Pages
Tuesday, September 27, 2011
အလွမ်းကြယ် ....
ပန်းတွေကြွေရင် မြေခ ပါတယ်
ကြယ်တွေ ကြွေရင်တော့ … ဘယ်ရောက်သွားမှန်း မသိဘူးလေ
ဘဝဆိုတာ ကြယ်တွေလိုပါပဲ … ချစ်သူ
လင်းလက်တောက်ပ ခွင့်ရတဲ့ အချိန်လေးမှာ
ရှင်သန်ရပ်တည် ကြတယ်လေ
တောက်ပခွင့်ရတဲ့ ကို ရဲ့ အချိန်လေးမှာ
မြတ်နိုးရသူ အတွက် နွေးထွေးမှု့  ဆိုတဲ့
အလင်းရောင်လေး …. ဖြစ်ပါရစေ … ချစ်သူ ..... ရယ် ..
နေ့ တွေ ညတွေသာ ကုန်လွန်ပြောင်းလဲပင်မဲ့
မိုင်ထောင်ချီး ဖြစ်နေတဲ့ အလွမ်းတွေကတော့
ကို ရဲ့ နေ့ သစ်တိုင်း ကို ဖော်ပြုနေတယ်လေ …
ချစ်သူ ရေ ….
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါကွာ
ကို … အလွမ်းတွေနဲ့  တောက်ပ နေတဲ့ ကြယ်တစ်လုံးရှိပါတယ်
ချစ်သူအတွက် ထာဝရအေးချမ်းစေမဲ့
အလင်းရောင်တွေနဲ့  …
ရှင်သန်တောက်ပနေပါတယ် …..
ရောက်ရာအရပ်ကနေ မြင်ရပါစေ …. ချစ်သူ ...... ရယ်
မောင်ဘုန်း
Friday, September 23, 2011
ဧရာဝတီ ...
အစ်မရွှေစင်ဦး က ဧရာဝတီအတွက် ကန့် ကွက် ပို့  ဒီနေ့ မှာ bloger အားလုံးကို နိုးဆော် ထားတာတွေ့ ရလို့ .....
ကျနော်လည်း ဒီနေ့  အလုပ်စောစောသိမ်းမယ်ဆိုပြီ စဉ်းစားထားတာ ... အလုပ်က အပြတ်တာနဲ့  ... ၁၀နာရီ ထိုးမှ သိမ်းရတယ်လေ ... ရေချိုး ထမင်းစားနဲ့  အခုတောင် ၁၁နာရီ ထိုးသွားပြီ .. တော်သေးတာပေါ့ အချိန်လေးမှီလိုက်လို့  ...
 ဒီသတင်း စ သိရကတည်းက ကန့် ကွက်ကြောင်း post လေးတစ်ခုရေးမို့  အစီစဉ်ရှိပင်မဲ့ ... မရေးတက်တာရယ်
အချိန်မရတာကြောင့် ... မရေးဖြစ်ခဲ့ပါဘူး ...
အခုလည်း ထွေးထွေးထူးထူးတွေ မရေးတက်ပင်မဲ့ ... ကျနော် မောင်ဘုန်း က ကောင်းကင်ဖြူ ဆိုတဲ့ blog လေးမှနေ၍ .....
 ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါတယ်..
လုံးဝ....ကို ကန့်ကွက်ပါသည် .... ။
အများကြီးတော့ မပြောတက်ပါဘူး ... တစ်ခုလောက်တော့ ပြောပါရစေ ... ဒီ မြစ်ဆုံဆည် စီမံကိန်း ဆိုတာ ... ငယ်ငယ်တုံးကသင်ခဲ့ဘူးတဲ့ ... အလိုကြီးအရနည်း ဆိုတဲ့ ပုံပြင်ထဲကလိုပဲ ငန်းဗိုက်ထဲမှ ရွှေဥ ရှာတဲ့ ဖြစ်ရပ်မျိုးနဲ့ တူပါတယ် ... တစ်နေ့ တစ်လုံး ရနေတဲ့ ရွှေဥကို တန်ဖိုးထားရမသိ ပဲ ... ရွှေဥအများကြီးရမယ်ထင်ပြီး ဗိုက်ခွဲတဲ့ လူမိုက်လို ဖြစ်နေပါပြီ ....
ဤပုံပြင်လေးဟာ ကလေးပင်သိပါသောလည်း နိုင်ငံအုပ်ချုပ် မင်းလုပ်ကုန်ကြသော လူကြီးမင်းများ မသင်ခဲ့ ရသည်ကို မောင်ဘုန်း နားမလည်နိုင်အောင်ရှိပါတော့သည် ...။
မည်သည့်ပါတီ မည်သည့်အဖွဲ့ စည်းမဆို တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း ပြုလုပ်မည်ဆိုလျှင် .. နိုင်ငံသာတစ်ယောက်အနေနဲ့  တောက်ခံအားပေးနေမှာပါ ...
အခုဖြစ်ရပ်မှာ ... ခေတ်မှီနည်းကိုသုံးမယ်ပြောပြီ made in china ဖြစ်နေသည်ကတစ်ကြောင်း .
made in china မဟုတ်ပဲ တစ်ခြား ဖြစ်နေရင်တောင် ဧရာဝတီ ဆိုတာ စိုက်ပျိုးရေးကို ခြေခံတဲ့
မြန်မာပြည်အတွက် ရွှေဥ တစ်လုံးလို တန်ဖိုး ရှိပါတယ် ... ဤ သည်ကို အရနည်းသည်ဟု ထင်မှတ်ကာ ငန်းဗိုက်ခွဲသလို လုပ်မည်ဆိုပါက ... လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့  မည်သို့ ဖြစ်ကုန်မည်ကို တွေးကြည့်ကြပါဗျာ ...ဒါကြောင့် ကျနော် မောင်ဘုန်း က ပြင်းပြင်းထန်ထန်ကို ကန့် ကွက်ပါတယ် ...
မောင်ဘုန်း
Thursday, September 22, 2011
ဆေး ၊ ဘော်ဒီအကဲခက်ခြင်း (အပိုင်း၂)
ကျနော် မထမပိုင်းမှာ ရေးခဲ့ တဲ့ အချက် ၅ ချက်နဲ့ ပြည့်စုံရင် အော်ဆေး လို့ ပြော လို့ ရပါပြီ …. အဲ့လို အချက် ၅ ချက်နဲ့  ပြည့်စုံတဲ့ ကားဆိုတာ အလွန်ရှားပါတယ် ….
ဘာကြောင့်လည်းဆိုရင် … ကျနော် အခု အလုပ်လုပ်နေ တဲ့ ကုမ္မဏီက ဂျပန်းကားတွေကို အဓိက သွင်းပြီး  ကိုယ်ပိုင် အရောင်းပြခန်းနဲ့  ပြန်ရောင်းပါတယ် ….
ဒီတော့ ဂျပန်က နေ ကွန်တိန်နာ နဲ့  ကားတွေကို တိုက်ရိုက် သယ်ယူတဲ့နေရာမှာ အနည်းငယ်တော့ ကားကို ဒဏ်ရာရစေပါတယ် … ကွန်တိန်နာ ကနေ ချချ ချင်း အေ၇ာင်းပြခန်းကို ပို့ တာမဟုတ်ဘူးနော် …
လမ်းမှာ သယ်ယူရင်နဲ့  ဖြစ်လာတဲ့ ဒဏ်ရာ သေးသေးလေးတွေကို ကျနော် တို့ အလုပ်ရုံ ဆေးပြန် မှုတ်ပြီးမှ
အရောင်းပြခန်းကို ပို့ တာပါ ….
ဒီတော့ …ဆေးပြန်မှုတ်တယ်ဆို မှ တော့ ကျနော် ပြောခဲ့တဲ့ အချက် ၅ ချက်နဲ့  အားလုံးမဟုတ်တောင် တစ်ခုခုတော့ လွဲနေမှာပါ …. နောက်ပြီး ကားအရောင်းပြခန်းတွေမှာ … မှုရင်း ဆေး ဟုတ်မဟုတ်ကို ခွဲလို့ မရအောင် ပညာလေးနည်းနည်းပြထားပါသေးတယ် ….
ကျနော် ပထမပိုင်းမှာ ပြောခဲ့တယ်နော် .. အလင်းရောင်လာတဲ့ ဘက်ကို မျက်နှာ မှုပြီး ဘေးတိုက်အနေထား ကြည့်၇င် မှုရင်းဆေး ဟုတ်မဟုတ် ခွဲခြားလို့ ရတယ်လို့ ရေးခဲ့ပါတယ် ….
ကားရောင်း ပြခန်းတွေမှာ ကားတစ် စီး ကို ဆလိုက်မီးတွေနဲ့  ထိုးထားတာတွေ့ ရမယ်နော် … အဲ့ ဒီဆလိုက်မီးဟာ … လူတစ်ရပ် အနေထားကို သက်သက် ထိုးထားတာပါ … ဘေးတိုက်အနေထားကြည့်ရင် မီးထိုးထားတဲ့အတွက် အလင်ပြန်မှု့ များပြီး သေချာမမြင်ရတော့ဘူးလေ … မီးထိုးတဲ့ နေရာမှာ တချို့ က သိသိဖြစ်နေပင်မဲ့ အချို့ က အပေါ်ကနေ ထိုးတဲ့ အနေထားလည်းရှိပါတယ် ... အဓိကတော့ အလင်ပြန်မှု့ များအောင်သက်သက် မီးထိုးထားခြင်းဖြစ်ပါတယ် အလင်းမှု့ များလေ ကြည့်ရခက်လေပဲလေ 
အရောင်ပြခန်းတွေမှာ သာမာန်ထက်ကို လင်းရောင်များနေတာတော့ သတိထားမိမှာပါ ...
ကားရောင်းပြခန်းများရောက်ဖြစ်ရင် … ကျနော် ပြောတာလေးကို ဂရုစိုက်ပြီးကြည့် ကြည့်နော် …
အခု … ကျနော် ပြောတာက အသစ်ပါဆိုတဲ့ ကားတွေကိုပြောတာနော် …. ဒီလိုကားတွေတောင် သူ့ နည်းသူ့ ဟန်နဲ့  ဝယ်သူ ပညာပြထားတာရှိပါတယ် ….
ကျနော် တို့ မြန်မာပြည်က ကားဝိုင်းတွေထဲမှာပြောနေတဲ့ အော် ဆေး ဆိုရင် …. သူငယ်ချင်းတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ …. ဗျာ ….
ကျနော် အချိန်မရလို့ ပါ .... ဆက်လက်ရေးသွားပါမယ် .... နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်  . ...
မောင်ဘုန်း
Sunday, September 11, 2011
အလွမ်းနေ့ ရက်
တရွေ့ ရွေ့ ထွက်ခွာသွားတဲ့ ချစ်သူ ခြေလှမ်းတွေကိုကြည့်ရင်း
လည်ပြန်ကြည့်လိုက်တဲ့  ချစ်သူ ရဲ့ ကြင်နာ မျက်ဝန်း တစ်စုံကြောင့်
ကို ... ရင်ခုန်သံတွေ ရပ်တန့် ခဲ့ရတယ် .. ချစ်သူ 
လက်ပြလို့  နှုတ်ဆက် မို့ တောင် မေ့ နေခဲ့တယ်လေ 
ခဏတာ ဆိုတဲ့ အသိ ရင်ထဲရှိပင်မဲ့ 
အလိုလို ဝမ်းနည်းလာတဲ့ စိတ်ကို ထိန်းရင်
ကို .... ပြန်လာခဲ့ပါတယ်
ချစ်သူရေ .... 
ကမ္ဘာကြီး က ဒီနေ့ မှ ဆွဲအားပိုပြင်းနေသလိုပဲ
အပြန်လမ်း မှာ ကို ... ခြေထောက်တွေ အရမ်းလေးနေတယ်လေ
မနက်ဖြန်ဆိုတဲ့ နေ့ ရက် တွေမှာ အရင်လို လွမ်း နေရအုံးမယ်နော် 
ဒီနေ့  sunday လေ ....
မနက်က ကားဂိတ် လေးကိုမျှော်ကြည့်နေမိတယ်
ကော်ဖီဖျှော်တော့ နှစ်ခွက် ဖျှော်မိတယ်
မင်း ကြိုက်တက်တဲ့ ဒိန်ချဉ် ဗူးတွေ ဝယ်လာမိတယ်
အခု မင်းနဲ့  ထိုင်နေကျ online ပေါ်က ထိုင်ခုံ လေးမှာ ကိုတစ်ယောက်တည်လေ
အစ်မ ချော ( အစိမ်းရောင်လွင်ပြင် ) ရေးတဲ့ မန်စီ မြို့ လေးအကြောင်း 
ဖတ်ပြနေတဲ့ မင်းရဲ့ အသံ ...
ကိုရင် ရေးတဲ့ တဂ် ကိုဖတ်ပြီ ရီနေတဲ့ မင်း ရဲ့ မျက်နှာလေးကို ....
မြင်နေမိတယ် ချစ်သူရယ် ...
မနက်ဖြန် ဆိုတဲ့ နေ့ ရက်တိုင်းဟာ
ကို .... အတွက်တော့ အလွမ်း နေ့ ရက်တွေ ဖြစ်ရပြီပေါ့ ... ချစ်သူ ..
မောင်ဘုန်း
Friday, September 9, 2011
Blogger ... ဆိုတာ ...
Blogger ဆိုတာ …..
အားလုံးပဲ မင်္ဂလာပါဗျာ … ကိုရင် (မဒမ်ကိုး) တဂ် ပေးလို့ သာ ရေးရတယ် … အမှန်တိုင်းဝန်ခံရရင် blogger ဆိုတာဘာလည်းလို့  တစ်ခါမှ မစဉ်းစားခဲ့မိဘူးလေ …
ကိုရင်တို့ စုံတွဲက လည်း တက်ညီလက်ညီပဲ လေ … တစ်ယောက်က မရေးရင် တောင်ပြုံးပို့ မယ်တဲ့ … တစ်ယောက်က ကိုင်မယ်ကြီးတစ်ကဲကဲ လုပ်နေတော့ … ရေးလက်စ ဆေးဘ်ာဒီ အကဲခက်ခြင်း ဆိုတဲ့ post လေးကို ခဏထားပြီး ဒီ Post လေးကို ရေးမိပါတယ် …
အယ် … ရေးဆိုလို့  ဘယ်က စရမှန်တောင် မသိဘူး  …
Bolgger ဆိုတာ … ဆိုတဲ့ post လေးကို အရင် ဆုံး ဖတ်ဖြစ်တာက အစ်မရွှေစင်ဦး ရေးတဲ့ post လေး ကို အရင်ဆုံး  ဖတ်ဖြစ်တာပါ … နောက်တော့ ကိုရင်ရေးတဲ့ post နဲ့  ကိုငွေလမင်း ရေးတဲ့ post လေးတွေကို ဖတ်ဖြစ်ပါတယ် ….
အစ်မရွှေစင်ဦး ရေးတဲ့ post က အမှန်တရား ဖြစ်နေသလို … ကိုရင်ကလည်း ရီစရာလေးဖြစ်အောင် ရေးတက်ပြန်တယ် … ကိုငွေလမင်းကတော့ ဗဟုသုတ ရအောင်ေ၇းထားတာတွေ့ ရပြန်ပါတယ် …
အခု မောင်ဘုန်းလို ဘာမှမသိတဲ့ blogger ပေါက်စ လေး က ….. blogger ဆိုတာ … ဆိုတဲ့ post ကိုရေးရမှာ နည်းနည်းတော့ လက်တွန့် ရပါတယ် … သိုသော်လည်း နောက်ကတွန်းလို့  ရှေ့ ရောက်လာမှတော့ …
နောင်လာနောင်သား blogger ပေါက်စလေးများအတွက် … အားတက်စရာ ဖြစ်အောင် အမှန်တရားကို ပါးပါးလေး အုပ်ပြီးပြောပြမယ်နော် ….
Blogger ဆိုတာ …. ခပ်ချောချော အကိုကြီး ၊ ကိုလေး တွေ အစ်ကြီး ၊ အစ်မ လေးတွေသာ ဖြစ်ပါတယ်
Blogger ရဲ့ ချစ်သူဆို ….. ပိုတောင် ချောသေးတယ် …..( ဟုတ်တယ်နော် ကို၇င်)
တစ်ကယ်နော် … မယုံဘူးလား … blog တော်တော်များများကို ကြည့်ပါ … ဘယ်သူမှ ကိုယ့်ဓာတ်ပုံ ကိုယ်မတင်ကြဘူးလေ … မတင်ချင်လို့ မဟုတ်ဘူးနော် … လက်ရှိလုပ်စားနေတဲ့ model တွေ အလုပ်လက်မဲ့ ဖြစ်မှာဆိုးလို့  မတင်ကြတာပါ …
အယ် … အဲ့ လိုချော ယုံတင်မက သေးဘူး … blogger ဆို တာ နတ်သား ၊ နတ်သမီး လေးတွေဖြစ်ပါတယ်
အဲ့ဒီ ခပ်ချောချော နတ်သား နတ်သမီးလေးတွေဟာ online ဆိုတဲ့ တောနက်ကြီးထဲမှာ blog ဆိုတဲ့ သစ်ပင်လေးတွေကို စောင့်ရှောက်ရတဲ့  နတ်သား နတ်သမီးတွေ့ ပေါ့ ...
မြို့ ပေါ်ကနတ် တွေလို သူတို့ ကိုဘယ်သူကမှ ပူဇော်ပသ ခြင်းမရှိပင်မဲ့ … ကိုယ့် နတ်ကွန်း ကိုယ်ဆောက် ၊ ကိုဆွမ်း ကိုတင် ပြီး … ကိုယ့် နတ်ကွန်းစင် လေးကို တွယ်တာ နေတက်ကြတဲ့ သူတွေပေါ့ …
တချို့  နတ်တွေက ကိုယ့် နတ်စင် ထဲရောက်လာတဲ့သူတွေကို တရားေ၇အေးတိုက်ကျွေး ကြပါတယ်
တချို့ က ဘဝ အလင်းရောင်တွေ ပေးကြပါတယ်
တချို့  က နည်းပညာတွေပေး ကြပါတယ်
တချို့ က ကျန်းမာအောင်နည်းလမ်းတွေ ပေးတယ်
တချို့  က ကိုယ်တိုင် နတ်ဟင်းလျှာ တွေ ချက်ကျွေးပြန်တယ်
တချို့  က လွမ်းပြ တက်တယ်
တချို့ က ချစ်ပြ ပြန်ရော
တချို့ က ပျော်စရာလေးတွေနဲ့  ဧည့်ခံတယ်လေ
တချို့ ကလည်း လွဲမှားတဲ့ တွေးခေါ် လုပ်ရပ်တွေ သင်ပေးပြန်ပါတယ်
အဲ့လို အမျိုးမျိုး အဖုံဖုံ ရှိတဲ့ တောနက်ကြီးမှာ … လူသားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အဖိုတန် ရတနာတွေရှိသလို … လူသားတွေ အတွက် အဆိပ့်သင့်စေတဲ့ အရာတွေလည်း အလွယ်တကူရစေပါတယ် ….
ဒီတောနက်ကြီးထဲက မှ blog ဆိုတဲ့ သစ်ပင်ကိုစောင့်ရှောက်ရတဲ့ နတ်သမီး နတ်သားတွေဟာ … အများအားဖြင့် … ပျားတွေလို စည်းလုံးကျပြီး ၊ ပုရွက်ဆိတ်တွေလို တစ်ဦးနဲ့ တစ်ဦး ကူညီတက်ကြပါတယ် ..
တောနက်ထဲကိုရောက်လာတဲ့ လူတန်းစားအားလုံးကို … ခြသေ့င်္တစ်ကောင်လို ရဲရင့်တက်မို့  သင်ပေးတက်သလို ကျားတစ်ကောင်ရဲ့ မာန်မျိုးဖြစ်အောင်လုပ်ပေးပြန်တယ် …
တချို့ လည်း ဌက်တစ်ကောင်လို ကဗျာလေးတွေ သီးကျူတက်အောင်သင်ပေးပြန်တယ် …
တချို့ က ပညာရှိ ဇီကွက်လို အမှန်တရာမြတ်နိုးတက်အောင် သင်ပေးသလို
တချို့ လည်း မြေခွေးတစ်ကောင်လို ယုတ်မာတက်အောင် သင်ပေပြန်တယ် ….
အဲလို အမျိုးမျိုးရှိတဲ့ နတ်သား ၊ နတ်သမီးတွေရဲ့ တူညီတဲ့ အချက်ကတော့ …
Post တစ်ခုရမို့  အမြဲတမ်း ဆင်ကြံ ကြံ နေတက်ကြပြီ … 
ရလာတဲ့အကြံကို မျောက်အုန်းသီးရတဲ့ ပီတိမျိုးနဲ့  နေမနားညမနား ....
မိမိနတ်ကွန်းစင်းလေးရဲ့ စာမျက်နှာပေါ်ကို ယုန်တစ်ကောင်လို အပြေးအလွှားကို တင်းပြီ …
ကောက်ရိုးပမာရှိတဲ့ comments လေးကို
နွားအိုကြီး မြက်နှ ဝါးသလို တစ်စိမ့်စိမ့် ကြည့်ရှု့ ဝါးမျိုရင်း ….
ငါးခူ ပြုံးလေး ပြုံးကာ ကြည်နှုးနေတက်ကျတယ်လေ … အဲ့ဒါ  blogger ……………………… ပေါ့ … တိန် … တိန် … တိန် …. :D ……………….. (မှတ်ချက် … ဘုန်းဘုန်း bloger များမပါ …..ပါ )
ကဲ .. ခေါင်းခေါက်ပြီးပြီ … ဆိုတော့ … ဆိတ်ချိုးရဘူးနော် … သားသားက မရေးတက်လို့ ရေးတက်သလိုရေးလိုက်တာ … အဟီး …
ဘေးမှာ လင့်ချိတ်ထားတဲ့ နတ်သမီး နတ်သားတို့ ဖြစ်တဲ့ အစ်မသမီးစံ (အပျိုးကြီး) ကိုမောင်သန့် ၊ အစ်မblackroze အစ်မ jasmines တို့  မရေးရသေတာတွေ့ လို့  ဒီ Post နဲ့ အတူ တဂ်  ပေးလိုက်ပါတယ် …. ကိုရင်လိုတော့ မကိုင် ပါဘူး … အချိန်လေးရရင်တော့ ရေးကြပေါ့နော် … 
( အပျိုကြီးက ခွင့်ယူထားတော့ နောက်ကျလည်း ခွင့်လွတ်ပါတယ်) …
ကျနော် အတွက် ကောက်ရိုးတစ်မျှင်လောက် ပေးခဲ့အုံးနော် ……. :D …. :D ….
အားလုံးကို ခင်မင်လျှက် …
 မောင်ဘုန်း …
Thursday, September 8, 2011
ဆေး ၊ ဘော်ဒီ အကဲခက်ခြင်း
အားလုံးပဲ မင်္ဂလာပါ ဗျာ …. ဒီ post လေးကိုတော့ မြန်မာပြည်က သူငယ်ချင်း များအတွက် ရည်ရွယ်ပြီးရေးဖြစ်တာပါ …
ကျနော် တို့ နိုင်ငံမှာ ယနေ့  အရောင်းဝယ် ဖြစ်နေတဲ့ ကားအများ စုဟာ … ၂၀၀၀ ခုနှစ်နောက်ပိုင်း ထုတ်တဲ့ ကားတွေ ဖြစ်တာရယ် ၊ ကားထုတ်တဲ့ စက်ရုံ က အသစ်တင်သွင်းတဲ့ ကားတွေမဟုတ်တာကြောင့် ကားတစ်စီး ဝယ်မို့  ကျွမ်းကျင်တဲ့ သူကို ကြည့်ခိုင်းကြတာများပါတယ် …
အများအား ဖြင့်တော့ အင်ဂျင် စစ်ဆေးတာ လောက်ပဲ လုပ်ကြပင်မဲ့ ဆေး ၊ဘော်ဒီ အပိုင်းကို ပွဲစား ပြောတာကို မယုံ ချင်ယုံချင်နဲ့ ယုံ ရတယ်လေ ….
ဆေး ၊ ဘော်ဒီ စစ်ဆေး တယ်ဆိုတာလည်း အင်ဂျင် စစ်သလို ဖွင့်ကြည့်လို့ မှမရတာလေ … ဆေး အရောင်လေး တောက်နေရင်ပဲ … ဒီကားက အတိုက်ခိုက်မရှိဘူး လို့  လက်ခံ ကျတဲ့ သူတွေကများသလို
ပွဲစားရဲ့ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတက်တဲ့  အပြောအဆို ပညာရပ် ကြောင့် ….. ဝယ်လာပြီး လက်ထဲရောက်သုံးကြည့်တော့မှာ … ကြောင်းစုံ သိတော့တယ်လေ ….
ကျနော် အရင် ဆုံး ဆေးရောင် အကဲခက်ခြင်း အကြောင်းကို ပြောပြပါတယ် …
မြန်မာပြည်မှာ အော်(origin) ဆေး ဆိုပြီ … မူလပေါက်ဈေးထက်ပိုပေးရတဲ့ ကားတွေရှိပါတယ် ….
အားလုံးလည်း ကိုယ်ဝယ်မဲ့ ကားကို အော် (origin) ဆေး ဖြစ်ချင်ကြတယ်လေ ….
နောက်ပြီ ကားတစ်စီး ဆေး ကောင်းတယ် မကောင်းဘူး ဆိုတာကိုလည်း  အော် (origin) ဆေး ကို စံထားပြီ နှိုင်ယှဉ် ကြည့်ရပါတယ် … ဒီတော့ အော် (origin)ဆေး ဆိုတာ ဘာတွေများ ထူးခြားနေလို့ လည်းလို့  မေးစရာရှိတယ်နော် ….
အော်(origin) ရဲ့ထူးခြားချက်တွေကတော့  …..
၁ …. ဆေးပါးခြင်း
၂ …. မျက်နှာပြင် လိုင်းမရှိခြင်း
၃… အလက် ညီခြင်း သို့ မဟုတ် ဆေးရောင် တောက်ပမှု့ ညီညာခြင်း
၎ … ဆေးပွင့် ညီခြင်း
၅…. ဆေးဆက်ရာ မရှိခြင်း …… ဆိုးတာ အော် (origin) ရဲ့ ထူးခြားကောင်းမွန်တဲ့ အချက်တွေပါပဲ
၁ …. ဆေးပါးခြင်း
ကျနော် တို့ မြန်မာ ပြည်မှာ ကားတစ်စီးကို ဆေးထူမှ ကောင်းတယ်လို့  ထင်တယ်တဲ့ သူလည်း ရှိတယ်ပါတယ်..ဆေး ထူတော့ ကြာကြာခံတယ်ပေါ့ ….. ဗျာ …
တကယ်တမ်းတော့ ဆေးထူ နေရင် ကြာကြာမခံတဲ့အပြင် ဆေးကွဲပြီး ဆေးကွာတဲ့ ဆင့်ထိ ရောက်သွားတက်ပါတယ် …
အော် ( origin) ဆေး မှာ ၃ ထပ်ပဲရှိပါတယ် … colour basic လို့ ခေါ်တဲ့ ခံဆေးရယ် ၊ ဆေးကြမ်း ရယ် ၊ ဆေးအချော ရယ် ၊ ဆိုပြီ သုံးထပ်ပဲရှိပါတယ် … colour effect နဲ့  2K ကတော့ အပြီးသတ် ဆေးပေါ့ 
 ဒါဆိုရင် … ဆေးထူတာနဲ့  ပါးတာကို အလွယ်ကူဆုံး ခွဲခြားတဲ့ နည်းကတော့
အလင်းရောင်ရတဲ့ ဖက်ကို မျက်နှာမှုပြီ ကားကို ဘေးတိုက် အနေထား ကားနဲ့  သုံးပေ အကွာကနေ ကြည့်ရင် …( အပေါ်ကပုံ နေအထားတိုင်း ကြည့်ရပါမည်)  မှန်မျက်နှာပြင်ကဲ့သို ညီနေ၇င်တော့ဆေးပါးလို့ ပါ …
အဖုလေးတွေ အများကြီးတွေ့ ရရင်တော့ ဆေးထူး လို့ ဆိုတာသိနိုင်ပါတယ် …..
ဒါဆို၇င် အော် (origin) ဆေးမဟုတ်ဘူးပေါ့ …
၂ … မျက်နှာပြင် လိုင်းမရှိခြင်း
အော် ( origin ) ဆေး ဆိုရင် လိုင်းမရှိပါဘူး …မှန် မျက်နှာပြင်လိုပဲ ညီနေရမှာပါ ….
ဒါဆို၇င် ဘာကြောင့်လိုင်းထနေတာလည်း …. ? ..
အော် (origin ) ဆေးကရော ဘာကြောင့်လိုင်းမထတာလည်း …? လို့ မေးစရာရှိလာပါပြီ ..
ဟုတ်ကဲ့ပါ ….ကားထုတ်တဲ့ စက်ရုံတွေမှာ အော် (origin) ကို မှုတ်တဲ့နေရာမှာ လူနဲ့ မှုတ်တာမဟုတ်ပဲ စက်နဲ့ မှုတ်တဲ့ အတွက် မျက်နှာပြင် ဆေးသားကျရောက်မှု့ ညီညာစေပါတယ် ….
ကျနော် တို့ လို ဆေးပြန်မှုတ်တဲ့သူတွေကတော့ ဆေးမှုတ်တဲ့ gun ကိုသုံးပြီးလက်နဲ့  မှုတ်ရတာဖြစ်တဲ့ အတွက်ကြောင့် လက်မငြိမ်ရင် မျက်နှာ ပြင်ဆေးသားကျရောက်မှု့  မညီတော့ပဲ လိုင်းထနေတက်ပါတယ် ..
ကားဆေးမှုတ်တဲ့ ပညာ ကျွမ်းကျင်မှု့ ကို အဲ့ဒီလိုင်းထမှု့ နဲ့ တိုင်းတာကျပါတယ် …
ဆိုလိုတာကတော့ လိုင်းများများထနေရင် မကျွမ်းကျင်ဘူးလို့ ဆိုးပြီ လိုင်းထ နည်းရင်တော့ ကျွမ်းကျင်တယ်လို့  သတ်မှတ်ထားပါတယ် ….
လိုင်းမထအောင်တော့ မှုတ်လို့ မရဘူးနော် … အနည်းဆုံးတော့ ဥပမာ ကာတံခါး တစ်ချပ်မှာ တစ်လိုင်းတော့ ရှိပါတယ် …. ဒါပင်မဲ့ တံခါးတစ်ချပ်မှာ နှစ်လိုင်းလောက်ရှိနေ၇င်ကို ကြည့်နေကျမဟုတ်တဲ့ ကျနော် သူငယ်ချင်းများ တွေ့ မည်မဟုတ်ပါ … ဒါကတော့ ကျွမ်းကျင်မှု့ နဲ့ ဆိုင်တယ်လေ ၄ ၊ ၅ ၊ လိုင်းလောက်ရှိရင်တော့ အလွယ်တကူတွေ့ ရတက်ပါတယ် …
၃… အလက် ညီခြင်း သို့ မဟုတ် ဆေးရောင် တောက်ပမှု့ ညီညာခြင်း
ခုဏကလိုပဲ အလင်းရောင်ရတဲ့ဖက်ကို မျက်နှာမူပြီးကြည့်လိုက်တာ … အဖုလေးတွေလည်း မရှိဘူး ၊ လိုင်းလည်းမတွေ့ ရဘူး … ဒါပင်မဲ့ အလင်ရောင်ကို မျက်နှာမူထားတဲ့အတွက် မျက်နှာပြင်တစ်လုံး ဆေးရောင် တောက်နေရမဲ့ အစား ဒီနားမှာတော့ အရောင်ကပိုတောက်ပြီ ဟိုနားမှာတော့ အရောင်မတောက် ဖြစ်နေရင်လည်း အော် (origin ) မဟုတ်ဘူလို့  ပြောလို့ ရပါတယ် …
အော် (origin ) ဆေးကတော့  ဆေးေ၇ာင်တောက်ပမှု့ ညီပါတယ် .. သူလည်း စက်နဲ့ မှုတ်တာဖြစ်တဲ့တွက် မျက်နှာပြင်ဆေးကျရောက်မှု့ အကွာအဝေးကို ကွန်ပြူတာနဲ့ တိုင်းတာပြီး မှုတ်တဲ့ အတွက် မညီစရာအကြောင်းမရှိဘူးလေ …..
ကျနော် တို့ လိုဆေးပြန်မှုတ် ရင်တော့ မှုရင်ကဲ့သို့  ညီညာတဲ့ တောက်ပမှု့ မရတော့ပါဘူး …ဒါပင်မဲ့ ကျွမ်းကျင်တဲ့ ဆေးမှုတ်သမား ဆိုရင်တော့ ခွဲခြားမို့ တော့ တော်ခက်ပါလိမ့်မယ် …
၎ … ဆေးပွင့် ညီခြင်း
သူကတော့ ကားဆေးကို အနီးကပ်ကြည့်၇င် ဆေးပွင့် လေးတွေ တွေ့ ရပါလိမ့်မယ် … ( သေသေချာချာကြည့်မှ မြင်ရတာနော် … မမြင်ရင်လည်း မှန်ဘီးလူးသုံးကြည့်ပါ …:D )
ခြောက်လက်မ ပတ်လည်လောက် ကိုသေချာကြည့်ရင်ရပါပြီ … ဆေးပွင့် မညီမညာဖြစ်နေရင်တော့ အော် (origin) ဆေးမဟုတ်ပါဘူး …  ဒါဆိုရင်ဘာကြောင့်များ အော် (origin )က ဆေးပွင့်ညီနေရလည်းဆိုတာ 
ကျနော် ရှင်းပါအုံးမယ် ….
ကျနော်တို့ ဆေးမှုတ်တယ် ဆိုတာ ဆေးရည်ကို လေဖိအားသုံးပြီ ငွေ့ ၇ည် သို့ မဟုတ် အမှုံ( pixels)အဖြစ် မျက်နှာပြင်ကို ကျေ၇ာက်စေတာဖြစ်ပါတယ် ….လေဖိအား များလေ အမှုံ (pixels) သေးလေပေါ့ … လေဖိအား အတက်အကျ မညီရင် ဆေးပွင့် မညီနိုင်တော့ဘူးလေ ..
အော် (origin ) ဆေးကိုမှုတ်တဲ့နေရာမှာ .. စက်နဲ့  မှုတ်တာဖြစ်တဲ့ အတွက် လေးဖိအားကို အတက်အကျ မရှိစေအောင် ချိန်ထားပြီ မှုတ် ခြင်းကြောင့် မျက်နှာပြင် ဆေးမှုံ  (pixels)  ကျရောက်မှု့  ညီညာစေပါတယ်
ဆေးခြောက်သွားတဲ့ အချိန်မှာ ဒီ အမှုံ (pixels) လေးတွေဟာ ဆေးပွင့် ဖြစ်သွားတဲ့ အတွက် အော် 
(origin ) ဆေး ဟာ ဆေးပွင့်ညီနေတာတွေ့ ရ တာပါ ….
ဆေးပြန် မှုတ်ထားရင်တော့ ဆေးပွင့် ညီမို့ ဆိုတာအလွန်ခက်တဲ့ အရာပါ … ကျနော် တို့ မြန်မာပြည်မှာ ဆေးမှုတ်တဲ့ နေရာမှာ သုံးတဲ့ လေဖိအားစက်တွေဟာ .. လေဖိအား အတက်အကျကို ညှိ ပေး စက်မပါတာများပါတယ် …. တချို့ စက်တွေဆိုရင် လုံလောက်တဲ့ လေဖိမရှိတဲ့
စက်နဲ အသုံးပြုနေတာတွေ့ ရပါတယ် … ကားဆေးမှုတ်မို့ အတွက် လေဖိအားစက်ရဲ့ လေအိုးထဲမှာ အနည်းဆုံး 150 gk မှ 200 kg တွင်းရှိရန်လိုအပ်ပြီ …150 အောက်ကျသွားတာနဲ့  ဘယ်လိုမှ ဆေးပွင့်ညီနိုင်မှာ မဟုတ်တော့ပါဘူး  ဒီတော့ ဘယ်လောက်ပဲ ဆေးမှုတ်ပညာ ကျွမ်းကျင်တယ်ပြောပြော
မှု၇င် ဆေးကဲ့သို့  ဆေးပွင့်ညီမို့ ဆိုတာမဖြစ်နိုင်ဘူးလေ …
၅ ….. ဆေးဆက်ရာ မရှိခြင်း
သူကတော့ ကြည့်ရနည်းနည်းခက်ပါတယ် … ဆေးပွင့်ညီတာ ကြည့်သလိုပဲ ကြည့်ရပင်မဲ့ တစ်ကွပ်ထဲ ကြည့်လို့ မရပါဘူး … မျက်နှာပြင်တစ်ခုလုံကို ကြည့်လိုက်ရင် ဆေးပွင့်များ စုပြီး လိုင်းကဲ့ သို့ ဖြစ်နေ၇င် ဒါဟာ ဆေးဆက်ရာ ပေါ့ …. ..ဒါဆို၇င် အော် (origin ) ဆေးမဟုတ်တော့ဘူးလေ ….
အော် (origin) ဆေးကို မှုတ်နေရာမှာ ကားဘော်ဒီ ကို သက်သက် တံခါးနှင့် အခြားပစ္စည်းတွေကို သက်သက် မှုတ်တာကြောင့် ဘယ်လို မှ ဆေးဆက်ရာဆိုတာမရှိနိုင်ဘူးလေ …
ကျနော် တို့ လို ဆေးပြန်မှုတ်တဲ့ သူတွေကတော့ ကားတစ်စီး လုံးကို လွယ်ကူတဲ့ ပစ္စည်းလောက်သာ ပြုတ်ပြီ ကားတစ်စီးလုံးကို ဒီအတိုင်းပြန်မှုတ် ရတော့ လက်ဆန့် နိုင်သလောက်သာ .. ဆေးမှုတ်လို့ ရတဲ့ အတွက် ဆက်ရာ တော့ ရှိပါတယ် … ကျွမ်းကျင်မှု့ ကြောင့် ဆက်ရာ နည်းတာနဲ့ များတာပဲကွာပါတယ် …
ကဲ …. ကျနော် အခုပြောခဲ့တဲ့ အချက် ၅ ချက်ဟာ အော်ဆေး လို့ ခေါ်တဲ့ မှုရင်းဆေး ရဲ့ ထူးခြာတဲ့ အချက်တွေပါ …. ကားတစ် စီးကို  ဆေးပါးခြင်း ၊ မျက်နှာပြင် လိုင်းမရှိခြင်း ၊ အလက် ညီခြင်း သို့ မဟုတ် ဆေးရောင် တောက်ပမှု့ ညီညာခြင်း ဒီ အချက် သုံးချက်နဲ့ ပြည့်စုံရင်ပဲ ဆေးကောင်းတယ် လို့  မှတ်ယူလို့ ရပါတယ် ….
ကျနော် တို့ မြန်မာပြည်မှာ ကားပွဲစားလုပ်တဲ့သူတွေ ကားဝယ်ရောင်လုပ်တဲ့သူ တွေ ကားတစ်စီး ကို ဆေး ၊ ဘော်ဒီး စစ်ဆေးရင် ကားရဲ့ ဘော်ဒီ နေရာစုံ ကို လက်နဲ့ လိုက်ခေါက် တာမြင်ဘူးကြမယ်လို့  ထင်ပါတယ် ..
ဘာကြောင့်များ လက်နဲ့ ခေါက်လည်းဆိုရင် အော်ဆေး ဟုတ်မဟုတ်စမ်းကြည့်တာတဲ့ …..
ဘော်ဒီ သံပြားကိုခေါက်ရင် တော့ သံပြား အသံ ထွက်ပြီ … ပတ်တီး (putty) ရှိနေရင်တော့ သံပြာ အသံ မထွက်ဘူးပေါ့ဗျာ …..
ဒါဆိုရင် ကျနော် က ပတ်တီး ပါးပါးလေး ကိုင်ပြီး ဆေးပြန် မှုတ်ထားတဲ့ ကားကို အော်ဆေးပါလို့ ပြောရင်
သူ့ တို့ ယုံမှာသေချာတယ်နော် ….
ပတ်တီး ပါးပါး ထည့်ထာရင် လက်နဲ့ ခေါက်လည်း သံပြား အသံ ထွက်နေ မှာပဲလေ …. နောက်ပြီ လက်နဲ့ ခေါက်တယ်ဆိုတာ … ကားတစ်လုံးလိုက် ခေါက်လို့ ရမလား ဗျာ …
ဆက်လက်ရေးသားပါမည် ....
ဒီ Post လေးရေးနေတုံး ကောင်းကင်ဖြူ က ... ကိုရင်( မဒမ်ကိုး ) ရေးတဲ့  post လေးက ရီရတယ်ဆိုလို့  ဖတ်မိတာ အခုတော့ ကိုရင် အကိုင်မခံရအောင် ကိုရင်ပေးတဲ့ တဂ် လေး ရေးနေရပြီလေ ...
ကိုရင် .... ရေ ... တစ်ရက် နှစ်ရက်လောက်တော့ စောင့်ပါအုံးနော် ...
မောင်ဘုန်း 
Tuesday, September 6, 2011
လူကြိုက်အများ ဆုံး 2011 model ကားများ
2011 Jeep Grand Cherokee
OFF-ROAD ABILITY
Base Price: $30,215
2011 Lotus Evora
FUN TO DRIVE
Base Price: $74,675
2011 Hyundai Sonata
VALUE
Base Price: $19,195
2011 Toyota Sienna
VERSATILITY
Base Price: $25,270
2011 Ford Mustang
PERFORMANCE
Base Price: $22,145
2011 Ford F-250 Super Duty
WORKHORSE
Base Price: $28,020
2011 Ford Fiesta
FUEL EFFICIENCY
Base Price: $13,320
2011 Cadillac CTS Coupe
DESIGN
Base Price: $38,165
2011 Infiniti M37/M56
LUXURY
Base Price: $47,125
2011 Chevrolet Volt
TECHNICAL INNOVATION
Base Price: $41,000
သူငယ်ချင်းတို့ ရေ ...အချိန်မရလို့ စာအများကြီးမရေးနိုင်တာကို နားလည်ပေးပါ နော် ... 
အခုဖော်ပြထားတဲ့ ကား ၁၀ စီး ဟာ ၂၀၁၁မှာ ရောင်းအားအကောင်းဆုံးနဲ့  လူကြိုက်အများဆုံး ကားတွေပါ . ..
ဒီနှစ်မှာ ထူးခြာတာကတော့ US က ထုတ်တဲ့ ford ကားတွေ နှစ်တိုင်းလိုလို နံပါတ် တစ်နေရာ ရှိနေပင်မဲ့ . ဒီနှစ်မှာတော့ jeep က သူရဲ့ ပထမဆုံး ပုံစံ သစ်ဖြစ်တဲ့ grand cherokke က နံပါတ် တစ်နေရာရခဲ့ပါတယ် ကျနော် အထင်ကတော့ ဈေးသက်သာတာရယ် ... လှပတဲ့ ပုံစံ သစ် ဖြစ်တာကြောင့်  နံပါတ် တစ် ရခဲ့တယ်လို့  ထင်မိပါတယ် ...
အာရှလူကြိုက်အများဆုံးဖြစ်တဲ့ toyota  က ၂၀၁၁မှာ ပုံစံသစ်ဖြစ်တဲ့ toyota prius ကို top ten ဝင်မယ်လို့  မှန်ထားပင်မဲ့ တကယ်တမ်းကြတော့ toyota  sienna က နံပတ် လေး နေရာပဲရခဲ့ပါတယ်
သူလည်း ... သူလည်း toyota prius ထက် အများကြီးဈေး သက်လို့  ထင်တယ်နော် ...
ဒီ နှစ် ထူးခြာတဲ့ နောက်တစ်ခု ကတော့ hyundai ပဲဖြစ်ပါတယ် ... hyundai ကားတွေဟာ အရည်သွေး နည်းငယ် ညံ့ပင်မဲ့ လှပတဲ့ ပုံစံနဲ့  အသက်သာဆုံး ဈေးနှုန်းကြောင့် ဒီနှစ်မှာတော့ top ten စရင်းဝင်ဖြစ်ခဲ့ ပါတယ် ..
chevrolet ကတော့ ထုံစံအတိုင်းပဲ ပစ္စည်းကောင်းသလောက် ဈေးလည်းကြီးတယ်လေ ... ဒါပင်မဲ့ နှစ်တိုင်းလိုလို top ten စရင်းဝင် ကား ဖြစ်ခဲ့ပါတယ် ...
ကဲ ဒီလောက်ဆိုကျေနပ်တော့နော် ... သေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ ဒီlink မှာ ဝင်ဖတ်ကြည့်ပါ .... ဗျာ ......
အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ  .....
မောင်ဘုန်း
Sunday, September 4, 2011
အမောပြေ ...
Thursday, September 1, 2011
ကားတစ်စီးဝယ်ရန် စစ်ဆေးရမည့် အဓိက ၃၈ ချက်
အားလုံးပဲ မင်္ဂလာပါ ... အလုပ်ပိတ်ရက်မှာ ဘယ်မှမသွားပဲ ခေါက်ဆွဲကြက်ဥနဲ့  ကျနော် ကွန်ပြူတာလေးကို အဖော်ပြုရင်း စာတွေထိုင်ရေးနေမိပါတယ် .... မနက်ကတော့ colour effect ဆိုတဲ့ post ကိုတင်းပြီး တော့
မနက်စာ စားနေတဲ့ အချိန်မှာပဲ မောင်ဘုန်းရဲ့ သူဌေး ရောက်လားပြီး မနက်ဖြန်သွားစရာရှိလို့  မှာစရာရှိတာတွေ ရှိလို့ ဆိုပြီ အလုပ်ရုံကိုခေါ်သွားတာနဲ့  မောင်ဘုန်းတစ်ယောက်လည်း စားလက်စ ခေါက်ဆွဲကို ဘေးချပြီ သူဌေးနဲ့ လိုက်သွားတယ်လေ .....
အလုပ်ရုံကိုသွားတဲ့ လမ်းမဟုတ်လို့ ဘယ်သွားမှာလည်းလို့ မေးကြည့်တော့ အရောင်း ပြခန်းဘက်ကို ခဏဝင်မလို့ ဆိုပြီး မောင်ဘုန်းတို့  ကုမ္မဏီရဲ့ ကားရောင်းပြခန်းကိုရောက်သွားပါတော့တယ် ...
ဟိုရောက်တော့ ... သူဌေးက မောင်ဘုန်းကို ခဏဆိုပြီး ရုံးခန်ဘက်ကို တက်သွားတာနဲ့  မောင်ဘုန်း လည်းအရောင်းပြခန်းထဲက ကားတွေကိုလိုက်ကြည့်နေမိတယ် ....
ဒီအေ၇ာင်းပြခန်းလေးထဲမျာတော့ ကားအမျိုးစားတွေကတော့ အားလုံး ဂျပန်ကားတွေကြီးပါတယ် ....
ဒီကားတွေကို နှစ်မျိုးခွဲထာပါတယ် ... used ကားနဲ့  import ကားဆိုပြီခွဲထားတယ်လေ ...
used ကားဆိုတာတော့ ကုမ္မဏီက ဂျပန်ကား ကီလိုကျော်တာတို့ ဆေးကျနေတာတို့  စတဲ့ အဟောင်းတွေကို သွင်းပြီ မောင်ဘုန်း တို့ အလုပ်ရုံမှာ ဆေး ၊ ဘော်ဒီ ပြန်လုပ်ကာ အခုလို အရောင်းပြခန်းနဲ့ ရောင်းတဲ့ ကားကို ခေါ်တာပါ ....
import ကားဆိုတာတော့ စက်ရုံကနေ တိုက်ရိုက်သွင်းတဲ့ ကားအသစ်ပေါ့ ...
မောင်ဘုန်းလည်း ဟိုကြည့်ဒီကြည့်နဲ့  ကားဝယ်မဲ့လူတစ်စုကို အရောင်းဝန်ထမ်းက ကားအကြောင်းရှင်းပြနေတဲ့ အသံကြားတော့ ဘေးကနေပြီ နားထောင်နေမိတယ်လေ ...
အရောင်းဝန်ထမ်းကတော့ အင်္ဂလိပ်လို တစ်ဝက် တရုတ်လို တစ်ဝက် ရှင်းပြနေတဲ့ အသံကို နားလည်တစ်ချက် နားမလည်တာ များများနဲ့ မောင်ဘုန်း လည်း ဘာသာပြန်ပြီနားထောင်ကြည့်တော့
ကားတစ်ဝယ်ရင် စစ်ဆေးရမဲ့ အဓိက အချက်တွေအကြောင်းကိုရှင်ပြနေတယ်လို့ တော့ ဘာသာပြန်မိပါတယ် ....
မောင်ဘုန်းလည်း နားထောင်နေရင်နဲ့  နောက်ထပ် အရောင်းဝန်ထမ်းတစ် ယောက်က မောင်ဘုန်း ကို ကားဝယ်မဲ့ လူစုထဲကလို့ ထင်လာမသိဘူး လက်ထဲကို စာရွက်တွေ လာထည့်ပေးတယ်လေ ....
အဲ့ဒီ အချိန်မှာပဲ မောင်ဘုန်းရဲ့ သူဌေး ရုံးခန်ဘက်ကနေ ဆင်းလာတာတွေ့ လို့  မောင်ဘုန်းလည်း စာရွက်တွေ ယူပြီး သူဌေးနဲ့ အလုပ်ရုံ ကိုလိုက်သွားခဲ့ပါတယ် ...
အလုပ်ရုံရောက်တော့ နာရီ ဝက်လောက် စကားပြောကြပြီ ...သူဌေးက မောင်ဘုန်း နေတဲ့ အခန်းလေးဆီပြန်ပို့ တယ်လေ .... အိမ်ရောက်တော့မှ ခုဏက ပေးလိုက်တဲ့စာရွက်တွေကို ကြည့်မိတော့
မောင်ဘုန်းတို့ ကုမ္မဏီ ရဲ့ ကားကြော်ငြာ စာရွက်တွေနဲ့  ကားတစ်စီးဝယ်ရင် စစ်ဆေးရမဲ့ အဓိက အချက် တွေကိုရေးထားတာတွေ့ တာနဲ့  ဒီ post လေးမိတာပါ ...
ရေးမယ်လုပ်တော့ ဘာသာပြန်မဲ့ အခက်ခဲ တွေ့ တော့တာပဲလေ ... ဒါနဲ့  အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ကောင်းကင်ဖြူ ကို သတိရလိုက်တာနဲ့  ဖုန်းဆက်ကြည့်တော့ အလုပ်မအားဘူးတဲ့ ...
မောင်ဘုန်းလည်း တက်သလောက် မှတ်သလောက်ဘာသာပြန်ပြီး ရေးပါတော့တယ် ..ဘာသာပြန်လို့ လည်းပြီး တင်မယ်လုပ်မှ စဉ်းစားမိပါတယ် ... ကိုယ်ဘာသာပြန်တာမှန်မှ 
မှန်ပလားလို့  တွေးနေ၇င်း မှားသွားမှာ ကြောက်တာနဲ့ ပဲ မူရင်း အင်္ဂလိပ် လို မမှားအောင်သေချာ စစ်ပြီးပြန် စာရွက်ထဲကအတိုင်း ပြန်ရိုက်ပေးလိုက်ပါတယ် .... အားလုံးက မောင်ဘုန်းထက်တော်တဲ့ သူတွေကြီးပဲလေ ....
ဘာပဲဖြစ်ဖြစ် မောင်ဘုန်းရဲ့ သူငယ်ချင်းများ ကားတစ်စီးဝယ်မို့ အ ရောင်းပြခန်းရောက်သွားရင် သူများပြောပြနေတာထက် ကိုယ်က ကြိုသိနေတော့ နည်းနည်းတော့ အဆင်းပြေမယ်လို့ ထင်လို့ ပါ ...
ကဲ ... ကိုယ့်ဘာသာကိုယ် ဘာသာပြန်ကြည့်တော့နော် ....
TopMark's 38-point Quality Control Checklist:
Engine
1. Ignition timing
2. Drive belts/Timing belt/Air-cond belt
Fuel System
3. Fuel tank/Leakage
4. Fuel hose and condition of pipes
Fluids
5. Brake
6. Clutch
7. Engine
8. Power steering
9. Auto transmission
10. Windscreen washer
11. Coolant
Cooling System
12. Condition of radiator & hoses
13. Condition of radiator cap
14. Leakage test
15. Cooling fan function test
Battery
16. Terminals (Cleanliness)
Electrical
17. Room light
18. Headlamp/Focus
19. Signal light
20. Brake light
21. License lamp
22. Parking lamp
23. Horn
24. Windscreen wiper
25. Windscreen washer
26. Demister
Bonnet, Doors & Hinges
27. Central locking
28. Power window/Window regulator
29. Back door/Boot lid
Undercarriage Check
30. Exhaust system - pipes & mounting, catalytic converter/Leakage
31. Tighten undercarriage bolts & nuts
32. Transmission/Axle oil level
33. Shock absorber condition (oil leak)
Frame & Chassis Check
34. Chassis number/Check authenticity
35. Engine number
36. Check chassis for cut-and-join vehicle
Tyres
37. Tyre condition (uneven wear, cracks, nails)
Accessories
38. Air-cond
မောင်ဘုန်း .....