Pages

Saturday, August 25, 2012

ကျွမ်းလုနှလုံး







မှိုင်းညိုညို  ပြာတာတာ
ပြိုတော့မလို ကိုမိုးညိုရယ်
ဟိုး ….. အရပ်ဆီက
ဝါတစ်ခါ ထိန်တစ်ချက်
လျှပ်ရောင်တွေ ဖြာပါလို့ 
ကဲလိုက်တဲ့  ဟန် ……… ။


သြော် …. ဆွေးသူကို
ကျွမ်းစေတဲ့ ကိုဒေဝေါ
တွေးဆပြန်တော့ ဆွေးစတွေ ဖြာလေတော့
မျှော်တွေးကာ ရွှေပြည်ကိုဖြင့်
ဆွေဖော် ရယ် မရှိတာကြောင့်
လွမ်းရသူ ကျွမ်းလု နှလုံး
သိနိုင်သူ ရှိပါရော့ ….လား ……. ။


ဆွေမခင် တပြည်ကြားမှာ
ပျော်ရှာကာ နေလိမ့်မည်လို့ 
မသေခင် ထင်သလောက်မိုက်လေ ရော့
တွေးရှာတဲ့  အဆွေကြင်တို့  ရယ်
ဒီရင်ကို …… ဝင်ခဲ့ …… ပါလေ … ။



ပြည်တော်အဝေး ငွေအရေးနဲ့ မလွန်သာ
ဆွေးသူမှာ လန်းစေဘို့ 
ပူထုပ်ကို ဟန်လုပ်ကာ ပြုံး
တမျှော်မျှော် လွမ်းရပါတယ်
ဘဝင်မှာမောရှာလို့  …. ကျွမ်းလုနှလုံး ….. ။





မောင်ဘုန်း



8 comments:

  1. မှိုင်းညိုညို ပြာတာတာ
    ပြိုတော့မလို ကိုမိုးညိုရယ်
    ဟိုး ….. အရပ်ဆီက
    ဝါတစ်ခါ ထိန်တစ်ချက်
    လျှပ်ရောင်တွေ ဖြာပါလို့ 
    ကဲလိုက်တဲ့  ဟန် ……… ။
    ကိုမိုးညိုဆိုလို့  နာမည်တူနေတာနဲ့ ပြုံးမိရင်ကဗျာလေးခံစားသွားပါတယ်

    ReplyDelete
  2. ကဗျာလေးကိုခံစားသွားပါတယ် ^_^

    ReplyDelete
  3. ဝေးနေသူတို့အဖို့ကတော့ မိုးလေးအုံ့လည်းလွမ်းသလို ဆောင်းလေညှင်းလေးသွေးလည်းလွမ်းတာပဲနော်း)
    ကဗျာလေးအားပေးသွားတယ် မောင်ဘုန်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အိမ်ကိုလွမ်းနေတာလား ? ချစ်သူကိုလွမ်းနေတာလား ဟင်။

    ReplyDelete
  5. ရွှေပြည်ကို အမြန်ဆုံးပြန်ရောက်ပါစေ မောင်ဘုန်းရေ...

    ReplyDelete
  6. ဆန္ဒတွေ အမြန်ပြည့်ဝပါစေ

    ReplyDelete
  7. မောင်ဘုန်းလွမ်းနေတာကို မောင်ဘုန်းရဲ့ ချစ်သူလေးကလဲသိမှာပါ

    ReplyDelete
  8. ပြည်တော်အဝေး ငွေအရေးနဲ့ မလွန်သာ
    ဆွေးသူမှာ လန်းစေဘို့ 
    ပူထုပ်ကို ဟန်လုပ်ကာ ပြုံး
    တမျှော်မျှော် လွမ်းရပါတယ်
    ဘဝင်မှာမောရှာလို့  …. ကျွမ်းလုနှလုံး ….
    ကျွမ်းသွားပီဆိုတော့ပြာကျဖို့ပဲကျန်တော့တယ်နော်အကို
    အားပေးသွားပါတယ်

    ReplyDelete