Pages

Saturday, December 22, 2012

Happy anniversary








Happy anniversary ပါချစ်သူ ။ ချစ်ခြင်း နေ့ ရက်တွေ ၂ နှစ်ပြည့်ပါပြီ ။ ကုန်ဆုံးခဲ့ရတဲ့ နေ့ ရက်တွေမှာ ကြည်နူးမှုတွေ ၊ ပျော်ရွှင်ခဲ့ရတဲ့ နေ့ ရက်တွေ ကို တွေးမိလိုက်တိုင်း ရင်ထဲမှာ ထားရှိတဲ့ အချစ်တွေ ခိုင်မာ ခဲ့ရပါတယ် ။

တစ်ခါတလေ …. အလိုမကျမှု တွေ ၊ ကွဲလွဲမှုတွေ ၊ အထင်လွဲမှုတွေ ရှိပင်မဲ့ ရင်ထဲမှာ ထားရှိတဲ့ ချစ်တွေ မလျှော့ခဲ့ပါဘူး ။

လက်ထပ်မို့  ဆွေးနွေးလိုက်တိုင်း သတ်မှတ်ထားတဲ့ နေ့ ရက်တွေ ကိုနောက်ဆုတ်လိုက်ရတဲ့ …. ကိုတို့  ဘဝ လိုအပ်ချက်တွေကြားမှာ အလွမ်းတွေကို အဖော်ပြုရင်း  ရင်ထဲက အချစ်တွေ မပြိုလဲ ပါဘူး .... ။


ချစ်သူရေ …….


နိုင်ငံတွေခြား လို့ ဝေးနေ လည်း
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ် ….. ။

မနက်ဖြန်ဆိုတဲ့ နေ့ ရက်တိုင်းမှာ
အလွမ်းတွေ ပြည့်နေလည်း
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ် ….. ။

ဘဝဆိုတဲ့ မုန်တိုင်းတွေ
ကြမ်းတမ်းရိုက်ခက် ပါစေ
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ် ….. ။

အချိန်တိုင်း မင်းလက်ကိုတွဲပြီး
ထာဝရ အတူရှိမဲ့
မြတ်နိုးရာ နေ့ ရက်များဆီ …… သို့ …….. ။




မောင်ဘုန်း 




7 comments:

  1. ချစ်သူနှစ်ဦး ထာဝရ မြတ်မြတ်နိုးနိုး မခွဲမခွာ ချစ်နိုင်ကြပါစေဗျာ .... ။


    kဇင်

    ReplyDelete
  2. HAPPY ANNIVERSARY!!!
    အမြန်ဆုံး မင်္ဂလာဆောင်နိုင်ပါစေလို့ ဆုတောင်းသွားတယ်။

    ReplyDelete
  3. Happy anniversay....... :)
    တောင်းတဲ့ဆုတွေပြည့်စုံလို့..ချစ်ရတဲ့သူနဲ့အမြန်ဆုံးပေါင်းဖက်နိုင်ပါစေ…လို့…
    ဆုတောင်းပေးလိုက်ပါတယ်..နော်…
    ခင်မင်တဲ့.
    ပူးပူး

    ReplyDelete
  4. ချစ်သက်တမ်းတွေရှည်ကြာပြီ အမြန်ဆုံးပျော်ရွှင်သောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေကွယ်

    ReplyDelete
  5. စစ်မှန်တဲ့ ချစ်ခြင်းဟာ အချိန်တွေ ကြာလေ ပိုခိုင်မြဲလေပါပဲ..
    ပျော်ရွှင်တဲ့ နှစ်ပတ်လည်နေ့လေးပါ..ငါ့မောင်ရေ
    ချစ်သူရဲ့ နဖူးကို နေ့တိုင်းအနမ်းခြွေပြီး နိုးထရမယ့် မနက်ခင်းတွေ အမြန်ဆုံး ပိုင်ဆိုင်ပါစေ..
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  6. နှစ်ဦးနီးရဖို့ အမြန်ဆုံးလေး....:)
    မောင်ဘုန်းရေ..မိုးနတ်လဲ ဆုတောင်းပေးနေပါတယ်နော်....
    ခင်တဲ့...မိုးနတ်

    ReplyDelete
  7. အမြန်ပြန်ဆုံနိုင်ပါစေ။ အဲဒီလိုလွမ်းရတာကို နားလည်တယ်။

    ReplyDelete