Pages

Thursday, March 1, 2012

ကားဆေးအရောင် ပျက်စီးစေခြင်းနှင့် ထိန်းသိမ်းခြင်း



 မင်္ဂလာပါဗျာ … ဒီနေ့ တော့ကားဆေးအရောင် ပျက်စီးစေတဲ့ အကြောင်းအရာနဲ့  ဘယ်လိုထိန်းသိမ်း သင့်တယ် ဆိုတာကို ကျနော် သိသလောက်လေး ပြောပြပါမယ် ။

ကားတစ်စီး ရဲ့ မူရင်းဆေးအရောင် တောက်ပမှုဟာ စက်ရုံကနေ ထုတ်လိုက်ပြီး အနည်းဆုံး ၅နှစ် လောက် ခံနိုင်ရည်ရှိပါတယ် ။ ဒါကြောင့်လည်း ကားရောင်းတဲ့ ကုမ္မဏီတွေ အနေနဲ. အမျိုးအစားပေါ်မှုတည်ပြီး ၅နှစ်မှ ၁၀နှစ်ထိ အာမခံပေးလေ့ ရှိတာကို တွေ့ ရပါတယ် ။

ဆေးပြန်မှုတ်ထားတဲ့ ကားဆိုရင်တော့ အသုံးပြုတဲ့ ဆေးအမျိုးစားနဲ. လုပ်သားကျွမ်းကျင်မှုပေါ်မှာ မှုတည်ပြီး အနည်းဆုံး ၁နှစ် မှ ၃နှစ် ထိခံနိုင်ရည်ရှိပါတယ် ။
 ကားအသစ်က ၅နှစ်၊ ဆေးပြန်မှုတ်ထားတဲ့ကားက ၁နှစ်ဆိုပေမဲ့  မိမိတို.လက်ထဲရောက်ပြီး အချိန်တိုတွင်းမှာပဲ ကားဆေးအရောင်က တောက်ပမှု မရှိတော့ခြင်း၊ ဆေးပေါက်ခြင်း ၊ ဆေးကွဲခြင်း ၊ ဆေးကွက်ခြင်း စသည် အခြေနေကို ရောက်ရှိလာ တက် ပါတယ် ။ ဒါဟာ ကားပိုင်ရှင်အနေနှင့် ဆေးအရောင် ပျက်စီးစေတဲ့ အကြောင်းရာကို မသိရှိခဲ့လို့ ပါ ။
 ကားတစ်စီးရဲ. ဆေးအရောင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ကျနော်အနေနဲ. အဖြစ်များတဲ့ အဓိက အကြောင်းရာနှစ်မျိုးနဲ. တခြားပျက်စီးစေတဲ့ အကြောင်းရာများကို ရှင်းပြသွားပါမယ် ။

၁ ။ ဆပ်ပြာရည်ကြောင့် ပျက်စီးစေခြင်း




 ဆပ်ပြာရည်ကြောင့် ဆေးအရောင် ပျက်စီးစေ ခြင်းဟာ ကားတစ်စီး ဆေးရောင် ပျက်ရတဲ့ အကြောင်း ရင်းတွေထဲမှာတော့ အများဆုံး တွေ.ရတဲ့အရာပါ ။ ကားပိုင်ရှင်တိုင်း မိမိကားကို ဆေးအရောင် တောက်ပစေချင်ကြပါတယ် ။ ဒါကြောင့် နည်းနည်းလေး ညစ်ပတ်သွားတာနဲ့  ရေဆေးတဲ့ဆိုင်ကို သွားတတ်ကြသလို  ၊ တချို့ လည်း ကိုယ်တိုင်ဆေးရမှ ကျေနပ်တတ်ကြပါတယ် ။

ကျနော်တို. နိုင်ငံမှာဆိုရင် ကားပိုင်ရှင်တိုင်း ကားရေဆေးတဲ့ ကိစ္စကို ဂရုတစိုက် လုပ်တတ်ကြပါတယ်။  ထိုသို့  ရေဆေးဒါကိုလဲ ဆပ်ပြာရည်နဲ့  ဆေးမှ ပြောင်တယ်လို့  အစွဲကို ဖြစ်နေပါပြီ ။
ပြည်ပနိုင်ငံတွေမှာလည်း ဆပ်ပြာရည်ကိုပဲ အသုံးပြုပြီး ဆေးကြပါတယ် ။ ဒါပင်မဲ့ ကားရေဆေးဖို. အတွက် သီးသန့် ထုတ်ထားတဲ့ ဆပ်ပြာရည်ကိုသာ အသုံးပြုကြပါ တယ် ။

သီးသန့် ထုတ်ထားတဲ့ ဆပ်ပြာရည် ဖြစ်စေ ၊ ကျနော် တို့  ပြည်တွင်းမှာလို တွေ.ရာဆပ်ပြာမှုန့် ကို အရည်ဖျော်ပြီး သုံးသည်ဖြစ်စေ ဆပ်ပြာရည်ဟာ ကားရဲ့ဆေးရောင်ကို ပျက်စီးစေပါတယ် ။
မိမိတို့ ရဲ့ကားကို ဆပ်ပြာရည်တမျိုး အသုံးပြု ပြီး ဆေးတဲ့ အခါမှာ ဆပ်ပြာရည်ဟာ ကား body ရဲ့ ရေခို နိုင်တဲ့ နေရာတွေမှာ ကျန်ခဲ့စေပါတယ် ။ အဲ့လို ရေခိုတဲ့နေရာမှာ ကျန်ခဲ့တဲ့ ဆပ်ပြာရည်ဟာ body viberationကြောင့်  ကား bodyရဲ့ မျက်နှာပြင်ကို ရောက်ရှိစေပါတယ် ။ အဲ့ဒီနောက်မှာတော့ ရာသီဥတု အပူရှိန်ကြောင့်ဖြစ်စေ ၊ အင်ဂျင်အပူရှိန်ကြောင့်ဖြစ်စေ   ခြောက်သွားပြီး ကားဆေးအရောင် မှာ အဖြူရောင်အကွက် ဖြစ်သွားစေပါတယ် ။

ဘာကြောင့် အဲ့လို အဖြူရောင်အကွက် ဖြစ်သွားလည်းဆိုရင်တော့  metalic ဆေးအမျိုးစားနှင့် တွဲဖက် အသုံးပြုရတဲ့ clear coat (2K) ကြောင့်ပါ ။


 ( body မှာ ရှိ တဲ့ ကားဆေး အထပ်လိုက် ပုံ ပါ )
 



  clear coat (2K)


ယနေ့ အချိန်ထိ အရည်သွေးကောင်းတဲ့ metallic ဆေးအမျိုးအစား များစွာရှိသလို တွဲဖက်သုံးရသော clear coat အမျိုးစားလည်း များစွာရှိပါတယ် ။ clear coat (2K) ၊ clear coat (1K ) စသည်ဖြင့် မည်သည့် clear coat ပဲ ဖြစ်ဖြစ် အခြေခံကတော့ တူတူပါပဲ ။

clear coat ဆိုတာ ပလက်စတစ် ဆေးရည် တမျိုးပါပဲ ။ clear coat ဆေးကို မှုတ်ရာတွင် ထို ပလက်စတစ်ဆေးရည် ကို  လေနှင့် ဖိအားပေးပြီး အငွေ့ အဖြစ်ပြောင်း ကာ ၊  ကား body အပေါ် သို့ ကျရောက် စေပါတယ် ။ ထိုသို့  ကျရောက်ပြီး ဆေးအမျိုးစားပေါ် မူတည်ပြီး   ၈နာရီမှ နာရီ ၂၀ အကြာမှာ ထိုဆေးရည်ဟာ ပလက်စတစ်အဖြစ် ပြောင်းလဲ သွားပါတယ် ။ ဒါကြောင့် clear coat အသုံးပြုထားတဲ့ ကားရဲ့ မျက်နှာပြင်ဟာ တစ်ခြားဆေးတွေ အသုံးပြုထားတဲ့ ကားမျက်နှာပြင်ထက် တောက်ပမှု ပိုကောင်းတာ တွေ.ရပါတယ် ။

ဒါပေမဲ့ ကားမျက်နှာပြင်ပေါ်မှာရှိတဲ့ ပလက်စတစ်က ဆပ်ပြာရည်မှာပါရှိတဲ့ အက်ဆစ်ဓာတ်နဲ့  တွေ့ တဲ့ အချိန်မှာတော့ ဆေးအရောင် တောက်ပမှုကို လျော့နည်းစေပါတယ် ။ ဆပ်ပြာရည်မှာပါရှိတဲ့ အက်ဆစ် ဓာတ်များလေ ပျက်စီးမှုများလေပါပဲ ။ ဒါကြောင့် ကားရေ ဆေးရာမှာ အက်ဆစ်ဓာတ်များတဲ့ ဆပ်ပြာ ရည်ကို သုံးမိမယ်ဆို၇င်တော့ မိမိကား ရဲ့ ဆေးအရောင် တောက်ပမှုကို အချိန်ကုန် ၊ ငွေကုန်ခံပြီး ဖျက်စီးသလို ဖြစ်နေမှာပါ ။




နောက်တစ်ခုက wiper Pump ထဲ ထည့်တဲ့ဆပ်ပြာရည်ပါ ။ ပြည်တွင်းမှာ wiper Pump ထဲကို တော်တော်များမျာ တော့ ရိုးရိုးရေပဲ ထည့်သုံးပင်မဲ့ model မြင့်ကားတွေမှာတော့ ဈေးကွက်မှာ ရောင်းတဲ့ wiper Pump ထဲ ထည့်သုံးရတဲ့ ဆပ်ပြာရည်ကို အသုံးပြု တတ်ကြပါတယ် ။ ကားမောင်းနေ စဉ်အတွင်း ကားရှေ့ မှန်မှာ အမှုံတွေများလာရင် ဆေးတဲ့ ဆပ်ပြာရည်အနေနှင့် အသုံးပြုတာပါ ။ ကားမောင်းနေတဲ့အချိန် အသုံးပြုတာကြောင့်မို.လို. ထိုဆပ်ပြာရည်မှာ အက်ဆစ်ဓာတ်ပါဝင်မှု နည်းသော်လည်း ရာသီဥတုအပှုရှိန်နှင့် ကားအင်ဂျင် အပူကြောင့် ဆပ်ပြာရည်ဟာ ကား bodyပေါ်မှာ ခြောက်သွားပြီး ကားဆေး ဖြစ်တဲ့  clear coat ပလက်စတစ်နဲ့  တွေ.တဲ့အချိန်မှာ ထိုပလက်စတစ်ကို ပေါက်သွားအောင်း စားပစ်လိုက်ပါတယ်  ။



                                                 မှုရင်း ရှိတဲ့  ဆေးအရောင် ပါ





                                    ဆပ်ပြာရည် အစား ခံလိုက် ရင် ဖြစ်သွားတဲ့ ပုံပါ


ကားရေဆေးတဲ့ နေရာမှာ အက်ဆစ်ဓာတ်ပြင်းတဲ့ ဆပ်ပြာကို အသုံးပြုပြီး ရေများများ မဆေးခြင်းကြောင့် ဖြစ်စေ ၊ wiper Pump ထဲ မှ ဆပ်ပြာရည်ကြောင့် ဖြစ်စေ မိမိကား မှာ ဆပ်ပြာ ရည် ထိပြီး ခြောက်သွားပြီး ဆိုရင် မထမဦးဆုံး မိမိရဲ. ကားဆေးအရောင်မှာ အဖြူရောင် အကွက် ဖြစ်နေတာကို တွေ့ ရမှာပါ ။  ထိုအကွက်မှ တဆင့်  အရင်ဆုံး အပေါက် သေးသေး လေးတွေ  ဖြစ်လာပါတယ် ။ ထိုအပေါက်ထဲကိုမှ အကြိမ်များစွာ ဆပ်ပြာရည် ဝင်လာပြီဆိုရင်တော့ ဆေးပေါက်ခြင်းဆိုတာ ဖြစ်လာမှာပါ ။

ဒါဆိုရင် ကျနော်တို.က မိမိရဲ.ကားကို ဒီလို မဖြစ်အောင် ဘယ်လို လုပ်ကြမလည်း …. ??????

ကားရေဆေးတဲ့ နေရာမှာ  ကားရဲ့ မျက်နှာပြင်မှာ ဆီမရှိဘူးဆိုရင် ရိုးရိုးရေနဲ့ ပဲ ဆေးတာ ပိုပြီး သင့်တော်ပါတယ် ။ မျက်နှာပြင်မှာ ဆီတွေ ရှိတယ်ဆိုရင်တော့ ကားရေဆေးမို.အတွက် သီးသန့် ထုတ်ထားတဲ့ ဆပ်ပြာရည်ကို ပဲ အသုံးပြုသင့်ပါတယ်။ ထို့ သို့  ဆပ်ပြာရည် အသုံးပြုရာတွင် လည်း ရေများများနဲ့  ကား bodyမှာ ရှိတဲ့ ရေခို နိုင်မည့် နေရာ ( ဥပမာ နောက်ကြည့် မှန် လို နေရာမျိုး ပေါ့ ….. ) ကို  ရေများများနဲ. ဆေးပေးဖို. လိုအပ်ပါတယ် ။ ဒါမှပဲ ဆပ်ပြာရည် မကျန်ခဲ့မှာပါ ။

 နောက်တစ်ခုက wiper Pump ထဲကိုလည်း ရိုးရိုးရေပဲ ထည့်ပြီး အသုံးပြုသင့်ပါတယ် ။ ဈေးကွက် ထဲမှာ wiper Pump မှာသုံးတဲ့ အရည်မျိုးစုံ ရှိပါတယ် ။ အက်ဆစ်မပါဘူးလို့ ရေးထားပေမဲ့ လက်တွေ. အသုံးပြုတဲ့အခါမှာ ထိုအရည်ကြောင့် ဆေးကွက်ထသွားတာမျိုး တွေ့ ဖူးပါတယ် ။ ဒါကြောင့် ရိုးရိုးရေ ထည့်သုံးတာဟာ မိမိ ကားဆေးအရောင် ကြာရှည်ခံဖို.အတွက် အသင့်တော်ဆုံးပါပဲ … ။



၂။ ဌက်ချေးကြောင့် ပျက်စီးစေခြင်း




ဌက်ချေးကြောင့် ကားတစ်စီးရဲ့ ဆေးအရောင် ပျက်စီးမှုဟာ ဒုတိယ အများဆုံး တွေ.ရတဲ့ ဆေးအရောင် ပျက်စီး စေတဲ့ ကြောင်းရင်းပါပဲ ။ ဆပ်ပြာရည်လို ရှောင်ရှားဖို.လဲ  အလွန်ခက်ပါတယ် ။ အများစုတော့ မိမိအိမ်ရဲ. ကားပါကင်မှာဖြစ်စေ ၊ သွားလာရင်း ကားပါကင်မှာ ဖြစ်စေ  ဌက်ချေး ထိကြတာများပါတယ် ။

                             ဌက်ချေး ထိခြင်းကြောင့် ဆေးကွဲ သွားပုံ အဆင့်ဆင့်                          


မိမိကားမှာ ဌက်ချေး ထိပြီဆိုရင်တော့ ၂၄နာရီအတွင်း ကားကို ရေမဆေးပဲ ထားမယ်ဆိုရင် လက်တလောအနေနှင့် မိမိကား ဆေးအရောင်မှာ သိသိသာသာ အဖြူရောင် အကွက် ဖြစ်သွားပါတယ် … ။ နောက်ပိုင်း မှာ တော့ ရာသီဥတု အပူရှိန်ကြောင့် ထိုအဖြူကွက်မှ အစပြု ပြီး ဆေးကွဲခြင်းဆိုတာ ဖြစ်လာပါတယ် ။ အဲ့ထက်ပိုဆိုးတာက ဆေးကွဲနေတဲ့ ကားတစ်စီး ကို ဆေးအသစ် ပြန်မှုတ်မယ်ဆိုရင်လည်း လုပ်သား ဘယ်လောက်ကျွမ်းကျင်ပါစေ တစ်နှစ်ခွဲ ကြာတဲ့အချိန်မှာ ပြန်ပြီး ဆေးကွဲ တတ်ပြန်ပါတယ် … ။

ကားတစ်စီးမှာ ဆေးကွဲစေတဲ့ အကြောင်းအရာ နှစ်မျိုးပဲရှိပါတယ် ။ တစ်မျိုးက နှစ်တော်တော် ကြာနေတဲ့ကားပါ ။ နောက်တစ်မျိုးကတော့ ဌက်ချေးထိခံရတဲ့ ကားပေါ့ ။ ဒီလိုမျိုး ဆေးကွဲနေတဲ့ ကားတွေကို ဆေးပြန်မှုတ်တဲ့အခါ တချို့ က နှစ်တော်တော်ကြာလို့  ဆေးကွဲ တဲ့ ကားဆိုရင် တစ်စီး လုံး မှုရင်းဆေးကို ခွာ ထုတ်ပစ် လိုက်ပါတယ် ။ body သံသားပေါ်တဲ့ အထိ ခွာပစ်ရတာပါ  ။ ဌက်ချေး ထိတဲ့ ကားဆိုရင်တော့ ထိတဲ့ အစိတ်အပိုင်းတစ်ခုလုံးကို ဆေးခွာထုတ်ပြီး ဆေးအသစ်ပြန် မှုတ်ပါတယ် ။ ဆေးပြန်မကွဲအောင်လို့ ပါ … ။ ဒါပေမဲ့ အချိန်အများကြီး ပေးရတာကြောင့် ဒီလိုလုပ်ပေးတဲ့ သူတော့ရှားပါတယ် ။

ဒါဆိုရင် ကျနော် တို့  ဘယ်လို ထိန်းသိမ်း ကြမလဲ …. ပေါ့ … ။

အထက်မှာ ပြောခဲ့သလို ဌက်ချေး မထိအောင် ထိန်းသိမ်းဖို.ဆိုတာတော့ တော်တော်ခက်တဲ့ အရာပါ ။ နေ.တိုင်းရပ်နေကျ ပါကင်မှာ နေ.တိုင်း ဌက်ချေးထိခံရတယ် ဆိုရင်တော့ နေရာပြောင်းထားပေး သင့်ပါတယ် ။ မိမိကားမှာ ဌက်ချေးထိပြီဆိုရင် ၂၄နာရီအတွင်း သတိထားပြီး ရေဆေးပေးသင့်ပါတယ်။
နောက်တစ်ခုက ဌက်ချေးထိရင် သုံးဖို.အတွက် ဈေးကွက်မှာ ဆေးရည် မျိုးစုံ ရှိပါတယ်။ ထိုဆေးရည်တွေကို သုံးမယ်ဆိုရင်လည်း ရေနဲ့  ပြန်ဆေးပေးသင့်ပါတယ် ။ ဘာကြောင့်လဲဆိုရင် ထို ဆေးရည်တွေကလည်း ဆပ်ပြာရည်တစ်မျိုးပဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ … ။

ကယ် .... ဒီ နှစ်မျိုး ကတော့ ကားတစ်စီး ဆေးအရောင် ပျက်စီး စေတဲ့ အကြောင်းရာတွေ ထဲမှာ အဖြစ်များ ဆုံး ပါပဲ ။ တခြား ပျက်စီးစေတဲ့ အကြောင်း ကို ဆက်လက်ရေး သွားပါမယ် ။

 ဒီလောက် ဆို ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်း များ မိမိ ကိုယ်ပိုင် ကားကို ဆေးအရောင် ထိန်းသိမ်း နိုင်လိမ့် မယ် လို့  မျှော်လင့်ပါတယ် ... ။


ဓာတ်ပုံကို google မှ ရယူခဲ့ပါသည်



ခင်မင်စွာဖြင့်



မောင်ဘုန်း

7 comments:

  1. ဗဟုသုတယူသွားပါတယ်ဗျာ
    ကျေးဇူးပါ

    ReplyDelete
  2. ဗဟုသုတ အနေနဲ့ဖတ်ခဲ့တယ်မောင်ဘုန်းရေ
    ခုဒီမှာတော့ ကားနဲ့တူတာ အရုပ်ကားတောင်မရှိသေးပါဘူးဟယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. ဒါကြောင့်မောင်ဘုန်းရေ အန်တီကားငှက်ချေးတွေအများကြီး
    အရောင်လည်းမကောင်းတော့ဘူး ပြောလိုက်ပါမယ်
    ကျေးကျေး

    ReplyDelete
    Replies
    1. ဒီပိုစ့်ကတော်တော်လက်လှမ်းမှီတယ်မောင်ဘုန်းရေ တော်တော့ကိုဗဟုသုတရတာဘဲ
      ကျေးဇုး ကျေးဇူး

      Delete
  4. ဗဟုသုတ တော်တော်ရပါတယ်။ မှတ်သားသွားပါတယ်နော်။ နောက်ထပ် ပို.စ်လဲစောင်.ဖတ်နေမယ်နော်။

    ReplyDelete
  5. ဗဟုသုတ တော်တော်ရပါတယ်။ မှတ်သားသွားပါတယ်နော်။ နောက်ထပ် ပို.စ်လဲစောင်.ဖတ်နေမယ်နော်။

    ReplyDelete
  6. သိပ်သဘောကျတာပဲ ဗျာ အိမ် ကကားတွေ ဒဲလို ဖြစ် ၇င် သိပ် ဟတ်ထိတယ်ဗျာ ကားရေဆေးပြီး ဆပ်ပြာမပြောင်လို့ ပေါ့နော်...အကွက်တွေဖြစ်လာရင် မြင်ရတာရင်မောစရာပါဗျာ မျှဝေတာကျေးဇူးပါဗျာ

    ReplyDelete