Pages

Monday, December 20, 2010

ပလောင်ဆိုတာ

ကျနော်ဒီ post လေးကို  palaung land ဆိုတဲ့ blog ထဲက ကူးယူဖော်ပြခဲ့တာပါ ဘာရယ်တော့မဟုတ်ပါဘူး ချစ်သူက ပလောင်လူမျိုးဆိုတော့ ပလောင်လူမျိုးအကြောင်းလေ့လာရင်နဲ့  စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပလောင်လူမျိုးအကြောင်းကိုထပ်ဆင့် ဖော်ပြလိုက်ပါတယ်-

ပလောင်လူမျိုးတို့သည် မိမိကိုယ်ကို တအာင်း(Ta'ang) ဟူ၍ ခေါ်ဆိုကြသည်။ ပလောင်မျိုးနွယ်စုတို့၏ပြောဆို သောစကားသံ အလိုက် “အအာင်း”(AH'ANG) ရအာင်း(RA'ANG)၊ နအာင်း(NA'ANG)။ လအာင်း(LA'ANG)၊ အာင်း(ANG)၊ ယအာင်း (YA'ANG)၊ ရိအာင်း (RI'ANG)ဟူ၍လည်း ပြောဆိုကြသည်။


ပလောင်လူမျိုးတို့ သည် မွန် ၊ဝ ၊ပလောင်တို့  သွေးချင်းအရင်းအချာ ညီအစ်ကို မျိုးနွယ်ဖြစ်ကြသည်ဟု ယုံကြည်စွဲမှတ် လျက်ရှိကြသည်။ ရှမ်းပြည်အတွင်း ပြန့်နှံ့စွာ နေထိုင်လျက်ရှိကြသည့်အလျောက် ညီနောင်တိုင်းရင်းသားများတို့ ခေါ်ဆိုသည့် အမည်နာမအလိုက် (ပလောင်၊ပလေး၊လွယ်၊ လွယ်လ၊ယန်း(ယင်း)၊ယင်းကြား လူမျိုးစုတို့သည် ပလောင်မျိုးနွယ်စုများ ဖြစ်ကြ ပြီး၊ နှစ်ကာလကြာမြင့်စွာက ကွဲပြားသောနေရာဒေသ အနှံ့အပြားတို့တွင် အခြေချနေထိုင်ကြသည့် ပလောင်လူမျိုးများ ဖြစ်သည်။ ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ မိသားစု(သို့ )မျိုးနွယ် ဖွဲ့ စည်းပုံတို့ မှာ တူညီကြသည်။


နေနဂါးမျိုးနွယ်
ပလောင်လူမျိုးတို့သည် မိမိတို့ ကိုယ်ကို မိမိတို့ အဖ နေမျိုးနွယ်(နေနတ်သား) နှင့် အမိနဂါးမျိုးနွယ် (နဂါးမင်း သမီး) တို့ မှ ပေါက်ဖွားဆင်းသက်လာသည့်ဟု ယုံကြည်လျက်ရှိကြသည်။


ရှေးပလောင်အလံ
ရှေးပလောင်လူမျိုးတို့ ၏ အထိမ်းအမှတ် အလံမှာ ပြောရောင် (မိုးပြာ) အောက်ခံ၍ ဗဟိုအလယ်တွင်“နေ၀န်းနီ” ပါရှိသည်။


ကိုးကွယ်ယုံကြည်မှု
ပလောင်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည်။ နတ်ကိုးကွယ်မှုနှင့် ယဇ်ပူဇော်ဓလေ့မရှိကြပါ။ ရွာစောင့်နတ်၊ လယ်ယာမြေနှင့် တောတောင်စောင့်နတ်တို့ အား ပသပူဇော်သည့် ဓလေ့သာရှိသည်။


ပလောင်မျိုးနွယ်စုများ
ပလောင်လူမျိုးတို့သည် မိမိတို့ကိုယ်ကို “တအာင်း”ဟူ၍ခေါ်ဆိုသည်။ ဗမာတို့က “ပလောင်” ဟူ၍ခေါ်သည်။ “ပလေး” ဟူ၍ လည်းခေါ်ဆိုသည်။ ပလောင်ရာဇ၀င်အဆိုအရ တကောင်းခေတ်ကတည်းက “ပလောင်”ဟုခေါ်ဆိုခဲ့သည် ဆိုသည်။ ပုဂံခေတ် တွင်လည်း “ပေါင်လောင်” ဟူ၍ရေးသားခဲ့ကြသည်ကို တွေ့ရှိရသည်။ ရှေးဗမာတို့က “ရွေပလောင်၊ ငွေပလောင်”ဟူ၍ ချစ်ခင် မြတ်နိုးဖွယ် တင်စားသုံးနှုန်းခေါ်ဆိုကြသည်။ ရွေပလောင်လူမျိုး၊ ငွေပလောင်လူမျိုး ဟူ၍ လူမျိုး ကွဲပြားခြင်းမရှိပါ။ ရွေပလောင် ငွေပလောင်ဟူသော ပလောင်မျိုးနွယ်စု (၀ါ) တအာင်းမျိုးနွယ်စု အားလုံးကို ရည်ညွန်းခေါ်ဆိုခြင်းဖြစ်သည်။ ဘယ်ပလောင်မျိုးနွယ်စုကို ရွေပလောင်၊ဘယ်ပလောင်မျိုးနွယ်စုကို ငွေပလောင် -ဟူ၍ရည်ညွန်း ကွဲပြားခေါ်ဝေါ်ခြင်း မရှိပေ၊ ရွေပလောင် ၊ ငွေပလောင်ဟူ၍ ပြောစမှတ်ပြုရာတွင် အမည်နာမကို စကားအရာ ချစ်ခင်စွာ ဂုဏ်တင်ခေါ်ဝေါ်ခြင်းဖြစ်သည်။

(ရွှေလမ်း၊ ငွေလမ်း၊ ရွေပင် ငွေပင်၊ ရွှေသမက် ငွေသမက်)
ပလောင်ရာဇ၀င်အဆိုတစ်ခုတွင် ဗုဒ္ဓပွင့်တော်မူပြီး ကာလက မွန်ခမာမျိုးနွယ်ဝင် ဖြစ်ကြသော မွန်၊ ၀၊ ပလောင်၊ ခမာလူမျိုး တို့သည် အင်ဒိုချိုင်းနားဒေသကြီး တစ်ခုလုံးကို လွှမ်းမိုးကြီးစိုးခဲ့ပြီး မွန်ခမာယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်းခဲ့၍ မွန်၊ ၀၊ ပလောင် ယဉ်ကျေးမှုခေတ်ကြီး(ဝါ) မွန်၊ ၀၊ ပလောင်တို့ ၏ ရွှေခေတ်ကြီးဟုပင် ဂုဏ်တင်ဖော်ညွန်းခဲ့ကြပါသည်။ ထိုစဉ်က မွန်၊ ၀၊ ပလောင်တို့ ၏ ယဉ်ကျေးမှုရွှေခေတ်ကြီးသည် မြန်မာပြည်အပါအ၀င် အာသံ၊ မဏိပူရ၊ ကမ္ဘောဒီးယား၊ ယိုးဒယား၊ ယူနန် စသည့် အင်းဒိုချိုင်းနားဒေသကို သုဝဏဘူမိ ရွှေတိုင်းပြည် (မိုင်ဆီင်၊ မိုင်ခံမ်) ဟူ၍လည်းကောင်း၊လူမျိုးတို့ ကိုရွှေပြည်သား၊ ရွှေတိုင်းသား၊ ရွှေလူမျိုးဟူ၍ လည်းကောင်း အသိအမှတ်ပြု ဂုဏ်တင်ခေါ်ညွန်းခဲ့ကြသည်။


ပလောင်ရာဇ၀င် အဆိုတွင် ပလောင်လူမျိုးတို့သည် ရွှေခေတ်ကြီးတွင် ကောသမ္ဘီပြည်ကို ကြီးကျယ်ခမ်းနားစွာ ထူထောင် ခဲ့လေသည်။ ကောသမ္ဘီခေတ် ကြီးဟု ပလောင်တို့၏ ရာဇ၀င်တွင် ဆိုထားလေသည်။ တိုင်းနိုင်ငံ အသီးသီးတို့ကပင် ပလောင် ကောမ္ဘီပြည်ကြီးကို ခန့်ညား ကြရသည်။ ထိုခေတ်ကြီးတွင် ရွှေတိုင်းပြည်၊ ရွှေလူမျိုးဟု၍လည်းကောင်း၊ ရွှေခေတ်ကြီးကို ထူထောင်ကြသော လူမျိုးတို့ကို့ရွှေမွန်၊ ရွှေ ၀၊ ရွှေပလောင် ဟု၍လည်း အမွန်းပြု ဂုဏ်တင်ခန့် ညားခဲ့ကြသည်။ ရွှေပလောင် ဟူ၍ ဖော်ညွန်းခေါ်ဆိုရာ ပလောင်မျိုး နွယ်စု အားလုံးကို ဖော်ညွန်းခေါ်ဆိုကြောင်း တွေ့ ရှိရလေသည်။


ပလောင်လူမျိုးတို့ထူထောင်ခဲ့သော ကောသမ္ဘီပြည်ကြီးမှာ ယောနကတိုင်း (ယူနန်ပြည်၊ တာလီဖူး) တွင် ဖြစ်ပြီး နဂါးအိုင် (တာလီအိုင်)ကိုအမှီပြုခဲ့ကြောင်း၊ နဂါးအိုင်ရှိ အမိနဂါးကြီးကို အလေးအမြတ်ပြုကြကြောင်းဆိုသည်။ ပလောင်တို့သည် မိမိတို့ကိုယ်ကို “အဖနေနတ်သား၊ အမိ နဂါးမင်းသမီး” တို့မှပေါက်ဖွားလာကြသည့် နေနဂါးမျိုးနွယ်ဟု ယုံကြည်ထားကြ လေသည်။
ထိုသို့ကြောင့်  တရုတ်တို့က“ပုံးလုံး” လူမျိုးဟု ခေါ်ဆိုရာမှ “ပလောင်”ဟူ၍ မြန်မာတို့ က ခေါ်ဆိုလာကြောင်းဆိုသည်။ ထိုသို့ကြောင့် တရုတ်တို့က “ပုံးလုံး” လူမျိုးဟုခေါ်သည်။ “ပုံး”အမျိုးအနွယ်၊ “အလုံး” နဂါး၊ နဂါးမှဆင်းသက်လာသော လူမျိုး(သို့ ) နဂါးလူမျိုးအနွယ် ဟုဆိုရာမှ မြန်မာတို့ က “ပလောင်” ဟုခေါ်ဆိုလာကြောင်းဆိုသည်။




ပလောင်မျိုးနွယ်စုများတိုသည် ရောက်ရှိရာအရပ်ဒေသ၊ အခြားသောလူမျိုးစုနှင့် နီးကပ်ရောနှော ဆက်ဆံမှု၊ အရပ်ဒေသ အလိုက်၊ တောင်မြောက်၊ အရှေ့အနောက်အလိုက်၊ တောင်ပေါ် တောင်အောက် အလိုက်အသုံးအစွဲ အခေါ်အဝေါ် ဆင်ယင်ထုံးဖွဲ့ မှု အနည်းအများဆိုသကဲ့သို့ကွဲလွဲမှု ရှိသည်။ ပလောင်အမျိုးသမီးတို့သည် ငွေထည်ပစ္စည်းများ၊ ငွေကြိုး၊ ငွေပြားခါးပတ်၊ ငွေနားဋ္ဋောင်း၊ ငွေလက်ကောက်၊ ငွေဘယက်၊ ငွေဖက်လိပ်နားဋ္ဋောင်း၊ ငွေခြေပတ်ကြိုး၊ ငွေဒင်္ဂါးနှင့် ငွေထည်နှင်ပြုလုပ်သော ဒေါင်းရုပ်၊ ငါးရုပ်၊ လိပ်ပြာရုပ်များ ပြုလုပ်ဝတ်ဆင်ကြသည်။


ပလောင်လူမျိုးတို့ ၏ အမွန်အစမနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့ သည် “မွန်- ခမာ” အနွယ်ဖြစ်ပြီး မြန်မာမြေ ပေါ်တို့အဦးအစောဆုံးဝင် ရောက်လာကြသည်ဟု လက်ခံကြသည်။ “မွန်-ခမာ” အနွယ်သည် “မောင်ဂုတ်” လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ “မောင်ဂုတ်” လူမျိုးကြီးမှ “ သြစတြစ် ” နှင့် တီဗက်တိုတရုတ်” ဟုကွဲပြားလာသည်။ ၎င်းတို့ သည်-“မောင်ဂုတ်” အနွယ်အ၀င်ဖြစ်ကြသော်လည်း ဒေသတစ်ခု အတွင်း နေထိုင်ကြရာမှ လူဦးရေတိုးတက်များပြားခြင်း ကြောင့် မိမိတို့၏ အသက်ရှင် နေနိုင်ရေးအတွက် နေရာတစ်ခုမှ အခြားတစ်ခုသို့ ရေကြည်ရာ မြက်နုရာကို ရှာဖွေနေထိုင် လုပ်ကိုင် စားသောက်ကြသည်။
ဤသို့ အချိန်ကာလကြာ ညောင်းသောအခါ နေထိုင်ရာနေရာဒေသတို့လည်း တစ်ခုနှင့်တစ်ခု မတူသောကြောင့် “ သြစတြစ် နှင့် တိဗက်တိုတရုတ် ”ဟူ၍ ကွဲပြားကြခြင်းဖြစ်၏။ ၎င်းမောင်းဂုတ် လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာကို ရှာကြံ၍ နယ်မြေဒေသတစ်ခုမှ အခြားတ်ခုသို့ပြောင်းရွှေ့ နေထိုင်ကြရာတွင် နေဂရွိုက်လူမျိုးနှင့် အထူးသဖြင့် ပရိုတိုသြစလွိုက် လူမျိုးများနှင့် သွေးနှောကြသည်ဟုဆို၏။ ထိုကြောင့် “ သြစတြစ်” လူမျိုးတိုသည်  “ သြစတြိုနီးရှန် နှင့် သြစတြိုအေရှတစ် ” ဟူ၍ ယင်းတို့ ၏ဘာသာစကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ “ သြစတြိုအေရှတစ် ” တွင် အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး၊ မုဏ္ဍလူမျိုး(ကိုလ်)၊ ဆန်သာလ်လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီ လူမျိုးနှင့် အာသံ၊ မြန်မာ၊ အင်ဒိုချိုင်းနားရှိ မွန်ခမာအနွယ်တို့ ပြောဆိုသောစကားတို့ ပါဝင်သည်။


(မောင်းဂုတ်)မွန်ဂိုလွိုက် လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှာ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ ပိုင်း နှင့် အရှေတောင်ပိုင်းတိှု့၌ ပြန့် နှံ့ နေထိုင်ကြသည်။ ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်၊(ရိအာန်)၊ မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသောလူမျိုးတို့ သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော အလွန်သွေးနီးစပ် ကြသည့် ညီရင်းအစ်ကို မောင်နှမရင်းသားချင်းဟုဆိုရပေမည်။


ထိုနည်းတူ မောင်းဂုတ်(မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး)မှတီဗက်တိုဘားမင်းအုပ်စုတွင် ပျူ၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်၊ ဗမာ၊ ကရင် လူမျိုးအဖြစ်သို့လည်းကောင်း၊ ထိုင်း၊ တရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊ တရုတ်လူမျိုးအဖြစ်သို့လည်းကောင်း သက်ဆင်းလာကြသည်ဟုဆို၏။ ထိုကြောင့်မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော မျိုးနွယ်စု (၁၃၅)မျိုးတို့သည် သွေချင်း ညီအစ်ကို မောင်နှမများဖြစ်ကြ သည်ဟု ဆိုကြရပေမည်။


“သြစတြိုအေရှတစ်” အာရှတောင်ပိုင်းသို့မဆင်းသက်မီ တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်းဒေသတွင် “မွန်ခမာ” လူမျိုးနွယ် အဖြစ် တစ်စုတစ်ရုံးတည်း အခြေချနေထိုင်လာခဲ့သည်ဟုဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည် “ မွန်ခမာ” တို့၏ဒေသဟောင်းဖြစ်သည်ဟု ဆိုရပေမည်။ ၎င်းမြစ်ဝှမ်းဒေသသည် ရသီဥတုသင့်တင့်မျှတမှုရှိပြီး မြေဆီသြဇာ ကောင်း မွန်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလုပ်နိုင်သော လူမျိုးဟု ယူဆရသည်။


နှစ်ပေါင်းရှည်ကြာစွာ တစ်စုံတစ်ရုံးတည်း စနစ်တကျအခြေချနေထိုင်ကြရာတွင် စိုက်ပျိုးရေးကုန်ထုတ် လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့အစည်းဖွဲ့စည်းကြကာ ကျေးပြည်ကျေးနယ် ထူုထောင်ကြသည်။ ၄င်း၌ မိမိလူမျိုးများပြား လာခြင်း ကြောင့်လည်းကောင်း၊ အာရှမြောက်ပိုင်ဒေသ၌ ရာသီဥတုဆိုးဝါးမှု​ကြောင့်မြောက်ပိုင်း လူမျိုးနွယ်စုများ အစုအပြုံတိုးဝင် ဆင်းသက်လာခြင်းကြောင့်လည်း ကောင်းကောင်းအကျပ်အတည်းနှင့် တွေ့ရသောကြောင့် တောက်ဖက်ပိုင်းသို့ ပြောင်းရွှေ လာကြရသည်ဟု ဆိုသည်။ ထိုသို့ပြောင်းရွှေကြရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဗီယက်နမ်ဒေသတွင် ဗီယက်နမ်းလူမျိုး၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်ပြည်ပြောက်ပိုင်ဒေသတွင် မွန်၊၀ နှင့် ပလောင် အုပ်စုတို့သည် လည်းကောင်း၊ မြန်မာပြည်တောင်ပိုင်းဒေသတွင် ပလောင်(ရိအာန်)၊ ၀ လူမျိုးတို့သည်လည်းကောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်း အတိုင်း အိန္ဒိယပြည် ဒက္ခီဏကုန်းဒေသတွင်မုဏ္ဍလူမျိုး၊ ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုး တို့ကိုလည်းကောင်း အခြေနေထိုင်သည်ကို တွေ့ ရသည်။


“မွန်ခမာနွယ်ဘွား “လူမျိုးတို့သည် ဘာသာစကားတစ်မျိုးတည်းဖြစ်သော်လည်း အခြားဒေသများသို့ပြောင်းရွှေ့နေထိုင် အခြေချကြပြီး ကာလကြာမြင်စွာခွဲခွာကြခြင်း၊ မူရင်းဘာသာစကားအပြင် ဝေါဟာရများထည့်သွင်းပြောဆိုခြင်းရှိသော်လည်း မူလ မွန်ခမာ ဝေါဟာမူကားသုံးစွဲလျက်ရှိသည်ကို တွေ့ရှိရသည်။ ဤအခြေအနေပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။


Bc- ၁၀၀၀ ခန့်ကပင် “မွန်ခမာ” အနွယ်ဝင် မွန်၊ ၀၊ ပလောင်(ရိအာန်) လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း “ယန်စီကျန်မြစ်ဝှမ်းဒေသ” ဆီမှ တောင်ဖက်သို့ ဆင်းသက်လာကြာပြီးလျှင် သံလွင်မြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်းမဲနမ်မြစ်ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူးထောင်ကြသည်။ မွန်၊ ၀၊ ပလောင်အနွယ်ဘွား လူမျိုးတို့ ကို ယောနက (ယူနန်) ယောန၊ယောန်း(ယွန်း)၊ ကြောမ်း(ကြွမ်း)ဟု ဖြစ်ကြောင်းဆိုပါသည်။ “ပလောင်” တောတိုး “ယောလူမျိုး “ဟုအဆိုစာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က ဆင်းသက်စီးပွားလာသော လူမျိုးဟု ဆိုသည်။ (က္ကသျှံဂူမော်ကွန်း) ပလောင်တို့ သည် မွန်တို့ နှင့်အတူ မြန်မာပြည်အောက်ပိုင်ဒေသ၊ သထုံဒေသ၊ ပဲခူး-တောင်ငူ ဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြောင်း ပလောင်မျိုးနွယ်စုတစ်ခုဖြစ်သည့် (ရူမိုင်း)တို့အခြေချခဲ့ကြောင်း ရမ္မ၀တီဟု အမည်တွင်ကြောင်း၊ သရေခေတ္တရာ (ပြည်) ပန်းတောင်းအရပ်ဒေသသို့ပြောင်းရွှေ့လာကြကြောင်း “ရူမိုင်း (ရူမည်း) ရှေးဟောင်း  ရာဇာဝင် တွင်ပါရှိသည်။


ကျန်အစုမှာ တောင်ငူ- ရမည်သင်းဒေသမှ   ရှမ်းပြည်တောင်ပိုင်းသို့ ရွှေ့ပြောင်းကြောင်းဖြော်ပြသည်။ ၀၊ ပလောင်အုပ်စု တစ်စုသည် တရုတ်ပြည်တောင်ပိုင်းဆီမှမြန်မာပြည်သိ့ရွှေလီမြစ် ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း မြန်မာပြည် အထက်ပိုင်းတကောင်းဒေသ၊ မြန်မာပြည်အလယ်ပိုင်းဒေသ ဖြစ်သည့် ရှေးပုဂံ (ပေါက္ကံ)ဒေသ၊ မင်းဘူး (၆)ခရိုင်ေးသ၊ ပခုက္ကူ (ယောနယ်)ဒေသ၊ ဗိဿနိုးဒေသတို့၌ ၀၊ပလောင်လူမျိုး အနွယ်တစ်စုတိုသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာ ကြပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်၊ နောက်တွင်ကာ မရှေးမနှောင်းပင် ရောက်ရှာလာကြသော ရှေးပျူနှင့် အနွယ်တူ လူမျိုးများတို့ရောနှောအခြေချကြကြောင်း သိရှိရ၏။ နောက်တွင်ပုဂံပြည်ကြီးကို ထူးထောင်ကြရာတွင် မွန်၊၀၊ ပလောင်အနွယ် လူမျိုးများ ပါဝင်ကြောင်းပုဂံကျောက်စာအရ သိရ ကြောင်း သိရပါ၏။ ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့် နီးကပ်စွာ အတူယှဉ်တွဲနေထိုင်ပြီးယဉ်ကျေးမှူ ဓလေ့ထုံးထမ်း အစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှူ၊ ရိုးရာပုံပြင်များ၊မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှူစံနစ်ကို ကူညီစွာ ခံယူကျင့်သုံးလာခဲ့၍လည်းပြူ လူမျိုးမှ "ပြူ“ “ပလူ”  ၎င်းမှ “ ပလောင် “လူမျိုးဟု အဆိုရှိလေ သည်၊ ပလောင်၊ ၀အနွယ်တူလူမျိုးတစ်စုတို့သည် တကောင်းဒေသဆီမှ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆင်းသက်လာကြပြီး မြေပြန့် ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊ တောင်ပြုန်း ၊ ကျောက်ဆည်ဒေသသို့ပြန့် နှံ့ အခြေချ လာပြီး မွန်ခမာအနွယ် မွန် ၊၀၊ ပလောင်တို့ နှင့် ပြန်ဆုံစည်းကြ၍ ကျောင်ဆည် (၁၁) ခရိုင်ဒေသတွင် အင်အားကြီးထွားပြန့်နှံ နေထိုင်ခဲ့ကြသည်။


ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်ဒေသတို့တွင် ပြန့်နှံစွာအခြေချနေထိုင်သည်ကို သိရှိရ၏ ထို့ ကြောင့် ၀ ၊ပလောင်လူမျိုးများ (ရှေးဦး ၀၊ပလောင်) တို့သည် မြေပြန့်ဒေသများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာလူမျိုးအုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက်  ကြရကြောင်း ရန်သူတို့၏ နှောက်ယှက်တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့အလုံးအရင်း အင်အားကြီးစွာ ၀င်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့် အတူ မြန်မာအုပ်စုအနွယ်တို့၏ တိုက်ခိုက်ခြင်းကြောင်း မွန်ခမာ အနွယ်ဝင် မွန်၊ ၀ ၊ ပလောင် လုအဖွဲ့အစည်းဖြိုခွဲ၍ မွန်အုပ်စုတို့မြန်မာပြည်အောက်ပိုင်း ဒေသတို့၌ အခြေတည် ကျကြောင်း ၀ ၊ ပလောင် အုပ်စု အနွယ်တို့ ရှမ်းကုန်ပြင်မြင့်(တောင်ပေါ်ဒေသ)ရှမ်းပြည်တောင်ပိုင်းနှင့် ရှေ့ ပိုင်း တို့  ၀င် ရောက်အခြေချကြကြောင်းသိရှိရ၏။

မွန်ခမာအနွယ်ဝင် ၀၊ ပလောင် လူမျိုးတို့ သည် တရုတ်ပြည်တောင်ပိုင်း ယန်းဆီကျန်း မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ်ထွက်လာ ကြပြီး တရုတ်ပြည်တောင်ပိုင်း (တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့ တွင် အခြေချ၍မြို့ ပြပြည်နယ်ငယ်များ ထူထောင်ကြသည်။ မွန်ဂို တရုတ်တို့ ၏ အဆက်မပြတ်အနှောက်အယှက် တိုက်ခိုက်မှူဒဏ်ကြောင့် “တာလီဖူးနိုင်ငံတော် (ကောသမ္ဘီပြည်) “ပျက်စီးခဲ့ရသဖြင့် “၀” အနွယ်ဝင်သည် သံလွင်မြစ်အတိုင်း ဆင်းသက်လာကြပြီး မြန်မာပြည်သံလွင် အရှေ့ ခြမ်းဒေသနှင့် အနောက်ခြမ်းဒေသတွင် အခြေချနေထိုင်ကြကြောင်း တွေ့ ရ၏။ တာလီဖူးမြို့ ပြနိုင်ငံတော် (ကောသမ္ဘီပြည်) ဖြိုကွဲခဲ့ရခြင်းကြောင့် ၀နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ် စုမှာ ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီးများကို ဖြတ်ကျော်၍ မုံးကို ကြူကုတ်လမ်းကြောင်းမှ ကွတ်ခိုင် ၊သန္နီ လားရှိုး ၊ မိုင်းရယ် သို့ဝင်ရောက်ကြ သည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း- မူဆယ်)တွင် ပြန်လည် စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။


ထို့နောက်တွင် ကျယ်လန့် (ကျေးပြည်) ကို မွန်ဂိုတရုတ်တို့၏ တိုက်ခိုက် ဖျက်စီးခြင်းခံရပြန်သည်။ ကျယ်လန့် ကျေးပြည်ထွန်းကားစဉ်တွင် ပဲခူး -တောင်ငူ- ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန် ၊ ၀ ၊ ပလောင် အနွယ် စုအနက်မှ ပလောင်အနွယ်စုသည် မြန်မာ ပြည်မြောက်ပိုင်းသို့ဆန်တက်လာကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့ နှင့် ပူပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ ပြ ကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။ ရာဝမတီဟုပင် အမည်တွင်၍ မြို့ တော်ကို “ကျကောင်း”  (မိန်းကောင်း) ဖြစ်သည်။ ခရိုင် (၂၉) ခု ဖွဲ့ စည်းထားကြောင်းနှင့် ပလောင်အမျိုးနွယ်စုများဖြစ်ကြသည့် (ရူမည်း၊ ရူလျဲန်း၊ရူကော)တို့ ၏ မြို့ ပြကျေးပြည်ဖြစ်ပြီး စည်ပင်ထွန်းကားခဲ့၏ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင်း ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှူ မလွယ်ကူစေရန်ဖြစ်ဟန်ရှိသည်ဟုဆိုသည်။



Saturday, December 18, 2010

hello


{ မင်္ဂလာပါ ဘလောခ့် စဖွင့်တဲ့နေ့ က အမှတ်တရပါ။ }