အားလုံးပဲ
မင်္ဂလာပါ ။ အချိန်လေးရတာနဲ့  တွေးမိတဲ့အကြောင်းအရာလေး တစ်ခုကို လေ့လာဖတ်ရှုရင်း ကျနော်ရဲ့
ယူဆချက်များနဲ့ ပေါင်းစပ်ကာ ဒီ Post လေးကို ရေးမိတာပါ … ။ လွတ်လပ်စွာပဲ ကျနော်ရဲ့ ထင်မြင်ချက်လေးကို
ချရေးမိပါတယ် ။ ခေါင်းစဉ်ကိုတော့ “ တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း ” လို့  အမည်းပေးလိုက်မိပါတယ်
။
ယနေ
့ အချိန် မှာ “ လူ့ အခွင့်အရေး …. လူ့ အခွင့်အရေး ”ဆိုပြီး နိုင်ငံတိုင်းပြောနေကြတာ သတင်းစာမျက်နှာတွေ
က သက်သေ ပါပဲ ။ ဒါပင်မဲ့  တစ်နေ့ တခြား ကြီးထွားနေတဲ့
လူတန်းစားကွာဟမှု့ ကိုတော့ ကျနော် တို့ လို ဟိုမရောက်ဒီမရောက် လူတန်းစားများ မျက်မြင်ကိုယ်
တွေ့ ပါပဲ ။ လူတန်းစားကွာဟမှု တစ်ခုတည်းမဟုတ်ပါဘူး အရင်းရှင် အုပ်ချူပ်မှု တွေပါ တွေ့ ရတတ်ပါတယ် ။ ပညာရှင်တွေကတော့
ဒါကို ၂၁ ရာစုရဲ့ လက်ဆောင်တစ်ခုလို့  သတ်မှတ်ထားပါတယ် ။
ဘယ်လိုပဲ
ဖြစ်ပါစေ “ လူသားတိုင်း တန်းတူအခွင့်အရေး ” ရှိရမည်ဆိုတဲ့ ကြွေးကြော်သံများကတော့ အားရစရာပါပဲ
။ တစ်ကယ်ပဲ ကျနော်တို့ လူသားများတန်းတူအခွင့်အရေး ရနိုင်မှာလား … ? ။ ကိုယ်တိုင်လည်း
ပါဝင် မလုပ်ဆောင်နိုင်တော့ ဘေးကနေကာ လက်ခုပ်တီးပြီး
မျှော်လင့်ရတာပေါ့ ။ ကျနော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ စိတ်အခြေခံလေးတော့ ရှိတတ်ကြပါတယ် ။ ဘယ်သူမဆို ဆင်းရဲဒုက္ခရောက်နေတဲ့ သူကို တွေ့ ရင်
အနည်းနဲ့  အများတော့ သနားတက်ကြတာ လူ့ သဘာဝပါပဲ ။ ဒီလို ဆင်းရဲမွဲတေတဲ့ လူတန်းစားများအတွက်
တန်းတူအခွင့်အရေးဆိုတာ အမှောင်ကမ္ဘာထဲက ဖယောင်းတိုင်လေး တစ်တိုင်လို တန်ဖိုးရှိလှ ပါတယ်
။
တန်ဖိုးရှိလှတဲ့ ဖယောင်းတိုင်လေးလို လူသားတိုင်း
တန်းတူအခွင့်အရေး ဆိုတာ ဖြစ်နိုင်၏ ။ မဖြစ်နိုင်၏ ဆိုတာလေးကို ကျနော် ဥာဏ်မှီသလောက်
စဉ်းစားမိရင်း ၊ လှု့ အခွင့်အရေးဆုံးခဲ့ရတဲ့ မှတ်တမ်း သမိုင်းစာမျက်နှာတွေ ကိုလည်း ဖတ်ရှုမိခဲ့ပါတယ် ။ ဒီနေရာမှာ တန်းတူအခွင့်အရေး ဆိုတာအတွက်
အတားအဆီးလေးတစ်ခု ကို သတိပြုမိပါတယ် ။ ဒီအကြောင်းအရာလေးကတော့ “ ဓလေ့ထုံးတမ်း ” ဆိုတာပါပဲ … ။
ကမ္ဘာပေါ်မှာ
မတူညီတဲ့ လူမျိုးတွေဟာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ ၊ ရိုးရာယဉ်ကျေးမှု့ တွေ အမျိုးမျိုး
ရှိတာကြောင့် လူသားတိုင်းအတွက် တန်းတူအခွင့်အရေးဆိုတာဟာ တချို့ နေရာတွေမှာ ဓလေ့ထုံးတမ်း
ဆိုတဲ့ အကြောင်းအရာ အောက်မှာ ပျောက်ဆုံးနေတာတွေကို အထင်အရှားတွေ့ ရပါတယ် ။ အဖြစ်များတဲ့ အကြောင်းအရာလေး တစ်ခုကတော့ အမျိုးသား
အမျိုးသမီး ခွဲခြားခံရခြင်း ပါပဲ ။ ဓလေ့ထုံးတမ်း အများစုမှာ အမျိုးသားတွေဟာ မြင့်မြတ်တယ်
။ ဒါကြောင့် အမျိုးသားများသာ အုပ်ချူပ်သူ လူတန်းစားပဲ ဖြစ်သင့်တယ် ဆိုတဲ့ အချက်ပါပဲ
။
ဥပမာတစ်ခုအနေနှင့်ပြောရရင် နီပေါနိုင်ငံမှာ ၂၀၀၅ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ
မြေယာပိုင်ဆိုင်ခွင့် မရှိသလို ဘဏ်စာရင်း ထားပိုင်ခွင့်မရှိပါဘူး ။ ဒါအပြင် သမီးဖြစ်သူက
အဖေကို အားကိုးရတယ် ။ ဇနီးလုပ်သူက ခင်ပွန်းကို အားကိုးရတယ် ။ အမေလုပ်သူက သားသမီးကို
အားကိုးရတယ်လို့  ဓလေ့ထုံးတမ်း တစ်ခုလို လက်ခံ ယုံကြည့်ခဲ့တာ တွေ့ ရပါတယ် ။ နီပေါနိုင်ငံမှာ
၂၀၀၅ ခုနှစ် ကျမှ အမျိုးသမီးများ မြေယာပိုင်ဆိုင်ခွင့် ၊ ဘဏ်စာရင်း ထားရှိခွင့် ဆိုတဲ့
တန်းတူအခွင့်ရေးတချို့  နီပေါအမျိုးသမီးလူထု ခံစားနိုင်ခဲ့ရတာပါ ။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်
တန်းတူအခွင့်အရေးဆိုတာအတွက် ဓလေ့ထုံးတမ်း ကို ပယ်ဖျက်ရတယ် ဆိုတာပါပဲ ။ အမျိုးသား အမျိုးသမီး
ခွဲခြားခံရတဲ့ ဖြစ်စဉ် တော်တော်များများဟာ ဓလေ့ထုံးတမ်းကို အခြေပြုနေတာ တိုက်တိုက်ဆိုင်ဆိုင်တွေ
့ ရပါတယ် ။
ကျနော် အကြောင်းအရာလေးတစ်ခုလောက် ပြောပြချင်ပါသေးတယ်။မြန်မာနိုင်ငံလူ
့အခွင့်အရေး
လှုပ်ရှားမှု တွေထဲက လိင်လုပ်သားများအတွက်
တန်းတူအခွင့်ရေးဆိုတာပါပဲ ။ လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတဲ့အကြောင်းအရာဟာ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း
ကို မျက်ကွယ်ပြုသလို ဖြစ်နေတဲ့ အခြေအနေပါ ။
လိင်တူဖြစ်စေ
၊ ပြည့်တန်ဆာ ဖြစ်စေ ဒီလုပ်ငန်းဟာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း နဲ့  ကိုက်ညီမှု့  မရှိဘူးဆိုတာ
အငြင်းပွားဖွယ်ရာ မရှိလောက်ပါဘူး ။ ဒါကြောင့်လည်း ၁၉၄၉ ခုနှစ်မှာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို
ပြဌာန်း ခဲ့ပြီး တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်မျိုးကို ထားရှိခဲ့ပါတယ်
။ ဒီနောက်မှာတော့ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ချနိုင်သည်အထိ ပြင်ဆင်ခဲ့ပြန်ပါတယ် ။
ဒီဥပဒေဟာ ထိရောက်မှု့ ရှိမရှိဆိုတာတော့ တစ်နေ့ တခြားအရေအတွက်တိုးနေတဲ့ လိင်လုပ်သားများက
သက်သေပါပဲ ။
ယနေ
့မြန်မာနိုင်ငံမှာရှိတဲ့ လိင်လုပ်သားများကို တန်းတူအခွင့်ရေးဆိုတာနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့
ကွာဟမှု့ ကြီးမားနေတာတွေရပြန်ပါတယ် ။ ဖြစ်စဉ်များကို ခြုံကြည့်မယ်ဆိုရင် တရားမဝင်ဆိုတဲ့
စကားရပ်ကြောင့် လူသားအချင်းချင်း ညှင်းပန်နှိက်စက် ခံရတဲ့ အခြေအနေမျိုးတွေထိ ရှိနေတယ်ဆိုတာ
အားလုံးလည်း သိလောက်မှာပါ ။ နောက်တစ်ချက်က တရားမဝင် ဆိုတဲ့ စကားရပ်အောက်မှာ လိင်လုပ်သားများရဲ့
ကျန်းမာရေးအသိ ပျောက်ဆုံးနေတာကြောင့် လိင်မှတစ်ဆင့်ကူးစက်စေတဲ့
ရောဂါများ ကျနော်တို့ နိုင်ငံမှာ သိသိသာသာ တိုးပွားလျှက်ရှိတယ်ဆိုတာ ကျန်းမာရေးစာမျက်နှာတွေက
သက်သေတည်လျှက်ပါ ။
အခုလို
လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ တိုးပွားနေတာဟာ တနည်းအားဖြင့် ပြည်သူ့ ကျန်းမာရေးကို
တိုက်ရိုက်ထိခိုက်လျှက် ရှိနေပါတယ် ။ မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန ၊ UNAIDS ၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ရဲ့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and
Projections Asian Epidemiological Model Myanmar 2010-2015 ''တွင် ပါရှိတဲ့
ဖော်ပြချက်များအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ နှစ်သိန်းဝန်းကျင်ခန့်  ရှိပြီး
တစ်ရက်ကို ၂၃ဦးခန့်  ကူးစက်ခံနေရတယ်လို့  ဖော်ပြထားပါတယ် ။ ဒီဖြစ်ရပ်များကို ခြုံပြီးကြည့်မယ်ဆိုရင် ၁၉၄၉ ခုနှစ်
ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေရဲ့ တရားမဝင်ဆို
တဲ့စကားရပ်ကို အခြေပြုနေတယ်လို့  ကျနော် အနေနှင့် ယူဆမိတယ် ။
ကျနော်ရဲ့
blogger မိတ်ဆွေသူငယ်ချင်းများ ခဗျာ …. လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတာအတွက်
မြန်မာ့ဓလေ့ထုံးတမ်းကို ပယ်ဖျတ်ပြီး ဥပဒေဖြင့် စီစစ်ထိန်းချူပ်ကာ ပြည်သူ့ ကျန်းမာရေးအတွက်
ပြုလုပ်သင့်သည်လော ….. ????? ။ ဒါမှမဟုတ် မြန်မာ့ဓလေ့ထုံးတမ်းကို
ထိန်းသိမ်းကာ တိကျပြတ်သားတဲ့ ဥပဒေတစ်ရပ်ဖြင့် ပြည်သူ့ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည်လော
…. ?????? ။
ပြည်သူ
့ကျန်းမာရေးအတွက် တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း တစ်ခုခုကိုတော့ ရွေးချယ် လုပ်ဆောင်သင့်တဲ့
အချိန်ရောက်ပြီလို့  တွေးမိရင်း ဒီ post လေးကို အဆုံးသတ်လိုက်ပါတယ် … ။
ကျနော်ရဲ့
blogger မိတ်ဆွေ သူငယ်ချင်းများနဲ့  မတော်တဆဖတ်မိသူအပေါင်း ကျန်းမာပျော်ရွှင်ကြပါစေ ။
ကိုးကား
နီပေါ အမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲ (ခင်မမမျိုး)
မြန်မာ အိတ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်
ဓာတ်ပုံကို google မှရယူခဲ့ပါသည်
မောင်ဘုန်း