Pages

Thursday, January 3, 2013

ရာဇဝင်ထဲက သွေးပန်းချီ









အတိတ်က ပန်းချီကား တစ်ချပ်ကို
ပြန်ကြည့်မိတိုင်း အံ့သြ ရတယ်
သာယာလှပတဲ့ ဒီ ပန်းချီကား ကို
အသက်သွေးတွေနဲ့  သူတို့  ရေးခဲ့တာ …… တဲ့  … ။

သူတို့  က ……

ဒီမိုကရေစီ ဆိုတာ ……….. မသိခဲ့ဘူး
ဘာမှန်း မသိပဲနဲ့ ဒီမိုကရေစီ လို့  ….. မအော်ခဲ့ဘူး
လုပ်ချင်ရာ လုပ်ပြီး ဒီမိုကရေစီ လို့  ….. မပြောခဲ့ဘူး
နိုင်ငံရေး ဆိုပြီး ဘဝရပ်တည်ရေးတွေ …… မလုပ်ခဲ့ဘူး

ဒါပင်မဲ့ …….

တိုင်းပြည်အတွက်ဆို အသက်ပေးပြီး
လှပတဲ့ ဒီ ပန်းချီကား ကို
သူတို့  သွေးတွေနဲ့  ရေးခဲ့တာ … ။

ဒီ ပန်းချီကားကို နောက်ခံပြီး
ဒို့ တွေ …. 

ဆိုရှယ်လစ်လို့ ……… အော် …….. ခဲ့ဘူးတယ်
ဒီမိုကရေစီလို့  …… ပြော …….. ခဲ့ဘူးတယ်
အချင်းချင်းတွေ ….. ကွဲလွဲ …….. ခဲ့ဘူးတယ်
အချင်းချင်းတွေ ….. သတ်ဖျတ် …….. ခဲ့ဘူးတယ်

အချိန်တွေ ကြာလာတော့
မျိုးချစ်စိတ်ဆိုတာလည်း
 ဒီ ပန်းချီကားနဲ့  အတူ
ပြတိုက်ထဲ ရောက်သွားခဲ့ ရပါပြီ …… ။

ဘယ်လိုပဲ ဖြစ်ဖြစ် ……. ပါ ….

ဒါ …… ဒို့ ပြည် …….. ဒါ …… ဒို့ မြေ
ဒို့ ပြည် ဒို့ မြေ
ဒို့ တွေ ချစ်လို့ 
ဒို့  တိုင်းပြည် လွတ်လပ်ရေး ကို ……  ထိန်းသိမ်းကြပါ စို့  …….. ။



ယနေ့  ကျရောက်သော လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုလျှက် ၊ မြန်မာ့ လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသူများနှင့် ကျဆုံးခဲ့သော မျိုးချစ်သူရဲကောင်းများ ကို  ရိုသေစွာ ဦးညွှတ်အလေးပြုအပ်ပါသည် ….. ။


မောင်ဘုန်း


2 comments:

  1. လွတ်လပ်ရေးနေ့ ဂုဏ်ပြုကဗျာလေးကို ပန်းချီကားချပ်လေးနဲ့အတူ အားပေးသွားတယ် မောင်ဘုန်းရေ။
    စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ခေါင်းစဉ်လေးရော ကဗျာလေးပါ အရမ်းအသက်ဝင်တယ်..
    မောင်ဘုန်းရေ...တဂ်ပို့စ်လေးကို မိုးနတ်ရေးပေးမယ်နော်..
    ဒီရက်ထဲ ဘယ်လိုမှကို မအားလို့ပါရှင်..
    ရေးလဲရေးရော မိုးနတ်ပို့စ်က အခါလွန်မိုးဖြစ်တော့မှာပဲ...:P
    ခင်မင်လျက်....မိုးနတ်

    ReplyDelete