Pages

Tuesday, March 13, 2012

တွေးကြည့် ပေးပါ




အရှေ့ သည်မှ
စသည့် ခရီး
ရောင်နီ သန်းလျှင်
ညီညာ စဉ်လျှက်
ဦးခိုက် အသွင် … ။

ပူရောင် သန်းလို့ 
ရောင်နီ ရင့်ထိန်
သွေ့ သွေ့ ဆင်လည်း
ဦးထိပ် ပန်ဆင်
ဦးခိုက် အသွင် …. ။

လေဆောင် ယိမ်းလည်း
ရောင်နီ ဖြာဆင်း
တောင်စွယ် ကွယ်တိုင်
မပျက် အစဉ်
ဦးခိုက် အသွင် …. ။


မောင်ဘုန်း တော့ ခေါင်းစားအောင် လုပ်ပြန်ပြီလို့  မထင်ပါနဲ့ ဗျာ ... ။ ဒီနေ့  နေမကောင်းတာ နဲ့  အလုပ်နား ပြီး တနေကုန် အိပ့်နေမိပါတယ် ။ 
နေ့ လည်က အိပ့်ရင်း အိပ်မက် မက်လို့  အိမ့်မက်ထဲ ကမြင်ကွင်းကို ကဗျာ လေး ချရေးမိတာပါ ။
ဒီကဗျာ လေး ရဲ့ ခေါင်းစဉ် ကိုတော့ တွေးကြည့်ပေးနော် .... ။


ခင်မင်စွာဖြင့်


မောင်ဘုန်း

6 comments:

  1. မောင်ဘုန်းတို့ကတော့လုပ်ချလိုက်ပြန်ပြီ
    တွေးတော့တွေးသွားတယ်... အဖြေမရဘူး:)

    ReplyDelete
  2. ခေါင်းစားအောင်လုပ်တာမဟုတ်ပါဘူးလို့ မောင်ဘုန်းကပြောထားပေမယ့်
    တွေးရင်းတွေးရင်းအဖြေရှာရင်း ဉာဏ်မမှီဘူးဆိုတာကိုယ့်ကိုယ်ကိုသိလိုက်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ပန်းလား ဟင်..
    ရေးထားတာ က နေထွက်ခါစ နေပူပြင်းချိန် နေဝင်သည့်တိုင် အောင် ပုံစံမပျက် ဦးခိုက်အသွင်ပဲ ဆိုတော့..ပန်းတစ်မျိုးမျိုးကို ပြောချင်တာလား..
    ဟာာာာာာာာာ သိတော့ဘူး.. မောင်ဘုန်း ရေ..
    ပြေးပြီ..

    ReplyDelete
  4. အိမ်မက်ပြောတာဟုတ်မယ်။
    နေကြာပန်းထင်ရဲ့..း)

    ReplyDelete
  5. တွေးကြည့်နေတယ်
    ခင်မင်တျဲ့is jasmine

    ReplyDelete
  6. တွေးကြည့်ပေမယ့်
    အဖြေမရတဲ့
    အကို့ဘ၀က
    ညံ့လွန်းပါတယ်
    မောင်ဘုန်းရယ် ။

    အဖြေမရလို့ ကဗျာပဲ စပ်သွားလိုက်တယ် ဟိ

    ReplyDelete