Pages

Saturday, March 24, 2012

လ တန်ခူး



လ တန်ခူး ပေမို့ 
အလှ ထူး လေ တဲ့
ပိတောက် ဖူး ငယ်
ရွှေရည် လူး ရင်ဖြင့်
တို့  “ဗမာ” အတာကူး  လေ ပေါ့
နွဲကြ စို့  လေ … ။

လ တန်ခူး ပေမို့ 
အတာ ကူး ချိန်ဝယ်
ရိုရာဟန် မှု မပျက်
တို့  “ဗမာ” စဉ်ဆက်
ထိန်းကာ ပျော် ဤ ရက်
ချမ်းကာ စို ရေစင် ဖြန်း လို့ 
လန်းကာ ပျို ဘဝင် ခိုက် လေပေါ့
နွဲကြ စို့  ပျော် ………. ။

လ တန်ခူးပေမို့ 
အတာဦး ပေလို့ 
အခါ ထူးရင် ဖြင့်
စိတ် သဒ္ဒါ ရင်ဝယ် ပိုက်ကာ
တို့  “ဘာသာ” စဉ်ဆက်
မြတ်မဟာ အလှူပွဲ မို့ 
နွဲကြ စို့ နော် …. ။



မောင်ဘုန်း 

Saturday, March 17, 2012

မွေးနေ့  သဝဏ်လွှာ


အခါနွေ ဆန်း ၊ လေဖြန်း ဝှေ့ ဝှေ့ 
နှင်း သဲ့သဲ့ နှင့် ၊ မြိုင်ခြေ ဆင့်ဆင့်
သွေ့ သွေ့ ဟန်ဆင် ၊ ပင်ယံ နုနု
စိမ်းစိမ်း လျှံကာ ၊ ရွက်ဝါနီ တို့ 
မစည် ကြဲကြဲ ၊ လေဟုန် ဆင်းပျံ
မြေသို့  ချဉ်းကာ ၊ အလှ ဆင် မှ
ကို ဥသြ လည်း ၊ လင်္ကာ ဆိုတေး
သံစဉ် ဖက်လို့  ၊ နှိုင်းတု မမှီ
ရာသီ ချိန်ဝယ် ၊ “ မင်္ဂလာ” လွှမ်းခြုံ
ကျရောက် ပါသော ၊ ယနေ့  ချိန်ကာ
အမည် ဆန်းတဲ့ ၊ “ မိုးငွေ့ ” အစ်မ
မွေးနေ့  “ မင်္ဂလာ” ၊ ရက်မြတ် မဟာ ….. ။

ရာသီ ဆန်းနှင့် ၊ မွေးနေ့  “မင်္ဂလာ”
ထွန်းတောက် ချိန်ဝယ် ၊ မွေးနေ့  ရှင် အား
အကျွန့် သခင် ၊ ချစ်သက် ငယ်နှင့်
ထပ်တူ ပြု၍ ၊ “မင်္ဂလာ” တောင်းဆု
စိတ်ဝယ် စု လို့  ၊ ပြုရ လို ကာ
ယနေ့  မှ စ ၊ မွေးနေ့  ရှင် သည်
ရွှင်ရွှင် လန်းလန်း ၊ ကံရောင် ဆန်းဖြင့်
ချမ်းချမ်း မြေ့မြေ့ ၊ စိတ်စဉ် စမ်းနှယ်
နှစ်နှစ် လလ ၊ ဘဝ များတိုင်
စဉ်စဉ် ဆက်ဆက် ၊ ချစ်ရ သူနှင့်
ဆုံးဆုံး တိုင်တိုင် ၊ ထပ်တူ မြဲ ယင်း
ဆင့်ဆင့် ကဲကဲ ၊ မေတ္တာ လန်း ကြပါစေ ….. ။


ကျေးစေရ ရတုသဝဏ်လွှာ

ကောင်းကင်ဖြူ၏ကိုယ်ရံတော်


နည်းနည်းလောက် ရှင်းခွင့်ပြုပါ .... ။

လွန်ခဲ့ တဲ့ ၆ လကျော်ကျော် လောက် က ချစ်သူ ကောင်းကင်ဖြူ က blog လင့် တစ်ခုပေးခဲ့ပါတယ် ။ ကိုယ်ပိုင် ကဗျာ ရေးဟန် ၊ စာရေး ဟန် နှင့် စကားလုံး လှလှ လေးတွေ ရေးဖွဲ့ တက်တဲ့ blog လေးဆို ပြီး 
" မိုးငွေ့ " လို့  အမည် ရတဲ့ blog လင့် ကို ချစ်သူ ပေး မှ ကျနော် မောင်ဘုန်း အစ်မ မိုးငွေ့  အိမ်လေးကို ရောက်ဖူးတာပါ ။ နောက်တော့ ကျနော် blog လေးကို မကြာခဏ ဆိုသလို ရောက်လာတက်တဲ့ အစ်မ မိုးငွေ့   နဲ့  blogger မိတ်ဆွေ ဖြစ်ခွင့် ရခဲ့ပါတယ် ။

အမှန်တိုင်း ဝန်ခံရ ရင် ကျနော် အတွက် online အသုံးပြု ချိန် နည်းတဲ့အတွက် အစ်မ မိုးငွေ့  အိမ်လေးကို အချိန် ရမှသာ ရောက်ဖြစ်ပင်မဲ့ ချစ်သူ ကတော့ အစ်မ မိုးငွေ့ ရဲ့ Post တွေ ကို မလွတ်တမ်း အားပေးတဲ့ ခဲ့ပါတယ် ။

ဒီနေ့  ကျနော် လိုင်းပေါ်စောစော ရောက်ဖြစ်ပါတယ် ။ ချစ်သူ က mail တစ်စောင် ပို့ ထားတာတွေ့ ရလို့  ဖတ်ကြည့် တော့ ဒီနေ့  အစ်မ မိုးငွေ့  ရဲ့ မွေးနေ့  ဖြစ်လို့  အချိန်ရ ရင် မွေးနေ့ ဆုတောင်းလေး ရေးပေးမို့  တိုက်တွန်း ထားတွေ့  ရတာနဲ့  "အခါနွေဆန်း" လို့ အမည် ပေးပြီး ရေးလက် စ ကဗျာ လေး ကို အခြေခံပြီး
အစ်မ မိုးငွေ့  အတွက် " မွေးနေ့  သဝဏ်လွှာ " ဆိုပြီး မွေးနေ့  ဆုတောင်း ကဗျာ လေး ရေးမိခဲ့ တာပါ ။

ကဗျာ လေး ရဲ့ အောက်မှာ ကျေးစေရ ရတု လို့  ကိုယ့်ဘာသာ  တပ်လိုက်ရ တာကတော့ တောင်ငူ ခေတ်မှာ ပေါ်ထွန်းခဲ့ တဲ့ အရှင်သခင်အတွက် (သို့ ) အရှင်သခင် ကိုယ်စား ရေးဖွဲ့  ရသော ရတုကဗျာ ရေးဟန် ကို ဆိုလို ခြင်း သာဖြစ်ပါတယ် ။ အင်းဝ ခေတ် မှာ ပေါ်ထွန်းခဲ့တဲ့ ကျေးစေ ၊ သာလိကာ စေ တုရကဗျာ ရေးဖွဲ့  ဟန် ကို ဆိုလို ခြင်းမဟုတ်ပါဘူး ။

ကျေးစရ ရတု ဆိုသော် လည်း ပါဒ နှင့် ကာရံ လွဲ နေလျှင် ဖြစ်စေ ၊ ကျေးစေရ ရတု ရေးဖွဲ့ ဟန် နှင့် လွဲ နေပါက ကျနော် မောင်ဘုန်း တောင်းပန် ပါတယ် ။
ဒီကဗျာ လေးကို ချစ်သူ ကိုယ်စား ရေးဖွဲ့  ခဲ့  ခြင်းကြောင့်သာ ကျေးစေရ ရတု လို့  အမည် တပ်လိုက် ခြင်းသာ ဖြစ်ပါတယ် .... ။


ခင်မင်စွာဖြင့်


မောင်ဘုန်း







Tuesday, March 13, 2012

တွေးကြည့် ပေးပါ




အရှေ့ သည်မှ
စသည့် ခရီး
ရောင်နီ သန်းလျှင်
ညီညာ စဉ်လျှက်
ဦးခိုက် အသွင် … ။

ပူရောင် သန်းလို့ 
ရောင်နီ ရင့်ထိန်
သွေ့ သွေ့ ဆင်လည်း
ဦးထိပ် ပန်ဆင်
ဦးခိုက် အသွင် …. ။

လေဆောင် ယိမ်းလည်း
ရောင်နီ ဖြာဆင်း
တောင်စွယ် ကွယ်တိုင်
မပျက် အစဉ်
ဦးခိုက် အသွင် …. ။


မောင်ဘုန်း တော့ ခေါင်းစားအောင် လုပ်ပြန်ပြီလို့  မထင်ပါနဲ့ ဗျာ ... ။ ဒီနေ့  နေမကောင်းတာ နဲ့  အလုပ်နား ပြီး တနေကုန် အိပ့်နေမိပါတယ် ။ 
နေ့ လည်က အိပ့်ရင်း အိပ်မက် မက်လို့  အိမ့်မက်ထဲ ကမြင်ကွင်းကို ကဗျာ လေး ချရေးမိတာပါ ။
ဒီကဗျာ လေး ရဲ့ ခေါင်းစဉ် ကိုတော့ တွေးကြည့်ပေးနော် .... ။


ခင်မင်စွာဖြင့်


မောင်ဘုန်း

Sunday, March 11, 2012

အလှူခံထွက်ခြင်း


မင်္ဂလာပါ … ဗျာ … ။ ကျနော် တို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ မှ ဦးစီပြီး  ဒုတိယမြောက်အလှူအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို လှူဒါန်း ရန်အတွက် မြန်မာမုဒိတာလူငယ်များအဖွဲ့ ကိုယ်စား ကျနော် မောင်ဘုန်း (၁၀) ရက်နေ့  ည ၇ နာရီ လောက် မှာ Deauto အလုပ်ရုံ သို့  အလှူခံ ထွက်ခဲ့ပါတယ် ။ 













ဒီအလုပ်ရုံ ရဲ့ နေရာ ကတော့ မလေးရှား နိုင်ငံ port klang လို့ လူသိများတဲ့ နေရာနဲ့  ၂ မိုင်ခန့် ဝေးတဲ့ west port ဆိုတဲ့ နေရာလေးမှာ ပါ ။  ဒီ အလုပ်ရုံ  ဟာ ကျနော် အလုပ်  လုပ်တဲ့ ကုမ္မဏီ  လုပ်ငန်းခွဲ တစ်ခု ဖြစ်သလို တရုတ် ကားတွေ တပ်ဆင်မို့  အတွက် ကျနော် ခေတ္တ ရောက်နေတဲ့ နေရာလေးလည်း ဖြစ်ပါတယ် ။

ဒီနေရာလေး ကို ကျနော် တစ်နှစ် တစ်ကြိမ် လောက် လာရောက် အလုပ်လုပ် ရပါတယ် ။ ဒီနေရာ လေးမှာ မြန်မာ အလုပ်သမား (၅၀) လောက်ရှိပင်မဲ့ ကျနော် နဲ့  သိတဲ့ သူလောက်သာ အလှူခံ ခဲ့ပါတယ် … ။



ယနေ့ အချိန် ထိ ကောက်ခံရရှိတဲ့ အလှူငွေ စာရင်းမှာ 


မောင်ဘုန်း + ကောင်းကင်ဖြူ
၁၀၀  RM
ကိုမျိုးသူအောင်
  ၂၀  RM
ကိုဖြိုးသူအောင်
  ၂၀  RM
ကိုစောဘလူး
  ၂၀  RM
ကိုအေးချမ်း
  ၁၅  RM
ကိုမြတ်ဘုန်းအောင်
  ၁၀  RM
ကိုကရင်
  ၁၀  RM
ကိုပြည့်ဖြိုး
  ၁၀  RM
ကိုသာအေး
  ၁၀  Rm
ကိုကြည်မြင့်
  ၁၀  RM
ကိုနေမျိုးထိုက်
  ၁၀  RM
ကိုသိန်းထွန်း
  ၁၀  RM
ကိုစိုးငယ်
  ၁၀  RM
ကိုဖိုးချို
  ၁၀  RM
ကိုသက်နိုင်ဦး
  ၁၀  RM
ကိုရဲမင်းစိုး
  ၁၀  RM
ကိုကျော်သူ
  ၁၀  RM
ကိုပေါက်စ
    ၅  RM


ယနေ့ အချိန် ထိ ကျနော်  ကောက်ခံ ရရှိငွေ စုစုပေါင်းမှာ ၃၀၀ RM တိတိ ဖြစ်ပါ တယ် ။ 12 . 3 . 2012 နေ့ မှာ ကျနော် အလုပ်ရုံ ရှိရာ jenjarom သို့ ပြန်မည် ဖြစ်ပါတယ် ... ။ ဒါကြောင့် klang _ bainting လမ်းမ ပေါ်တွင် နေထိုင်ကြသော ရွှေမြန်မာ များ ပါဝင်လှူဒါန်းလိုပါက ကျနော် ထံသို့  ဆက်သွယ် နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ် ပါတယ် ခဗျာ ... ။


လေးစားစွာဖြင့် 


မောင်ဘုန်း

မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက် အလှုရှင်များ ဖိတ်ခေါ်ခြင်း


မင်္ဂလာ ပါဗျာ ။ မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျာ ... ။

ပါဝင် လှူဒါန်းလိုသူများ အောက်ဖော်ပြပါ အကျိုးတော်ဆောင် များ သို့ ဆက်သွယ် လှူဒါန်း နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ် ... ။



ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com

+၄၄ ၇၇၄၀ ၉၈၃၉ ၄၂


(Barclays Bank account) 

 MR U JANAKA
Sort Code: 20-42-73    10039764 

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com

+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com

+၆၅ ၉၀၂၂ ၁၈၀၇

+၆၅ ၉၈၈၂ ၉၀၇၈


၂။ကိုရင် + မဒမ်ကိုး

celestial.whiteangle@gmail.com

+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀

jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com

+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com

+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်များ
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com

+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1


ဂျပန်နိုင်ငံ အကျိုးတော်ဆောင်
ရန်နိုင် @ နေ၀သန်ရဲ့ အိုအေစစ်

nay.naywathan@gmail.com
+81 80 3852 52


မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက် အလှူဒါန်း ရ ခြင်း၏ ရည်ရွယ်ချက် အပြည့်စုံကို  မြန်မာ မုဒိတာလူငယ်များအဖွဲ့  ၏ မှုရင်း ဆိုက်မှာ ဝင်ရောက်ကြည့်နိုင်ပါတယ် ... ခဗျာ ...။


လေးစားစွာဖြင့် 


မောင်ဘုန်း 

Monday, March 5, 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင် (တဂ်ပို့စ်)


မင်္ဂလာပါ ဒီအကြောင်းရာကို post လေးတစ်ပုဒ်လောက် ရေးချင်နေတာ ကြာပါပြီ ။ ရေးလည်း ရေးဖြစ်ပါတယ်လက်စမသတ် နိုင်တာနဲ့  မတင်ဖြစ်ခဲ့ ဘူး ။ နောက်တော့ ကျနော် မကြာခဏ စာတွေဝင်ဖတ် လေ့ရှိတဲ့ ကို သက်တန့် ချို blog ကနေ အစပြုပြီး ဒီအကြောင်းရာ လေး တဂ် ပေးပြီး blogger တွေရဲ့ အမြင်ကို ရေးကြတာတွေ့ ရ ပါတယ် ။ အဲ့ဒီမှာ …. ကျနော် မောင်ဘုန်း အရင်ကမှ ရေးချင်နေတဲ့ အကြောင်း ဖြစ်လို့  ဆွေ့ ဆွေ့ ခုန် လျှက် တဂ်ပေးမဲ့ သူကို လိုက်ရှာ မိပါတယ်  ။

ခက်တာက မောင်ဘုန်း မှာလည်း blogger မိတ်ဆွေ ဆိုလို့  လက်ဆယ်ချောင်းပြည့်အောင် မရှိ ပါဘူး ။ ထို ဆယ်ချောင်းမပြည့်အောင် ရှိတဲ့ blogger မိတ်ဆွေ အိမ်တွေ ကို တစ်ပတ် တစ်ခါ လောက်  ရောက် မို့  ကြိုးစားယူ ရပါတယ် ။

နောက်ဆုံးတော့ ကျနော်ရဲ့ မဟာမိတ် blogger အပျိုကြီး ( သမီးစံ) ထံ ချဉ်းကပ်ပြီး  ။ အပျိုကြီးရေ … မောင်ဘုန်း ကို တဂ် ပါလို့   တောင်းဆိုခဲ့ရပါတယ် ။ အဲ့နေ့ ညမှာ ပဲ blog တွေ လိုက်ကြည့်ရင်း အန်တီတင့် တဂ် ထားတာတွေ့ ပါတယ် ။ ဒါကြောင့် ဒီ post လေးရေးခွင့် ရလို့  အန်တီတင့် နဲ့  အပျိုကြီး (သမီးစံ)  ကို ကျေးဇူး တင်မိပါတယ် ။


 ၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

မြန်မာ့ ဟန်းဖုန်း သမိုင်းမှာတော့ တန်းဖိုး အနည်းဆုံးလို့  ပြောလို့ ရပါတယ် ။ ဒါပင်မဲ့ တန်ဖိုးနည်း ဆိုတဲ့ စကားရပ် နဲ့  ကျပ်ငွေ နှစ်သိန်း ကို ယှဉ်ကြည့် မယ်ဆိုရင် အငြင်းပွားဖွယ်ရာ မရှိလောက်ပါဘူး … ။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

နိုင်ငံသားတိုင်း လုပ်ပိုင်ခွင့် ရှိတဲ့ အခွင့်ရေးတစ်ခုပါ ။ တိုင်းပြည်အကျိုး စီးပွားအတွက် နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ တောင်းဆိုပိုင် ခွင့် အခွင့်ရေး ရှိပါတယ် ။ ကျနော်အနေနှင့် လည်း တောက်ခံ အားပေးပါတယ်။

ဒါပင်မဲ့ နိုင်ငံသား အခွင့်ရေး နဲ့ လွတ်လပ်ခွင့် ကို သုံးစွဲမယ် ဆို နိုင်ငံသား တိုင်း လွတ်လပ်ခြင်းရဲ့ တန်ဖိုး ကို နားလည် မို့ တော့ အရေးကြီးပါတယ် ။ ဟိုတလောက သတင်းတစ်ခု ဖတ်မိလိုက်ပါတယ် ။ တောင်ဒဂုံ မှာ ၅၀၀၀တန် ဖုန်ကတ်ရရှိရေး အတွက် စာရွက်ဖြန့် ဝေသူ အယောက် ၂၀ ကို ထိန်းသိမ်း ခံရတယ် ဆိုတဲ့ သတင်းပါ ။ ထိုသတင်းမှာ ဖော်ပြထားတဲ့ အကြောင်းရာတွေ  ခိုင်ခိုင်လုံလုံ ရေးထားတာတွေ့ ရပါတယ် ။ ဘယ်ရုံး ၊ နာမည် က ဘယ်သူ ဆိုပြီး ဖော်ပြထားပါတယ် ။ ဒါပင်မဲ့ အခန်း (၂) ပုဒ်မ (၃၅၄) နိုင်ငံသား ပိုင်ခွင့်ကို ကျနော်တို့ ချိုးဖောက်ခံနေရတယ် …. လို့  ၂၀၀၈ အခြေခံဥပဒေ ကို ကိုးကားပြီးရေးသားဖော်ပြ ထားပါတယ် ။

ဘယ်လို လွဲ သွားလည်းမသိပါဘူး ။ အခြေခံ ဥပဒေ တိုင်းမှာ အခန်း (၂) ဆိုတာ နိုင်ငံသား ဆိုင်ရာ ကို ဖော်ပြလေ့ မရှိပါဘူး ။

အထက်ပါ ကိစ္စကို ဥပဒေ အရကြည့်မယ် ဆိုရင် ၂၀၀၈ အခြေခံဥပဒေ စာမျက်နှာ ၁၅၀ အခန်း (၈) ပုဒ်မ ၃၅၄ (က) တွင်  မိမိ ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ၊ ရေးသားဖြန့် ဝေ ခွင့်  ….. ရှိတယ် လို့ ဖော်ပြထားသလို ၊ ပုဒ်မ ၃၅၄ (ခ) မှာ ဆိုရင်လည်း လက်နက်မပါပဲ ငြိမ်းချမ်းစွာ စုဝေးခွင့် ၊ စီတန်း လှည့်လည်ခွင့် ရှိတယ် လို့  ဖော်ပြထားပါတယ် ။

ဒီနေရာမှာ စကားလေး နည်းနည်းလောက်ရှည်ပါရစေ … ။ လူ ဆိုသည့် တစ်ဦးနဲ့  တစ်ဦး ကွဲလွဲ တက်ပါတယ် ။ အဲ့ လို ကွဲလွဲ တက်သည်ကပင် လူသား ဆန်ခြင်းဖြစ်ပါတယ် ။ ဒီလို ကွဲလွဲတဲ့ လူအများ  ဖွဲ့ စည်း လုပ်ကိုင်တဲ့နေရာမှာ အမျိုးမျိုး ကွဲလွဲ တက်သောကြောင့် အခြေခံမှု များ ၊ ဥပဒေ များထား၍ လုပ်ကိုင် ရပါတယ် ။ ဒါမှသာ ထို အဖွဲ့ စည်း ရဲ့ လုပ်ဆောင်ချက် များ အောင်မြင်နိုင်မှာပါ … ။

ဒါကြောင့် ဥပဒေ ဆိုတာ ကြောင်းပြချက် ပေးမို့  မဟုတ်ဘူး ဆိုတာ ပြည်သူရော အစိုးရပါ နားလည်ထားသင့်ပါတယ် ။  လူအများနှင့် ဖွဲ့ စည်းထားတဲ့ အစိုးရ နှင့် ပြည်သူ များ   ဥပဒေ ကိုလေးစာ လိုက်နာမှ သာ ကျနော် တို့ မျှော်မှန်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာလိမ့်မယ် လို့  ထင်မိပါတယ် ။  အခြေခံဥပဒေ အခန်း (၈) မှာပါရှိတဲ့ နိုင်ငံသား အခွင့် ရေးကို သုံးပြုမယ်ဆိုရင် ၊ ထို အခန်း (၈) မှာ ပါရှိတဲ့ နိုင်ငံသား တာဝန်  ဆိုတာလည်း လိုက်မို့ အရေးကြီးပါတယ် ။


၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ

ထိရောက်တဲ့ လုပ်ဆောင်ချက်ပါ ။ ဦးဆောင်တဲ့ သူအတွက်လည်း ချီးကျူး မိပါတယ် ။ ပြည်သူ့ အစိုးရအနေနှင့် ပြည်သူ သဘောထားကို အသိမှတ်ပြုရမှာပါ ။ ပြည်သူ အတွက် ကျေနပ်လောက်တဲ့ ရလဒ် မျိုး ပြည်သူ့ လွတ်တော် မှာ ဆုံးဖြတ် နိုင်လိမ့်မယ်လို့  မျှော်လင့် မိပါတယ် ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

 ဟုတ်ကဲ့ ….. ဝမ်းသာအားရ ကြိုဆို ပါတယ် ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

ဟုတ်ကဲ့ပါ … ။ ငါးထောင်တန် ဖုန်း ဆိုတဲ့ စကားရပ် နေရာမှာ တန်ဖိုးနည်း ဆိုတာလေး ပြောင်းလဲ ရေးသားခွင့်ပြုပါ ။ တစ်ပုဒ် မ က ရေးခွင့်ပြုပါလို့ လည်းတောင်းဆိုပါရစေ ။

 မြန်မာပြည်ရဲ့ ဆက်သွယ်ရေး စနစ် အားနည်းချက် တွေကိုတော့ လူတိုင်း သိပြီးသာပါ ။ ယခု အချိန်မှာ အစိုးအနေနှင့် တိုင်းပြည်အတွက် တိုးတက် အောင် လုပ်မယ်ဆိုတဲ့ ကြော်ငြာချက်အများ လည်း တွေ့ ရှိရပါတယ် ။ ထိုသို့ တိုးတက် သော တိုင်းပြည် ကို ဖော်ဆောင်ရာ မှာ အခြေခံ ကျသော ဈေးကွက်စီးပွားရေး စနစ်အတွက် လူတန်းစား တစ်ရပ်လုံး အသုံးပြု နိုင် တဲ့ တန်ဖိုးနည်း ဆက်သွယ်ရေး စနစ်ဟာ မရှိမဖြစ် လိုအပ် တယ်ဆိုတာကို အစိုးရအဖွဲ့ ဝင် စီးပွားရေး ပညာရှင်များ အတိကျ ကို သိကျမှာပါ ။

 ၁.၁၀ . ၂၀၁၁ ရက်စွဲပါ ပြည်သူ့ လွတ်တော်  ကြေငြာ ချက်အရ မြန်မာ ပြည်မှာ လူဦးရေ ၆၀ .၃၈ သန်း ရှိတယ်လို့ သိ ရပါတယ် ။ ဒါကြောင့် လူတန်းစား တစ်ရပ် လုံး အသုံးပြု နိုင်တဲ့ တန်ဖိုးနည်း ဖုန်း ကို ဖော်ဆောင် မယ်ဆို၇င် ။ စီပွားရေး ပညာ အရ လူဦးရေ ၆၀.၃၈ သန်း ပါဝင် နိုင်မဲ့  အလွန်ခိုင်လုံတဲ့ ဈေကွက် ကြီးတစ်ခု ဖြစ်လာမှာပါ ။ ဒီလို အလွန်ခိုင်လုံတဲ့ ဈေးကွက် အတွက် နည်းပညာ ၊ အရင်းနှီး ဆို လွယ်ကူ စွာဖော်ဆောင် နိုင်မဲ့ အနေထားရှိ ပါတယ် ။ အကျိုးအမြတ် အနေနှင့် ကြည့်မယ် ဆိုရင်လည်း လက်ရှိ ပြည်တွင်းမှာ ရှိတဲ့ ဈေးကွက်များထက် အဆပေါင်းများစွာ သာလွန်တဲ့ ဈေးကွက်ကြီး တစ်ခု မလွဲမသွေ ဖြစ်လာ မှာပါ ။ တနည်း ပြောရရင် အစိုးရအနေ နဲ့  နိုင်ငံသားပိုင်ဆိုင်မှု့ ကို မြှင့်တင်ပေးရာ ရောက်ပါတယ် ။ ဒါက ကျနော် နေနဲ့  တန်ဖိုးနည်း ဖုန်း ဖြစ်လာမယ်ဆိုရင် ကျနော် အနေ နဲ့   မြင်မိ တဲ့ အမြင်ပါ ။

 ပြည်သူ့  အစိုးရ ဆိုတာ ပြည်သူ ပိုင်ငွေများ ကို အသုံးပြု ပြီး ၊ ပြည်သူ့  အကျိုးစီပွား ကို ဖော်ဆောင်ရတာ ဖြစ်တဲ့ အတွက် ကောင်းကျိုး တစ်ခု တည်း ကို ကြည့်ပြီး လုပ်ဆောင်လို့  မရဘူး ဆို ကျနော် အနေ နှင့် အစိုးရအဖွဲ့ ကို နားလည် ပါတယ် ။ လူတန်းစာ တစ်ရပ်လုံး အသုံးပြု နိုင်တဲ့ တန်ဖိုးနည်း ဆက်သွယ်ရေး စနစ် ပေါ်ပေါက်လာ ခြင်း အတွက် ဆိုးကျိုး များကိုလည်း ထည့် စဉ်းစား ရမှာပါ ။ ဆိုးကျိုးများ လည်း ရှိလိမ့်မယ် လို့  ထင်မိပါ ။ 

ဥပမာ တစ်ခု အနေနှင့်  ပြောရ ရင်တော့ တန်းဖိုးနည်းဆက်သွယ်ရေး စနစ် ဟာ UG network ကို အားပေးလိုက်သလို ဖြစ်သွား နိုင်ပါတယ် ။ ယနေ့  ပြည်တွင်း UG အင်းအားစုဟာ ပြည်သူ့ လုံခြုံ ရေး ကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေမှာ ရှိပါတယ် ။ ပြည်သူ့  အစိုးရ ဆိုသောကြောင့် ပြည်သူ့  လုံခြုံ ရေးဟာ အစိုးရ လုံခြုံ ရေးလို့  ပြောမယ် ဆိုရင် မမှားလောက်ပါဘူး ။

ခေတ်အဆက်ဆက် အစိုးရများ ဟာ UG များအပေါ် ပတ်ဆို့ တားဆီးတဲ့ မှုဝါဒ ကို အသုံးပြုခဲ့ပင်မဲ့ ယနေ့  အချိန်ထိ နှစ်စဉ် အကြမ်းဖက်ဖောက်ခွဲ မှု့ တွေ ရှိနေခြင်း ၊ ဒီလို ပိတ်ဆို့ တားဆီးတဲ့ နေရာမှာ UG network ကို အဓိကထား ပိတ်ထားခြင်းကြောင့် ပြည်သူ့  ဆက်သွယ်ရေး စနစ် ဟာ အရည်သွေးရော နည်းပညာ ပါ ထိခိုက် လျှက်ရှိပါတယ် ။

နောက်တစ်ခုက အစိုးရနှင့် ဆန့် ကျင်သဘောထား ကွဲလွဲ ရင် UG လို့  သတ်မှတ်ထားခြင်း ကြောင့် တချို့ သော NGO အဖွဲ့  များရဲ့ လုပ်ဆောင်ချက်များ ဟာ တိုင်းပြည်နှင့် လူမျိုး အတွက်ဆိုသော်လည်း ၊ သဘောထားကွဲလွဲ ရင် UG ဟု သတ်မှတ် ထားခြင်းကြောင့် UG အသွင်ဖြစ် လုပ်ဆောင်နေရတာကို  လည်းဝမ်းနည်းစွာ တွေ့ မြင်ရပါတယ် ။ ဒီလို သတ်မှတ်ထားခြင်း ဟာ UG အင်အား စု ကိုမိုပို ကြီးထွားအောင်လုပ်ဆောင် နေသလိုဖြစ်နေပြီး ၊ ပြည်သူ့  လုံခြုံရေး ကို အမှန်တကယ် ထိခိုက်စေတဲ့ UG များအတွက် အလွယ်တကူ အသွင်ပြောင်း နိုင်အောင် ဖော်ဆောင်ပေးသလို ဖြစ်နေတယ် ဆိုတာ သတိပြုသင့်ပါတယ် ။

နောက်တစ်ချက်က အစိုးရနှင့် သဘောထာကွဲလွဲ လို့  လုပ်ရပါတယ် ဆိုပင်မဲ့ ။ အကြမ်းဖက်ဖောက်ခွဲ မှု့ ဖြစ်စဉ် အားလုံးလိုလို မှာ ပြည်သူ များသာ ဝမ်းနည်းစွာဖြင့် အသက် ဆုံးရှုံး စေခြင်းကြောင့် ၊ ခေတ်အဆက်ဆက် အစိုးရများ UG များအပေါ် ပတ်ဆို့ တားဆီးတဲ့ မှုဝါဒ ဟာ အစိုးရအဖွဲ့  လုံခြုံရေး ကိုပဲ ကာကွယ် ပေးတာလို့  မေးစရာ ဖြစ်နေပါတယ် ။

ဒါကြောင့် အစိုးရအနေ နဲ့  တိုင်းပြည် တိုးတက်ရေး ဆိုတာထက် ပြည်သူ လုံခြုံရေးဟာ ဦးစားပေး အဆင့်မှာ ရှိပါသောကြောင့် ခေတ်အဆက်ဆက် အစိုးရများ UG များအပေါ် ပတ်ဆို့ တားဆီးတဲ့ မှုဝါဒ အပေါ်မှာ ပြန်လည် သုံးသတ် သင့်တယ် လို့  ထင်မိပါတယ် ။ ပြည်သူ့  လုံခြုံ ကို အမှန်တကယ် ထိခိုက်စေသော UG အင်အား စုကို ဖယ်ရှားနိုင် မှ သာ ကျနော် တို့  မျှော်မှန်းတဲ့ တိုးတက်သော နိုင်ငံ အတွက် အခြေခံ ဈေးကွက်စီးပွားရေး စနစ် ကို ဖော်နိုင်မှာ ဖြစ်သလို ၊ ဒီလို အခြေခံကျတဲ့ ဈေးကွက်စီးပွားရေး စနစ် အတွက် အရည်သွေးကောင်းပြီး တန်ဖိုးနည်း ဆက်သွယ်ရေး စနစ် ကိုလည်း ဖော်ဆောင် နိုင်လိမ့်မယ် လို့  ထင်မိပါတယ် ။

ဒီ post လေးရေးမို့  တဂ် ပေးသူများ နှင့် ကျနော် မိတ်ဆွေ သူငယ်ချင်း များ ခဗျာ ... ။ တဂ် ပေးထားတဲ့ ခေါင်း စဉ်နဲ့  ဘာမှမဆိုင်တဲ့ ကြောင်းရာတွေ ထည့်ရေးတယ်လို့  ထင်သွားပါက ကျနော် မောင်ဘုန်း တောင်းပန်ပါတယ် ။ လွတ်လပ်စွာ ရေးသားခွင့် ရှိတယ် ဆိုတဲ့ ခေါင်းစဉ်အောက် မှာ ကျနော် စိတ်ထဲ တွေးမိတာလေးကို ရေးမိ ခြင်းသာဖြစ်ပါတယ် ။


ခင်မင်စွာဖြင့်



မောင်ဘုန်း

Thursday, March 1, 2012

ကားဆေးအရောင် ပျက်စီးစေခြင်းနှင့် ထိန်းသိမ်းခြင်း



 မင်္ဂလာပါဗျာ … ဒီနေ့ တော့ကားဆေးအရောင် ပျက်စီးစေတဲ့ အကြောင်းအရာနဲ့  ဘယ်လိုထိန်းသိမ်း သင့်တယ် ဆိုတာကို ကျနော် သိသလောက်လေး ပြောပြပါမယ် ။

ကားတစ်စီး ရဲ့ မူရင်းဆေးအရောင် တောက်ပမှုဟာ စက်ရုံကနေ ထုတ်လိုက်ပြီး အနည်းဆုံး ၅နှစ် လောက် ခံနိုင်ရည်ရှိပါတယ် ။ ဒါကြောင့်လည်း ကားရောင်းတဲ့ ကုမ္မဏီတွေ အနေနဲ. အမျိုးအစားပေါ်မှုတည်ပြီး ၅နှစ်မှ ၁၀နှစ်ထိ အာမခံပေးလေ့ ရှိတာကို တွေ့ ရပါတယ် ။

ဆေးပြန်မှုတ်ထားတဲ့ ကားဆိုရင်တော့ အသုံးပြုတဲ့ ဆေးအမျိုးစားနဲ. လုပ်သားကျွမ်းကျင်မှုပေါ်မှာ မှုတည်ပြီး အနည်းဆုံး ၁နှစ် မှ ၃နှစ် ထိခံနိုင်ရည်ရှိပါတယ် ။
 ကားအသစ်က ၅နှစ်၊ ဆေးပြန်မှုတ်ထားတဲ့ကားက ၁နှစ်ဆိုပေမဲ့  မိမိတို.လက်ထဲရောက်ပြီး အချိန်တိုတွင်းမှာပဲ ကားဆေးအရောင်က တောက်ပမှု မရှိတော့ခြင်း၊ ဆေးပေါက်ခြင်း ၊ ဆေးကွဲခြင်း ၊ ဆေးကွက်ခြင်း စသည် အခြေနေကို ရောက်ရှိလာ တက် ပါတယ် ။ ဒါဟာ ကားပိုင်ရှင်အနေနှင့် ဆေးအရောင် ပျက်စီးစေတဲ့ အကြောင်းရာကို မသိရှိခဲ့လို့ ပါ ။
 ကားတစ်စီးရဲ. ဆေးအရောင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ကျနော်အနေနဲ. အဖြစ်များတဲ့ အဓိက အကြောင်းရာနှစ်မျိုးနဲ. တခြားပျက်စီးစေတဲ့ အကြောင်းရာများကို ရှင်းပြသွားပါမယ် ။

၁ ။ ဆပ်ပြာရည်ကြောင့် ပျက်စီးစေခြင်း




 ဆပ်ပြာရည်ကြောင့် ဆေးအရောင် ပျက်စီးစေ ခြင်းဟာ ကားတစ်စီး ဆေးရောင် ပျက်ရတဲ့ အကြောင်း ရင်းတွေထဲမှာတော့ အများဆုံး တွေ.ရတဲ့အရာပါ ။ ကားပိုင်ရှင်တိုင်း မိမိကားကို ဆေးအရောင် တောက်ပစေချင်ကြပါတယ် ။ ဒါကြောင့် နည်းနည်းလေး ညစ်ပတ်သွားတာနဲ့  ရေဆေးတဲ့ဆိုင်ကို သွားတတ်ကြသလို  ၊ တချို့ လည်း ကိုယ်တိုင်ဆေးရမှ ကျေနပ်တတ်ကြပါတယ် ။

ကျနော်တို. နိုင်ငံမှာဆိုရင် ကားပိုင်ရှင်တိုင်း ကားရေဆေးတဲ့ ကိစ္စကို ဂရုတစိုက် လုပ်တတ်ကြပါတယ်။  ထိုသို့  ရေဆေးဒါကိုလဲ ဆပ်ပြာရည်နဲ့  ဆေးမှ ပြောင်တယ်လို့  အစွဲကို ဖြစ်နေပါပြီ ။
ပြည်ပနိုင်ငံတွေမှာလည်း ဆပ်ပြာရည်ကိုပဲ အသုံးပြုပြီး ဆေးကြပါတယ် ။ ဒါပင်မဲ့ ကားရေဆေးဖို. အတွက် သီးသန့် ထုတ်ထားတဲ့ ဆပ်ပြာရည်ကိုသာ အသုံးပြုကြပါ တယ် ။

သီးသန့် ထုတ်ထားတဲ့ ဆပ်ပြာရည် ဖြစ်စေ ၊ ကျနော် တို့  ပြည်တွင်းမှာလို တွေ.ရာဆပ်ပြာမှုန့် ကို အရည်ဖျော်ပြီး သုံးသည်ဖြစ်စေ ဆပ်ပြာရည်ဟာ ကားရဲ့ဆေးရောင်ကို ပျက်စီးစေပါတယ် ။
မိမိတို့ ရဲ့ကားကို ဆပ်ပြာရည်တမျိုး အသုံးပြု ပြီး ဆေးတဲ့ အခါမှာ ဆပ်ပြာရည်ဟာ ကား body ရဲ့ ရေခို နိုင်တဲ့ နေရာတွေမှာ ကျန်ခဲ့စေပါတယ် ။ အဲ့လို ရေခိုတဲ့နေရာမှာ ကျန်ခဲ့တဲ့ ဆပ်ပြာရည်ဟာ body viberationကြောင့်  ကား bodyရဲ့ မျက်နှာပြင်ကို ရောက်ရှိစေပါတယ် ။ အဲ့ဒီနောက်မှာတော့ ရာသီဥတု အပူရှိန်ကြောင့်ဖြစ်စေ ၊ အင်ဂျင်အပူရှိန်ကြောင့်ဖြစ်စေ   ခြောက်သွားပြီး ကားဆေးအရောင် မှာ အဖြူရောင်အကွက် ဖြစ်သွားစေပါတယ် ။

ဘာကြောင့် အဲ့လို အဖြူရောင်အကွက် ဖြစ်သွားလည်းဆိုရင်တော့  metalic ဆေးအမျိုးစားနှင့် တွဲဖက် အသုံးပြုရတဲ့ clear coat (2K) ကြောင့်ပါ ။


 ( body မှာ ရှိ တဲ့ ကားဆေး အထပ်လိုက် ပုံ ပါ )
 



  clear coat (2K)


ယနေ့ အချိန်ထိ အရည်သွေးကောင်းတဲ့ metallic ဆေးအမျိုးအစား များစွာရှိသလို တွဲဖက်သုံးရသော clear coat အမျိုးစားလည်း များစွာရှိပါတယ် ။ clear coat (2K) ၊ clear coat (1K ) စသည်ဖြင့် မည်သည့် clear coat ပဲ ဖြစ်ဖြစ် အခြေခံကတော့ တူတူပါပဲ ။

clear coat ဆိုတာ ပလက်စတစ် ဆေးရည် တမျိုးပါပဲ ။ clear coat ဆေးကို မှုတ်ရာတွင် ထို ပလက်စတစ်ဆေးရည် ကို  လေနှင့် ဖိအားပေးပြီး အငွေ့ အဖြစ်ပြောင်း ကာ ၊  ကား body အပေါ် သို့ ကျရောက် စေပါတယ် ။ ထိုသို့  ကျရောက်ပြီး ဆေးအမျိုးစားပေါ် မူတည်ပြီး   ၈နာရီမှ နာရီ ၂၀ အကြာမှာ ထိုဆေးရည်ဟာ ပလက်စတစ်အဖြစ် ပြောင်းလဲ သွားပါတယ် ။ ဒါကြောင့် clear coat အသုံးပြုထားတဲ့ ကားရဲ့ မျက်နှာပြင်ဟာ တစ်ခြားဆေးတွေ အသုံးပြုထားတဲ့ ကားမျက်နှာပြင်ထက် တောက်ပမှု ပိုကောင်းတာ တွေ.ရပါတယ် ။

ဒါပေမဲ့ ကားမျက်နှာပြင်ပေါ်မှာရှိတဲ့ ပလက်စတစ်က ဆပ်ပြာရည်မှာပါရှိတဲ့ အက်ဆစ်ဓာတ်နဲ့  တွေ့ တဲ့ အချိန်မှာတော့ ဆေးအရောင် တောက်ပမှုကို လျော့နည်းစေပါတယ် ။ ဆပ်ပြာရည်မှာပါရှိတဲ့ အက်ဆစ် ဓာတ်များလေ ပျက်စီးမှုများလေပါပဲ ။ ဒါကြောင့် ကားရေ ဆေးရာမှာ အက်ဆစ်ဓာတ်များတဲ့ ဆပ်ပြာ ရည်ကို သုံးမိမယ်ဆို၇င်တော့ မိမိကား ရဲ့ ဆေးအရောင် တောက်ပမှုကို အချိန်ကုန် ၊ ငွေကုန်ခံပြီး ဖျက်စီးသလို ဖြစ်နေမှာပါ ။




နောက်တစ်ခုက wiper Pump ထဲ ထည့်တဲ့ဆပ်ပြာရည်ပါ ။ ပြည်တွင်းမှာ wiper Pump ထဲကို တော်တော်များမျာ တော့ ရိုးရိုးရေပဲ ထည့်သုံးပင်မဲ့ model မြင့်ကားတွေမှာတော့ ဈေးကွက်မှာ ရောင်းတဲ့ wiper Pump ထဲ ထည့်သုံးရတဲ့ ဆပ်ပြာရည်ကို အသုံးပြု တတ်ကြပါတယ် ။ ကားမောင်းနေ စဉ်အတွင်း ကားရှေ့ မှန်မှာ အမှုံတွေများလာရင် ဆေးတဲ့ ဆပ်ပြာရည်အနေနှင့် အသုံးပြုတာပါ ။ ကားမောင်းနေတဲ့အချိန် အသုံးပြုတာကြောင့်မို.လို. ထိုဆပ်ပြာရည်မှာ အက်ဆစ်ဓာတ်ပါဝင်မှု နည်းသော်လည်း ရာသီဥတုအပှုရှိန်နှင့် ကားအင်ဂျင် အပူကြောင့် ဆပ်ပြာရည်ဟာ ကား bodyပေါ်မှာ ခြောက်သွားပြီး ကားဆေး ဖြစ်တဲ့  clear coat ပလက်စတစ်နဲ့  တွေ.တဲ့အချိန်မှာ ထိုပလက်စတစ်ကို ပေါက်သွားအောင်း စားပစ်လိုက်ပါတယ်  ။



                                                 မှုရင်း ရှိတဲ့  ဆေးအရောင် ပါ





                                    ဆပ်ပြာရည် အစား ခံလိုက် ရင် ဖြစ်သွားတဲ့ ပုံပါ


ကားရေဆေးတဲ့ နေရာမှာ အက်ဆစ်ဓာတ်ပြင်းတဲ့ ဆပ်ပြာကို အသုံးပြုပြီး ရေများများ မဆေးခြင်းကြောင့် ဖြစ်စေ ၊ wiper Pump ထဲ မှ ဆပ်ပြာရည်ကြောင့် ဖြစ်စေ မိမိကား မှာ ဆပ်ပြာ ရည် ထိပြီး ခြောက်သွားပြီး ဆိုရင် မထမဦးဆုံး မိမိရဲ. ကားဆေးအရောင်မှာ အဖြူရောင် အကွက် ဖြစ်နေတာကို တွေ့ ရမှာပါ ။  ထိုအကွက်မှ တဆင့်  အရင်ဆုံး အပေါက် သေးသေး လေးတွေ  ဖြစ်လာပါတယ် ။ ထိုအပေါက်ထဲကိုမှ အကြိမ်များစွာ ဆပ်ပြာရည် ဝင်လာပြီဆိုရင်တော့ ဆေးပေါက်ခြင်းဆိုတာ ဖြစ်လာမှာပါ ။

ဒါဆိုရင် ကျနော်တို.က မိမိရဲ.ကားကို ဒီလို မဖြစ်အောင် ဘယ်လို လုပ်ကြမလည်း …. ??????

ကားရေဆေးတဲ့ နေရာမှာ  ကားရဲ့ မျက်နှာပြင်မှာ ဆီမရှိဘူးဆိုရင် ရိုးရိုးရေနဲ့ ပဲ ဆေးတာ ပိုပြီး သင့်တော်ပါတယ် ။ မျက်နှာပြင်မှာ ဆီတွေ ရှိတယ်ဆိုရင်တော့ ကားရေဆေးမို.အတွက် သီးသန့် ထုတ်ထားတဲ့ ဆပ်ပြာရည်ကို ပဲ အသုံးပြုသင့်ပါတယ်။ ထို့ သို့  ဆပ်ပြာရည် အသုံးပြုရာတွင် လည်း ရေများများနဲ့  ကား bodyမှာ ရှိတဲ့ ရေခို နိုင်မည့် နေရာ ( ဥပမာ နောက်ကြည့် မှန် လို နေရာမျိုး ပေါ့ ….. ) ကို  ရေများများနဲ. ဆေးပေးဖို. လိုအပ်ပါတယ် ။ ဒါမှပဲ ဆပ်ပြာရည် မကျန်ခဲ့မှာပါ ။

 နောက်တစ်ခုက wiper Pump ထဲကိုလည်း ရိုးရိုးရေပဲ ထည့်ပြီး အသုံးပြုသင့်ပါတယ် ။ ဈေးကွက် ထဲမှာ wiper Pump မှာသုံးတဲ့ အရည်မျိုးစုံ ရှိပါတယ် ။ အက်ဆစ်မပါဘူးလို့ ရေးထားပေမဲ့ လက်တွေ. အသုံးပြုတဲ့အခါမှာ ထိုအရည်ကြောင့် ဆေးကွက်ထသွားတာမျိုး တွေ့ ဖူးပါတယ် ။ ဒါကြောင့် ရိုးရိုးရေ ထည့်သုံးတာဟာ မိမိ ကားဆေးအရောင် ကြာရှည်ခံဖို.အတွက် အသင့်တော်ဆုံးပါပဲ … ။



၂။ ဌက်ချေးကြောင့် ပျက်စီးစေခြင်း




ဌက်ချေးကြောင့် ကားတစ်စီးရဲ့ ဆေးအရောင် ပျက်စီးမှုဟာ ဒုတိယ အများဆုံး တွေ.ရတဲ့ ဆေးအရောင် ပျက်စီး စေတဲ့ ကြောင်းရင်းပါပဲ ။ ဆပ်ပြာရည်လို ရှောင်ရှားဖို.လဲ  အလွန်ခက်ပါတယ် ။ အများစုတော့ မိမိအိမ်ရဲ. ကားပါကင်မှာဖြစ်စေ ၊ သွားလာရင်း ကားပါကင်မှာ ဖြစ်စေ  ဌက်ချေး ထိကြတာများပါတယ် ။

                             ဌက်ချေး ထိခြင်းကြောင့် ဆေးကွဲ သွားပုံ အဆင့်ဆင့်                          


မိမိကားမှာ ဌက်ချေး ထိပြီဆိုရင်တော့ ၂၄နာရီအတွင်း ကားကို ရေမဆေးပဲ ထားမယ်ဆိုရင် လက်တလောအနေနှင့် မိမိကား ဆေးအရောင်မှာ သိသိသာသာ အဖြူရောင် အကွက် ဖြစ်သွားပါတယ် … ။ နောက်ပိုင်း မှာ တော့ ရာသီဥတု အပူရှိန်ကြောင့် ထိုအဖြူကွက်မှ အစပြု ပြီး ဆေးကွဲခြင်းဆိုတာ ဖြစ်လာပါတယ် ။ အဲ့ထက်ပိုဆိုးတာက ဆေးကွဲနေတဲ့ ကားတစ်စီး ကို ဆေးအသစ် ပြန်မှုတ်မယ်ဆိုရင်လည်း လုပ်သား ဘယ်လောက်ကျွမ်းကျင်ပါစေ တစ်နှစ်ခွဲ ကြာတဲ့အချိန်မှာ ပြန်ပြီး ဆေးကွဲ တတ်ပြန်ပါတယ် … ။

ကားတစ်စီးမှာ ဆေးကွဲစေတဲ့ အကြောင်းအရာ နှစ်မျိုးပဲရှိပါတယ် ။ တစ်မျိုးက နှစ်တော်တော် ကြာနေတဲ့ကားပါ ။ နောက်တစ်မျိုးကတော့ ဌက်ချေးထိခံရတဲ့ ကားပေါ့ ။ ဒီလိုမျိုး ဆေးကွဲနေတဲ့ ကားတွေကို ဆေးပြန်မှုတ်တဲ့အခါ တချို့ က နှစ်တော်တော်ကြာလို့  ဆေးကွဲ တဲ့ ကားဆိုရင် တစ်စီး လုံး မှုရင်းဆေးကို ခွာ ထုတ်ပစ် လိုက်ပါတယ် ။ body သံသားပေါ်တဲ့ အထိ ခွာပစ်ရတာပါ  ။ ဌက်ချေး ထိတဲ့ ကားဆိုရင်တော့ ထိတဲ့ အစိတ်အပိုင်းတစ်ခုလုံးကို ဆေးခွာထုတ်ပြီး ဆေးအသစ်ပြန် မှုတ်ပါတယ် ။ ဆေးပြန်မကွဲအောင်လို့ ပါ … ။ ဒါပေမဲ့ အချိန်အများကြီး ပေးရတာကြောင့် ဒီလိုလုပ်ပေးတဲ့ သူတော့ရှားပါတယ် ။

ဒါဆိုရင် ကျနော် တို့  ဘယ်လို ထိန်းသိမ်း ကြမလဲ …. ပေါ့ … ။

အထက်မှာ ပြောခဲ့သလို ဌက်ချေး မထိအောင် ထိန်းသိမ်းဖို.ဆိုတာတော့ တော်တော်ခက်တဲ့ အရာပါ ။ နေ.တိုင်းရပ်နေကျ ပါကင်မှာ နေ.တိုင်း ဌက်ချေးထိခံရတယ် ဆိုရင်တော့ နေရာပြောင်းထားပေး သင့်ပါတယ် ။ မိမိကားမှာ ဌက်ချေးထိပြီဆိုရင် ၂၄နာရီအတွင်း သတိထားပြီး ရေဆေးပေးသင့်ပါတယ်။
နောက်တစ်ခုက ဌက်ချေးထိရင် သုံးဖို.အတွက် ဈေးကွက်မှာ ဆေးရည် မျိုးစုံ ရှိပါတယ်။ ထိုဆေးရည်တွေကို သုံးမယ်ဆိုရင်လည်း ရေနဲ့  ပြန်ဆေးပေးသင့်ပါတယ် ။ ဘာကြောင့်လဲဆိုရင် ထို ဆေးရည်တွေကလည်း ဆပ်ပြာရည်တစ်မျိုးပဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ … ။

ကယ် .... ဒီ နှစ်မျိုး ကတော့ ကားတစ်စီး ဆေးအရောင် ပျက်စီး စေတဲ့ အကြောင်းရာတွေ ထဲမှာ အဖြစ်များ ဆုံး ပါပဲ ။ တခြား ပျက်စီးစေတဲ့ အကြောင်း ကို ဆက်လက်ရေး သွားပါမယ် ။

 ဒီလောက် ဆို ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်း များ မိမိ ကိုယ်ပိုင် ကားကို ဆေးအရောင် ထိန်းသိမ်း နိုင်လိမ့် မယ် လို့  မျှော်လင့်ပါတယ် ... ။


ဓာတ်ပုံကို google မှ ရယူခဲ့ပါသည်



ခင်မင်စွာဖြင့်



မောင်ဘုန်း