Pages

Tuesday, April 8, 2014

ဆော်လမွန်ကျွန်းပုံပြင်



တစ်ခါက .... ဆော်လမွန်ကျွန်း ဆိုတာ
ယဉ်ကျေးမှု့ ထွန်းကားခဲ့တဲ့ မြို့ ပြတစ်ခုပါ ။

အဲ့ ကျွန်းမှာ နေတဲ့ လူတွေဟာ  ....
စိုက်ပျိုးမို့  အတွက် တောင်ယာမခုတ်ပါဘူး ။

စိုက်ပျိုးမြေအတွက်
မိမိတို့  လိုအပ်သလောက် အကျယ်ဝန်းထိ
လက်တွဲပြီး ဝန်းရံလိုက်ပါတယ် .... ။

ပြီးတော့ .....
အပင်တွေကို ကျိန်ဆဲ ကြပါတယ် ....
ကျိန်စာတွေ ရွတ်ဆိုကြတယ် .....။

ရက်မကြာမှီမှာပဲ  .....
အဲ့ အပင်တွေ ခြောက်သွေ့ ပြီး သေကုန်ပါတယ် .....
ဒီဖြစ်ရပ်ဟာ ယနေ့ အချိန်မှာ
ဆော်လမွန်ကျွန်း ပုံပြင် တစ်ပုဒ် သာဖြစ်ခဲ့ပါတယ် ....။

ဒါပင်မဲ့  .....
လူပတ်ဝန်းကျင်မှာ ရှင်သန်မို့  ခက်ခဲတဲ့
သူတွေကို မြင်ရတော့ ....
ဆော်လမွန်ကျွန်းပုံပြင် တွေအသက်ဝင်လာသလို ခံစားမိပါတယ် .... ။

ဒါဆိုရင်
ကျနော်တို့  ရှင်သန်မှု့ အတွက်
လူ့ ပတ်ဝန်းကျင်ဆို တာ ....
သတိထားစရာပေါ့ ........... ။



1 comment:

  1. ဆော်လမွန်ကျွန်းပုံပြင်လေးက အဆန်းသားနော် ...
    ပုံပမာခိုင်းတာလေးလဲ အသက်ဝင်တယ် မောင်ဘုန်းရေ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete