Pages

Saturday, November 26, 2011

သူခိုး ဖမ်းပွဲ








“ လူတွေဟာ စိတ်ကွယ် ရာ အရပ်မှာ မကောင်းမှု့  ပြု မို့  ဝန်မလေးတက် သလို စိတ်ကွယ်ရာအရပ်မှာ မကောင်းမှု့  ပြုတဲ့သူဟာ စိတ်ကွယ်ရာ အရပ်မှာ ပဲ ဝန်ခံ လေ့ရှိတက်ပါတယ် ”……………….

ဒီအကြောင်းရာလေး နဲ့  ပတ်သက်ပြီ ပုံပြင်လေး တစ်ပုဒ် လောက်ပြောပြ ပါမယ် ..


ထုံးစံအတိုင်း ပုံပြင်လေးဆုံးရင်တော့ မေးခွန်းလေး တစ်ခု မေးမယ်နော် … အဟီး …


ဒီ ပုံပြင်လေးကို လွန်ခဲ့တဲ့ ၅နှစ် ကျော်ကျော်လောက် က ကျောင်းမှာ  law of contract ဆိုတဲ့ ဘာသာရပ် ကို သင်ကြားပို့ ချတဲ့ ဆရာမ ကပြောပြတာပါ ။


law of contract ဘာသာရပ်ဆိုတာ ဥပဒေ အရ ဘယ်လိုအခြေနေမှာ contract ဖြစ်တယ် ၊ မဖြစ်ဘူးဆိုတဲ့ အကြောင်းရာကို အဓိက သင် ရတာပါ ... ။

  
တခါတလေ ဥပဒေ ဆိုတာနေရာတိုင်းမှာ သုံးလို့ မရတဲ့ အတွက် တရားဥပဒေ

စိုးမိုးမှု့ မရှိတဲ့ နေရာမှာ အကြောင်းရာ တစ်ခုကို contract ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်မို့  စိတ်ပညာနှင့် တရားစီရင်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးကို သင်ကြားရင် ဆရာမ က ဒီပုံပြင်လေး ပြောပြခဲ့တာပါ …။

ကယ် .. လိုရင်းကို မရောက်တော့ဘူး  … စ မယ်နော် ….



တစ်ခါတုန်းက လူသူ အရောက်နည်းတဲ့ ရွာ (၇) ရွာကို အုပ်ချုပ်ရတဲ့ စော်ဘွားကြီး တစ်ဦး ရှိသတဲ့ …

ရွာသူ ရွာသား တွေဟာ စော်ဘွားကြီးကို တန်းခိုး ရှိတယ် လို့  ယုံကြည်ပြီ လွန်စွာ ရိုသေ တက်ပါသတဲ့ …
အယ် … တချို့ ဆို သူတို့ ကိုးကွယ်တဲ့ နတ်ဘုရား ရဲ့ သားတော် လို့  မှတ်ယူပြီး ကိုးကွယ် ယုံကြည် ကြတယ်လေ ….။

တစ်နေ့ မှာ တော့ စော်ဘွားကြီးဟာ နှစ်စဉ်ကျင်းပ တဲ့ နတ်ဘုရား ပူဇော် ပွဲကို တက်ရောက်မို့ ရွာ (၇) ရွာမှာရှိတဲ့ ရွာသူ ရွာသား အားလုံးကို မိမိ နေထိုင်တဲ့ ရွာကို ဖိတ်ခေါ် လိုက်တယ်ကွယ် ……။


စော်ဘွားကြီးတို့  လူမျိုးစုဟာ ရိုးရာ နတ်ဘုရားကို ပူဇော် တဲ့ နေရာ မှာ အစဉ်လာလေး တစ်ခုရှိသတဲ့ …


နတ်ဘုရား ပူဇော်ပွဲလုပ်တော့မယ် ဆိုရင် နတ်ဘုရား ရုပ်ထု ရှိရာ ခြံဝန်းကြီးထဲ မှာ စော်ဘွာကြီးအပါဝင် အမျိုးသား များသာ ခြံဝန်းကြီးထဲကို ဝင်ခွင့်ရှိပြီး၊ နတ်ဘုရားပူဇော်ပွဲ တစ်နေ့ နဲ့  တစ်ည အချိန်ထိ အပြင်ထွက်ခွင့် မရှိပါဘူး အမျိုးသမီးများကတော့ ခြံဝင်ကြီးရဲ့ အပြင်ဘက်နေ ပူဇော် ရတော့ပေါ့ကွယ် …


အယ် …ဒီလိုနဲ့  နတ်ဘုရားပွဲ လုပ်ပြီးလို့  အမျိုးသားအားလုံး ခြံဝန်း ထဲက ထွက် ရတော့မဲ့ အချိန်ရောက်မှ ပြဿနာ တစ်ခုဖြစ် သတဲ့ …


ဖြစ်ပုံကတော့ နတ်ဘုရားရုပ်ထုရှေ့ မှာ ပူဇော်ထားတဲ့ စော်ဘွားကြီး ဆွေစဉ်မျိုးဆက် ပိုင် အရည်သွေးအလွန် ကောင်းတဲ့ ကျောက်စိမ်း တုန်း … ၃ တုန်း ပြောက်နေ တယ်လေ ….


 ဒီသတင်းကြားတော့ စော်ဘွားကြီးက ဘယ်သူမှ အပြင် ထွက်ခွင့် မရှိဘူးလို့ 

အမိန့် ထုတ်ပြန်ပြီ ဖြစ်စဉ် ကို သေချာ မေးသတဲ့ …

အဲ့ဒီ ကျောက် စိမ်း တွေဟာ မနေ့ က ညနေထိ နတ်ဘုရားရုပ်ထု ရှေ့ မှာ ရှိနေပြီး ည ကမှ ပြောက်သွား တယ်လို့  စော်ဘွာကြီးရဲ့ အစောင့်တွေ က ပြောသတဲ့ … ။


နောက်ပြီး အပြင်လူလည်း ဘယ်သူမှ အဝင်ထွက်မရှိ တော့ သူခိုးဟာ ဒီထဲမှာပဲလို့  စော်ဘွားကြီးက ကောက်ချက် ချသတဲ့ .... ။


ဒါနဲ့  စော်ဘွာကြီးက  (၇)ရွာပေါင်း အမျိုးသား အယောက် တစ်ရာ ကျော်လောက်ရှိတဲ့ သူတွေကို နတ်ဘုးရားရဲ့ ကျောက်စိမ်း ကို ပြန်ပေးမို့  တောင်းဆိုးပြီး အခုချိန် ပြန်ပေးမယ် ဆိုရင်

အပြစ်ဒဏ်ကို သက်ညှာ စွာ စဉ်းစားပေးမယ်လို့  ပြောပြီ အချိန် နာရီ ဝက် ပေးသတဲ့…

ဒါပင်မဲ့ အချိန်ပြည့်တဲ့အထိ ဘယ်သူမှ ထွက်မလာဘူးလေ …။


အဲ့ဒီအချိန်မှာ စော်ဘွားကြီးက လင်းတ ဌက် တစ်ကောင် ကို ယူလာပြီ အခုလိုပြော သတဲ့ ……

“ရွာသားအပေါင်းတို့  နတ်ဘုရားရဲ့ ကျောက်စိမ်း ကို ခိုးတဲ့ သူဟာ အခု ဒီလူ စုမှာ ပဲရှိနေပါတယ် … ဒီ သူခိုးဟာ နတ်ဘုရာရဲ့ ပစ္စည်းကို ခိုးသောကြောင့် လွန်စွာမှ အပြစ်ကြီး ၍ သေဒဏ် ပေးရပါမယ် ...

အခု ငါ့ လက်ထဲက ဌက် ဟာ လွန်စွာမှ တန်ခိုးရှိတဲ့ ဌက်တစ်ကောင်ဖြစ်တယ် ....

ဒီဌက်ကို လက်နှစ်ဖတ် နှင့် ကိုင်ပြီး နတ်ဘုရားရဲ့ ပစ္စည်းကို မခိုးပါဘူးလို့  သစ္စာ ဆိုရပါမယ် ....

နတ်ဘုရာရဲ့ ပစ္စည်းကို ခိုးတဲ့ လက်နဲ့  ဒီ ဌက်ကို ကိုင်မိရင် … တန်ခိုးရှိတဲ့ ဒီ ဌက်ဟာ အသံပြု မည်ဖြစ် တယ် ….

ဒါကြောင့် နတ်ဘုရာရဲ့ ပစ္စည်းကို မခိုးပါဘူးလို့  ဒီ ဌက်ကို ကိုင်ပြီး တစ်ဦး ချင်စီ သစ္စာပြုမို့  မိမိရွာ အလိုက် အဖွဲခွဲကာ တန်းစီးထားကြပါ …. ”


အဲ့လို စော်ဘွာကြီးက ပြောတော့ အားလုံးက စော်ဘွာကြီး လက်ထဲက ဌက်ကို သေချာကြည့် တာပေါ့ …

စော်ဘွာကြီး လက်ထဲက လင်းတ ဌက်ဟာ ဘာမှ ထွေထွေ ထူးထူး ဌက်မဟုတ်တဲ့ အပြင် အလွန် ညစ်ပတ် နေတဲ့ လင်းတ ဌက်တစ်ကောင် ဖြစ်နေတော့ တချို့ လည်း ဒီဌက်ဟာ တန်းခိုးရှိတယ် လို့  မယုံ ဘူးပေါ့ကွယ် …

ဒါပင်မဲ့ စော်ဘွားကြီးကို ကြောက်ရတော့  စော်ဘွာကြီး ပြောသလိုပဲ သစ္စာပြုမို့  တန်းစီ ရတာပေါ့ကွယ် …

စော်ဘွာကြီး က တော့ လက်ထဲက ဌက်ကို ခြံဝန်းကြီးထဲက မိမိရဲ့ ယာယီ တဲ အိမ်ထဲမှာ ထည့်ပြီ တဲ အိမ်အပြင်ဘက်ကနေ ထိုင်ခုံ နဲ့  ထိုင်နေတာပေါ့ …

ဒီလိုနဲ့ ရွာသားတွေ ဟာ တစ်ယောက်ပြီး တစ်ယောက်  စော်ဘွားကြီးရဲ့ ဌက်ကို ကိုင်ပြီ မခိုးပါဘူးလို့  သစ္စာပြု ကြသတဲ့


သူတို့  သစ္စာပြုပုံ ဒီလိုပါ …..

၁ …. သစ္စာပြုမဲ့သူဟာ စော်ဘွာကြီးကို အရင်ဆုံး အရိုသေပြုရပါတယ် လူမျိုးစု ရိုးရာအတိုင်း လက်နှစ်ဖက် နှင့်  လက်ဆွဲ နှုတ်ဆက်ပြီး စော်ဘွားကြီးကို အရိုသေပြုပြီး

၂ … အခန်းထဲ ဝင် ကာ ဌက်ကို လက်နှစ်ဖက်ကိုင် ၍ မခိုးပါဘူးလို့  သစ္စာပြုရပါတယ်

၃ …. သစ္စာပြုပြီးလို့  ပြန်အထွက်မှာ ဝင်လာတုန်း ကအတိုင်း စော်ဘွားကြီ ကို အရိုသေ ပြုပြီး သက်မှတ်ထားတဲ့ နေကို ပြန်ရပါတယ် ….

အဲလို တစ်ယောက်ပြီး တစ်ယောက် သစ္စာပြု ကြတာ ရှိသမျှ လူတွေသာ 
 ကုန်သွားတယ် စော်ဘွာကြီး ပြောသလို တန်ခိုးရှိတယ်ဆိုတဲ့ ဌက် က ဘာအသံမှ မထွက်ဘူးလေ ….

ဒါပင်မဲ့ အားလုံး သစ္စာပြု ပြီးတဲ့ အချိန်မှာတော့ စော်ဘွားကြီးက သူ့ အစောင့်တွေ ကို လူနှစ်ယောက်ကို ဖမ်းမို့  အမိန့် ပေးလိုက်တယ်……….  ကွဲ့ ….


နောက်ဆုံးတော့ အဲ့ လူနှစ်ယောက်က ခိုးမိကြောင်း ဝန်ခံပြီ သူတို့  ဝှက်ထားတဲ့ ကျောက်စိမ်းတွေ ကို ပြန်ပေးရတော့တာပေါ့ ….

ကယ် … ပုံပြင်လေးကတော့ ဒီမှာ တင်ပြီးပါပြီ


အတက်နိုင်ဆုံးတော့ ရှင်းအောင် ရေးထာပါတယ် … ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တော့ ရှုပ်နေသလိုပဲ …

ကျနော် မေးခွန်းလေး မေးမယ်နော် ….


၁ … စော်ဘွားကြီးက … လူတွေအများကြီးထဲကမှ အဲ့ဒီ လူနှစ်ယောက်ကို သူခိုးပါလို့  … ဘယ်လိုသိပါ သလဲ …???


၂ … စော်ဘွားကြီးပြော သလို သူ့ ရဲ့ လင်းတ ဌက် က တစ်ကယ်ပဲ တန်းခိုး ရှိတယ်လို့  ထင်မိပါသလား ….???


ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း နှင့် ဒီ ပုံပြင်လေးကို မတော်တဆ ဖတ်မိ သူတို့ ခဗျာ …. ပုံပြင်လေးရဲ့ အဖြေ ကို စဉ်းစား ပေးပါလို့  .. လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ် ….


ဒီပုံပြင်လေးနဲ့  ခပ်ဆင်ဆင် ဝတ္တု တိုတစ်ပုဒ် ကို ကျနော် ဖတ်ဘူးပါတယ် … သိပြီးသာဆိုရင်တော့ တောင်းပန်ပါတယ် ဗျာ … ပုံပြင်လေးရဲ့ အဖြေ ကို နောက်တစ်ပတ် မှာ ဖော်ပြ ပေးပါမယ် ….


ပုံကို တည်ဖြတ်၍ ပြန်ဆွဲထားသည် လင်းတ ပုံစံ တော့ ထွက်မလာပါ 


ခင်မင်စွာဖြင့်


မောင်ဘုန်း

Sunday, November 20, 2011

အိမ်တွင်းနတ်ဆိုး အမှတ် ၃



                           XEROX တံဆိပ် Phaser 3200 MFP ပရင်တာ



အိမ်တွင်းနတ်ဆိုး အမှတ် ၃ ( အသွင်ပြောင်း နာမည် လေဆာပရင်တာ)

အခုလို ကွန်ပြူတာခေတ်မှာ ကွန်ပြူတာနှင့် စပ်ဆက်တဲ့ ပစ္စည်းများ ကို ကွန်ပြူတာသုံးကြသော အိမ်တိုင်းလိုလို ရှိတက်ကြပါတယ် … ။
ကွန်ပြူတာနှင့် တွဲဖတ်သုံးရသော ပစ္စည်များအနက် ပရင်တာ ဆိုတာ မရှိမဖြစ် သုံးပြုနေကြတဲ့ ပစ္စည် တစ်ခုပေါ့

ပရင်တာ အမျိုးစား များစွာ ရှိတဲ့ အထဲမှာ မှ လူသုံးများတဲ့ လေဆာပရင်တာ ဟာ အိမ်တွင်းလူ များကို နတ်ဆိုးတစ်ကောင်လို ဒုက္ခ ပေးတက်ပါတယ် ။

၂၀၀၇ ခုနှစ် တွင် သြစတြေးလျှ နိုင်ငံ ကွင်းစ်လန်း နည်းပညာတက္ကသိုလ် က လေဆာပရင်တာ မှ သာမာန် မျက်စိနှင့် မမြင်နိုင်သော အမှုန့်  များထွက်လေ့ရှိကြောင်း ထုတ်ဖော် ကြော်ငြာခဲ့ပါတယ် …။
လေဆာပရင်တာ များသာမက  ink-jet ပရင်တာများတွင်လည်း VOCs (volatile organic compounds) နှင့် Ozone particulates များ ထွက်လေ့ ရှိပြီး ၊ ယင်း ဓာတ်အများစုမှာ ပရင်တာ ပုံနှပ်နေ ချိန်အတွင်းသာ ထွက်ရှိပြီး ပုံနှပ်ပြီးနောက် မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားတက်သည် ဟု သိရပါတယ်

အမှုန့် ထွက်ခြင်း အနည်းအများ မှာ သုံးစွဲသည့် မှင်ဗူး အရည်သွေးပေါ်တွင် ကွာခြားတက်ပြီး ၊ မှင်ကို ပြန်ဖြည့်ပြီးသုံးသည့် အချိန်ခါမျိုးမှာ အမှုန့် ပို့ ထွက်လေ့ ရှိပါတယ် ။

ယင်း အမှုန့်  များတွင် ပါဝင်သော ဓာတ် အများစုမှာ လူကို အဆုတ်နှင့် နှလုံးကို အလွယ် တကူ ထိခိုက်စေပြီး ၊
ကလေးငယ်များတွင် အဆုတ်ရောဂါ အလွယ်ကူ ဖြစ်စေတက်ပါတယ် ။

ထို့ ကြောင့် လူကို မထိခိုက်စေပါဟု အာမခံပေးထားသော Xerox ၊ Hewlett-packard နှင့် တခြား အရည်သွေးကောင်းသော ပရင်တာများ ကို ဝယ်ယူသုံးစွဲ သင့်ပေသည် ။ 

စီးပွားဖြစ် ပရင့် ထုတ်သူများအဖို့  နှာခေါင်းစည်း တပ်ထားခြင်းဖြင့် နတ်ဆိုးတစ်ကောင် ကဲ့သို့  ဒုက္ခ ပေးတက်သော  ပရင်တာများ ၏ ရန်မှ ကင်းလွတ်မည်ဖြစ်ပါတော့သည် ။

မောင်ဘုန်း
ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)

Tuesday, November 15, 2011

ကျေးဇူးပြု၍




တိုက်နေကြတာလည်း နှစ်ပေါင်းရာချီ
ကျွန် ဖြစ်လို့  အာဏာ ရှုး ကြလို့ တဲ့

မဆုံးနိုင်တဲ့ ခေါင်းစဉ်လှလှ လေး ရေး
ငါ့ ပြည် ၊ ငါ့ နယ် ငါ အုပ်ချူပ်မယ် ဆိုပဲ

နောက်ဆုံးတော့ သမိုင်းတွင်လောက်အောင်
မှတ်တမ်းတင်ခဲ့ပုံက
ကချင်၊ကယား၊ကရင်၊ချင်း
မွန်၊ဗမာ၊ရခိုင်၊ရှမ်း တို့ 
တိုက်နေကြသော နိုင်ငံ ကို
ပြည်ထောင်စု မြန်မာနိုင်ငံ ဟုခေါ်ဆိုပါ …သတဲ့

နှစ်တွေသာ ရာချီ တိုက်ခဲ့တာ
တိုက်နည်းကတော့ ထုံးစံအတိုင်းပဲ
ကောင်းသူထိ မကောင်းသူထိ ပေါ့


ဘာပဲဖြစ်ဖြစ် လေ
တိုက်နေ ရမှ ကျေနပ်တာကို
တိုက်နေရမှ ထမင်းစားရမှာလေ
ရာဇဝင်ထဲ မှာ အင်းဝ နဲ့ ဟံသာဝတီ တိုက်တာ
နှစ်လေးဆယ် ပဲကြာ တယ်
အခုတော့ဖြင့် သမိုင်းသစ် ရေး ရမလို
နှစ်ခြောက်ဆယ် ကျော်ခဲ့ ပြီ

အာရပ် ကမ္ဘာမှာ ကိုယ့်ကို ကိုယ် ဗုံးခွဲ တယ်တဲ့
မြန်မာဆိုတာ အဲ့လောက် ညံ့ တဲ့ အလုပ်မျိုးတော့ မဖြစ်စေရဘူး
အဖိုးရဲ့ အဘိုး နည်းတိုင်းပေါ့
လက်သုံးစကားက “ လူဆိုတာ နိုင်ငံရေး သားကောင်ပဲကွ”

သြော် ……… ခက်ပါရော လား
ကျွဲနှစ်ကောင် ကြား က စိမ်းစိမ်း ဆိုဆို မြေဇာ ပင် လောက်တောင်
အရောင်မထွက် တော့ တဲ့
မြက်ခြောက်ပင် ပမာ ရှိပါတော့တယ် …
ဒူးထောက်မှ ကျေနပ်မယ်ဆို
ဒူးထောက်လိုက် ချင်မိတယ်
နှစ်ရာချီနေတဲ့ အတွေး တွေ မေ့ပစ်ရအောင်လေ
ခောတ်မှီ တယ် ဆိုတဲ့ အနေ ထားမျိုး လောက်
မမှန်း ရဲ ပါဘူး …
ကျေးဇူးပြု၍ ….. အေးချမ်းစွာ နေရအောင်လား ဗျာ
ကျေးဇူးပြု၍ …………………..
ကျေးဇူးပြု၍ ………… ………..
 ကျေးဇူးပြု၍ ………………….. အေးချမ်းစွာ .... 


၁၂.၁၁.၂၀၁၁ နေ့ မြစ်ကြီးနားမြို့  ဗုံးပေါက်ကွဲမှု့  ဖြစ်ရပ်မှ အပြစ်မဲ့ ကလေးငယ် (ဓာတ်ပုံကို-Hkra U/ မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်)


 ၂၉.၇.၂၀၁၁ နေ့ ကျောက်မဲ လမ်းခွဲတွင်ဖြစ်ပွားသော ပစ်ခက်မှု့  မှ အပြစ်မဲ့ ပြည်သူ တချို့  (ဓာတ်ပုံကို facebook မှ ကူးယူဖော်ပြပါသည်)


 ၂၉.၇.၂၀၁၁ နေ့ ကျောက်မဲ လမ်းခွဲတွင်ဖြစ်ပွားသော ပစ်ခက်မှု့  မှ အပြစ်မဲ့ ပြည်သူ တချို့  (ဓာတ်ပုံကို facebook မှ ကူးယူဖော်ပြပါသည်)


မောင်ဘုန်း ( စိတ်မကောင်းခြင်းများစွာဖြင့် ရေးမိပါသည် )







Monday, November 14, 2011

အိမ်တွင်းနတ်ဆိုး အမှတ် ၂ ( အသွင်ပြောင်း နာမည် ကြိတ်သား ဖြင့်ပြုလုပ်သော ပရိဘောဂ ပစ္စည်းများ)





ကြိတ်သား ထည်ပစ္စည်များကို ၁၉၇၀ ခုနှစ်လောက် က စပြီ ကမ္ဘာ့ ဈေးကွက်ထဲသို့ ရောက်ရှိလာပြီ မြန်မာနိုင်ငံမှာတော့ ၁၉၉၀ နှစ်မှစ၍ ယနေ့  အချိန်ထိ ရေပန်းစား သုံးစွဲလျှက်ရှိပါတယ်

ကြိတ်သား ထည် ပြုလုပ်ရာတွင် ကုန်ကြမ်း အဖြစ် သစ်ခွဲစက်မှ ထွက်ရှိသော လွှစာ မှုန့် ကို အခြေံ၍ ၊ ဖိုက်ဘာမှုန့် ၊ ပလပ်စတစ်မှုန့်  များသာမက အခြာနည်းဖြင့် ကြိတ်ချေ ၍ ရသော အမှုန့် များ ကို ကော်စေး ၊ သစ်စေး ၊ ဓာတုဗေဒ ကော်စေး တစ်မျိုးမျိုးဖြင့် ရောစပ်ကာ ဖိအားနှင့်အပူးပေ စေပြီး အချပ် အပြား အသွင် ပြုလုပ်ထား ခြင်းဖြစ်ပါတယ် ။

လူကို ဒုက္ခပေးရာတွင် အဓိကကုန်ကြမ်းများထက် မသုံးမဖြစ်သုံးရသော ကော် က အဓိက ဒုက္ခ ပေးတာပါ ။
တချို့  ထုတ်လုပ်မှု့  စရိတ်သက်သာစေ၇န် urea – formaldehyde ကို ကော်အဖြစ်အသုံးပြုတက်သောကြောင့်
သာမန် ကြိတ်သား ထည်တွင်သုံးသော ကော် ထက် ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ ပိုထွက်စေပြီ လူကို အန္တရာယ်ဖြစ်စေပါတယ် ။

ကြိတ်သာထည် ပစ္စည်းများသည် အပူချိန် များလေ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့  ပိုထွက်လေဖြစ်ပြီ ယင်းဓာတ်ငွေ့ ကို ရေနှင့်ရော စပ်လျှင် မပုပ်ဆေး ၊ တာရှည်ခံဆေး အဖြစ်သုံးနိုင်သော ဖော်မလင် ဓာတ်ပေါင်း ကို ရနိုင်ပါတယ် ။

ဖော်မယ်ဒီ ဟိုက် ဓာတ်ငွေ့ မြင့်မားစွာရှိနေသည့် အခန်းတွင်း နေထိုင်သူများသည် မျက်ရည်ပူကျခြင်း ၊ မျက်လုံးနီကျင်ခြင်း ၊ အသက်ရှူ ကျပ်ခြင်းအပြင်ကလေးများတွင် ပန်းနာရင်ကျပ် ကိုပင်ဖြစ်ပါတယ် ။ အစမ်းသပ်ခံ တိရစ္ဆာန်များတွင် ကာဆာဖြစ်စေသည်ကိုလည်းတွေ့ ရပါသေးတယ် ။

ယနေ့ အချိန်ခါတွင် နေအိမ်များ ၊ရုံးခန်များ တွင် ကြိတ်သားထည် ပစ္စည်းနှင့် မကင်းသည့် နေရာအလွန်း ရှားမည် ထင်ပါတယ် ။

ကြိတ်သားထည် ရှိသော အခန်းအား လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း ၊ လေအေးပေးစက် တက်ဆင်ခြင်း ၊ နိုင်ငံအများစုတွင် ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့  အနည်းငယ်သာ ထွက်ရှိသည်ဟု အာမခံပေးထားသည့် ကြိတ်သားထည် များကိုဝယ်ယူ သုံးစွဲခြင်း ဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ကဲ့သို့ လူကို ဒုက္ခပေးစေသော ကြိတ်သားထည်ပစ္စည်း များရဲ့ အန္တရာယ်မှ ကင်းလွတ်မည်ဖြစ်ပါတော့ သည် ….. ။
  



မောင်ဘုန်း


ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)

ဆက်လက်ရေးသားပါမယ်

Sunday, November 13, 2011

အိမ်တွင်းနတ်ဆိုးများ


အားလုံးပဲ မင်္ဂလာပါဗျာ ကျနော်တို့ ဟာ မိုးလင်း သည်နှင့် အကြောင်းမျိုးစုံပြ၍ အပြင်သို့  ထွက်တက်ကြပါတယ် .. ၊၊ တချို့ က ပညာအတွက် ၊ တချို့ က ဝမ်းစာအတွက် ၊ တချို့ ကတော့ လမ်းရှိ လို့ ထွက် သည်ဟု အကြောင်းမျိုးစုံဖြင့် အိမ်အပြင်တွင် နေထိုင် တက်ပါတယ် … ။ ဘယ်လို အကြောင်းပဲဖြစ်ဖြစ် နောက် ဆုံးတွင် မိမိ အိမ်သို့ ပြန်လာတက်ကြပြီ အိမ် မကပ်သူများ ပင်လျင် သူတပါး၏ အခန်း သို့ မဟုတ် အိမ်သို့  ရောက်လာတက်တယ် ။

လူတစ်ယောက်ဟာ မိမိအိမ် ထဲရောက်သည်နှင့် ပြင်ပလောက တွင် လုပ်ယူထားရသော ကျင့်ဝတ်များ ၊ ဟန်ဆောင်မှု့ များ ကို ကန့် လန့် ကာချ ခွင့်ရပါတော့သည် ။ မိမိနေထိုင် စားသောက် အိပ့်စက်ရာ ၊ မိသာစုနှင့် အတူတကွရှိသော နေရာဖြစ်သည့် အိမ် ဆိုသည်ကာ လူတစ်ယောက် အတွက် သာယာပျော်ရွှင်မှု့ နှင့် လုံခြုံမှု့ ကို ပေးနိုင်သော နေရာသာ ဖြစ်ပါတယ် …။

ထို့ ကြောင့် လူသားတိုင်း သည် မိမိအိမ်တွင်း သာယာ ပျော်ရွှင်မှု့ နှင့် လုံခြုံမှု့ ကို ပျက်ရာပျက်ကြောင်း လုပ်တဲ့သည့် သက်ရှိသက်မဲ့ အရာ အားလုံးကို အိမ်တွင်း နတ်ဆိုး သဖွယ် ကြောက်ရွံ့  တက်ပါတယ် …

ယခုကဲ့သို ခေတ်မှီ တိုးတက်သော အချိန်ခါတွင် အိမ်တွင်းသုံး ပစ္စည်း တချို့ သည် ကျနော် တို့  အိမ်များတွက် နတ်ဆိုး တစ်ကောင် သဖွယ် ကြောက်စရာ ကောင်းတဲ့ ကြောင်းကို ကျနော် မောင်ဘုန်းက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် သုတစွယ်စုံ မဂ္ဂဇင်း တွင်ပါရှိသော ဆောင်းပါးရှင် ကျော်စည်သူ ၏ အိမ်သုံးပစ္စည်းလာ ၊ နတ်ဆိုးလား ….. ဆိုတဲ့ ဆောင်းပါးကို အဓိက ကိုးကား၍ ဖတ်ဘူးသော စာတို ပေစ တို့ နှင့် ပေါင်းစပ်ကာ
ကောင်းကင်ဖြူ ၏ တိုက်တွန်းချက် နှင့် အိမ်တွင်းနတ်ဆိုးများ ဆိုသည့် post  လေးကို မသိသေးတဲ့ ကျနော် ၏ blogger မိတ်ဆွေ သူငယ်ချင်း များအတွက် ရည်ရွယ်ပြီး ရေးသားမိပါတော့သည် ……


အိမ်တွင်းနတ်ဆိုး အမှတ် ၁ ( အသွင်ပြောင်း နာမည် ပရုတ်လုံး)

အိမ်တိုင်းလိုလို ပရုတ်လုံး ကို သုံးဖူးကြမှာပါ ။ ပရုတ်လုံးသည် အခဲအဖြစ်မှ ငွေ့ အဖြစ်သို့ ပြောင်းကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါတယ် ။ ပရုတ်လုံးမှ ထွက်သော အနံ့ သည် ပိုးဟပ်နှင့် တခြား အဝတ်ထည် များကို ကိုက်တက်သော ပိုးကောင် များကို မောင်ထုတ်နိုင် စွမ်း ရှိပါတယ် ။

အိမ်များတွင် အဝတ်ဘီဒို ၊  သေတ္တာများနှင့် ဟိုချောင် သည်ချောင် များတွင် ပရုတ်လုံး ကို သုံးစွဲလေ့ရှိပါတယ် ။

ကိုယ်တိုင် လုံးပါးပါး၍ ပျောက်ကွယ်သွားတက်သော ပရုတ်လုံးဟာ အနံ့ ရှူ မိသူကိုလည်း တဖြည်းဖြည်း ထိခိုက်စေပါတယ် ။
ပရုတ်လုံးမှ ထွက်သော အနံ့ များတွင် ပါရာဒီခလို ရိုဘန်းဇင်း ဓာတ် (paradichlorobenzene) များပါဝင်ပြီ ယင်းဓာတ် သည် တိရစ္ဆာန်များတွင် ကင်ဆာဖြစ်စေပြီး လူသားများအတွက် အန္တရာယ် မကင်းဘူးလို ယေဘုယျ တွက်ဆထားပါတယ် ။

တချို့  ပရုတ်လုံး အနံ့ များတွင် Naphtalene ဓာတ်များတွေ့ ရပြီ ယင်းဓာတ် ကြာမြင့်စွာ ရှူ မိလျှင် သွေးနီဥများ ပျက်စီးတက်ပါတယ် ။

မည်သည့် ပရုတ်လုံးမဆို ပရုတ်လုံးမှ ထွက်သော ဓာတုပစ္စည်း များသည် လူသားတို့ အတွက် ပျို့ အန်ခြင်း ၊ ဝမ်းပျက်ခြင်းများဖြစ်တက်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကြော်ငြာချက် ထုတ်ပြီးသာ ဖြစ်ပါတယ် ။

ဒါကြောင့် ကမ္ဘာ့ ဈေးကွက်မှာ ပရုတ်လုံးကို ဈေးကွက်တင်သည့်အခါ အထုတ်တိုင်းတွင် “ အငွေ့ များကို ရှူရှိုက် ခြင်းမှ ရှောင်ကျဉ် ပါ “ ဟူသော စာသာကို ရိုက်နှိပ်ဖော်ပြထားသည်ကို တွေ့ ရပါတယ် ။

သို့ ဖြစ်ပါ၍ ကျနော် မိတ်ဆွေ သူငယ်ချင်းများ ပရုတ်လုံးကို မသုံးမဖြစ် သုံးမည်ဆိုပါက ပရုတ်လုံးထည့်ထားသော အဝတ်ဘီဒို ၊ သတ္တော များကို အလုံပိတ်ထားသင့်ပါတယ် ။ ပရုတ်လုံး အနံ့ စွဲနေသော အဝတ်အထည်များကိုလည်း နေလှန်းခြင်း ၊ ပြန်လျှော်ခြင်း တစ်နည်းနည်းဖြင့် အနံ့  ပျောက်အောင်လုပ်ပြီးမှ ဝတ်ဆင်သင့်ပါတယ် …။

ကျနော် တို့ မြန်မာရိုးရာမှာ ရှေ့ ခေတ်က အဝတ်အထည်များ ပိုးမွားကင်းစေရန် သစ်ကတိုး၊ တောင်တမာသားတို့ အသုံးပြုခဲ့ပါတယ် .. မိမိနီးစပ်ရာမှ ရမည်ဆိုလျှင် ပရုတ်လုံးအစား အသုံးပြုခြင်းဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ဖြစ်သည့် ပရုတ်လုံး ရန်မှ
ကင်းလွတ်မည်ဖြစ်ပါတော့သည် ….။


 ဈေးကွက်ထဲက Naphtalene ဓာတ်ပါသည့် ပရုတ်လုံး


မောင်ဘုန်း
ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)
ဆက်လက်ရေးသားပါမယ်

Saturday, November 12, 2011

အမှတ်တရနေ့ ရက်များ


အဝေးကို ကြည့်လိုက်တော့
မဆုံးနိုင်တဲ့ အမည်မသိ တောင်တန်းကြီး

အပေါ်ကို ကြည့်လိုက်တော့

အုံ့ ဆိုင်းနေတဲ့ မြူနှင်းတွေ …

လေ တစ်ချက် ဝှေ့ မှာ …

ဆောင်းငွေ့ နဲ့  အတူပါလာတဲ့ နှင်းမှုံ တွေက

ကို … ရင်ကို အေးခဲ့ တာ အခုချိန် ထိပဲ လေ


လက်ဖက် ခင်းတွေ ကြားမှာ

လက်တွဲပြီ လမ်းလျှောက်ခဲ့ ဘူးတဲ့
နေ့ ရက်တွေနဲ့ 

မေ့မရတဲ့ ဆောင်းတစ် ည ကို

နှင်းတွေ မရှိတဲ့ ဒီနေရာ ကနေ
လွမ်း နေရပြီ ချစ်သူ ရေ …..

အမှတ်တရ ချစ်သူရှိရာ ပုံရိပ်များ


မောင်ဘုန်း

Thursday, November 3, 2011

ပုံပြင်လေးရဲ့ ... အဖြေ


မင်္ဂလာပါ … ဗျာ …ဒီနေ့ တော့  ကျနော် ပုံပြင်လေးရဲ့ အဖြေကို ပြောပြပါမယ် …

ကျနော် တို့ သူငယ်ချင်း တစ်စု ကို … ကိုဇော် ဒီပုံပြင်လေးပြောပြတုံး ကလည်း အခု ကျနော် မိတ်ဆွေ သူငယ်ချင်းတွေ ပြောသလိုပါပဲ .. တချို့ က B ကို ရွေးသလို တချို့ က A ကို ရွေးပါတယ် ..
အယ် ...  တချို့ ကလည်း ဘယ်သူ့ ကိုမှ မရွေးဘူးတဲ့ …

ဒါပင်မဲ့ … B ကို ရွေးတဲ့သူ များခဲ့ပါတယ် .. ကျနော် လည်း B ကို ပဲ ရွေးခဲ့တယ်လေ … သူက ချစ်သူ အတွက် သစ္စာ ရှိတယ်ဆိုပြီ တော့...ပေါ့ ဗျာ …

အမှန်တော့ ပုံပြင်လေးထဲ က ကောင်မလေး က ….. A ဆိုတဲ့ ကောင်လေးကို ရွေးသွားပါတယ် တဲ့ ဗျာ …

ဘာကြောင့်လည်းဆိုရင် … ဒီလို ရွေးဖြစ်သွားအောင် လုပ်ပေးလိုက်တဲ့ အဓိက တရားခံ ကတော့ 
 မိုးနတ်မင်းကြီးပါပဲ ဗျာ … ဒီလိုပါ ….

မိုးနတ်မင်းကြီးရဲ့ တန်းခိုးတော်ကြောင့် …

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် ….
၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် …
၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် …
၎ … သုံးယောက် စလုံး သူတို့  ဘာဖြစ်ခဲ့ တယ်ဆိုတာ ပြန်မှတ်မိစေတယ် …..

အဲ့လို ဖြစ်သွားတယ်နော် …

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် …. ဒီကောင်လေး အရင်လိုပဲ ပြန်ရှင်လာ တာ ဘာမှ ပြောစရာ မရှိပါဘူး … အားလုံးကို ပြန် မှတ်မိစေ တော့ အရင်လိုပဲ ဘာမှမထူး ဆန်းဘူးလေ …

၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် … သူလည်း A ဆိုတဲ့ ကောင်လေးနဲ့  တူတူပဲနော် …ရင်လိုပြန်ရှင် လာတယ်ဆို တော့ အရင်တိုင်းပဲပေါ့ …

၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် … အယ် ..သူကတော့ မိုးနတ်မင်းကြီး သနားတာလွန် သွားတယ် ထင်ပါရဲ့ … အရင်လို တော့ စိတ် ပုံမှန် ဖြစ်သွာပင်မဲ့ .. နှစ်ပေါင် ၄၀ လုံးလုံး ဆုတောင်းနေတဲ့ သူ့ ရဲ့ အသက်ဟာ … အဖိုးကြီးတစ်ယောက် အရွယ် ဖြစ်နေတာပေါ့ ….နော် …. မိုးနတ်မင်းကြီး က သူ့ ကိုအရင်လို အသက်ရွယ်မျိုး ပြန်မလုပ်ခဲ့ဘူးလေ …

ကဲ …. C ဆိုတဲ့ ကောင်မလေးက သူ့ ရှေ့ မှာ သူ့ ကို အ၇မ်းချစ်တဲ့ နှစ်ယောက် ရှိနေပါတယ် …

တစ်ယောက်က အချစ်တွက်ဆို အသက်တောင် ပေးရဲ တယ် … နောက်တစ်ယောက် က သူ့ အပေါ် သစ္စာရှိ တဲ့ သူ … ဒါပင်မဲ့ တစ်ယောက်က သူမ နှင့်ရွယ်တူ … ကျန်တစ်ယောက်ကတော့ အဖိုးကြီး ဖြစ်နေ ပါပြီ ……

ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်း တို့  ခဗျာ … မိန်ကလေးတစ်ယောက် ဟာ …
သူ့ အပေါ် အရမ်းချစ်မှန် သိပင်မဲ့လည်း သူမ ဘဝအတွက် လက်တွဲဖော် တစ်ယောက်ဟာ သူ့ မ နဲ့  အသက် ၄၀ ကျော် ကွာနေမယ်ဆို …. သူမဘဝ အတွက် မရွေးချယ်လောက်ဘူး ထင်တယ်နော် … .

ပုံပြင်လေးရဲ့ အဖြေ ကို ကျေနပ်ကြ လိမ့်မယ်လို့  မျှော်လင့်ရပါတယ် …

ပုံပြင်လေးထဲက C ဆိုတဲ့ကောင်မလေး နေရာကနေ ပါဝင်ရွေးချယ်တဲ့ ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးပါပဲနော် ….

ခင်မင်စွာဖြင့်

မောင်ဘုန်း