Pages

Monday, February 20, 2012

ကား modified လုပ်ခြင်း




မင်္ဂလာပါ ဗျာ … ။ ကားအကြောင်း တွေ မရေး ဖြစ်တာလည်း ကြာပါပြီ … ။ ဒီနေ့  တော့  ကျနော် blogger မိတ်ဆွေ  သူငယ်ချင်း များ ၊ ကျနော် blog လေးကို ရောက်ရှိလာတဲ့ ဧည့်သည် များအတွက် ကား modified လုပ်တဲ့ အကြောင်းရာလေး ကို ကျနော် နားလည် သလောက် ပြောပြပါမယ် ... ။

ကျနော် ၏ blogger မိတ်ဆွေ သူငယ်ချင်း များ မိမိပိုင် ကားလေး ကို modified လုပ်မယ် ဆိုရင် နည်းနည်း တော့ အတောက်ကူ ဖြစ်မယ် လို့  မျှော်လင့်ရပါတယ် ။

နိုင်ငံတိုင်း မှာ ကား modified လုပ် တဲ့ အကြောင်းကို ကား ပိုင်ရှင် တိုင်း စိတ်ဝင်စား တက်ပါတယ် ။ ဒါ ကြောင့် ပြည်ပ နိုင်ငံ တွေမှာ ရုပ်သံ အစီစဉ် က နေ ကား modified လုပ်တဲ့ အကြောင်း ကို စိတ်ဝင်စား ဖွယ် ထုတ်လွှင့် ပြသ တာတွေ့ ရပါတယ် … ။ ကျနော် တို့  နိုင်ငံ မှာ လည်း တစ်နေ့ တော့ ဖြစ်လာ လိမ့်မယ် လို့  မျှော်လင့် ရပါတယ် … ။

ကား တစ်စီး ကို modified လုပ်တဲ့ နေရာမှာ အဓိက  ၃ ပိုင်း ခွဲခြားထား တာ တွေ့ ရပါတယ် ။

၁ …. Engine modified  လုပ်ခြင်း
၂ …. Electrical modified လုပ်ခြင်း
၃ …. Body modified လုပ်ခြင်း

ဒီ သုံး မျိုး ထဲကမှ ကျနော် အလုပ်မှာ ရှိတဲ့  body modified လုပ်တဲ့ အကြောင်း ကို ပဲ အဓိက ထား ဖော်ပြ သွားမှာ ပါ ။

ပထမဦး ဆုံး အနေနှင့်  ကားတစ် စီး ကို modified လုပ် တော့မယ် ဆိုရင် မိမိ ကား အတွက် ပို ပြီးကောင်း သွား သလား ၊ ဒါမှ မဟုတ် ဆိုး ကျိုး ကို ဖြစ်သွားစေ လားဆိုတာ အရင် ရှင်းပြပါမယ် ။

Modified လုပ်ပြီ ဆိုမှ တော့ ကိုယ့် ကားလေး ပို ကောင်းသွားအောင် ၊ ပို ပြီး လှ သွားအောင်း လုပ်တဲ့ 
သူတွေ ကြီးပါပဲ … ။
ဒါပင်မဲ့ ကားတစ်စီး ကို စနစ် တကျ modified လုပ်ခြင်း ဟာ ကောင်းကျိုး ဖြစ် စေသလို ၊ စနစ်တကျ မလုပ်ရင် တော့ ဆိုးကျိုး ဖြစ်စေ တယ်ဆိုတာကို သတိ ပြုရမှာပါ ။

စနစ်တကျ modified လုပ်ခြင်း

Engine ကို ဖြစ်စေ ၊ Electrical ပိုင်းဆိုင်ရာကို ဖြစ် ၊ Body ကို ဖြစ်စေ modified လုပ်တော့ မယ်ဆိုရင် အရေးကြီး ဆုံး တွက်ချက် မှု့ က မိမိ ကားရဲ့  vibreation ပါပဲ … ။ ကိုယ် တပ်ဆင်မဲ့ modified လုပ်ထားတဲ့ ပစ္စည်း ဟာ မိမိ ကားရဲ့ vibreation ကို ဘယ်လောက် ခံ နိုင်ရည် ရှိလည်း ၊ vibreation ဒဏ် ခံနိုင်အောင်  ဘယ်လို စနစ်တကျ  တပ်ဆင် မလည်း  ဆိုတာ သိထားမို့  အရမ်း အရေးကြီး တဲ့ အချက် တစ်ခုပါ … ။

 ကား Engine တိုင်းမှာ vibreation ရှိပါတယ် ။ Engine power များလေ vibreation များလေ ပါပဲ … ။ ဒါကြောင့် မိမိ တပ်ဆင် မဲ့ modified ပစ္စည်း ဟာ vibreation ဒဏ် ကိုခံ နိုင် အောင် စနစ် တကျ တပ်မှု့  က ပိုပြီ အရေးကြီး ဆုံးပါ … ။

ဥရောပ ကား ၊ ဂျပန်ကား ၊ တရုတ်ကား စတဲ့ ကားတွေ မှာ အရည်သွေး အဓိက ကွာခြားချက်က တော့ ကားအတွက် တပ်ဆင် ရာမှာ vibreation ရဲ့ ဒဏ် ကိုခံ နိုင်ရည် ရှိအောင် ပြုလုပ်ထား ခြင်းပါပဲ … ။
ဥရောပ ကားတွေ မှာ ဆို သဲကာ အဖြစ် တပ်ဆင်တဲ့ အပိုင်းမှာ တောင် vibreation ကို တန်ပြန် ခုခံ နိုင်တဲ့ အစိတ်ပိုင်း ပါ တာ ကို တွေ့ ရပါတယ် … ။

ဥပမာ တစ်ခု အနေ ပြောရ လျှင် နှင့် မိမိ ပိုင် model နိမ့် ကားလေး ကို နောက် ဆုံးပေါ် V8 Engine ကြီး တပ်ပြီး modified လုပ်တယ် ဆိုကြပါစို့  …. ။

အရင်ဆုံး မိမိကား Engine ကို ဖြုတ်ပြီး လုပ်နည်း လုပ်ဟန် အတိုင်း Modified လုပ်မဲ့ V8 Engine တပ်တာပေါ့ ဗျာ … ။ အားလုံးပြီးသွားတော့ ကား က အရင်ထက် အဆပေါင်းများ စွာ စွဲပါတယ် ။ လှစ်လှစ် ကိုပြေးနေတာလေ … ။ နောက်ဆုံးပေါ် V8 Engine ဆိုတော့ အရမ်းကောင်းတာပေါ့ …။ modified လုပ်ပြီပြီး ချင်တော့ ကားပိုင်ရှင် လည်း အရမ်း သဘော ကျပေါ့ဗျာ … ။

သိမ့် မကြာခင် ချိန် မှာ အရမ်း စွဲ တဲ့ကားလေး ဘယ်စွဲလိုက် ၊ ညာစွဲ လိုက် ဖြစ်လာပါတယ် ။ များမကြာမှီ မှာ  Transmission(ဂီယာ) ပျက်သွား ပါတယ် ။ body ပိုင်းဆိုင်ရာ တွေ တစ်ခုပြီး တစ်ခု
ချို့ ယွင်း လာပါတယ် ။  ဒါဖြစ်တက် တာလေးတွေ ပြောပြတာပါ …. ။

တန်ဖိုး ကြီး ဝယ်ထားတဲ့ မိမိတို့ ကား ကို အကုန် ကျ ခံ ပြီ ပျက်စီး ပစ်လိုက် သလို ပါပဲ ။
ဘာကြောင့် လည်း အဲ့လို ဖြစ်သွားရလည်း ဆိုရင် …
  
 modified စလုပ်တဲ့ အချိန် မှာ မိမိ တပ်ဆင်မဲ့ ပစ္စည်း ဟာ  vibreation ရဲ့ ဒဏ်ကို ဘယ်လောက်ထိ ခံနိုင် မလည်း ဆိုတာကို မစဉ်းစားမိခဲ့ လို့ ပါပဲ … ။ ကျနော် တို့  က မိမိ ကား ကို V8 Engine တပ်မယ် ဆိုရင် မှုရင်း V8 Engine တပ်ထားတဲ့ ကားရဲ့ တပ်ဆင် မှု့  ကို အရင်ဆုံး လေ့လာ ရမှာပါ … ။ ထိုကားမှာ Engine vibreation ကို ဘယ်လို ထိန်းချုပ် ထားတယ် ဆိုတာ ကို သေးစိတ် လေ့လာ ပြီး မှာ မိမိ ကား ပေါ်မှာ မှုရင်းအတိုင်း တုပ ပြီး တပ်ဆင် ရ ပါတယ် ။

ကောင်းဆုံး ဥပမာ တစ်ခု ပြောရ ၇င် ကျနော် တို့  မြန်မာ ပြည် စက်မှု့  ဇုံ က ထုတ်တဲ့ ဂျစ် ကား တွေ ကို ကြည့်ပါ ။

စက်မှု့  ဇုံ ကထုတ်လိုက် ပြီး တစ်နှစ် အကြာ ထိ ဝပ်ရှော့ မသွားရသေး ဘူး ဆိုတဲ့ ကား မရှိလောက်အောင် ရှားပါတယ် … ။ မြန်မာ ဂျစ်ကား လောက မှာ နာမည်ကြီး တဲ့ surf Engine  တပ်ထား ပါတယ် ဆိုတဲ့ ကား မှာ မူရင်း Toyota Hilux Surf မှာ ပါရှိတဲ့ Engine တပ်ဆင် မှု့  နဲ့  ယှဉ်ကြည့်မယ် ဆိုရင် တော်တော် လေး လွဲနေတာ တွေ့ ရမှာပါ ။ ဒါကြောင့် surf Engine နဲ့  modified လုပ်ထားတာ   မို့ လို ဝယ်လိုက် ပင် မဲ့ သုံးစွဲသူ အနေနှင့် တော့ အရည်သွေး အပြည့်ဝ ရမည် မဟုတ်ပါ ။

ဒါဟာ တပ်ဆင်မှု့  အပိုင်း နည်းပညာ အားနည်းလို့ ပါ ။ ဘာ Engine ပဲ တပ်တပ် မှုရင်း တပ်ဆင် မှု့  အတိုင်း (သို့ ) မှုရင်းထက် ကောင်းတဲ့ ပြင်ဆင်မှု့ ကို မိမိ ကား မှာ modified လုပ်မယ် ဆို ရင် ကျနော် တို့  တပ်ဆင် လိုက်တဲ့ modified ပစ္စည်း ရဲ့ အရည်သွေးကို အပြည့် ဝ ခံစား ရမှာ ဖြစ်ပါတယ် … ။

အဲ့လို မဟုတ်ရင် တော့ ကျနော် အထက်မှာ ပြောခဲ့ သလို တန်ဖိုး ကြီး ဝယ်ထားတဲ့ မိမိတို့ ကား ကို အကုန် ကျ ခံ ပြီ ပျက်စီး ပစ်လိုက် သလို ပါပဲ ။
ထို့ ကြောင့် မိမိ ကားကို modified လုပ်ခြင်း ဟာ စနစ် တကျ မလုပ်ခဲ့ ဘူး ဆို၇င် တော့ မိမိ ကားအတွက် ဆိုးကျိုး များကို သာ ရရှိစေမှာပါ ဖြစ်ပါတယ် … ။

Modified ပစ္စည်း အရည်သွေး

ကျနော် အထက်မှာ ပြောခဲ့ သလို modified လုပ်ပြီ ဆိုမှတော့ မှုရင်း ထက်ကောင်းတဲ့ ပစ္စည်း ပဲ သုံးကြပါတယ်။ ဒါပင်မဲ့ body ကို modified လုပ်တဲ့ နေရာမှာ တော့ အများ စု ဟာ လှပဆန်းသစ် တဲ့ ပုံစံ ကို ပဲ ဦးစားပေးပြီ modified လုပ် တပ်ဆင် လိုက်တဲ့ အရည်သွေးကို မစဉ်းစား တက်ကြပါဘူး ။

အများသောအား body ကို modified လုပ် တပ်ဆင် လိုက်တဲ့ ပစ္စည်းတွေ ဟာ ရည်ရှည် မခံတာ တွေ့ ရပါတယ်
ဘာကြောင့်လည်း ဆိုရင် body  modified လုပ်တဲ့ ပစ္စည်းတွေ ဟာ ဖိုက်ဘာ နဲ့ လုပ်တာများ ပါတယ် ။ 





ဒါကြောင့် ဖိုက်ဘာ ရဲ့ သဘာဝ ကို က ပူလာ လေ မာ ပြီး ကွဲ တက်သည့် အတွက် ရည်ရှည် အတွက် တော့ ဘယ်လို မှ အဆင်မပြေပါဘူး ... ။



 ကားမှာ ရှိတဲ့ vibreation နဲ့  အပူဒဏ် ကို ခံရပြီ ဆိုရင် အခုလို ကွဲသွား တက်ပါတယ် .... ။ ဒါက မိမိ ကား ကို modified လုပ်မယ် ဆိုရင် သတိထားသင့် တဲ့ အရာပါ ... ။ 

ဒါဆိုရင် ဘယ်လို ရည်ရှည် အသုံးပြု လို့ ရအောင် ဘယ်လို လုပ်မလည်း ဆိုတာ စဉ်းစားရပါပြီ ... ။

အထက်မှာ ပြောသလို ဖိုက်ဘာ နဲ့ လုပ်ထား တာ ဖြစ်တဲ့ အတွက် ရည်ရှည် ခံ မို့ ဆို မဖြစ်နိုင်ဘူး ဆိုပင်မဲ့
ကျနော် တို့ က မိမိကား ကို modified လုပ်ချင်တယ်လေ .... ရည်ရှည် မခံ ပင်မဲ့ လည်း မိမိလုပ်ချင် တဲ့ ပုံစံ လေး ဖြစ်သွား တာ လိုချင်တယ်လေ ... ။ ဒီတော့ ကျနော် တို့ အနေ နဲ့  လုပ်နိုင်မဲ့ အရာ တစ်ခုပဲ ရှိပါတယ် .... ။ ကျနော် တို့  တပ်ဆင်လိုက် တဲ့ modified ပစ္စည်း ကို Engine vibreation ဒဏ် ခံနိုင်အောင် ဘယ်လို အကောင်း ဆုံး လုပ်မလည်း ဆို တာပါ ... ။

ဒီလို တပ်ဆင် ရာမှာ ကော်ကပ် တဲ့နည်း လုံးဝ မ သုံးစေ ချင်ပါဘူး .. ။ body modified လုပ်တဲ့ နေမှာ သုံးတဲ့ ကော် တစ်မျိုး ရှိပါတယ် မြန်မာ ပြည်က အလုပ်ရုံ တွေ မှာ လည်း သုံးတာတွေ့ ဖူး သလို ပြည်ပ မှာ လည်း သုံးကြပါတယ် .... ။  ဒီ ကော် ရဲ့ ဆိုးကျိုး ကတော့ ကားဆေး အရောင် မှာရှိ colour effect နဲ့  ဘယ်လို့ မှ တည့် ပါဘူး ... ။ ကော် ကပ် ပြီး တပ်ဆင် လိုက်တဲ့ modified ပစ္စည်း  ဟာ ရည်ရှည် အတွက် ဘယ်လို မှ မဖြစ်နိုင် သလို မိမိကားရဲ့ မှုရင်း ဆေး ကို ပါ ပျက်စီး စေပါတယ် ... ။

နောက်တစ်ခု က  တပ်ဆင် ရာမှာ Engine vibreation ကို ကောင်းဆုံး ခံနိုင်မဲ့ တပ်ဆင် မှု့  ဖြစ်မို့  အရေးကြီးပါတယ် ... ။ ဥပမာ သေချာ တဲ့ အထိုင် ကို သေသေချာချာ ပြင်ဆင်ပြီး တပ်ဆင်တာမျိုး  ပြုလုပ်သင့်ပါတယ် .... ။ 

ဒါမှသာ ကျနော်  တို့ modified လုပ် တပ်ဆင် လိုက်တဲ့ ပစ္စည်း ဟာ အတိုင်းတာ တစ်ခု ထိ ခံ နိုင်ရည် ရှိမှာပါ .... ။ 

ဒါက  ကျနော် တို့  မြန်မာ ပြည်မှာ modified လုပ်တဲ့ ပစ္စည်း အများစု ဖြစ်တက်တာ ကို ဘယ်လို လုပ်ရင် ရနိုင် တယ် ဆို တာ ကို ကျနော် အနေ နှင့် အကြံ ပြု တာပါ ... ။

ပြည်ပ နိုင်ငံတွေ မှာတော့ အခု လို body modified လုပ်တဲ့ နေရာမှာ မြန်မာ ပြည်မှာ လို ဖိုက်ဘာ နဲ့  လုပ်ထားတဲ့ ပစ္စည်း တွေ သုံး တက်သလို အများစု ကတော့ modified လုပ်ရန် အတွက် သီးသန့်  ရောင်းတဲ့ ပစ္စည်တွေ ပဲ သုံးတက်ကြပါတယ် ... ။ ဒီလို သီးသန့်  ရောင်းတဲ့ ပစ္စည်းတွေ ဟာ မှုရင်း ကား body အတိုင်း ပြုလုပ်ထား တဲ့ အတွက် ရည်ရှည် ခံနိုင် ကြပါတယ် ။



ဒါ modified ပစ္စည်း တွေပဲ သီးသန့် ရောင်းတဲ့ ဆိုင် တစ်ဆိုင်ပါ ... ။ အခုမြင်နေရတဲ့ bumper က မှုရင်း Mitsubishi ASX ရဲ့ bumper ပုံစံ တူ ပါ .... ။ ဒီ bumper ကို မလေးရှား နိုင်ငံ ထုတ် ဖြစ်တဲ့ proton Inspira မှာ
တပ်ဆင် ပြီး Mitsubishi  ပုံစံ modified လုပ်မို့  အတွက် အခုလို သီးသန့်  ရောင်းတာပါ ... ။

အောက်က ပုံလေးတွေ ကို ကြည့်ပါ proton Inspira ကို Mitsubishi  ပုံစံ modified လုပ်ထားတဲ့ ပုံ လေးတွေပါ ... ။




 ဒါ မှုရင်း ကား  Mitsubishi ASX  ရဲ့ ပုံ ပါ ။ 

ဒီကားရဲ့ ရှေ့  bumper ပုံစံ အတိုင်း proton Inspira မှာ modified လုပ် တပ်ဆင် မှာပါ ... ။








ဒါကတော့ proton Inspira ရဲ့ မှုရင်း ပုံစံ ပါ ... ။







အခုလို proton Inspira ကို Mitsubishi ပုံစံ modified လုပ်  တပ်ဆင် လိုက် ခြင်းသာ ဖြစ်ပါတယ် ... ။
ပြည်ပ မှာတော့ အခုလို အရည်သွေးကောင်းတဲ့ modified လုပ်ပြီ ပစ္စည် အစိတ်ပိုင်း တွေ ကို အလွယ် တကူ ဝယ်လို့ ရတာကြောင့် အဆင်ပြေ တာပေါ့ ဗျာ ... ။


ဒီလောက် ဆို ကျနော် မိတ်တွေ သူငယ် ချင်း များ မိမိ ကား ကို modified လုပ်မယ် ဆိုရင် နည်းနည်း တော့ ကြိုပြီး သတိပြု နိုင်လိမ့်မယ် လို့ ထင်မိပါတယ် .... ။

ကျနော် ကြိုက်မိ တဲ့ modified လုပ်ထားတဲ့ ကားတွေ ကို ကြည့်ရ အောင်နော် ...





 ဒါ  Toyota Corolla 1982  model ကို modified လုပ်ထားတဲ့ ပုံစံ ပါ ။ မြန်မာ ပြည်မှာ ဒီ လို ကားတွေ အများ ကြီး အသုံးပြုနေပါ သေးတယ် ... ။





 ဒါကတော့ Toyota corolla 1993 model ဖြစ်ပါတယ် ... ။ ဒီ ကား လည်း မြန်မာ ပြည် မှာ အများဆုံး တွေ့ ရတဲ့ ကား model ဖြစ်ပါတယ် ... ။

body modified တပ်ဆင် တဲ့ အကြောင်းလေး ကို ကျနော် အချိန်ရ ရင် ရလို ဆက်လက် ရေးသွားပါမယ် ဒီ post လေးကို တော့ ဒီမှာ ပဲ အဆုံးသတ်လိုက်ပါပြီ .... ။


ဓာတ်ပုံ ကို google မှ ရယူခဲ့ပါသည် ။


ခင်မင်စွာဖြင့်



မောင်ဘုန်း 






6 comments:

  1. ဘာမှ မဆိုင်ပေမဲ့ လေ့လာသွားပါတယ်
    မောင်ဘုန်းရေ ဗဟုသုတပေါ့နော့်

    ReplyDelete
  2. မောင်ဘုန်းရေ
    ကားအကြောင်းနားမလည်ပေမဲ့ စိတ်ဝင်စားလို့ သေချာဖတ်သွားပါတယ်။
    ခုလို အသုံးဝင်သိသင့်တဲ့အကြောင်းအရာတွေ ရေးသားပေးလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. တကယ့်ကားဆရာကြီးဘဲ ဟေ့း)))))

    ReplyDelete
  4. ကားဆင်စီးချင်ပေမယ့်
    လူက ကားနေလို့ မောင်ဘုန်းရယ်း)း)
    တနေ့တော့ စီးနိုင်မယ်ထင်တာပါပဲ ကိုယ်ပိုင်ကားပြောပါတယ်
    အခုတော့ဘတ်စ်ကားကို ရေလည်စီးတယ်း)

    ပို့စ်ကိုကူးပြီးသိမ်းထားလိုက်မယ်

    ReplyDelete
  5. ကားမရှိသော်လည်း ထိုသို့ ဖြုတ်လိုက်တပ်လိုက်လုပ်ခြင်းကို အလွန့် အလွန်ကို စိတ်ဝင်စားလှပါသည်။ ခုလိုမျိုး သေသေချာချာလေး ရှင်းပြလို့ ကျေးဇူးပါ ကိုမောင်ဘုန်းခင်ဗျာ.....

    ReplyDelete
  6. ကား ၀ိုင်ယာရင်းနဲ့ အဲယားကွန်းအကြောင်းလေ့လာချင်ပါတယ် ။

    ReplyDelete