Pages

Saturday, May 19, 2012

သံသယစိတ်






သည်လောက ဝယ်
နှင်းခ သစ္စာ ထပ်တူပြုလည်း
ဗျာပါ မီးက ထပ်ထပ်ပိုတယ်
စိတ်ပွေ လို့  ဆင့်ကဲ
ယင်နာ တဲ့ ပင့်ကူ အိမ် လို
လှုပ်လေ ရစ်လေ
တစ်ဆစ်ဆစ် နာတယ်
တစ်ငွေ့ ငွေ့  လောင်လို့ 
 ဖြစ်ရတဲ့ သည် စိတ်
မေတ္တေန …… မေတ္တာ
သစ္စေန ………. သစ္စာ
အခါခါ ရွတ်ဆို ဟန်မှုမထိန်း
ငယ်မှု အတွေး ပြုလိုက်ပုံ က  …… ။

ရော့ ….. အကြွေစေ့ ….
ခေါင်းပန်းလှန် မယ် …..
ပန်းဖြစ်နိုင်ချေ တစ်ခုနဲ့ 
ခေါင်းဖြစ်နိုင်ချေ တစ်ခု ....
 ကျန်တာ မင်း  အကုန် ယူ ကွာ …. ။

အားးးးးးးးးးးးးးးးးးးးးးးးးး
လောကကြီးရယ် ….
အဲ့လို   မကြည့်   ပါနဲ့  ….
ကျနော် ကို အတ္တလေး နည်းနည်းလောက် ပေးပါဗျာ ….. ။



မောင်ဘုန်း

12 comments:

  1. ပျောက်နေလိုက်တာ ပေါ်လာတော့လည်း ကဗျာနဲ့ပါလား
    အားးးးးးးးးးးးးးးးးးးးးးးးးး
    လောကကြီးရယ် ….
    အဲ့လို မကြည့် ပါနဲ့  ….
    ကျနော် ကို အတ္တလေး နည်းနည်းလောက် ပေးပါဗျာ ….. ။
    အတ္တလိုချင်လို့ လား အမပေးမယ် များနေလို့ :P

    ReplyDelete
  2. ဟုတ်ကဲ့ပါ အဲလိုမကြည့်ပါဘူးမောင်ဘုန်းရေ
    ငါလဲ အတ္တ နဲနဲပဲရှိတာဟ

    ReplyDelete
  3. ဟုတ်တယ် အတ္တဆိုတာကလဲ ..
    လုံးဝမရှိပြန်လဲ မကောင်းဘူး..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  4. ကဗျာလေးက အနှစ်ရှိတယ်.. မိုက်တယ် :D

    ReplyDelete
  5. အတ္တစိတ်ဆိုတာ လူသားတိုင်းအတွက် ကပ်ညှိစေဘို့ သဘာဝကဖန်တီးထားတယ် မောင်ဘုန်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အက်တာတွေရောင်းရန်ရှိသည်။း))

    ReplyDelete
  7. terminology အမျိုးမျိုးနာမည်ပေးထားပေးထား... အတ္တကတော့ အတ္တလို့မှ နာမည်မတပ်ရင် အတ္တဟာ အတ္တဖြစ်သွားရော....

    ReplyDelete
  8. အတွေးကောင်းတယ် ဆရာ

    ReplyDelete
  9. ကဗျာရဲ့ အနှစ်သာရဟာ ကိုယ်ဘုန်းရင်ထဲက လာတာ..သံသယတွေ ဝေးပါစေဗျာ

    ReplyDelete
  10. ရော့ ….. အကြွေစေ့ ….
    ခေါင်းပန်းလှန် မယ် …..
    ပန်းဖြစ်နိုင်ချေ တစ်ခုနဲ့ 
    ခေါင်းဖြစ်နိုင်ချေ တစ်ခု ....
    ကျန်တာ မင်း အကုန် ယူ ကွာ …. ။

    မိုက်တယ် ကဗျာလေးက

    ReplyDelete
  11. ကဗျာကိုတော်တော်ကြို့က်တယ်ဝေးး

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  12. သံသယစိတ်ဆိုတာ အရမ်းကြောက်ဖို့ကောင်းတယ်..
    ကဗျာလေးကောင်းတယ်

    ReplyDelete