Pages

Wednesday, August 24, 2011

ချစ်သူပေးတဲ့ အလင်းရောင်


လူဆိုမှားတက်တယ်တဲ့ …
ကျနော် မှားခဲ့မိပါတယ် …. 
ဘဝဆိုတဲ့ အမှားတွေးကို သင်ခန်းစာယူပါတဲ့
ကျနော် ဒူးထောက်ပြီး တစ်ဘဝ စာယူလိုက်ပါပြီ

သြော် …. တန်ဖိုးထားတယ်ဆိုတာ
ဘူးထဲထည့်ပြီ လှလှပပ သိမ်းထားမို့ မဟုတ် မှန် ကျနော် သိခဲ့ရပြီလေ

လူဆိုတာ မျှော်လင့်ချက်တွေနဲ့  ရှင်သန်နေရတယ်ဆို
မမှားလောက်ပါဘူး ကျနော် လည်း လူတစ်ယောက်ဖြစ်နေလို့ ပါ
မနက်ဖြန်တိုင်းမှာ သတိရတဲ့စိတ်တွေကို ဖော်ပြုရင်း ….
ကုန်ဆုံးစေတယ်လေ …

တစ်ရက်ကုန်သွားတိုင်း အိပ့်မက် တစ်ခု မက်မိတယ် …
ကျနော် စိတ်ကူးယဉ် နေတာများလားလို့ 
ခဏခဏမေးလည်း သေချာတဲ့ အဖြေတစ်ခုအမြဲရခဲ့ပါတယ်
 အဖြေကတော့ …. ဘယ်တော့မှ နောင်တ မရဘူတဲ့

တစ်ခါတလေ ကိုယ့်ခံစားချက်တောင် ကိုယ် နားမလည်ခဲ့ဘူးလေ
ကျနော် နားလည်ပါတယ် ….
လူတစ်ယောက်ပြောတဲ့ စကားလုံးတိုင်း ဟာ
ကိုယ်ပိုင်ခံစားချက်ပါလို့  ဘယ်သူထင်မိမှာလည်း …..

ဒါပင်မဲ့ ကျနော် ပြောခဲ့တဲ့ စကားလုံးတွေ
ပျောက်ခဲ့ရပါပြီ ….. ကျနော် မှားခဲ့တဲ့ အမှားပေါ့
နာလည်ပေးမှု့ ဆိုတဲ့ အလင်းရောင်လေးသာ မရှိခဲ့ရင်
ကျနော် အတွက်တော့ မတွေးဝံ့ စရာပါ ……….

ကျနော် ဝန်ခံပါရစေ …
ဒီနေ့ ဟာ ..ကျနော် အ၇မ်း ချစ်တဲ့ ကောင်းကင်ဖြူရဲ့ မွေးနေ့ 
ကျနော်တို့  ချစ်ခြင်းတွေ ၈ လပြည့်တဲ့ နေ့ 
ကျနော် မေ့နေခဲ့ပါတယ် …
သတိရတဲ့ အချိန်မှာ အရာအားလုံး နောက်ကျခဲ့ပါပြီ ….
ချစ်သူက ပေးတဲ့ နာလည်ပေးမှု့ ဆိုတဲ့ အလင်ရောင်လေနဲ့ 
ကျနော် မျှော်လင့်ချက်တွေ အိပ့်မက်တွေ ကို ဆက်လက်၇ှင်သန်ခွင့်ရတော့တယ်လေ ………


မောင်ဘုန်း

2 comments:

  1. ချစ်သူနဲ့ပတ်သက်ရင်တော့
    မမေ့သင့် မမှားသင့်ဘူးနော်...
    အိမ်ကလူ တစ်ခုခုမှားရင် မေ့ရင်တော့
    ဟင်းဟင်း တွေ့သွားမယ်...
    လူတိုင်းအမှားမကင်းဘူး ၊ ကျွန်မဆိုခဏခဏမှား
    တာတွေကိုလုပ်နေတတ်တယ်....၈လပြည့်
    အထိန်းအမှတ်ဘာတွေကျွေးဖို့ရှိလဲ...လာခဲ့မယ်.

    ReplyDelete
  2. ဟားဟား စာတွေလိုက်ဖတ်ရင်း ဒီတခုလည်း တူပြန်ပြီ မနှစ်က ကျွန်တော်လည်း မဒမ်ငွေ မွေးနေ့ကိုမေ့နေတာ သူက အစဖော်ပေးတာကို ကျွန်တော် မသိဘူး အဲဒီလိုမေ့တာ မွေးနေ့မရောက်ခင် ၃ရက်လောက်ကတော့ သတိရသေးတယ် တကယ်ရောက်တော့ မသိဘူး မဒမ်ငွေ ဖုံးဆက်ပြီးအစဖော်တာကို မသိဘူး ညနေရောက်တော့ မဒမ်ငွေက ဖုံးထပ်ဆက်ပြီး ပေါ်တင်ပြောမှ သိတော့တာ ဟဲဟဲ ဒီနှစ်တော့ မမေ့အောင်နေမယ် မဒမ်ငွေလည်း နားလည်ပေးလို့တော်သေးတယ် မောင်ဘုန်းနဲ့ ကိုကိုငွေ အဖြစ်တော်တော် တူတယ်ဗျာ

    ReplyDelete