Pages

Thursday, September 22, 2011

ဆေး ၊ ဘော်ဒီအကဲခက်ခြင်း (အပိုင်း၂)




ကျနော် မထမပိုင်းမှာ ရေးခဲ့ တဲ့ အချက် ၅ ချက်နဲ့ ပြည့်စုံရင် အော်ဆေး လို့ ပြော လို့ ရပါပြီ …. အဲ့လို အချက် ၅ ချက်နဲ့  ပြည့်စုံတဲ့ ကားဆိုတာ အလွန်ရှားပါတယ် ….


ဘာကြောင့်လည်းဆိုရင် … ကျနော် အခု အလုပ်လုပ်နေ တဲ့ ကုမ္မဏီက ဂျပန်းကားတွေကို အဓိက သွင်းပြီး  ကိုယ်ပိုင် အရောင်းပြခန်းနဲ့  ပြန်ရောင်းပါတယ် ….

ဒီတော့ ဂျပန်က နေ ကွန်တိန်နာ နဲ့  ကားတွေကို တိုက်ရိုက် သယ်ယူတဲ့နေရာမှာ အနည်းငယ်တော့ ကားကို ဒဏ်ရာရစေပါတယ် … ကွန်တိန်နာ ကနေ ချချ ချင်း အေ၇ာင်းပြခန်းကို ပို့ တာမဟုတ်ဘူးနော် …
လမ်းမှာ သယ်ယူရင်နဲ့  ဖြစ်လာတဲ့ ဒဏ်ရာ သေးသေးလေးတွေကို ကျနော် တို့ အလုပ်ရုံ ဆေးပြန် မှုတ်ပြီးမှ
အရောင်းပြခန်းကို ပို့ တာပါ ….

ဒီတော့ …ဆေးပြန်မှုတ်တယ်ဆို မှ တော့ ကျနော် ပြောခဲ့တဲ့ အချက် ၅ ချက်နဲ့  အားလုံးမဟုတ်တောင် တစ်ခုခုတော့ လွဲနေမှာပါ …. နောက်ပြီး ကားအရောင်းပြခန်းတွေမှာ … မှုရင်း ဆေး ဟုတ်မဟုတ်ကို ခွဲလို့ မရအောင် ပညာလေးနည်းနည်းပြထားပါသေးတယ် ….

ကျနော် ပထမပိုင်းမှာ ပြောခဲ့တယ်နော် .. အလင်းရောင်လာတဲ့ ဘက်ကို မျက်နှာ မှုပြီး ဘေးတိုက်အနေထား ကြည့်၇င် မှုရင်းဆေး ဟုတ်မဟုတ် ခွဲခြားလို့ ရတယ်လို့ ရေးခဲ့ပါတယ် ….

ကားရောင်း ပြခန်းတွေမှာ ကားတစ် စီး ကို ဆလိုက်မီးတွေနဲ့  ထိုးထားတာတွေ့ ရမယ်နော် … အဲ့ ဒီဆလိုက်မီးဟာ … လူတစ်ရပ် အနေထားကို သက်သက် ထိုးထားတာပါ … ဘေးတိုက်အနေထားကြည့်ရင် မီးထိုးထားတဲ့အတွက် အလင်ပြန်မှု့ များပြီး သေချာမမြင်ရတော့ဘူးလေ … မီးထိုးတဲ့ နေရာမှာ တချို့ က သိသိဖြစ်နေပင်မဲ့ အချို့ က အပေါ်ကနေ ထိုးတဲ့ အနေထားလည်းရှိပါတယ် ... အဓိကတော့ အလင်ပြန်မှု့ များအောင်သက်သက် မီးထိုးထားခြင်းဖြစ်ပါတယ် အလင်းမှု့ များလေ ကြည့်ရခက်လေပဲလေ 
အရောင်ပြခန်းတွေမှာ သာမာန်ထက်ကို လင်းရောင်များနေတာတော့ သတိထားမိမှာပါ ...

ကားရောင်းပြခန်းများရောက်ဖြစ်ရင် … ကျနော် ပြောတာလေးကို ဂရုစိုက်ပြီးကြည့် ကြည့်နော် …
အခု … ကျနော် ပြောတာက အသစ်ပါဆိုတဲ့ ကားတွေကိုပြောတာနော် …. ဒီလိုကားတွေတောင် သူ့ နည်းသူ့ ဟန်နဲ့  ဝယ်သူ ပညာပြထားတာရှိပါတယ် ….

ကျနော် တို့ မြန်မာပြည်က ကားဝိုင်းတွေထဲမှာပြောနေတဲ့ အော် ဆေး ဆိုရင် …. သူငယ်ချင်းတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ …. ဗျာ ….

ကျနော် အချိန်မရလို့ ပါ .... ဆက်လက်ရေးသွားပါမယ် .... နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်  . ...

မောင်ဘုန်း

3 comments:

  1. မောင်ဘုန်း..ပတ်ဝန်းကျင်လည်းကြည့်ရေးဟ
    တော်တော်ကြာ..နင့်သူဌေးသိသွားလို့..
    ငါ့စီးပွားရေးဒုတ်နဲ့ထိုးနေတယ်ဆိုပြီး..
    လိုက်ရိုက်နေမှဖြင့်..းP
    ပျော်ရွှင်ပါစေမောင်ငေးရေ..
    ချစ်ခင်စွာဖြင့်..
    အပျိုကြီးး)

    ReplyDelete
  2. သူဌေးဖုန်းနံပါတ်လေးသိရမလား
    ဖုန်းဆက်လိုက်ရမလား....
    စတာနော်....
    ခုလိုအသိပေးတာကိုပဲကျေးဇူးတင်ပါတယ် ဘာကားမှတော့ မ၀ယ်နိုင်ပါဘူး...
    ခင်မင်တဲ့ jasmine

    ReplyDelete
  3. ဒီနေ့ မှဖတ်ကြည့်တာ ... စာလုံးပေါင်းတွေ တော်မှားနေလို့  ပြင်ပြီ ပြန်ရေးထားခဲ့ပါတယ် ...

    ReplyDelete