အားလုံးပဲ
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော blog day နေ
့လေးပါ ။ ဒီနေ့ တော့ blog day နှင့် အမှတ်တရ
လို့  အမည်ပေးတဲ့ ခေါင်းစဉ်လေးအောက် မှာ ကျနော်
blog လေးရဲ့ အမှတ်တရ တချို့ နဲ့  ထုံစံအတိုင်း ဆိုင်တာတွေရော မဆိုင်တာတွေရော ရေးချင်ရာတွေ
ချရေးပါတော့မယ်…..။ ဒီ post လေး ရေးဖြစ်အောင် သတိတရ တဂ် ပေးတဲ့ အန်တီတင့် အထူးကျေးဇူးတင်ပါ
တယ် ။
လွန်ခဲ့တဲ့
၃ နှစ်ကျော်ကျော်လောက်က blog day တဂ်ပို့ စ် ကို ပထမဦးဆုံးစရေးဖြစ်ခဲ့ ပါတယ် ။ အဲ့ဒီ
တဂ်ပို့ စ် လေးကနေ ပဲ ကောင်းကင်ဖြူ ဆိုတဲ့ blog လေး ဖြစ်လာတာပါ ။ ဒီ blog day တဂ်ပို
့စ် ကနေ စပြီး လက်တွဲခေါ်ယူ တဲ့ blogger များရဲ့ ကျေးဇူးကြောင့် ကောင်းကင်ဖြူ ဆိုတဲ့ blog လေးကို အသိမှတ်ပြုခံခဲ့ရတာပါ … ။
နောက်ပိုင်းမှာ
ပုံမှန်စာတွေ ရေးခဲ့ပါတယ် ။ ဒီလိုနဲ့  blogger မချော(အစိမ်းရောင်လွင်ပြင်) ကျေးဇူးကြောင့်
ကျနော် ရေးတဲ့ ကားနဲ့ ပတ်သက်တဲ့ ပို့ စ် တော်တော်များများကို မဂ္ဂဇင်း မှာ ဖော်ပြခွင့်
ရခဲ့သလို ထိုင်းအခြေစိုက် MOB မဂ္ဂဇင်း မှာ
ဆောင်းပါး ကဗျာလေးတွေ ဖော်ပြခွင့်ရတဲ့ အထိ ကောင်းကင်ဖြူလေး က အသက်ဝင်ခဲ့ပါတယ် ။
ဒီလိုနဲ
့ ၂၀၁၃ နှစ်စ ပိုင်းလောက်မှ စာသိမ့်မရေးတော့ပါဘူး ။ အကြောင်းက အလုပ်ချိန်များသွားလို
့ပါ ။ စာရေးတယ်ဆိုတာလည်း ခက်သား ပဲ ။ အလုပ်မအားလို့  မရေးဖြစ်ရာကနေ မရေးချင်တော့တဲ့
အခြေအနေေ၇ာက် သွားပြန်ရော ။ နောက်တစ်ခုက FB ဒုက္ခ ပေးတာပါ …. ။ မြင်မြင်သမျှ သတင်းဆိုက်တွေ
like လုပ် မလွတ်တမ်း ဖတ် ပြီးရင် တစ်ယောက်တည်း ဒေါသတွေ ထွက် ၊ တစ်ယောက်တည်း ထိုင်ရီ
၊ တစ်ယောက်တည်း ကျေနပ်ပီတိတွေ ဖြစ် ရင်း …. မသိမသာအခြေအနေ မှ သိသိသာသာ FB ဆွဲတဲ့ ရောဂါ
ရလာပါတော့တယ် ။
အဲ့လိုနဲ
့ ….. အလုပ်ထဲလဲ FB ၊ အလုပ်နားချိန် လေး ရလည်း FB ဖြစ်နေတော့ ။ ကိုယ့် ရောဂါ ကိုယ့်ဘာသာ
ပြန်ကု ရတာပေါ့ ။ စာတွေ ပြန်ရေးပါတယ် …။ blog အတွက် မရေးဖြစ်တော့ဘူး ။ FB မှာ ထင်ရာတွေ ရေးကြတာ မကြာမကြာတွေ့ ရတော့ … ကိုယ်တိုင်အကြောင်းအကျိုးခိုင်လုံမှုမရှိတာတွေ
ရေးချင်စိတ် မရှိတော့တာပါ ။ ဒီတော့ ကိုယ်အလုပ်က ကားနဲ့  ပတ်သက်တာတွေ ရေးတယ် ။ သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်မှုနဲ
့ ကားသတင်းနည်းပညာဆိုက်မှာ တစ်ပတ် post တစ်ပုဒ်လောက်ရေးဖြစ်တာ ယနေ့ ထိပါပဲ ။
ကောင်းကင်ဖြူဆိုတဲ့
ကျနော် blog မှာ စာတွေ ပုံမှန်ပြန်ရေးဖြစ်တော့မယ်ထင်ပါတယ် …. ။ ဘာဖြစ်လို့ လဲဆိုတော့
နောက် ၃ ရက်လောက်ကြာရင် ကျနော် ဘဝအတွက် အရာရာ အသစ် ကနေပြန်စရမဲ့ အခြေအနေတစ်ခုပါ … ။
ဟုတ်ပါတယ် ၈နှစ် ဆိုတဲ့ အချိန်ဟာအရာအားလုံး ပြောင်းလဲ စေခဲ့ပါပြီ … ။ အိပ့်တန်းပြန်
လွမ်းချင်း ကဗျာတွေ မကြာမကြာ ရေးတက်တဲ့ ကျနော် အတွက် နောက် ၃ ရက် ဆိုတဲ့ အချိန်မှာ
အမိမြန်မာပြည်ကို ပြန်ရပါတော့မယ် …. အရာအားလုံး ကျနော်အတွက် အသစ်ဖြစ်ပါပြီ ။
ဘယ်လိုပဲ
ဖြစ်ဖြစ်ပါ ကောင်းကင်ဖြူဆို တဲ့ blog လေးဟာ ကျနော် အတွက် ထာဝရအမှတ်တရ တစ်ခုဖြစ်သလို
ကျနော်ဘဝရဲ့ မှတ်တမ်းလေးဆိုလည်း မမှားပါဘူး ။ ဒီ blog လေးကို ဒီပုံအတိုင်း ပဲ ကျနော်
သက်ရှင်နေသမျှ ဆက်လက်ရေးသားသွားမယ်လို့  ဆုံးဖြတ်ထားပြီးသားပါ ။
စာတွေ
မရေးဖြစ်ပင်မဲ့ သတိတရ တဂ် ပေးတဲ့ အန်တီတင့် နဲ့  ကောင်းကင်ဖြူစာမျက်နှာထက်က ကျနော်ရဲ့
ခံစားချက်တစ်ချို့  ကိုမျှဝေအားပေးတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အတိုင်းမသိ ကျေးဇူးမိပါတယ်
….။
ယနေ
့ ကျရောက်တဲ့ Blog day နေ့ မှသည် blogger မိတ်ဆွေ သူငယ်ချင်းများ ကျန်းမာပျော်ရွှင်
လိုရာပြည့်ရပါစေလို့  ကျနော် မောင်ဘုန်းက လေးလေးနက်နက် ဆုတောင်းလိုက်ရပါတယ် …. ခဗျာ
…. ။
မောင်ဘုန်း