Pages

Sunday, October 7, 2012

ကျနော် နှင့် လက်တလော



အားလုံးပဲ မင်္ဂလာပါဗျာ ... ။ ကျနော် မောင်ဘုန်းတစ်ယောက် online ပေါ်က ပျောက်သွားလိုက်တာ တစ်လ ကျော်ကျော် ရှိပြီထင်ပါတယ် ။  mail ပို့ ပြီး သာကြောင်း မာကြောင်း မေးကြတဲ့ သူငယ်ချင်းတွေကိုလည်း အထူးကျေးဇူးတင် ရပါတယ် ။ တချို့ က လဲ မောင်ဘုန်း တစ်ယောက် အသဲကွဲနေပြီတဲ့ ။ တချို့ ကလည်း မိန်းမ ခိုးပြေးတယ် လို့  ပြောကုန်ကြပါတယ် ။

အမှန်တိုင်းပြောရရင်တော့ အလုပ်နည်းနည်းများနေတာရယ် အချိန်လေးရလို့  online သုံးမယ်လုပ်တော့ ဝယ်ထားတဲ့ လိုင်းကတ်က အဆင်မပြေတာကြောင့် မရောက်ဖြစ်တာပါ ။ အသဲကတော့ မကွဲသေးပါဘူး ။ လိုရမယ်ရတော့ အသဲကွဲ သီချင်း သုံးပုဒ်လောက် အလွတ်ကျက်ထားပါတယ် ။ မတော်မဆများ ကွဲရင်တော့ အဆိုတော်ဖြစ်တာပေါ့ ဗျာ ... :D .... ။

၂၀၁၂ ဟာ ကျနော် အတွက်တော့ ခရီးသွားနှစ်ပါပဲ ။ အလုပ်မှာ တစ်ပတ်တစ်ခါ ခရီးထွက်ရပါတယ် ။ အကြောင်းကတော့ လုပ်ငန်းသုံး တရုတ်ကားတွေကို မလေး ဒေသ အလိုက်ပြပွဲလုပ်ပြီး အရောင်းမြှင့်တင်ရေး အစီစဉ်မှာ ကျနော်က ကားအသစ်တွေ လိုင်စင်ဝင်ရင် pass အောင်စစ်ဆေးရေးအဖွဲ့  မှာ တာဝန်ယူ လိုက်ရလို့ ပါ ။ အဖွဲ့ ဆိုလို့  လူအများကြီးမဟုတ်ပါဘူး ။ အားလုံးပေါင်းမှ ကျနော် တစ်ယောက်တည်း ပါ ။

အခုလပိုင်းမှာ ကျနော် တို့  အလုပ်ရုံကနေ JAC လုပ်ငန်းသုံး တရုတ် ကားတွေကို တော်တော် များများ သွင်းပါတယ် ။ အလုပ်ရုံမှာ တပ်ဆင်စစ်ဆေးတဲ့ အပိုင်းလုပ်ပြီး ဒေသအတွင်းက အရောင်းကိုယ်စာလှယ်တွေဆီ မှာ JAC ပြပွဲတွေ လုပ်ကာ အရောင်းမြှင့်ရေး အစီစဉ်တွေ လုပ်ကြပါတယ် တယ် ။

ဒေသအတွင်းမှာ ရှိတဲ့ အရောင်းကိုယ်စားလှယ်တွေ အနေနဲ့  ပြပွဲ ကုန်ကျစရိတ် ၊ မိမိနေရာအထိ  JAC ကားတွေကို သယ်ယူစရိတ် ၊ JAC ကားတွေကို အရောင်းပြခန်း ထားရှိတဲ့ အထွေထွေ စရိတ် ကို စိုက်ထုတ်စရာ မလိုပါဘူး ။ အားလုံး အထွေထွေ ကုန်ကျစရိတ်ကို ကုမ္မဏီက ရှင်းပါတယ် ။ ဒါအပြင် ကားတစ်ကို သတ်မှတ်ထားတဲ့ ဈေးထက် အရောင်းကိုယ်စာလှယ်က စိတ်ကြိုက် ရောင်းခွင့်ရှိပါတယ် ။ သတ်မှတ်ထားတဲ့ ဈေးနှုန်းမှာလည်း အရောင်းကိုယ်စားလှယ်အတွက် သက်သက် ရာနှုန်း ပါပြီးသာပါ ။

တရုတ်တွေ က အဲ့လို ဝန်ဆောင်မှု့ ကောင်းတာကြောင့် မလေးဒေသ အတွင်းမှာ ရှိတဲ့ ရောင်းကိုယ်စာလှယ်တွေ JAC ကားတွေ ကို မိမိအရောင်းပြခန်းမှာ တင်ကြမို့  အလု အယက် တွေဖြစ်ကုန်ပါတယ် ။ 

ကျနော် မောင်ဘုန်းလည်း အထုတ်လေးပိုက်ပြီ ဟိုအရောင်းပြခန်းမှ တစ်ပတ် ဒီအရောင်းပြခန်းမှာ တစ်ပတ် နဲ့  ချာချာလည် နေတာပါပဲ ။ JAC ကားတွေ ကို အမျိုးစား နှစ်မျိုးခွဲ ထားပါတယ် ။ တစ်တန် ကားနဲ့  သုံးတန် ကားဆိုပြီ ခွဲထားပါတယ် ။ တစ်တန်ကား ရောင်းဈေးက RM ၅သောင်းကျော် မှ ၅သောင်းခွဲ ထိ ၊ သုံးတန် ကားကတော့ RM ၇ သောင်းကျော်မှ ၇ သောင်းခွဲထိ  သတ်မှတ်ထားတွေ့ ရပါတယ် ။ ဒေသတစ်ခုနဲ့ တစ်ခု နည်းနည်းတော့ ကွာပါတယ် ။


























အခုကျနော် ရောက်နေတဲ့ အရောင်း ပြခန်း ပါ ။ နေရာ က  kalang  မှာပါ ။ ဟိုတလော က တရုတ်ကားတွေ မှာ Asbestos Fiber များ ပါရှိတာကြောင့်  သြစတြေးလျနိုင်ငံ က တင်သွင်းခွင့် ပိတ်တယ်လို့  သိရပါတယ် ။ ကျနော် လည်း အလုပ်ထဲက တရုတ်တွေ ပြောပြပါတယ် သိလားလို့  ...  ။ သူတို့ ပြန်ပြောပါတယ် " ကြာရောပေါ့ကွာ " တဲ့ .... ။ Asbestos Fiber ပါ မပါတော့ မသိပါဘူး ။ အခုတော့ အရောင်း ကိုယ်စားလှယ်တွေရဲ့ ကြော်ငြာ အားကြောင့် သိသိသာသာ ဒီကားတွေ ရောင်း ကောင်းနေပါတယ် ။

ကျနော် အလုပ်ကတော့ ဒီကားတွေ လိုင်စင်ဝင်မို့  အတွက် လိုင်စင် pass  ရန်တွက် စစ်ဆေးရတာပါ ။ တရုတ်တွေ လက်ရာကတော့ ထူးဆန်းလွန်းပါတယ်ဗျာ ။ တစ်စီးနဲ့  တစ်စီ weight မတူဘူး ။ နည်းနည်း ပါးပါး လွဲတာ မဟုတ်ပါ ။ ကြံဖန်ပြီ လိုင်စင်ဝင်မို့  ဖြုတ်လို့ ရတဲ့ အပိုင်းတွေ ဖြုတ်လိုက်ဖြုတ်ရပါတယ် ။ လိုင်စင်ဝင်ရင် တန်ချိန်မို့  အတွက် သံတုံးတွေ ထည့်ထားတဲ့ ဆီတိုင်ကီ ကို ထူးထူးဆန်းဆန်း တွေ့ ခဲ့ပါသေးတယ် ။  နောက်တစ်ခု တစ်တန်ကား နောက် body က ၁၀ ပေ ပါ ။ သုံးတန်ကား ကတော့ ၁၄ ပေ ပါ ။ တရုတ်ပေတံပဲ မှားလား ကျနော် တို့ ပေတံ တွေပဲ မှားလားတော့ မသိပါ လိုတဲ့ဟာ လို ပိုတဲ့ဟာ ပို့ လို စက်ရုံ ပြန်ပို့  ဖြတ်ညှပ်ဆက်တွေ လုပ်ရပါတယ် ... ။ ကျန်ပါသေးတယ် မရေးတော့ပါဘူး ။ 

ကယ် .... ဘာတွေရေးမိမှန်းကို မသိတော့ ဘူး ဒီနားမှာ အဆုံးသတ်တော့မယ်ဗျာ .... ။ အယ် ... ပြောပြစရာလေး တစ်ခု ကျန်သေးတယ် အလုပ်ကြောင်းတော့ မဟုတ်ဘူး ။ ပြီခဲ့တဲ့ အပတ်ကပါ ဘယ်နေ့ လဲတော့မမှတ်မိတော့ဘူး ။  နေ့ လည် ၁ နာရီလောက်က အလုပ်လုပ်ရင်း နေ့ ခင်းကြီး မှောင်သွားလို့ ကောင်းကင် ကို မော့ ကြည့်တော့ မြန်မာလို ဆိုရင် နေထီးဆောင်း တယ်ပေါ့  ဟုတ်လား မသိဘူး လူကြီးတွေ ပြောတာကြားဘူးတယ်လေ အရင်ကလည်း တွေ့ ဘူးတယ် ။ အခုဟာ ကတော်တော် မှောင်သွားတယ် ဗျာ  ။   ကျနော် ဓာတ်ပုံ ရိုက်လိုက်သေးတယ် ကြည့်ကြည့်နော် .... 






အဲ့လို ကြီးဗျာ ... ခဏလေးရယ် နောက်တော့ ပြန်လင်းသွားတယ် ရိုက်လိုက်တဲ့ အချိန်က မှောင်သွားတဲ့ အချိန်ပါ ။  မလေး မှာ နေတဲ့ သူငယ်ချင်းတွေ သတိထားမိလား မသိဘူး ။  


အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ ... ။



မောင်ဘုန်း



8 comments:

  1. မောင်ဘုန်းတစ်ယောက်ခုမှတွေ့ရတော့တယ် နေထီးဆောင်းတာလဲမသိလိုက်ပါဘူး ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေလို့လေ
    ကားတွေကကောင်းတယ် ပိုက်ပိုက်ပဲလိုတယ်နော်
    ခင်ခင်မင်မင် sis jasmine

    ReplyDelete
  2. မောင်ဘုန်းပျောက်နေတာ အလုပ်များနေတာကြောင့်လို့ တီတင့်ကထင်ကြေးပေးထားပြီးသားး)
    အထုပ်ပိုက်ပြီး အရောင်းပြခန်းတွေမှာ ချာချာလည်သွားနေတယ်ဆိုတဲ့ပုံကို ရုပ်လုံးဖော်ကြည့်မိတယ်း))
    ကားတွေကသူ့ထက်ငါ အလုအယက်နေရာတိုင်းမှာပါလားနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ပျောက်နေတဲ့မောင်ဘုန်းရေ ကျန်းမာအဆင်ပြေတယ်ဆိုလို့ဝမ်းသာပါကြောင်းကွယ်

    ReplyDelete
  4. ဦလေးဘုန်း တူတော်မောင်လည်း ခုမှရောက်ဖြစ်တယ်ဗျို့ ..

    ReplyDelete
  5. အလုပ်များလို့ပျောက်နေတယ်ဆိုတော့ တော်သေးတာပေါ့။မောင်ဘုန်းက အသဲကွဲမယ်လို့တော့ မထင်

    ReplyDelete
  6. တရုတ်တွေကတော့ ခက်သားလား အစ်ကိုရာ Asbestos ကလည်း လူကို မျှင်းပြီး သတ်တာနဲ့ တူတူဘဲ... အသက်ရှုတိုင်း ၀င်နေရင် ကြာတော့ အဆုတ်လဲ ခံနိုင်ရိုးလား... အကိုလည်း ဂရုစိုက်ဦးဗျာ....

    ReplyDelete
  7. အသည်းမကွဲဘဲ နေကောင်းကျန်းမာ ရှိတယ်ဆိုတော့ ဝမ်းသာစရာပေါ့
    အထုပ်ကလေးပိုက်ပြီး ခြာခြာလည်နေတာကိုမြင်ယောင်ကြည့်လိုက်ပါတယ်း)
    စကားမစပ် နေထီးဆောင်းတဲ့ ပုံ လှတယ်

    ReplyDelete
  8. ဒကာတော် မောင်ဘုန်းရေ ...ခရီးသွားခြင်း ၀ါသနာ ဖြစ်လိုပါ..နောက်များကြုံကြိုက်ရင် ဒကာတော်ဆီ ၀င်ခဲ့အုံးမည် ...။ ဒကာတော်ကျမ္မာချမ်းသာစေ ကြောင်း ဆုမွန်တောင်း.......။.

    ReplyDelete