Pages

Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Saturday, December 3, 2011

ပုံပြင်လေးရဲ့ အဖြေ


အားလုံးပဲ မင်္ဂလာပါ ဗျာ ... ကျနော် အခုရက်ပိုင်း အတွင်း အလုပ်လည်းများ တစ်ဦးတည်းသော ညီမ လေးနှင့် ချစ်သူ ကောင်းကင်ဖြူ က တိုင်ပင်ထားသလို ချက်ချင်း ဆေးရုံ ရောက်တဲ့ အဆင့်ထိ ကျန်းမာရေး မကောင်းဖြစ်နေပါသောကြောင့် ဒီရက်ပိုင်း မှာ ဘယ်သူ ဆီကိုမှ အလည်မရောက် ဖြစ်တဲ့ အတွက် အရင်ဆုံးတောင်းပန် ပါရစေ ....

ဒီနေ့  တစ်ပတ်တိတိ ပြည့်တဲ့ နေ့ မို့ လို့ ပုံပြင်လေးရဲ့ အဖြေကို ပြောပြပါမယ် ... ဒီပုံပြင်လေးကို ဆရာမပြောပြတုံးကလည်း ကျနော် တို့ ကို အခုလိုပဲ မေးခွန်း နှစ်ခုမေးခဲ့ပါတယ် ... လူ ၆၀ ကျော်ရှိတဲ့ စာသင်ခန်းထဲမှာ ဆရာမပြောတဲ့ ပုံပြင်လေးရဲ့ အဖြေကို တစ်ယောက်မှ အတိကျ မဖြေ နိုင်ခဲ့ပါဘူး ... ။

အခုတော့  အရေးရော အချက်ပြုတ် ပါ ကောင်းမွန်လှတဲ့  ကျနော် တို့ ရဲ့
အစ်မ ချော (အစိမ်းရောင်လွင်ပြင်) က ပုံပြင်လေးရဲ့ အဖြေကို အတိကျ ဖော်ပြသွားပေးပါတယ် ... ။

အစ်မ ရေ ... အခုလို ဖြေဆိုပေးတဲ့ အတွက် ကျနော် မောင်ဘုန်းက အထူးပဲ ကျေးဇူးတင်ရှိ ပါတယ် ဗျာ ...

အစ်မ ချော (အစိမ်းရောင်လွင်ပြင်) ရဲ့ အဖြေက ...

ထင်တဲ့အဖြေကိုရေးမယ်နော်..
စော်ဘွားကြီးက အဲဒီလူ၂ယောက်ကို ဘာလို့သူခိုးလို့ ထင်သလဲဆိုတော့ အဲဒီ ၂ယောက်ဟာ လင်းတရဲ့ လက်၂ဖက်ကို မကိုင်ခဲ့လို့ ပါဘဲ.
သူခိုးဆိုတာက တကယ်ခိုးထားတဲ့သူ ဖြစ်လေတော့ စိတ်ထဲက မလုံပါဘူး.. သူကိုင်လိုက်ရင် ငှက်က အော်လိုက်မှာကိုစိုးပါတယ်. ဒါကြောင့် လင်းတကို မကိုင်ရဲပါဘူး။
စော်ဘွားက သူတို့၂ယောက် ငှက်ကို မကိုင်မှန်း ဘာကြောင့်သိသလဲဆိုတော့ လင်းတဟာ အလွန် ညစ်ပတ် ပေရေနေတယ်လို့ စာထဲမှာရေးထားတဲ့အတွက် လင်းတကို ကိုင်လိုက်ရင် ကိုင်တဲ့လူရဲ့ လက်ဟာလည်း ညစ်ပေသွားမယ်ဆိုတာသိနိုင်ပါတယ်။ 

ဒီလိုဆိုတော့လင်းတကိုမကိုင်ခင်အဝင်အထွက်မှာ စော်ဘွားရဲ့ လက်ကိုကိုင်ပြီး ဂါရဝပြုရတယ်ဆိုတော့ လင်းတကို မကိုင်တဲ့လက်ကို (မညစ်ပတ်တဲ့လက်ကို) စော်ဘွားက အလွယ်တကူ စစ်ဆေးရှာဖွေနိုင်ပါတယ်. ဒီနည်းနဲ့ သူခိုးဖမ်းမိသွားတာပါ
လင်းတဟာ ဘာတန်ခိုးမှ မရှိတဲ့ သာမန် ငှက်တစ်ကောင်ပါ။
(မှန်ရင် ဘာလက်ဆောင်ပေးမတုန်း) :P ......

အစ်မ ရဲ့ အဖြေကအတိကျ မှန်နေတဲ့အတွက် ကျနော် ပြန်မရေးတော့ဘူးနော် ... အနည်းငယ်ဖြည့် စွက် ရရင်တော့ စော်ဘွားကြီးက လင်းတ ဌက် မှာ သစ်စေး တစ်မျိုး သုတ်ထားပြီး ညစ်ပတ် အောင်လုပ်ထားခဲ့ပါတယ် ...

မှန်ရင် ဘာလက်ဆောင်ပေးမတုန်း  .... တဲ့ ... အယ် ... မောင်ဘုန်း အစ်မ comment စဖတ်မိ ကတည်းက စဉ်စားပါတယ် ... ဘာလက်ဆောင် ပေးရမလည်းလို့  ... အစ်မရေ ... ကျနော် လက်ဆောင်ရဲ့ တန်ဖိုးဆိုတာကို မကြည့်ပဲ စေတနာ အရင်းခံနဲ့  ရှိတာလေး ပေးလိုက်ပါတယ် ...နော် ..

အစ်မ ချော (စိမ်းရောင်လွင်ပြင်) နှင့် ပုံပြင်လေးမှာ ပါဝင် comment ပေးခဲ့ကြသော မိတ်ဆွေ သူငယ်ချင်းများအတွက် မောင်ဘုန်း ကြိုက်မိတဲ့ wallpaper ပုံလေးတွေ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ် ... 



နောက်ထပ် နီးဆုံး အဖြေမှန်တဲ့ သူကတော့ အပျိုကြီး(သမီးစံ) ပါ

Blogger သမီးစံ said......ဒီမေးခွန်းမှာ..အဖြေက
အသွားအပြန်ကိုင်ရတဲ့စော်ဘွားကြီး
လက်ကြောင့်ဖြစ်မယ်
ပြီးတော့..လင်းတငှက်.
အော်သံရယ်လို့..တစ်ခါမှမကြားဖူးဘူး အဲ့ဒီ့ငှက်က.မအော်တတ်ဘူးလို့ယူဆပါတယ် :P


... ဇာတ်တော် ထဲမှာ ဖတ်ဘူးတယ်ဆိုလို့  ရှိတဲ့ စာအုပ်တွေ လိုက် ဖတ်ကြည့်ပါသေးတယ် ...
အပျိုကြီးရေ မောင်ဘုန်း တော့ စာဖတ်အားနည်း တယ်လို့  ဆိုရမှာပဲ ရှာမတွေ့ ဘူး နော် ...


နောက်ထပ် သူငယ်ချင်းတွေက တော့ 
Blogger လမင်းငယ် said...
ဟီဟီ နောက်တစ်ပတ်မှာအဖြေစောင့်တော့မယ်နော်

အဖြေရေးပေးခဲ့ ပြီနော် ... ဟီဟီ (သူ့ လိုလုပ်ကြည့်တာ)

Blogger mstint said......တီတင့်လည်း အဖြေကိုနောက်အပတ်မှ ဖတ်တော့မယ် မောင်ဘုန်းရေး)
ချောဖြေတာမှန်လို့ တစ်ခုခုကျွေးမယ်ဆိုရင်တော့ တီတင့်ကို လက်တို့လိုက် လာအားပေးချင်လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အန်တီရေ ... မောင်ဘုန်း ၁၀ စုနှစ်အတွင်း အဆိုးရွားဆုံး ဆင်းရဲမွဲတေမှု့ နှင့် ကြုံတွေ့ နေရလိုပါ .. မောင်ဘုန်း အခန်းထဲမှာ စားစရာ ဆိုလို့  ကော်ဖီ တောင်မရှိတော့ လို့ ပါ .. အဟီး ....

AH said..... လက်ကိုမကိုင်ပဲ လင်းတရဲ့ ပါးစပ်ကို ပိတ်ပြီး ကိုင်ထားလို့ ဖြစ်မှာပေါ့... :)

နောင်တော် အတွေးလည်း ကောင်းတယ် ဗျာ ... ခက်တာက စော်ဘွားကြီး လင်းတ ဌက်ရဲ့ ပါးစပ်ကို သစ်စေး မသုတ်မိဘူးထင်တယ်နော် ... ကျေးဇူးပါ နောင်တော် .. အခုလို ပါဝင်ဖြေဆိုပေးတဲ့ အတွက်ပါ ....

Delete
Blogger မောင်(စွယ်စုံကျမ်း) said... အဖြေပေးနော် ကိုဘုန်းးးး လာရောက်ဖတ်သွာတယ် အဖြေကတော့ မပေးဘူး..ဟန်ဂျီအင်းပေးရမှာမလို့ ..နော်
ချင်းချင်းတွေ ဖြေတောင်း၇ဘူး

နောင်တော်ရေ ... ဟန်ဂျီအင်းကို အဖြေ ပေးလိုက်တော့လေ ... သနားပါတယ် ..သူ့ မှာ စောင့်နေရတာမော ရောပေါ့ ....

Delete
Blogger blackroze said..... မီးမီးမသိပါဘူး...

ဟုတ်ကဲ့ မောင်ဘုန်းလည်း ဘာပြန်ပြောရမှန်ကို မသိပါဘူး ... အဟီး ...
ကျေးဇူးပါ ... အစ်မရေ .... 
Blogger jasmine(တောင်ကြီး) said..... ဂျက်စမင်း မသိပါဘူး
ခင်မင်တာလေးပဲသိပါတယ်

ကဗျာတွေ အရေးကောင်တဲ့ အစ်မ ဂျက် ရေ .. ကျေးဇူးပါ နော် ...


Blogger မဒမ်ကိုး said.....ဆံပင်ဖြူနေပါတယ်ဆိုမှ ကိုမောင်ဘုန်း လာအုန်းစားပြန်ပြီ
စောင့်ဖတ်မယ်ဒါဘဲး)

အစ်မရယ် ... စိတ်မကောင်း မဖြစ်ပါနဲ့  ကိုရင် ရဲ့ အာလပ်ချိန် တွေမှာ အလုပ်ရတာပေါ့ ... အဟီး



ခင်မင်စွာဖြင့်

မောင်ဘုန်း




Saturday, November 26, 2011

သူခိုး ဖမ်းပွဲ








“ လူတွေဟာ စိတ်ကွယ် ရာ အရပ်မှာ မကောင်းမှု့  ပြု မို့  ဝန်မလေးတက် သလို စိတ်ကွယ်ရာအရပ်မှာ မကောင်းမှု့  ပြုတဲ့သူဟာ စိတ်ကွယ်ရာ အရပ်မှာ ပဲ ဝန်ခံ လေ့ရှိတက်ပါတယ် ”……………….

ဒီအကြောင်းရာလေး နဲ့  ပတ်သက်ပြီ ပုံပြင်လေး တစ်ပုဒ် လောက်ပြောပြ ပါမယ် ..


ထုံးစံအတိုင်း ပုံပြင်လေးဆုံးရင်တော့ မေးခွန်းလေး တစ်ခု မေးမယ်နော် … အဟီး …


ဒီ ပုံပြင်လေးကို လွန်ခဲ့တဲ့ ၅နှစ် ကျော်ကျော်လောက် က ကျောင်းမှာ  law of contract ဆိုတဲ့ ဘာသာရပ် ကို သင်ကြားပို့ ချတဲ့ ဆရာမ ကပြောပြတာပါ ။


law of contract ဘာသာရပ်ဆိုတာ ဥပဒေ အရ ဘယ်လိုအခြေနေမှာ contract ဖြစ်တယ် ၊ မဖြစ်ဘူးဆိုတဲ့ အကြောင်းရာကို အဓိက သင် ရတာပါ ... ။

  
တခါတလေ ဥပဒေ ဆိုတာနေရာတိုင်းမှာ သုံးလို့ မရတဲ့ အတွက် တရားဥပဒေ

စိုးမိုးမှု့ မရှိတဲ့ နေရာမှာ အကြောင်းရာ တစ်ခုကို contract ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်မို့  စိတ်ပညာနှင့် တရားစီရင်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးကို သင်ကြားရင် ဆရာမ က ဒီပုံပြင်လေး ပြောပြခဲ့တာပါ …။

ကယ် .. လိုရင်းကို မရောက်တော့ဘူး  … စ မယ်နော် ….



တစ်ခါတုန်းက လူသူ အရောက်နည်းတဲ့ ရွာ (၇) ရွာကို အုပ်ချုပ်ရတဲ့ စော်ဘွားကြီး တစ်ဦး ရှိသတဲ့ …

ရွာသူ ရွာသား တွေဟာ စော်ဘွားကြီးကို တန်းခိုး ရှိတယ် လို့  ယုံကြည်ပြီ လွန်စွာ ရိုသေ တက်ပါသတဲ့ …
အယ် … တချို့ ဆို သူတို့ ကိုးကွယ်တဲ့ နတ်ဘုရား ရဲ့ သားတော် လို့  မှတ်ယူပြီး ကိုးကွယ် ယုံကြည် ကြတယ်လေ ….။

တစ်နေ့ မှာ တော့ စော်ဘွားကြီးဟာ နှစ်စဉ်ကျင်းပ တဲ့ နတ်ဘုရား ပူဇော် ပွဲကို တက်ရောက်မို့ ရွာ (၇) ရွာမှာရှိတဲ့ ရွာသူ ရွာသား အားလုံးကို မိမိ နေထိုင်တဲ့ ရွာကို ဖိတ်ခေါ် လိုက်တယ်ကွယ် ……။


စော်ဘွားကြီးတို့  လူမျိုးစုဟာ ရိုးရာ နတ်ဘုရားကို ပူဇော် တဲ့ နေရာ မှာ အစဉ်လာလေး တစ်ခုရှိသတဲ့ …


နတ်ဘုရား ပူဇော်ပွဲလုပ်တော့မယ် ဆိုရင် နတ်ဘုရား ရုပ်ထု ရှိရာ ခြံဝန်းကြီးထဲ မှာ စော်ဘွာကြီးအပါဝင် အမျိုးသား များသာ ခြံဝန်းကြီးထဲကို ဝင်ခွင့်ရှိပြီး၊ နတ်ဘုရားပူဇော်ပွဲ တစ်နေ့ နဲ့  တစ်ည အချိန်ထိ အပြင်ထွက်ခွင့် မရှိပါဘူး အမျိုးသမီးများကတော့ ခြံဝင်ကြီးရဲ့ အပြင်ဘက်နေ ပူဇော် ရတော့ပေါ့ကွယ် …


အယ် …ဒီလိုနဲ့  နတ်ဘုရားပွဲ လုပ်ပြီးလို့  အမျိုးသားအားလုံး ခြံဝန်း ထဲက ထွက် ရတော့မဲ့ အချိန်ရောက်မှ ပြဿနာ တစ်ခုဖြစ် သတဲ့ …


ဖြစ်ပုံကတော့ နတ်ဘုရားရုပ်ထုရှေ့ မှာ ပူဇော်ထားတဲ့ စော်ဘွားကြီး ဆွေစဉ်မျိုးဆက် ပိုင် အရည်သွေးအလွန် ကောင်းတဲ့ ကျောက်စိမ်း တုန်း … ၃ တုန်း ပြောက်နေ တယ်လေ ….


 ဒီသတင်းကြားတော့ စော်ဘွားကြီးက ဘယ်သူမှ အပြင် ထွက်ခွင့် မရှိဘူးလို့ 

အမိန့် ထုတ်ပြန်ပြီ ဖြစ်စဉ် ကို သေချာ မေးသတဲ့ …

အဲ့ဒီ ကျောက် စိမ်း တွေဟာ မနေ့ က ညနေထိ နတ်ဘုရားရုပ်ထု ရှေ့ မှာ ရှိနေပြီး ည ကမှ ပြောက်သွား တယ်လို့  စော်ဘွာကြီးရဲ့ အစောင့်တွေ က ပြောသတဲ့ … ။


နောက်ပြီး အပြင်လူလည်း ဘယ်သူမှ အဝင်ထွက်မရှိ တော့ သူခိုးဟာ ဒီထဲမှာပဲလို့  စော်ဘွားကြီးက ကောက်ချက် ချသတဲ့ .... ။


ဒါနဲ့  စော်ဘွာကြီးက  (၇)ရွာပေါင်း အမျိုးသား အယောက် တစ်ရာ ကျော်လောက်ရှိတဲ့ သူတွေကို နတ်ဘုးရားရဲ့ ကျောက်စိမ်း ကို ပြန်ပေးမို့  တောင်းဆိုးပြီး အခုချိန် ပြန်ပေးမယ် ဆိုရင်

အပြစ်ဒဏ်ကို သက်ညှာ စွာ စဉ်းစားပေးမယ်လို့  ပြောပြီ အချိန် နာရီ ဝက် ပေးသတဲ့…

ဒါပင်မဲ့ အချိန်ပြည့်တဲ့အထိ ဘယ်သူမှ ထွက်မလာဘူးလေ …။


အဲ့ဒီအချိန်မှာ စော်ဘွားကြီးက လင်းတ ဌက် တစ်ကောင် ကို ယူလာပြီ အခုလိုပြော သတဲ့ ……

“ရွာသားအပေါင်းတို့  နတ်ဘုရားရဲ့ ကျောက်စိမ်း ကို ခိုးတဲ့ သူဟာ အခု ဒီလူ စုမှာ ပဲရှိနေပါတယ် … ဒီ သူခိုးဟာ နတ်ဘုရာရဲ့ ပစ္စည်းကို ခိုးသောကြောင့် လွန်စွာမှ အပြစ်ကြီး ၍ သေဒဏ် ပေးရပါမယ် ...

အခု ငါ့ လက်ထဲက ဌက် ဟာ လွန်စွာမှ တန်ခိုးရှိတဲ့ ဌက်တစ်ကောင်ဖြစ်တယ် ....

ဒီဌက်ကို လက်နှစ်ဖတ် နှင့် ကိုင်ပြီး နတ်ဘုရားရဲ့ ပစ္စည်းကို မခိုးပါဘူးလို့  သစ္စာ ဆိုရပါမယ် ....

နတ်ဘုရာရဲ့ ပစ္စည်းကို ခိုးတဲ့ လက်နဲ့  ဒီ ဌက်ကို ကိုင်မိရင် … တန်ခိုးရှိတဲ့ ဒီ ဌက်ဟာ အသံပြု မည်ဖြစ် တယ် ….

ဒါကြောင့် နတ်ဘုရာရဲ့ ပစ္စည်းကို မခိုးပါဘူးလို့  ဒီ ဌက်ကို ကိုင်ပြီး တစ်ဦး ချင်စီ သစ္စာပြုမို့  မိမိရွာ အလိုက် အဖွဲခွဲကာ တန်းစီးထားကြပါ …. ”


အဲ့လို စော်ဘွာကြီးက ပြောတော့ အားလုံးက စော်ဘွာကြီး လက်ထဲက ဌက်ကို သေချာကြည့် တာပေါ့ …

စော်ဘွာကြီး လက်ထဲက လင်းတ ဌက်ဟာ ဘာမှ ထွေထွေ ထူးထူး ဌက်မဟုတ်တဲ့ အပြင် အလွန် ညစ်ပတ် နေတဲ့ လင်းတ ဌက်တစ်ကောင် ဖြစ်နေတော့ တချို့ လည်း ဒီဌက်ဟာ တန်းခိုးရှိတယ် လို့  မယုံ ဘူးပေါ့ကွယ် …

ဒါပင်မဲ့ စော်ဘွားကြီးကို ကြောက်ရတော့  စော်ဘွာကြီး ပြောသလိုပဲ သစ္စာပြုမို့  တန်းစီ ရတာပေါ့ကွယ် …

စော်ဘွာကြီး က တော့ လက်ထဲက ဌက်ကို ခြံဝန်းကြီးထဲက မိမိရဲ့ ယာယီ တဲ အိမ်ထဲမှာ ထည့်ပြီ တဲ အိမ်အပြင်ဘက်ကနေ ထိုင်ခုံ နဲ့  ထိုင်နေတာပေါ့ …

ဒီလိုနဲ့ ရွာသားတွေ ဟာ တစ်ယောက်ပြီး တစ်ယောက်  စော်ဘွားကြီးရဲ့ ဌက်ကို ကိုင်ပြီ မခိုးပါဘူးလို့  သစ္စာပြု ကြသတဲ့


သူတို့  သစ္စာပြုပုံ ဒီလိုပါ …..

၁ …. သစ္စာပြုမဲ့သူဟာ စော်ဘွာကြီးကို အရင်ဆုံး အရိုသေပြုရပါတယ် လူမျိုးစု ရိုးရာအတိုင်း လက်နှစ်ဖက် နှင့်  လက်ဆွဲ နှုတ်ဆက်ပြီး စော်ဘွားကြီးကို အရိုသေပြုပြီး

၂ … အခန်းထဲ ဝင် ကာ ဌက်ကို လက်နှစ်ဖက်ကိုင် ၍ မခိုးပါဘူးလို့  သစ္စာပြုရပါတယ်

၃ …. သစ္စာပြုပြီးလို့  ပြန်အထွက်မှာ ဝင်လာတုန်း ကအတိုင်း စော်ဘွားကြီ ကို အရိုသေ ပြုပြီး သက်မှတ်ထားတဲ့ နေကို ပြန်ရပါတယ် ….

အဲလို တစ်ယောက်ပြီး တစ်ယောက် သစ္စာပြု ကြတာ ရှိသမျှ လူတွေသာ 
 ကုန်သွားတယ် စော်ဘွာကြီး ပြောသလို တန်ခိုးရှိတယ်ဆိုတဲ့ ဌက် က ဘာအသံမှ မထွက်ဘူးလေ ….

ဒါပင်မဲ့ အားလုံး သစ္စာပြု ပြီးတဲ့ အချိန်မှာတော့ စော်ဘွားကြီးက သူ့ အစောင့်တွေ ကို လူနှစ်ယောက်ကို ဖမ်းမို့  အမိန့် ပေးလိုက်တယ်……….  ကွဲ့ ….


နောက်ဆုံးတော့ အဲ့ လူနှစ်ယောက်က ခိုးမိကြောင်း ဝန်ခံပြီ သူတို့  ဝှက်ထားတဲ့ ကျောက်စိမ်းတွေ ကို ပြန်ပေးရတော့တာပေါ့ ….

ကယ် … ပုံပြင်လေးကတော့ ဒီမှာ တင်ပြီးပါပြီ


အတက်နိုင်ဆုံးတော့ ရှင်းအောင် ရေးထာပါတယ် … ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တော့ ရှုပ်နေသလိုပဲ …

ကျနော် မေးခွန်းလေး မေးမယ်နော် ….


၁ … စော်ဘွားကြီးက … လူတွေအများကြီးထဲကမှ အဲ့ဒီ လူနှစ်ယောက်ကို သူခိုးပါလို့  … ဘယ်လိုသိပါ သလဲ …???


၂ … စော်ဘွားကြီးပြော သလို သူ့ ရဲ့ လင်းတ ဌက် က တစ်ကယ်ပဲ တန်းခိုး ရှိတယ်လို့  ထင်မိပါသလား ….???


ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း နှင့် ဒီ ပုံပြင်လေးကို မတော်တဆ ဖတ်မိ သူတို့ ခဗျာ …. ပုံပြင်လေးရဲ့ အဖြေ ကို စဉ်းစား ပေးပါလို့  .. လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ် ….


ဒီပုံပြင်လေးနဲ့  ခပ်ဆင်ဆင် ဝတ္တု တိုတစ်ပုဒ် ကို ကျနော် ဖတ်ဘူးပါတယ် … သိပြီးသာဆိုရင်တော့ တောင်းပန်ပါတယ် ဗျာ … ပုံပြင်လေးရဲ့ အဖြေ ကို နောက်တစ်ပတ် မှာ ဖော်ပြ ပေးပါမယ် ….


ပုံကို တည်ဖြတ်၍ ပြန်ဆွဲထားသည် လင်းတ ပုံစံ တော့ ထွက်မလာပါ 


ခင်မင်စွာဖြင့်


မောင်ဘုန်း

Thursday, November 3, 2011

ပုံပြင်လေးရဲ့ ... အဖြေ


မင်္ဂလာပါ … ဗျာ …ဒီနေ့ တော့  ကျနော် ပုံပြင်လေးရဲ့ အဖြေကို ပြောပြပါမယ် …

ကျနော် တို့ သူငယ်ချင်း တစ်စု ကို … ကိုဇော် ဒီပုံပြင်လေးပြောပြတုံး ကလည်း အခု ကျနော် မိတ်ဆွေ သူငယ်ချင်းတွေ ပြောသလိုပါပဲ .. တချို့ က B ကို ရွေးသလို တချို့ က A ကို ရွေးပါတယ် ..
အယ် ...  တချို့ ကလည်း ဘယ်သူ့ ကိုမှ မရွေးဘူးတဲ့ …

ဒါပင်မဲ့ … B ကို ရွေးတဲ့သူ များခဲ့ပါတယ် .. ကျနော် လည်း B ကို ပဲ ရွေးခဲ့တယ်လေ … သူက ချစ်သူ အတွက် သစ္စာ ရှိတယ်ဆိုပြီ တော့...ပေါ့ ဗျာ …

အမှန်တော့ ပုံပြင်လေးထဲ က ကောင်မလေး က ….. A ဆိုတဲ့ ကောင်လေးကို ရွေးသွားပါတယ် တဲ့ ဗျာ …

ဘာကြောင့်လည်းဆိုရင် … ဒီလို ရွေးဖြစ်သွားအောင် လုပ်ပေးလိုက်တဲ့ အဓိက တရားခံ ကတော့ 
 မိုးနတ်မင်းကြီးပါပဲ ဗျာ … ဒီလိုပါ ….

မိုးနတ်မင်းကြီးရဲ့ တန်းခိုးတော်ကြောင့် …

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် ….
၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် …
၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် …
၎ … သုံးယောက် စလုံး သူတို့  ဘာဖြစ်ခဲ့ တယ်ဆိုတာ ပြန်မှတ်မိစေတယ် …..

အဲ့လို ဖြစ်သွားတယ်နော် …

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် …. ဒီကောင်လေး အရင်လိုပဲ ပြန်ရှင်လာ တာ ဘာမှ ပြောစရာ မရှိပါဘူး … အားလုံးကို ပြန် မှတ်မိစေ တော့ အရင်လိုပဲ ဘာမှမထူး ဆန်းဘူးလေ …

၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် … သူလည်း A ဆိုတဲ့ ကောင်လေးနဲ့  တူတူပဲနော် …ရင်လိုပြန်ရှင် လာတယ်ဆို တော့ အရင်တိုင်းပဲပေါ့ …

၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် … အယ် ..သူကတော့ မိုးနတ်မင်းကြီး သနားတာလွန် သွားတယ် ထင်ပါရဲ့ … အရင်လို တော့ စိတ် ပုံမှန် ဖြစ်သွာပင်မဲ့ .. နှစ်ပေါင် ၄၀ လုံးလုံး ဆုတောင်းနေတဲ့ သူ့ ရဲ့ အသက်ဟာ … အဖိုးကြီးတစ်ယောက် အရွယ် ဖြစ်နေတာပေါ့ ….နော် …. မိုးနတ်မင်းကြီး က သူ့ ကိုအရင်လို အသက်ရွယ်မျိုး ပြန်မလုပ်ခဲ့ဘူးလေ …

ကဲ …. C ဆိုတဲ့ ကောင်မလေးက သူ့ ရှေ့ မှာ သူ့ ကို အ၇မ်းချစ်တဲ့ နှစ်ယောက် ရှိနေပါတယ် …

တစ်ယောက်က အချစ်တွက်ဆို အသက်တောင် ပေးရဲ တယ် … နောက်တစ်ယောက် က သူ့ အပေါ် သစ္စာရှိ တဲ့ သူ … ဒါပင်မဲ့ တစ်ယောက်က သူမ နှင့်ရွယ်တူ … ကျန်တစ်ယောက်ကတော့ အဖိုးကြီး ဖြစ်နေ ပါပြီ ……

ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်း တို့  ခဗျာ … မိန်ကလေးတစ်ယောက် ဟာ …
သူ့ အပေါ် အရမ်းချစ်မှန် သိပင်မဲ့လည်း သူမ ဘဝအတွက် လက်တွဲဖော် တစ်ယောက်ဟာ သူ့ မ နဲ့  အသက် ၄၀ ကျော် ကွာနေမယ်ဆို …. သူမဘဝ အတွက် မရွေးချယ်လောက်ဘူး ထင်တယ်နော် … .

ပုံပြင်လေးရဲ့ အဖြေ ကို ကျေနပ်ကြ လိမ့်မယ်လို့  မျှော်လင့်ရပါတယ် …

ပုံပြင်လေးထဲက C ဆိုတဲ့ကောင်မလေး နေရာကနေ ပါဝင်ရွေးချယ်တဲ့ ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးပါပဲနော် ….

ခင်မင်စွာဖြင့်

မောင်ဘုန်း

Sunday, October 30, 2011

မိန်းကလေး တစ်ယောက်ရဲ့ ရွေးချယ်မှု့  ...






အားလုံးပဲ မင်္ဂလာ ညချမ်း လေးပါဗျာ …ဒီနေ့  တော့ အလုပ်စောစောသိမ်းလို့  အချိန်လေး ၇တာနဲ့  ပုံပြင်လေး တစ်ပုံ ပြောပြချင်ပါတယ် ….


ဒီပုံပြင် လေးကို ကျနော် ၇န်ကုန်မှာ CBL တက်စဉ်တုန်း က ရန်ကုန် တက္ကသုလ်  ရာမည ဆောင် ဘေးက happy hour (အခုတော့မရှိတော့ဘူးလို့ သိရပါတယ်) ဆိုတဲ့ ဆိုင်လေးမှာ ကျနော် တို့ သူငယ်ချင်း တစ်စုကို ကိုဇော် ဆိုတဲ့ သူငယ်ချင်း တစ်ယောက်က ပြောပြတာပါ …

ဒီ ပုံပြင် လေးကို  … ကိုဇော် ကမပြောခင် ကျနော် တို့  သူငယ်ချင်းတွေ ကြားမှာ အငြင်းပွားနေတဲ့ အကြောင်းရာလေးတစ်ခုရှိခဲ့ပါတယ် ..

အဲဒီ ကြောင်းရာလေးကတော့ … ကောင်မလေးတွေဟာ မိမိအိမ်ထောင်ဘက် ကို ရွေးချယ် တဲ့ နေရာမှာ အချစ်ကိုဦးစားမပေးတက်ပဲ အချစ်ဆိုတာထက် .. မိမိဘဝ အတွက် လုံခြုံ စိတ်ချရတဲ့သူ … ပြည့်စုံတဲ့ သူ .. အားကိုးလောက်တဲ့သူ ကို ဦးစားပေး ရွေးချယ်တက်တယ် လို့  ဒီအဆိုကို ကိုဇော် ကပင်စပြောခဲ့တာပါ .…

သူငယ်ချင်းတွေထဲမှာ ရှိတဲ့ ကောင်မလေးတွေ က .. အားလုံးတော့မဟုတ်ပါဘူး လို့  ကိုဇော် ရဲ့ အဆိုကို
ကန့် ကွက် ကျတာပေါ့ … 

ကျနော် တို့ ကတော့ ကိုဇော် ဖက်ကပေါ့ … အဲ့လို တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားနေတုံး ကိုဇော် ကအားလုံးကို မိန်းကလေးတစ်ရဲ့ ရွေးချယ်တက်မှု့  ပတ်သက်ပြီး ပုံပြင်လေး  ပြောပြမယ် … ဆိုပြီ … အောက်ပါ ပုံပြင်လေးကို ပြောပြပါတော့တယ် … 

တခါတုန်းက A ဆိုတဲ့ ကောင်လေးနဲ့  B ဆိုတဲ့ ကောင်လေးဟာ အရမ်းချစ်ကြတဲ့ ငယ် သူငယ်ချင်းတွေတဲ့

ချမ်းသာတဲ့ မိဘတွေ ကြောင့် အရာရာပြည့်စုံတဲ့ သူငယ်ချင်းနှစ်ယောက် ဟာ ညီကို အရင်းတွေ ထက်ကို ပိုချစ်ကြသတဲ့ ….

အယ် … တစ်နေ့ မှာတော့ အဲ့ဒီ ကောင်လေးနှစ်ယောက်ဟာ .....
C ဆိုတဲ့ ကောင်မလေး ကိုတူတူတွေ့ ခဲ့ကြပြီး မြင်မြင်ချင်း ချစ်မိ ဆိုသလို နှစ်ယောက် စလုံးက ကောင်မလေး အရမ်း ချစ်သွား ပါရောလေ …

အဲ့ဒီမှာ သူငယ်ချင်း နှစ်ယောက် ကတိ တစ်ခုထားခဲ့ တယ်တဲ့ … ကောင်မလေး က တစ်ယောက် ယောက် ကို ရွေးချယ် ရင် သူတို့  နှစ်ဦး အရင်လို ပဲ အခင်မင် မပျက် ဆက်လက်နေထိုင် သွားမို့ နဲ့  ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားမို့  နှစ်သဘောတူခဲ့ပါတယ် …

ကောင်မလေး က လည်း ရွေး ရခက်တာ ပေါ့ … နှစ် ယောက် စလုံး ကလည်း အပြစ်ပြောစရာမရှိ
သူ့ အပေါ်ထားတဲ့ အချစ်တွေ ကလည်း တူတူ ဖြစ်နေတော့  ကောင်မလေး က ရွေးရခက်နေတာပေါ့ …

ဒီလိုနဲ့  အချိန်တွေကြာလာတော့ ကောင်မလေး က တစ်ယောက် ယောက်ကို တော့ ရွေးမှဖြစ်တော့ မယ်ဆိုပြီ ..
ကောင်လေးနှစ်ယောက် စလုံး ကို ခေါ်ပြီး ….. အခုသွားမဲ့ ခရီးက ပြန်လာရင် တစ်ယောက် ကို ရွေးချယ်မယ်
လို့  ပြောခဲ့ သတဲ့ .. အဲ့ဒီမှာ ကောင်မလေးက ခရီးထွက်သွားတာပေါ့ ............................

ကယ် … ပုံပြင်က အခုမှ စ မှာနော် … အဲ့ဒီ သုံးယောက် ရဲ့ ကံတရား က ဒီလို လေးဖြစ်သွားပါတယ် ….

ကောင်မလေး က ခရီး သွားရင်နဲ့  လမ်းမှာ လှေမှောက်ပြီ ရေနစ် ဆုံးသွာပါလေရော ဗျာ …..

ကောင်မလေး ဆုံးသွားတယ် ဆိုတဲ့ သတင်းကို A ဆိုတဲ့ ကောင်လေးက အရင် သိပါ သတဲ့ ….
အဲ့ဒီ ကောင်လေးက ကောင်မလေးကို အ၇မ်း ချစ်လို့  ချစ်သူနောက်ကို လိုက်ခဲ့မယ် ဆိုပြီ မြစ်ထဲ ခုန်ချ ကာ … သူလည်း ရေနစ် ပြီး ဆုံးသွားသတဲ့ ….

အယ် … B ဆိုတဲ့ ကောင်လေးကတော့ … အရမ်းချစ်ရတဲ့ ချစ်သူ နှင့် သူငယ်ချင်း ဆုံးသွားပြီ ဆိုတဲ့ သတင်းလည်းကြားရော ...... ရှုး သွားပါသတဲ့ ….

အဲ့ဒီ ရှုး နေတဲ့ ကောင်လေးဟာ  ဆုံးသွားတဲ့ သူငယ်ချင်း အုပ်ဂှု နဲ့  ချစ်သူ အုပ်ဂှု ရှေ့ မှာ နေ့ တိုင်း ပြန်လည်ရှင် သန် လာပါစေလို့  ဆုတောင်းနေရှာ သတဲ့ ….

အဲ့လို နေ့ တိုင်း ဆုတောင်းနေလိုက်တာ ဘယ်လောက်တောင်ကြားသလည်း ဆိုတော့ နှစ် ပေါင်း ၄၀ တိတိ ကြားသွားပါရော ..ဗျာ ..

အယ် … အဖြစ်ပျက်အားလုံးကို သိတဲ့ မိုးနတ်မင်းကြီးက နေ့ တိုင်း ဆုတောင်းနေတဲ့ ကောင်လေးကို သနားလို့  ဆိုပြီ  သူ့ တန်ခိုးနဲ့  အားလုံး ပြန်ပြီး အသက်သွင်း ပေးခဲ့ပါတယ်  …

မိုးနတ်မင်းကြီး ရဲ့ တန်ခိုး တော် ကြောင့် …..

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် ….
၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် …
၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် …
၎ … သုံးယောက် စလုံး သူတို့  ဘာဖြစ်ခဲ့ တယ်ဆိုတာ ပြန်မှတ်မိစေတယ် …..

ကယ် … C ဆိုတဲ့ ကောင်မလေးက … ဘယ်သူကို မိမိဘဝ လက်တွဲဖော် အဖြစ် ရွေး မလဲ ဗျာ …….
ဒီပုံပြင် လေးထဲ က C ဆိုတဲ့ ကောင်မလေး ရွေးချယ်မှု့  ဟာ အများအားဖြင့် မိန်းကလေး တစ်ယောက် ရဲ့ ရွေးချယ်မှု့ ပဲ ဖြစ်ပါတယ် …

ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများနှင့် .. အထူးသဖြင့် မိန်ကလေး blogger များ ဖြစ်ကြသော သမီးစံ (အပျိုကြီး) ၊ အစ်မ စံပယ် ( Jasmine တောင်ကြီး ) ၊ မဒိုးတန်(မဒမ်ကိုး) ၊ အစ်မ အိပ့်မက်စေရာ ၊ အစ်မ jerry pigpig ( ခံစားမှု့ သံစဉ်) ၊ အစ်မကြီး ချော (အစိမ်းရောင်လွင်ပြင်) ၊ အစ်မ မိုးငွေ့ (မိုးငွေ့ နှင့်အတူ) ၊ မေတ္တာရိပ် …. တို့  … ရေ …

C ဆိုတဲ့ ကောင်မလေး နေရာမှာသာ ဆို၇င် ဘယ်သူကို ရွေးမလဲ ဟင် … ဘာကြောင့် ရွေးတယ် ဆိုတာလေးပါ ပြောပြပေးပါနော် …

ပုံပြင်လေးရဲ့ အဖြေ ကို နောက်တစ်ပတ် မှာဖော်ပြပေးပါမယ် …
သိပြီးသား ဆို၇င်တော့ တောင်းပန်ပါတယ် ဗျာ ….


C.B.L အပတ်စဉ် (၉) ရာမညဆောင် မှ ကိုဇော် နှင့် သူငယ်ချင်းများ ကို အစဉ် သတိရလျှက် …..

မောင်ဘုန်း


Friday, February 18, 2011

အမှန်တရား

အမှန်တရား

ဒီနေ့ တော့ ပုံပြင်လေးတပုဒ် ပြောပြမယ် …ထုံစံ အတိုင်း … ဟိုအဝေးကြီးတုံးကပေါ့ကွယ်… ဘာတိုင်းပြည်ပါလိမ့်… အဲ … ဘာမင်းကြီးလဲ … ဟင်း …. ထားပါတော့လေ ..တိုင်းပြည်တပြည်မှာ အလွန်တော်တဲ့ မင်းကြီးတပါးရှိသတဲ့ …. မင်းကြီးလုပ်တဲ့သူ တော်မှတော့ … တိုင်းပြည်ကြီးလည်း တိုးတက်သာယာ တာပေါ့နော် …. အယ် … အဲ့ဒီမင်းကြီးက ဘာစိတ်ကူးပေါက်တယ်မသိဘူး … တနေ့ မှာ တောကစားထွက်လေတယ် …. လေ … အမဲလိုက်တယ်ဆိုပါတော့ကွယ် …. မင်းကြီးကသူရဲ့စီးတော်မြင်းနဲ့  ဘယ်သူမှ ခေါ်မလားပဲတယောက်တည်း တောထဲကိုထွက်လာခဲ့တယ်လေ …. တောထဲရောက်တယ်ဆိုရင်ပဲ တွေ့ သမျှသားကောင်းကိုပစ်မယ်ဆိုပြီး လေးကတဖက် လက်စွဲတော်ဓားကတဖက်နဲ့  သားကောင်နောက်ကိုလိုက် လိုက်တော့တာပဲကွယ် …. တိုင်းရေးပြည်ရာ မှာအလွန်တော်တဲ့မင်းကြီး ဟာ အချိန်တော်တော်များများ တွေ့ သမျှ သားကောင်းနောက်လိုက်သော်လည်း တစ်ကောင်မှ မရရှာဘူးကွယ် ….
ကြာလာတော့ သားကောင်နောက်ကိုပြေးလိုက်ရလွန်းတော့ သူ့ ရဲ့စီးတော်မြင်းက ရေ မဆာပဲ မြင်းပေါ်မှာထိုင်လိုက်ရတဲ့ မင်းကြီးက ရေ ဆာ လာသတဲ့ကွယ် …. ဒါနဲ့ ပဲ အမဲမလိုက်တော့ပဲနဲ့  ရေလိုက် …….. အယ် …… ရေလိုက်ရှာသတဲ့ ….
ဟိုဟိုဒီဒီ ရှာရင်းနဲ့  တဲအိမ်လေးတစ်လုံးသွားတွေ့ တယ်ဆိုပါတော့ကွယ် … မင်းကြီးလည်း ရေဆာနေတာနဲ့  တဲထဲဝင်ပြီး ရေ တောင်းသောက်တာပေါ့…. ရေသောက်ပြီးကာမှပဲ သူ့ ကိုရေတိုက်တဲ့ သူ့  ကိုသေချာကြည့်မိ သတဲ့ … သူ့ ကိုရေတိုက်တဲ့သူက အဖွားအိုးတစ်ယောက်ဖြစ်နေတယ်လေ …
အဖွားအိုက မင်းကြီးကိုနေရာထိုင်ခင်းပေးပြီး ခဏလောက်အနားယူ မို့ ပြောသတဲ့ …. မင်းကြီးလဲ ဖွားအိုပေးတဲ့နေရာမှာထိုင်ပြီ အဖွားအိုကို ထိုသို့ မေးလေတယ် ကွယ် ….
“ အဖွားက အဘယ်ကြောင့် လူမနီးသူမနီးတဲ့ ဒီတောထဲမှာတစ်ယောက်တည်းနေရတာလည်း ….. နောက်ပြီး ကျွန်တော်မျိုး ကိုဘယ်ကြောင့် မင်းသားတစ်ပါးလို ပြောဆိုဆက်ဆံရတာလည်း …..အဖွား …. “
အဖွားအိုးကလည်းထိုသို့ ပြန်ဖြေတယ် …. လေ ….
“ သူငယ် ကို နန်းတော် က မင်းသားတစ်ပါလို့ ထင်မိတာလွယ်ပါတယ် …ကွယ် … သူငယ်ရဲ့ နေပုံထိုင်ပုံ နောက်ပြီး သူငယ်လက်မှာကိုင်ထားတဲ့ ရတနာဓားဟာ မင်းမျိုးမင်းနွယ်ဆိုတာ သက်သေခံနေတယ်လေ သူငယ်ရဲ့ …. တောထဲမှာနေရတာတော့ ရွာထဲကလူတွေက လက်မခံလို့  ဒီမှာလာနေရတာပါ ..။ အဖွားမှာ အကျင့် တခုရှိတယ်ကွဲ့  မင်းသားလေး ရဲ့ အဖွားက မှန်တာတွေ့ ရင်မှန်တဲ့အတိုင်းပဲပြောမိတယ် .. ကြာလာတော့ ရွာထဲကလူတွေက အမှန်တွေကြီးပြောလို့ ဆိုပြီး ရွာအပြင်ထုတ်ထားကြတယ်လေ .. အရင်ကတော့ဟို့ ရှေ့ ကရွာမှာနေတယ် …. မင်းသားလေးရဲ့ ….”
အမှန်တရားကိုမြတ်နိုးတဲ့ မင်းကြီးက အဖွားအို ကိုသနားမိသတဲ့ … နန်းတော်ပြန်ရောက်ရင် အဖွားအိုအကြောင်းကို သေသေချာချာလူလွတ် စုံစမ်းပြီး အမှန်တရားကိုမြတ်နိုးတဲ့ အဖွားအိုကို သူကောင်းပြုမယ် စဉ်းစားနေမိတယ်လေ ……..
စိတ်မြန်လက်မြန်ရှိတဲ့ မင်းကြီးဟာ အခုချက်ခြင်း ပဲ နန်းတော်ပြန်မယ်ဆိုပြီး  အဖွားအိုကိုနှုတ်ဆက်၍ သူ့  ရဲ့စီးတော် မြင်းရှိရာကိုထွက်ခဲ့သတဲ့ ….
အယ် … အဖွားအိုကတော့ မင်းကြီးရဲ့ လျှင်မြန်မှု့ ကြောင့်ဘာမှာကိုမပြောလိုက်ရပဲ ကျန်ခဲ့တာပေါ့ကွယ် …
မင်းကြီးထိုင်တဲ့နေရာကိုကြည့်လိုက်တော့ မင်းကြီးရဲ့ လက်စွဲတော်ဓား ကျန်ခဲ့သတဲ့ … ဒီတော့မှ အဖွားအိုလည်းမနေသာတော့ပဲ မင်းကြီး နောက်ကိုလိုက်ပြီး လက်စွဲတော်ဓား ကိုလိုက်ပေး သတဲ့ ….
အဲဒီအချိန်မှာ မင်းကြီးဟာ သူ့ စီးတော်မြင်းနဲ့ တဲ ရှေ့ က ထွက်ခွာစ ပြုနေပြီလေ ……
အဖွားအိုဟာ လက်တစ်ဖက်က ဓား ကိုင်ပြီ “ အမောင် မင်းသား အမောင် မင်းသား “  ဆိုပြီး နောက်ကနေ လိုက်ခေါ် တာပေါ့ကွယ် …
ဒါပင်မဲ့ မင်းကြီးကမကြားရှာဘူး ….ကွယ် ..
အဖွားအိုလဲ ပြေးရင်းနဲ့ ရှိသမျှ အသံကုန်အော်ခေါ်တော့တာပေါ့ …..
“ အိုး …. အမောင်မင်းသား …မျက်စိစောင်းနေတဲ့ မင်းသား … အို မျက်စောင်းမင်းသား ဓားကျန်ခဲ့ပြီး ကွယ့် …”
ဒီတော့မှပဲ  မင်းကြီးက ကြားသတဲ့ ကွယ် မင်းကြီးလဲ ဓားကို ပြန်လာယူ ပြီး အဖွားအိုကို ဘာစကားတခွန်းမှမပြောပဲ နန်းတော်ရှိရာသို့ ထွက်ခွာသွာလေ တယ်လေ ….
မင်းကြီးရဲ့ စိတ်ထဲ မှာတော့ အဖွားအို ကိုဒီလို ပြောသွားခဲ့တယ် ကွယ့်
“ ဒီ အဖွားကြီး ဒီထက်ဝေးတဲ့ နေရာကိုပို့ ရမယ် …. ”

ကယ်ပုံပြင် လေးကတော့ပြီးသွားပါပြီး
ပုံပြင်ထဲကလိုပဲ အမှန်တရားဆိုတာ နေရာတိုင်းမှာ မရှိဘူးဆိုတာ အားလုံးနားလည်းကြပါနော် ….
ကျနော်လည်း ဗိုက်ဆာလာပြီ ထမင်းစားလိုက်အုံးမယ် ….
အချိန်ရရင် နောက်ထပ်ပုံပြင် တစ်ပုဒ်လောက်ပြောပြချင်ပါတယ် …
ကဲ … အားလုံးပဲ …. Bye …bye …