Pages

Saturday, November 16, 2013

ဥမ္မာဒန္တီ



ဥမ္မာဒန္တီဘွဲ့သင်္ဂီနှင့် ၊ နတ်မှီသဏ္ဌာန်
လှပဟန်မူ ၊ နှိုင်းရန်မပြု
 မိုးအောက်သူတွင် ၊ ဇမ္ဗူမင်းစံ
ရွှေပွတ် ခံဖို့ ၊ ရိုးတံရိုးဆစ်
 ပြေပြစ်ချောမော ၊ မြကြောစိမ်းစိမ်း
 ရှိန်းရှိန်းစိုစို ၊ လှသည့်ကိုယ်၌
 ရှိုက်ဖိုကြီးငယ် ၊ အသွယ်သွယ်မူ
တင့်တယ်စေမှု ၊ သိကြားထုသို့
 ညံ့နုသားရေ ၊ မြဆံကေလည်း
ဖြေသော်ပြန်တက်၊ ဖနောင့်ထက်ဝယ်
 ကျီးနက်တောင်ပံ ၊ ပိတုန်းပျံသို့ ဖိတ်လျှံရောင်ခြည်
 တစ်လဲရှည်လျက်၊ ရိပ်ခြည်မမှိန်
ရုပ်ရည်ထိန်၍၊ ဒေဝိန္ဒရ၊ သိကြားသမီး
စံသီးနတ်တူ ၊ မြင်သသူတို့
လူပုထုဇန် ၊ ပုဂ္ဂိုလ်မှန်မူ
လျက်မြန်ခု မြောက် ၊ သေရည်သောက်သား
မျောက်၏ပမာ ၊ ထောင့်ငါးရာကြောင့်
ကာယိနြေ္ဒ ၊ မှိန်မသေဘဲ
လက်ခြေအာပေါင် ၊ ချွန်းတောင်ဉာဏ်ခိုင်
မချိတ်နိုင်၍ ၊ ထိုင်ယောက်ထယောင်
ကတောင်ကချောက် ၊ စိတ်နောက်ကိုယ်ပါ
ကိုးရာမရ ၊ ရူးအောင်လှသား . . … ။



ဒီကဗျာလေးကို ကုန်းဘောင်ခေတ်စာဆိုတော် ဦးရွှန်း ရေးဖွဲ့ ထားတဲ့  ဥမ္မာဒန္တီ ပျို့  ကဗျာလေးမှ ကောက်နှတ် ထားတာ ဖြစ်ပါတယ် ။ ဥမ္မာဒန္တီ လို့  ဆိုတာနဲ့  ကျနော်ရဲ့ မိတ်တွေ သူငယ်ချင်းများရင်းနှီးပြီးသား ဖြစ်နေမှာ ပါ ။ အခုလို တန်ဆောင်တိုင် လ ရောက်တိုင်း ဥမ္မာဒန္တီ ဇတ်လမ်းလေးကိုသတိရမိပါတယ် … ။

တချိန်က တန်ဆောင်တိုင်လပြည့်ည တစ်ညမှာ အရိဋ္ဌပြည့်ရှင် သိဝိမင်းကြီးဟာ မြို့တော်အတွင်း ဆင်တော်စီးပြီး အပူဇော်ခံ ထွက်လာခဲ့ပါတယ် ။ မြို့ တော်ရဲ့ တစ်နေရာမှာ  စစ်သူကြီးအဘိပါရက ရဲ့ ဇနီးမယား အလှဒေဝီ မယ်ဥမ္မာဒန္တီရဲ့အလှကို မြင်တွေ့ ပြီး  အရူးအမူးဖြစ်ခဲ့ရပါတယ် ။ နောက်ဆုံးမှာတော့ စိတ်ဆိုတဲ့မနောကံနဲ့ ပြစ်မားမိခဲ့တာကို သတိသံဝေဂကြီးစွာရကာ တော ထွက်တော်မူခြင်းဖြစ်ပါတယ် ။

မြန်မာကဗျာတွေထဲမှာ ကုန်းဘောင်ခေတ်စာဆိုတော်များဖြစ်တဲ့ ရွှေတောင်နန္ဒမိတ်နဲ့ မဟာမင်း လှမင်းခေါင်ဦးရွှန်း တို့  ရေးဖွဲ့ တဲ့ ဥမ္မာဒန္တီ ပျို့  ကဗျာများဟာ ထင်ပေါ်ကျော်ကြားခဲ့သလို ဇာတ်သဘင် ဖခင်ကြီး ဂရိတ်ဦး ဘိုးစိန်ရဲ့ ဥမ္မာဒန္တီဇာတ်တော် ဆိုရင် သမိုင်းမှတ်တိုင် တစ်ခုလို ဖြစ်ခဲ့ရပါတယ် … ။

ဥမ္မာဒန္တီ ကို သိဝိဘုရင်ကြီးမြင်တွေ့လိုက်ရတဲ့အခါ ရူးသွပ်ခဲ့ရပြီး ၊ ဆင်တော်ပေါ်မှ လိမ့်ကျလုမတတ် ရာဇဣနြေ္ဒ ပျက်ခဲ့ရပုံတွေကို ပန်ချီ ၊ ကာတွန်း ၊ ပြဇတ် ဆရာများက ဟာသမြောက်အောင် ခေတ်အဆက်ဆက် သရုပ်ဖော် ကျီစယ်ခဲ့ကြပြန်ပါတယ် … ။

အခုလို တန်ဆောင်တိုင် လရောက်တိုင်း စာပေအနုပညာ သမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဥမ္မာဒန္တီ ကို ကျနော်တို့ တွေ သတိတရရှိနေကြမယ်လို့  ထင်မိပါတယ် …။

မှတ်ချက် ။။  ဦးရွှန်းကို တချို့  စာပေထဲမှာ အင်းဝခေတ် ပညာရှိအမတ်မင်းလို့  ဖတ်ဘူးပါတယ် ။ ဦးရွှန်းရဲ့ ကဗျာအများစုမှာ ပျို့  ကဗျာများဖြစ်ပြီး ခေတ်ပြိုင် စာဆိုတော်များဖြစ်တဲ့ ဦးကြော့ ၊ ဦးသာ တို့ ရဲ့ ကဗျာများနဲ့  တွဲဖက်တွေ့ ရတာကြောင့် ကုန်းဘောင်ခေတ်လို့ ပဲ ထင်မိပါတယ် ။

ကိုးကား ။။။။ ဥမ္မာဒန္တီအလှနှင့် တန်ဆောင်တိုင်ည  …… အောင်မြင့်မြတ် (ပြည်ရွှေဘို)

 

မောင်ဘုန်း

 

 

2 comments:

  1. ဥမ္မာဒန္ဒီ နဲ့ပပဝတီ ဆိုတာ မြန်မာသမိုင်းမှာအရမ်းလှတယ်လို့
    နာမည်ကြီးအလှမင်းသမီးတွေဘဲ
    မောင်ဘုန်းရေးထားလို့ တန်ဆောင်တိုင်နဲ့ပါ ဆက်စပ်မှု့ ရှိတာခုမှ သိရတယ်..

    ReplyDelete
  2. မောင်ဘုန်းရေ... ဘလော့ရွာကြီးကို အပြီးပြန်လာပြီ :)
    ဥမ္မာဒန္တီ ဖတ်ခဲ့တာကြာပေါ့ ကွန်မန့်မကျန်ခဲ့လို့ ..
    အလုပ်တွေများနေလား ပို့စ်အသစ်လေးတွေ တင်အုံးနော် ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete