Pages

Saturday, March 17, 2012

မွေးနေ့  သဝဏ်လွှာ


အခါနွေ ဆန်း ၊ လေဖြန်း ဝှေ့ ဝှေ့ 
နှင်း သဲ့သဲ့ နှင့် ၊ မြိုင်ခြေ ဆင့်ဆင့်
သွေ့ သွေ့ ဟန်ဆင် ၊ ပင်ယံ နုနု
စိမ်းစိမ်း လျှံကာ ၊ ရွက်ဝါနီ တို့ 
မစည် ကြဲကြဲ ၊ လေဟုန် ဆင်းပျံ
မြေသို့  ချဉ်းကာ ၊ အလှ ဆင် မှ
ကို ဥသြ လည်း ၊ လင်္ကာ ဆိုတေး
သံစဉ် ဖက်လို့  ၊ နှိုင်းတု မမှီ
ရာသီ ချိန်ဝယ် ၊ “ မင်္ဂလာ” လွှမ်းခြုံ
ကျရောက် ပါသော ၊ ယနေ့  ချိန်ကာ
အမည် ဆန်းတဲ့ ၊ “ မိုးငွေ့ ” အစ်မ
မွေးနေ့  “ မင်္ဂလာ” ၊ ရက်မြတ် မဟာ ….. ။

ရာသီ ဆန်းနှင့် ၊ မွေးနေ့  “မင်္ဂလာ”
ထွန်းတောက် ချိန်ဝယ် ၊ မွေးနေ့  ရှင် အား
အကျွန့် သခင် ၊ ချစ်သက် ငယ်နှင့်
ထပ်တူ ပြု၍ ၊ “မင်္ဂလာ” တောင်းဆု
စိတ်ဝယ် စု လို့  ၊ ပြုရ လို ကာ
ယနေ့  မှ စ ၊ မွေးနေ့  ရှင် သည်
ရွှင်ရွှင် လန်းလန်း ၊ ကံရောင် ဆန်းဖြင့်
ချမ်းချမ်း မြေ့မြေ့ ၊ စိတ်စဉ် စမ်းနှယ်
နှစ်နှစ် လလ ၊ ဘဝ များတိုင်
စဉ်စဉ် ဆက်ဆက် ၊ ချစ်ရ သူနှင့်
ဆုံးဆုံး တိုင်တိုင် ၊ ထပ်တူ မြဲ ယင်း
ဆင့်ဆင့် ကဲကဲ ၊ မေတ္တာ လန်း ကြပါစေ ….. ။


ကျေးစေရ ရတုသဝဏ်လွှာ

ကောင်းကင်ဖြူ၏ကိုယ်ရံတော်


နည်းနည်းလောက် ရှင်းခွင့်ပြုပါ .... ။

လွန်ခဲ့ တဲ့ ၆ လကျော်ကျော် လောက် က ချစ်သူ ကောင်းကင်ဖြူ က blog လင့် တစ်ခုပေးခဲ့ပါတယ် ။ ကိုယ်ပိုင် ကဗျာ ရေးဟန် ၊ စာရေး ဟန် နှင့် စကားလုံး လှလှ လေးတွေ ရေးဖွဲ့ တက်တဲ့ blog လေးဆို ပြီး 
" မိုးငွေ့ " လို့  အမည် ရတဲ့ blog လင့် ကို ချစ်သူ ပေး မှ ကျနော် မောင်ဘုန်း အစ်မ မိုးငွေ့  အိမ်လေးကို ရောက်ဖူးတာပါ ။ နောက်တော့ ကျနော် blog လေးကို မကြာခဏ ဆိုသလို ရောက်လာတက်တဲ့ အစ်မ မိုးငွေ့   နဲ့  blogger မိတ်ဆွေ ဖြစ်ခွင့် ရခဲ့ပါတယ် ။

အမှန်တိုင်း ဝန်ခံရ ရင် ကျနော် အတွက် online အသုံးပြု ချိန် နည်းတဲ့အတွက် အစ်မ မိုးငွေ့  အိမ်လေးကို အချိန် ရမှသာ ရောက်ဖြစ်ပင်မဲ့ ချစ်သူ ကတော့ အစ်မ မိုးငွေ့ ရဲ့ Post တွေ ကို မလွတ်တမ်း အားပေးတဲ့ ခဲ့ပါတယ် ။

ဒီနေ့  ကျနော် လိုင်းပေါ်စောစော ရောက်ဖြစ်ပါတယ် ။ ချစ်သူ က mail တစ်စောင် ပို့ ထားတာတွေ့ ရလို့  ဖတ်ကြည့် တော့ ဒီနေ့  အစ်မ မိုးငွေ့  ရဲ့ မွေးနေ့  ဖြစ်လို့  အချိန်ရ ရင် မွေးနေ့ ဆုတောင်းလေး ရေးပေးမို့  တိုက်တွန်း ထားတွေ့  ရတာနဲ့  "အခါနွေဆန်း" လို့ အမည် ပေးပြီး ရေးလက် စ ကဗျာ လေး ကို အခြေခံပြီး
အစ်မ မိုးငွေ့  အတွက် " မွေးနေ့  သဝဏ်လွှာ " ဆိုပြီး မွေးနေ့  ဆုတောင်း ကဗျာ လေး ရေးမိခဲ့ တာပါ ။

ကဗျာ လေး ရဲ့ အောက်မှာ ကျေးစေရ ရတု လို့  ကိုယ့်ဘာသာ  တပ်လိုက်ရ တာကတော့ တောင်ငူ ခေတ်မှာ ပေါ်ထွန်းခဲ့ တဲ့ အရှင်သခင်အတွက် (သို့ ) အရှင်သခင် ကိုယ်စား ရေးဖွဲ့  ရသော ရတုကဗျာ ရေးဟန် ကို ဆိုလို ခြင်း သာဖြစ်ပါတယ် ။ အင်းဝ ခေတ် မှာ ပေါ်ထွန်းခဲ့တဲ့ ကျေးစေ ၊ သာလိကာ စေ တုရကဗျာ ရေးဖွဲ့  ဟန် ကို ဆိုလို ခြင်းမဟုတ်ပါဘူး ။

ကျေးစရ ရတု ဆိုသော် လည်း ပါဒ နှင့် ကာရံ လွဲ နေလျှင် ဖြစ်စေ ၊ ကျေးစေရ ရတု ရေးဖွဲ့ ဟန် နှင့် လွဲ နေပါက ကျနော် မောင်ဘုန်း တောင်းပန် ပါတယ် ။
ဒီကဗျာ လေးကို ချစ်သူ ကိုယ်စား ရေးဖွဲ့  ခဲ့  ခြင်းကြောင့်သာ ကျေးစေရ ရတု လို့  အမည် တပ်လိုက် ခြင်းသာ ဖြစ်ပါတယ် .... ။


ခင်မင်စွာဖြင့်


မောင်ဘုန်း







5 comments:

  1. မောင်ဘုန်းကဗျာကောင်းတယ်
    စာသံပေသံလေးတွေနဲ့ မြန်မာကဗျာစစ်စစ်ဆိုတာမျိုးလေးပေါ့နော်
    မွေးနေ့ရှင်လဲ ကြိုက်မှာပါ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ကဗျာလေးကောင်းပါတယ်အစ်ကို.. ။ နဲနဲပါးပါး ပြင်လိုက်ရင်.. လုံးဝ တန်းဝင်ကဗျာဖြစ်သွားပြီ..။

    ReplyDelete
  3. မွေးနေ့ရှင်ရော ကဗျာရေးသူပါ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  4. မွေးနေ့ကဗျာလေးအတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်မောင်ဘုန်းရော ဒီကဗျာလေးကိုရေးဖို့တိုက်တွန်းအားပေးတဲ့ မောင်ဘုန်းချစ်သူကိုရောပေါ့.......။ ကဗျာလေးကို ကိုယ့်ဘလော့မှာတင်ခွင့်ပြုပါနော်...။ ညလင်းအိမ်တို့ လွင်ပြင်တို့ စံပယ်တို့ မောင်ဘကြိုင်တို့ကိုတော့ ကိုယ်တိုင်ရေးပေးပါလို့တောင်းဆိုထားတာပါ...။ ကောင်းကင်ဖြူဘလော့မှာ ကိုယ်မတောင်းပဲ ကဗျာလေးနဲ့ မွေးနေ့ကို အသိမှတ်ပြုရေးပေးထားတာမြင်တော့ ဘယ်လိုဝမ်းသာကြည်နူးသွားမှန်းမသိဘူး...။ တကယ်ကျေးဇူးတင်ပါတယ်...။ ဖဘရှိရင်လဲအက်လိုက်ပါနော် Moe Ngwe နဲ့ရှာရင်ရပါတယ် ဘလော့ဂါတော်တော်များများစုဝေးရာပေါ့ကိုယ့်ဖဘက....။ ဂျီမေးလ်ကတော့ coralnyo@gmail.comပါ.....။ ကျေးဇူးတင်ပါတယ်.....။

    ReplyDelete
  5. ကဗျာလေးဖတ်ပြီး ကိုယ်ပါ ကြည်နူးမိတယ်။
    အားလုံး ပျော်ရွှင်ကြပါစေ။

    ခင်လျက်
    မြတ်

    ReplyDelete