပဒေ အရဆို ပြီး သူတို့  လက်ထပ် ထိမ်းမြား ခြင်း ကို ကန့် ကွက် ခွင့် မရှိဘူးလေ ..... ။
ယနေ အချိန်ခါ မှာ တော့ သတိုးသား ဖြစ်သူ အတွက် ဥပဒေ ဆိုင်ရာ ရှေ့ နေ တစ်ဦး သတိုး သမီး ဖြစ်သူ အတွက် ရှေ့ နေ တစ်ဦး ၊ ထို ရှေ့ နေ များကို သတိုးသား ၊သတိုး သမီး မှ GP ( General power )လွှဲ အပ်၍ တရားရေးဆိုင် ရာ အနည်း ဆုံး အရာတန်း အဆင့် ရှိ တရားသူ ကြီး တစ်မှ နေ၍ ထိုက်သင့် တဲ့ အခမ်း နား ပြင်ဆင် မှု့  နှင့် တကွ မော်ကွန်း တင် လက်ထပ် မင်္ဂလာ ပြု ကြပါတယ် .....
တရားရေ ဆိုင်ရာ အမျိုးသမီး ဝန်ထမ်း ဆိုသော အစ်မ ရေ ...
မြန်မာ ဘုရင်တွေ ခေတ်တုံးက တော့ ဘုရင်က အကုန်ကျခံ တဲ့အပြင် ဆုတော် ဘွဲ့ တော်တွေပါ ချီးမြှင့် တက်ပါတယ် ... ။ ယနေ အချိန်မှာတော့ ရန်ကုန်မြို့  ဘဏ်လမ်း ထဲမှာ GP စာချုပ် တစ်စောင် ကို ၂၀၀ကျပ် (လွန်ခဲ့သော ၅နှစ်) နှင့် အလွယ် တကူ ဝယ်လို့ ရသော် လည်း ရှေ့ နေ တစ်ဦး ကို GP လွှဲ ခ ဘယ်လောက်ပေး ရတယ် ဆိုတာ အစ်မ အသိဆုံး ပါ ... အခု ကိစ္စ မှာ နှစ်ဦး စာ .... နောက်ပြီ အရာတန်း အဆင့် ရှိ တရားသူကြီး ဆိုလည်း ရုပ်ရှင် တွေထဲမှာ လို မေတ္တာ ဖြင့် သရုပ်ဆောင် သည် မဟုတ် ... တိုက်သင့် တဲ့ အခမ်း နား ဆိုတာလည်း ကြယ် ဘယ်နှ လုံး အဆင့် ရှိ ဟိုတယ် ... စသည့် ခြေနေ ရှိပါတယ် ။
ဆီးကို ရေချိုး ဆေးရိုး မီးလှုံ ဟု ဆိုသော သော်လည်း .... စည်ပင် ရေချိုး ပြီး ကောက်ရိုး မီး လှုံ နေရသော အခြေခံ လူတန်းစား များ ဥပဒေ အရ အရမ်း ခိုင်မာ တဲ့ မော်ကွန်း တင် လက်ထပ် ခြင်း မပြု နိုင်ရှာဘူး ဗျာ ....
ကယ် .... မြန်မာ အမျိုးသမီး များ လပ်ထပ် ထိမ်းမြား ခြင်း ဆိုင်ရာ ... တန်းတူ ..... အခွင့်ရေး ......
ကျနော် မောင်ဘုန်း ပဲ ... မမြင်မိ သည်လော .....
လေးစားစွာ ဖြင့် ....
မောင်ဘုန်း
ကိုဘုန်းရေ ရေးတတ်လိုက်တာဗျာ ဖတ်ရတာေ၇ှ့ နေတစ်ယောက်ပြောသလို ပဲအကြိုက်းဆုံးပြောမယ် နော်စည်ပင်ရေချိုးပြီး ကောက်ရိုးမီးလှုံ နိုင်တာထက်ဆိုးနေပြီဗျာ နေရာတကာမှာ ငွေရှိမှဗျို့  တန်းအခွင့်အရေးနဲ့ မျှတမှုဆိုတာဘာမှမရှိဘူး ဒီအုပ်ချုပ်ရေးကောင်းတယ် ပြောနေတာ သူတို့ နားက လက်ဝေခံအသိုင်းဝိုင်းပါဗျာ သူတို့ ကောင်းစားလို့ ကောင်းတယ်ပြောပြောနေတာ..အိမ်း ပြောရဲတော့ ဘူး ရေးသားချက်ကို မောင်(စွယ်စုံကျမ်း) ထောက်ခံပါ၏
ReplyDeleteရေးချက် ကတော့ လန်းတယ် ကိုဘုန်းရေ
ReplyDelete..အနော်အတွက် ကတော့ ရှုပ်နေတာပဲ ဟီးး
.. အမ အတွက်ပဲ ပြောသွားတာဆိုတော့.
..အနော် အထီး တစ်ယောက် ဖြစ်သည့်အတွက်
မစီမဆိုင် ဂလိုင် ၀င်ခေါင်းသွားတယ်း ).
.တောမှာတော့ စည်ပင် ရေ မရဘူးဗျာ..
ကောက်ရိုးကလည်း.နွားကျွေးဖို့တောင်မလောက်ဘူး
ကိုဘုန်းရ..အဲတော့ ..ချောင်ရေကို ချိုးပြီး
ရိုးပျက် ပဲ မီးလှုံ နေရတယ်..ဟဟ..
ခင်မင်လေးစားလျှက်
(ဒုတိယ)
မောင်ဘုန်းရေဖြေသာချက်လေးတွေမှတ်သားစရာပါ
ReplyDeleteတော်ပါပေတဲ့ကွယ်
မောင်ဘုန်းရေ
ReplyDeleteအမလဲမြန်မာဆိုပေမယ့်ဥပဒေကို မလိုက်စားတော့ဒါတွေကို
ဘာမှမသိဘူး မောင်ဘုန်းရှင်းပြထားမှပဲ သိတော့တယ်
ဗဟုသုတတွေ အများကြီးရခဲ့ပါတယ်
ကျေးဇူးတင်ပါတယ်နော်
ခင်တဲ့ jasmine
နောက်ကျနေပြီဗျာ
ReplyDeleteကျွန်တော်အလုပ်များနေလို့ ရောက်ရောက်ချင်း
နားမလည်ဘူးဖြစ်နေတာ----မဂျက်ကပြောလို့အစကိုပြန်ရှာဖတ်ဆိုတာနဲ့
ကောင်းတယ်ဗျာ ဒါမျိုးလေးတွေရေးသင့်ပါတယ်
ကျွန်တော်တို့နားမှာလဲ အတူနေကြတဲ့စုံတွဲတွေ
အများကြီးပါ အနာဂတ်အတွက်သူတို့လေးတွေစိတ်မပူမိဘူးလား
မေးချင်တာ ပါးရိုက်ခံရမှာကြောက်လို့မမေးရဘူး
ကိုဘုန်းရေ
ReplyDeleteစာလာဖတ်သွားပါတယ် အချက်အလက်တွေအခိုင်အမာနဲ့ 
ရေးသာျးက်တိုင်းကို အားရမိပါတယ်။
ခင်မင်လေးစာလျက်-လေလွင့်လူ
မောင်ဘုန်းရေ..နေကောင်းပါစ..အမျိုးသမီးနဲ့ပါတ်တက်တဲ့ဥပဒေတွေကိုများများရေးပေပါ..မြန်မာလူမျိုးတွေကစာဖတ်အားနည်တယ်..မသိတော့ထင်ရာလုပ်မိကြတယ်..ထင်ရာလုပ်မိတောအမှားတွေများတာပေါ့..ဒီလိုပိုစ်တွေများများတင်ပေးပါ..ကျေဇူးအများကြီးတင်ပါတယ်..
ReplyDeleteမေတ္တာဖြင့်...
ရွှေဝန်းရတနာ...