Pages

Showing posts with label ကားေဆးအေရာင္မ်ားအေၾကာင္း. Show all posts
Showing posts with label ကားေဆးအေရာင္မ်ားအေၾကာင္း. Show all posts

Sunday, May 27, 2012

ကားေဆးအေရာင္းမ်ား ႏွင့္ ကားေဆးမ်ားအေၾကာင္း


မဂၤလာပါဗ်ာ … ။ ဒီေန ့ အလုပ္နားရက္ေလးမို ့ ကားေဆးေရာင္ ႏွင့္ ကားေဆးအမ်ိဳးစားမ်ား အေၾကာင္းကို သိသေလာက္ေလး ေၿပာျပပါမယ္ ။ ကမာၻေပၚမွာ ရိွသမွ် ကားေတြ ရဲ့ အေရာင္ မ်ားကို world’s most popular car color မွ စစ္တမ္း ေကာက္ယူ ခဲ့တဲ့ မွတ္တမ္းအရ ….




1. Silver – 26 percent
2. Black – 24 percent
3. White – 16 percent
4. Gray – 16 percent
5. Red – 6 percent
6. Blue – 5 percent
7. Brown/Beige – 3 percent
8. Green – 2 percent
9. Yellow/Gold – 1 percent
10. Others – < 1 percent …..  ရိွတယ္လို ့ သိရပါတယ္ … ။

Silver အေရာင္ဟာ ကမာၻေပၚမွာ ရိွသမွ် ကားေတြရဲ့ ၂၆% ရိွပါတယ္ ။ ေငြမွင္ေရာင္ အေၾကာင္းကို က်ေနာ္ ေရးခဲ့ဘူးတယ္  ဒီအေရာင္ရဲ့ အဓိက အာသားခ်က္က ေတာ့ အပူဒဏ္ကို ခံႏိုင္ရည္ ရိွျခင္း ပါပဲ ။

Black  ကေတာ့ က်ေနာ္တို ့ အာရွနိုင္ငံေတြ မွာ အသံုးနည္း ပင္မဲ့ ဥေရာပႏိုင္ငံေတြမွာ ရိွတဲ့ ကားေတြရဲ့ ၂၇% ဟာ Black အေရာင္ ရိွတယ္ လို ့ မွတ္သားဘူးပါတယ္ ။ ဒီအေရာင္ရဲ့ အဓိက အားသာ ခ်က္ကေတာ့ ေတာက္ပ မႈ ့ အေကာင္းဆံုး ပါပဲ … ။

ေနာက္တစ္ခု က အျဖဴေရာင္ ပါ ။ အာရွႏိုင္ငံေတြ မွာ အမ်ားဆံုးေတြ ့ရတဲ့ ေရာင္လို ့ သိရပါတယ္ ။ အဓိက အားသာခ်က္ကေတာ့ Silver ၿပီးရင္ အပူဒဏ္ ကို ခံႏိုင္ရည္ အရိွဆံုးက အၿဖဴ ေရာင္ပဲ ျဖစ္ပါတယ္ ။

အခုလို အေရာင္ အမ်ိဳးမ်ိဳးရိွတဲ့ ကားေဆး ေတြကိုေတာ့ အေျခခံအားျဖင့္ ႏွစ္မ်ိဳးသာ ခြဲထားပါတယ္ ။ ဒါကေတာ့ Metallic နဲ ့ non – Metallic ဆိုၿပီ ႏွစ္မ်ိဳး ပဲ ခြဲ ထားပါတယ္ ။








Metallic ေဆး

ကားေဆး ေတြ မွာ Metallic ေဆး ဆိုတာကို လူသိမ်ားပါတယ္ ။ တခ်ိဳ ့က polychromatic လို ့ေခၚၾကသလို ၊ က်ေနာ္ ထိုင္းမွာ လုပ္ခဲ့ တုန္းက metal flake လို ့ေခၚၾကတာလည္း ေတြ ့ခဲ့ဘူးပါတယ္ ။
Metallic ေဆးရဲ့ ထူးျခားခ်က္ကေတာ့ small metal flakes လို ့ေခၚတဲ့ အမႈံ မ်ားပါဝင္ၿပီး ေဆးအေရာင္ကို sparkling effect  ေတာက္ပမႈ ျဖစ္ေစပါတယ္ ။ ယေန ့ အသံုးျပဳေနတဲ့ အိမ္စီးကား ေတာ္ေတာ္ မ်ားမ်ား မွာ Metallic ေဆးကို အသံုးၾကပါတယ္ ။

ယေန ့ အခ်ိန္မွာ Metallic ကားေဆး အမ်ိဳးစာ မ်ားစြာရိွပါတယ္ ။ ကားထုတ္လုပ္တဲ့ ကုမၼဏီ ေတြ အေနႏွင့္ မိမိကားရဲ့ ေဆးအရည္ေသြးကို တုပလို ့ မရေအာင္ မိမိထုတ္လုပ္လိုက္တဲ့ Metallic ကားေဆးကို အပို ပစၥည္းအေန နဲ ့ မေရာင္းၾကပါဘူး ။ ကားေဆး ထုတ္လုပ္တဲ့ သူေတြကေတာ့ မႈရင္းကို ပဲ တုပ ၿပီး ေစ်းကြက္ တင္ၾကတာမ်ားပါတယ္ ။ အဲ့လို အမ်ိဳးမ်ိဳး ရိွတဲ့ Metallic ေဆး အမ်ိဳးစာကို ခြဲျခား ရာမွေတာ့ Metallic 2K အမ်ိဳးစားနဲ ့ Metallic 1K ဆိုျပီး ႏွစ္မ်ိဳး ပဲ ရိွပါတယ္ ။



Metallic 2K







Metallic 2Kေဆး




2Kclear


Metallic 2K

Metallic 2K ကိုေတာ့ ယေန ့ အသံုၿပဳေနတဲ့ Metallic ေဆးမွာ အမ်ားဆံုးအသံုးၿပဳ တာေတြ ့ရပါတယ္ ။ အသံုးျပဳရာမွာ အေျခခံအားျဖင့္ undercoat   ၊ basecoat ၊ clearcoat  ဆိုၿပီး သံုးဆင့္ ရိွသလို midcoat ဆိုၿပီ ေလးဆင့္ အသံုးျပဳ တာလည္းရိွပါတယ္ ။ ၊ basecoat နဲ ့ clearcoat  ၾကားမွာ colour effect ဆိုတာ ထည့္သံုးလို ့ ရသလို clearcoat ကိုလည္း မိမိ စိတ္ၾကိဳက္ modified လုပ္လို ့ရပါတယ္ ။ ယေန ့ အသံုးျပဳေနတဲ့ ကားေဆး အမ်ိဳးစားေတြ ထဲမွာ ေတာ့ Metallic 2K ေဆးအမ်ိဴး ဟာ အေကာင္းဆံုးပါပဲ ။

Metallic 2K ရဲ့ အားသာခ်က္ ကေတာ့ colour effect အသံုးျပဳ ႏိုင္ျခင္းေၾကာင့္ ေဆးေရာင္ကို ၾကာရည္ခံႏိုင္ ရည္ ရိွေစၿပီ ၊ အေတာက္ပဆံုး ေဆးေရာင္ ကို ရရိွေစပါတယ္ ။ အားနည္းခ်က္ကေတာ့ ေဆးေရာစပ္ မႈ ့ လြဲသြားတာနဲ ့ ေဆးအေရာင္ ပါ လြဲသြားတက္ပါတယ္ ။



 Metallic 1K

 
 Metallic 1K


Metallic 1K


Metallic 1K ဆိုတာကေတာ့ Metallic 2K  ေဆးမႈတ္ ရာမွာ undercoat   ၊ basecoat ၊ clearcoat  ဆိုၿပီ  သံုးဆင့္ ရိွပင္မဲ့ ။ Metallic 1K ကေတာ့ undercoat နဲ ့ colourcoat  ဆိုၿပီ ႏွစ္ဆင့္ပဲ ရိွပါတယ္ … ။ ရွင္းေအာင္ေၿပာရရင္ေတာ့ Metallic 1K ဟာ basecoat နဲ ့ clearcoat  ေရာစပ္ၿပီးသာ လို ့ေျပာလို ့ရပါတယ္ ။ Metallic 1K ရဲ့ အားသာ ခ်က္ကေတာ့ basecoat နဲ ့ clearcoat ကို ေရာစပ္ၿပီးသာ ျဖစ္တာေၾကာင့္ ေဆးအေရာင္ လြဲသြားတာမ်ိဳး လံုးဝ မရိွပါဘူး ။ အားနည္း ခ်က္ကေတာ့ basecoat နဲ ့ clearcoat ေရာစပ္ထားတာေၾကာင့္ basecoat နဲ ့ clearcoat ၾကားမွာ အသံုးျပဳရေသာ colour effect  အသံုးျပဳလို ့ မရ ေတာ့ပါဘူး ။ တစ္နည္းေျပာရရင္ ေဆးေသ အမ်ိဳးစားျဖစ္ပါတယ္ ။

ကားေစ်းကြက္ထဲမွာ ေတာ့ Metallic 2K  နဲ ့ Metallic 1K ကို တစ္ခါတေလ အလြယ္တကူခြဲျခားမရလို ့ အျငင္းပြာ ဖြယ္ရာျဖစ္တက္ပါတယ္ ။ အမ်ားအားျဖင့္ Metallic 2K   ဟာ  Metallic 1K ထက္ တန္ဖိုးေရာ အရည္ေသြးပါ ေကာင္းမြန္တယ္ ဆိုပင္မဲ့ တခ်ိဳ  ့ Metallic 1K  အမ်ိဳးစာေတြဟာ  Metallic 2K နဲ ့ခြဲမရေအာင္ အရည္ေသြးေကာင္းမြန္ တာရိွပါတယ္ ။ Metallic 2K  နဲ ့ Metallic 1K ကို လြယ္လြယ္ကူကူ ခြဲျခားမယ္ ဆိုရင္ေတာ့ colour effect ကို ၾကည့္ၾကပါတယ္ ။ colour effect ပါရင္ Metallic 2K  မပါရင္ေတာ့  Metallic 1K ေပါ့ …. ။ ဒါပင္မဲ့ ယခုႏွစ္ပိုင္း  မွာ colour effect ပါတဲ့ Metallic 1K ေဆး အသစ္ထြက္ရိွ ေနပါတယ္ ။


non – Metallic ေဆးအသံုးထားတဲ့ ကား


non – Metallic ေဆး


non – Metallic ဆိုတာက small metal flakes ဆိုတဲ့ အမႈံ မပါတဲ့  ရိုးရိုးေဆးပါ ။ ျမန္မာၿပည္ မွာ ေတာ့ ေပါင္းေဆး လို ့ ေခၚၾကပါတယ္ ။ ေဆးေသ အမ်ိဳးစာ ျဖစ္ပါတယ္ ။ အသံုးျပဳရာမွာ undercoat နဲ ့ colourcoat  ဆိုၿပီး ႏွစ္ ဆင့္ပဲ ရိွပါတယ္ ။ တန္ဖိုးနည္းသလို ပ်က္စီလြယ္ ပါတက္ပါ ။ အဓိက အားနည္းခ်က္ကေတာ့ ေတာက္ပမႈ ကိုၾကာရည္ မခံႏိုင္ျခင္းပါပဲ ။ အရည္ေသြးေကာင္းတဲ့ non – Metallic ေဆးေတာင္ ေတာက္ပမႈ ၾကာရည္မခံ တာေတြ ရပါတယ္ ။ အမ်ားစုေတာ့ လုပ္ငန္းသံုးကားေတြ မွာပဲ အသံုးျပဳ ပင္မဲ့ တခ်ိဳ ့အိမ္စီး တရုတ္ကားေတြ မွာ အသံုးျပဳ တက္ပါတယ္ ။

non – Metallic ေဆးဟာ ေဆးမႈတ္ၿပီး တစ္လ ေလာက္ထိ ေတာက္ပမႈ ေကာင္းေကာင္းရိွေနတာေၾကာင့္ ကားေစ်းကြက္ထဲမွာ တခါတစ္ေလ Metallic 1K နဲ ့ အျငင္းပြား ဖြယ္ရာ ျဖစ္တက္ပါတယ္ ။ လြယ္လြယ္ကူကူ ခြဲျခားမယ္ဆိုရင္ ေဆးအေရာင္မွာ small metal flakes ဆိုတာ မပါပဲ ေတာက္ပ ေနမယ္ဆိုရင္ ဒါဟာ non – Metallic ေဆးပဲပါပဲ ….. ။


(ဓာတ္ပံုမ်ားကို google မွ ရယူခဲ့ပါသည္ )



ခင္မင္စြာျဖင့္




ေမာင္ဘုန္း





Thursday, September 22, 2011

ေဆး ၊ ေဘာ္ဒီအကဲခက္ၿခင္း (အပိုင္း၂)




က်ေနာ္ မထမပိုင္းမွာ ေရးခဲ့ တဲ့ အခ်က္ ၅ ခ်က္နဲ ့ၿပည့္စံုရင္ ေအာ္ေဆး လို ့ေၿပာ လို ့ရပါၿပီ …. အဲ့လို အခ်က္ ၅ ခ်က္နဲ ့ ၿပည့္စံုတဲ့ ကားဆိုတာ အလြန္ရွားပါတယ္ ….


ဘာေၾကာင့္လည္းဆိုရင္ … က်ေနာ္ အခု အလုပ္လုပ္ေန တဲ့ ကုမၼဏီက ဂ်ပန္းကားေတြကို အဓိက သြင္းၿပီး  ကိုယ္ပိုင္ အေရာင္းၿပခန္းနဲ ့ ၿပန္ေရာင္းပါတယ္ ….

ဒီေတာ့ ဂ်ပန္က ေန ကြန္တိန္နာ နဲ ့ ကားေတြကို တိုက္ရိုက္ သယ္ယူတဲ့ေနရာမွာ အနည္းငယ္ေတာ့ ကားကို ဒဏ္ရာရေစပါတယ္ … ကြန္တိန္နာ ကေန ခ်ခ် ခ်င္း အေ၇ာင္းၿပခန္းကို ပို ့တာမဟုတ္ဘူးေနာ္ …
လမ္းမွာ သယ္ယူရင္နဲ ့ ၿဖစ္လာတဲ့ ဒဏ္ရာ ေသးေသးေလးေတြကို က်ေနာ္ တို ့အလုပ္ရံု ေဆးၿပန္ မႈတ္ၿပီးမွ
အေရာင္းၿပခန္းကို ပို ့တာပါ ….

ဒီေတာ့ …ေဆးၿပန္မႈတ္တယ္ဆို မွ ေတာ့ က်ေနာ္ ေၿပာခဲ့တဲ့ အခ်က္ ၅ ခ်က္နဲ ့ အားလံုးမဟုတ္ေတာင္ တစ္ခုခုေတာ့ လြဲေနမွာပါ …. ေနာက္ၿပီး ကားအေရာင္းၿပခန္းေတြမွာ … မႈရင္း ေဆး ဟုတ္မဟုတ္ကို ခြဲလို ့မရေအာင္ ပညာေလးနည္းနည္းၿပထားပါေသးတယ္ ….

က်ေနာ္ ပထမပိုင္းမွာ ေၿပာခဲ့တယ္ေနာ္ .. အလင္းေရာင္လာတဲ့ ဘက္ကို မ်က္ႏွာ မႈၿပီး ေဘးတိုက္အေနထား ၾကည့္၇င္ မႈရင္းေဆး ဟုတ္မဟုတ္ ခြဲၿခားလို ့ရတယ္လို ့ေရးခဲ့ပါတယ္ ….

ကားေရာင္း ၿပခန္းေတြမွာ ကားတစ္ စီး ကို ဆလိုက္မီးေတြနဲ ့ ထိုးထားတာေတြ ့ရမယ္ေနာ္ … အဲ့ ဒီဆလိုက္မီးဟာ … လူတစ္ရပ္ အေနထားကို သက္သက္ ထိုးထားတာပါ … ေဘးတိုက္အေနထားၾကည့္ရင္ မီးထိုးထားတဲ့အတြက္ အလင္ၿပန္မႈ ့မ်ားၿပီး ေသခ်ာမၿမင္ရေတာ့ဘူးေလ … မီးထိုးတဲ့ ေနရာမွာ တခ်ိဳ ့က သိသိၿဖစ္ေနပင္မဲ့ အခ်ိဳ ့က အေပၚကေန ထိုးတဲ့ အေနထားလည္းရိွပါတယ္ ... အဓိကေတာ့ အလင္ၿပန္မႈ ့မ်ားေအာင္သက္သက္ မီးထိုးထားၿခင္းၿဖစ္ပါတယ္ အလင္းမႈ ့မ်ားေလ ၾကည့္ရခက္ေလပဲေလ 
အေရာင္ၿပခန္းေတြမွာ သာမာန္ထက္ကို လင္းေရာင္မ်ားေနတာေတာ့ သတိထားမိမွာပါ ...

ကားေရာင္းၿပခန္းမ်ားေရာက္ၿဖစ္ရင္ … က်ေနာ္ ေၿပာတာေလးကို ဂရုစိုက္ၿပီးၾကည့္ ၾကည့္ေနာ္ …
အခု … က်ေနာ္ ေၿပာတာက အသစ္ပါဆိုတဲ့ ကားေတြကိုေၿပာတာေနာ္ …. ဒီလိုကားေတြေတာင္ သူ ့နည္းသူ ့ဟန္နဲ ့ ဝယ္သူ ပညာၿပထားတာရိွပါတယ္ ….

က်ေနာ္ တို ့ၿမန္မာၿပည္က ကားဝိုင္းေတြထဲမွာေၿပာေနတဲ့ ေအာ္ ေဆး ဆိုရင္ …. သူငယ္ခ်င္းတို ့ဘယ္လိုဆံုးၿဖတ္ၾကမလဲ …. ဗ်ာ ….

က်ေနာ္ အခ်ိန္မရလို ့ပါ .... ဆက္လက္ေရးသြားပါမယ္ .... ေနာက္က်သြားတဲ့ အတြက္ ေတာင္းပန္ပါတယ္  . ...

ေမာင္ဘုန္း

Thursday, September 8, 2011

ေဆး ၊ ေဘာ္ဒီ အကဲခက္ၿခင္း


အားလံုးပဲ မဂၤလာပါ ဗ်ာ …. ဒီ post ေလးကိုေတာ့ ၿမန္မာၿပည္က သူငယ္ခ်င္း မ်ားအတြက္ ရည္ရြယ္ၿပီးေရးၿဖစ္တာပါ …

က်ေနာ္ တို ့ႏိုင္ငံမွာ ယေန ့ အေရာင္းဝယ္ ၿဖစ္ေနတဲ့ ကားအမ်ား စုဟာ … ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း ထုတ္တဲ့ ကားေတြ ၿဖစ္တာရယ္ ၊ ကားထုတ္တဲ့ စက္ရံု က အသစ္တင္သြင္းတဲ့ ကားေတြမဟုတ္တာေၾကာင့္ ကားတစ္စီး ဝယ္မို ့ ကြ်မ္းက်င္တဲ့ သူကို ၾကည့္ခိုင္းၾကတာမ်ားပါတယ္ …

အမ်ားအား ၿဖင့္ေတာ့ အင္ဂ်င္ စစ္ေဆးတာ ေလာက္ပဲ လုပ္ၾကပင္မဲ့ ေဆး ၊ေဘာ္ဒီ အပိုင္းကို ပြဲစား ေၿပာတာကို မယံု ခ်င္ယံုခ်င္နဲ ့ယံု ရတယ္ေလ ….

ေဆး ၊ ေဘာ္ဒီ စစ္ေဆး တယ္ဆိုတာလည္း အင္ဂ်င္ စစ္သလို ဖြင့္ၾကည့္လို ့မွမရတာေလ … ေဆး အေရာင္ေလး ေတာက္ေနရင္ပဲ … ဒီကားက အတိုက္ခိုက္မရိွဘူး လို ့ လက္ခံ က်တဲ့ သူေတြကမ်ားသလို
ပြဲစားရဲ့ ၾကမ္းပိုးကို လိပ္ၿဖစ္ေအာင္ေၿပာတက္တဲ့  အေၿပာအဆို ပညာရပ္ ေၾကာင့္ ….. ဝယ္လာၿပီး လက္ထဲေရာက္သံုးၾကည့္ေတာ့မွာ … ေၾကာင္းစံု သိေတာ့တယ္ေလ ….

က်ေနာ္ အရင္ ဆံုး ေဆးေရာင္ အကဲခက္ၿခင္း အေၾကာင္းကို ေၿပာၿပပါတယ္ …

ၿမန္မာၿပည္မွာ ေအာ္(origin) ေဆး ဆိုၿပီ … မူလေပါက္ေစ်းထက္ပိုေပးရတဲ့ ကားေတြရိွပါတယ္ ….
အားလံုးလည္း ကိုယ္ဝယ္မဲ့ ကားကို ေအာ္ (origin) ေဆး ၿဖစ္ခ်င္ၾကတယ္ေလ ….
ေနာက္ၿပီ ကားတစ္စီး ေဆး ေကာင္းတယ္ မေကာင္းဘူး ဆိုတာကိုလည္း  ေအာ္ (origin) ေဆး ကို စံထားၿပီ ႏိႈင္ယွဥ္ ၾကည့္ရပါတယ္ … ဒီေတာ့ ေအာ္ (origin)ေဆး ဆိုတာ ဘာေတြမ်ား ထူးၿခားေနလို ့လည္းလို ့ ေမးစရာရိွတယ္ေနာ္ ….
ေအာ္(origin) ရဲ့ထူးၿခားခ်က္ေတြကေတာ့  …..

၁ …. ေဆးပါးၿခင္း
၂ …. မ်က္ႏွာၿပင္ လိုင္းမရိွၿခင္း
၃… အလက္ ညီၿခင္း သို ့မဟုတ္ ေဆးေရာင္ ေတာက္ပမႈ ့ညီညာၿခင္း
၄ … ေဆးပြင့္ ညီၿခင္း
၅…. ေဆးဆက္ရာ မရိွၿခင္း …… ဆိုးတာ ေအာ္ (origin) ရဲ့ ထူးၿခားေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ

၁ …. ေဆးပါးၿခင္း

က်ေနာ္ တို ့ၿမန္မာ ၿပည္မွာ ကားတစ္စီးကို ေဆးထူမွ ေကာင္းတယ္လို ့ ထင္တယ္တဲ့ သူလည္း ရိွတယ္ပါတယ္..ေဆး ထူေတာ့ ၾကာၾကာခံတယ္ေပါ့ ….. ဗ်ာ …
တကယ္တမ္းေတာ့ ေဆးထူ ေနရင္ ၾကာၾကာမခံတဲ့အၿပင္ ေဆးကြဲၿပီး ေဆးကြာတဲ့ ဆင့္ထိ ေရာက္သြားတက္ပါတယ္ …

ေအာ္ ( origin) ေဆး မွာ ၃ ထပ္ပဲရိွပါတယ္ … colour basic လို ့ေခၚတဲ့ ခံေဆးရယ္ ၊ ေဆးၾကမ္း ရယ္ ၊ ေဆးအေခ်ာ ရယ္ ၊ ဆိုၿပီ သံုးထပ္ပဲရိွပါတယ္ … colour effect နဲ ့ 2K ကေတာ့ အၿပီးသတ္ ေဆးေပါ့ 



 ဒါဆိုရင္ … ေဆးထူတာနဲ ့ ပါးတာကို အလြယ္ကူဆံုး ခြဲၿခားတဲ့ နည္းကေတာ့
အလင္းေရာင္ရတဲ့ ဖက္ကို မ်က္ႏွာမႈၿပီ ကားကို ေဘးတိုက္ အေနထား ကားနဲ ့ သံုးေပ အကြာကေန ၾကည့္ရင္ …( အေပၚကပံု ေနအထားတိုင္း ၾကည့္ရပါမည္)  မွန္မ်က္ႏွာၿပင္ကဲ့သို ညီေန၇င္ေတာ့ေဆးပါးလို ့ပါ …
အဖုေလးေတြ အမ်ားၾကီးေတြ ့ရရင္ေတာ့ ေဆးထူး လို ့ဆိုတာသိႏိုင္ပါတယ္ …..
ဒါဆို၇င္ ေအာ္ (origin) ေဆးမဟုတ္ဘူးေပါ့ …

၂ … မ်က္ႏွာၿပင္ လိုင္းမရိွၿခင္း

က်ေနာ္ အထက္မွာ ေဆး အထူ အပါး ခြဲမို ့ကားကိုၾကည့္တဲ့ေနရာမွာ … အဖုေလးေတြေတာ့ မေတြ ့ရပဲ အရွည္လိုက္ လိုင္း ထ ေနတာေတြ  ့ရရင္ေတာ့ …. ေအာ္ (origin) ေဆးမဟုတ္တာ ေသခ်ာပါတယ္ …
ေအာ္ ( origin ) ေဆး ဆိုရင္ လိုင္းမရိွပါဘူး …မွန္ မ်က္ႏွာၿပင္လိုပဲ ညီေနရမွာပါ ….
ဒါဆို၇င္ ဘာေၾကာင့္လိုင္းထေနတာလည္း …. ? ..

ေအာ္ (origin ) ေဆးကေရာ ဘာေၾကာင့္လိုင္းမထတာလည္း …? လို ့ေမးစရာရိွလာပါၿပီ ..
ဟုတ္ကဲ့ပါ ….ကားထုတ္တဲ့ စက္ရံုေတြမွာ ေအာ္ (origin) ကို မႈတ္တဲ့ေနရာမွာ လူနဲ ့မႈတ္တာမဟုတ္ပဲ စက္နဲ ့မႈတ္တဲ့ အတြက္ မ်က္ႏွာၿပင္ ေဆးသားက်ေရာက္မႈ ့ညီညာေစပါတယ္ ….

က်ေနာ္ တို ့လို ေဆးၿပန္မႈတ္တဲ့သူေတြကေတာ့ ေဆးမႈတ္တဲ့ gun ကိုသံုးၿပီးလက္နဲ ့ မႈတ္ရတာၿဖစ္တဲ့ အတြက္ေၾကာင့္ လက္မၿငိမ္ရင္ မ်က္ႏွာ ၿပင္ေဆးသားက်ေရာက္မႈ ့ မညီေတာ့ပဲ လိုင္းထေနတက္ပါတယ္ ..
ကားေဆးမႈတ္တဲ့ ပညာ ကြ်မ္းက်င္မႈ ့ကို အဲ့ဒီလိုင္းထမႈ ့နဲ ့တိုင္းတာက်ပါတယ္ …
ဆိုလိုတာကေတာ့ လိုင္းမ်ားမ်ားထေနရင္ မကြ်မ္းက်င္ဘူးလို ့ဆိုးၿပီ လိုင္းထ နည္းရင္ေတာ့ ကြ်မ္းက်င္တယ္လို ့ သတ္မွတ္ထားပါတယ္ ….

လိုင္းမထေအာင္ေတာ့ မႈတ္လို ့မရဘူးေနာ္ … အနည္းဆံုးေတာ့ ဥပမာ ကာတံခါး တစ္ခ်ပ္မွာ တစ္လိုင္းေတာ့ ရိွပါတယ္ …. ဒါပင္မဲ့ တံခါးတစ္ခ်ပ္မွာ ႏွစ္လိုင္းေလာက္ရိွေန၇င္ကို ၾကည့္ေနက်မဟုတ္တဲ့ က်ေနာ္ သူငယ္ခ်င္းမ်ား ေတြ ့မည္မဟုတ္ပါ … ဒါကေတာ့ ကြ်မ္းက်င္မႈ ့နဲ ့ဆိုင္တယ္ေလ ၄ ၊ ၅ ၊ လိုင္းေလာက္ရိွရင္ေတာ့ အလြယ္တကူေတြ ့ရတက္ပါတယ္ …

၃… အလက္ ညီၿခင္း သို ့မဟုတ္ ေဆးေရာင္ ေတာက္ပမႈ ့ညီညာၿခင္း

ခုဏကလိုပဲ အလငး္ေရာင္ရတဲ့ဖက္ကို မ်က္ႏွာမူၿပီးၾကည့္လိုက္တာ … အဖုေလးေတြလည္း မရိွဘူး ၊ လိုင္းလည္းမေတြ ့ရဘူး … ဒါပင္မဲ့ အလင္ေရာင္ကို မ်က္ႏွာမူထားတဲ့အတြက္ မ်က္ႏွာၿပင္တစ္လံုး ေဆးေရာင္ ေတာက္ေနရမဲ့ အစား ဒီနားမွာေတာ့ အေရာင္ကပိုေတာက္ၿပီ ဟိုနားမွာေတာ့ အေရာင္မေတာက္ ၿဖစ္ေနရင္လည္း ေအာ္ (origin ) မဟုတ္ဘူလို ့ ေၿပာလို ့ရပါတယ္ …

ေအာ္ (origin ) ေဆးကေတာ့  ေဆးေ၇ာင္ေတာက္ပမႈ ့ညီပါတယ္ .. သူလည္း စက္နဲ ့မႈတ္တာၿဖစ္တဲ့တြက္ မ်က္ႏွာၿပင္ေဆးက်ေရာက္မႈ ့အကြာအေဝးကို ကြန္ၿပဴတာနဲ ့တိုင္းတာၿပီး မႈတ္တဲ့ အတြက္ မညီစရာအေၾကာင္းမရိွဘူးေလ …..

က်ေနာ္ တို ့လိုေဆးၿပန္မႈတ္ ရင္ေတာ့ မႈရင္ကဲ့သို ့ ညီညာတဲ့ ေတာက္ပမႈ ့မရေတာ့ပါဘူး …ဒါပင္မဲ့ ကြ်မ္းက်င္တဲ့ ေဆးမႈတ္သမား ဆိုရင္ေတာ့ ခြဲၿခားမို ့ေတာ့ ေတာ္ခက္ပါလိမ့္မယ္ …

၄ … ေဆးပြင့္ ညီၿခင္း

သူကေတာ့ ကားေဆးကို အနီးကပ္ၾကည့္၇င္ ေဆးပြင့္ ေလးေတြ ေတြ ့ရပါလိမ့္မယ္ … ( ေသေသခ်ာခ်ာၾကည့္မွ ၿမင္ရတာေနာ္ … မၿမင္ရင္လည္း မွန္ဘီးလူးသံုးၾကည့္ပါ …:D )
ေၿခာက္လက္မ ပတ္လည္ေလာက္ ကိုေသခ်ာၾကည့္ရင္ရပါၿပီ … ေဆးပြင့္ မညီမညာၿဖစ္ေနရင္ေတာ့ ေအာ္ (origin) ေဆးမဟုတ္ပါဘူး …  ဒါဆိုရင္ဘာေၾကာင့္မ်ား ေအာ္ (origin )က ေဆးပြင့္ညီေနရလည္းဆိုတာ 

က်ေနာ္ ရွင္းပါအံုးမယ္ ….
က်ေနာ္တို ့ေဆးမႈတ္တယ္ ဆိုတာ ေဆးရည္ကို ေလဖိအားသံုးၿပီ ေငြ ့၇ည္ သို ့မဟုတ္ အမႈံ( pixels)အၿဖစ္ မ်က္ႏွာၿပင္ကို က်ေ၇ာက္ေစတာၿဖစ္ပါတယ္ ….ေလဖိအား မ်ားေလ အမႈံ (pixels) ေသးေလေပါ့ … ေလဖိအား အတက္အက် မညီရင္ ေဆးပြင့္ မညီႏိုင္ေတာ့ဘူးေလ ..

ေအာ္ (origin ) ေဆးကိုမႈတ္တဲ့ေနရာမွာ .. စက္နဲ ့ မႈတ္တာၿဖစ္တဲ့ အတြက္ ေလးဖိအားကို အတက္အက် မရိွေစေအာင္ ခ်ိန္ထားၿပီ မႈတ္ ၿခင္းေၾကာင့္ မ်က္ႏွာၿပင္ ေဆးမႈံ  (pixels)  က်ေရာက္မႈ ့ ညီညာေစပါတယ္
ေဆးေၿခာက္သြားတဲ့ အခ်ိန္မွာ ဒီ အမႈံ (pixels) ေလးေတြဟာ ေဆးပြင့္ ၿဖစ္သြားတဲ့ အတြက္ ေအာ္ 
(origin ) ေဆး ဟာ ေဆးပြင့္ညီေနတာေတြ ့ရ တာပါ ….

ေဆးၿပန္ မႈတ္ထားရင္ေတာ့ ေဆးပြင့္ ညီမို ့ဆိုတာအလြန္ခက္တဲ့ အရာပါ … က်ေနာ္ တို ့ၿမန္မာၿပည္မွာ ေဆးမႈတ္တဲ့ ေနရာမွာ သံုးတဲ့ ေလဖိအားစက္ေတြဟာ .. ေလဖိအား အတက္အက်ကို ညိွ ေပး စက္မပါတာမ်ားပါတယ္ …. တခ်ိဳ ့စက္ေတြဆိုရင္ လံုေလာက္တဲ့ ေလဖိမရိွတဲ့
စက္နဲ အသံုးၿပဳေနတာေတြ ့ရပါတယ္ … ကားေဆးမႈတ္မို ့အတြက္ ေလဖိအားစက္ရဲ့ ေလအိုးထဲမွာ အနည္းဆံုး 150 gk မွ 200 kg တြင္းရိွရန္လိုအပ္ၿပီ …150 ေအာက္က်သြားတာနဲ ့ ဘယ္လိုမွ ေဆးပြင့္ညီႏိုင္မွာ မဟုတ္ေတာ့ပါဘူး  ဒီေတာ့ ဘယ္ေလာက္ပဲ ေဆးမႈတ္ပညာ ကြ်မ္းက်င္တယ္ေၿပာေၿပာ
မႈ၇င္ ေဆးကဲ့သို ့ ေဆးပြင့္ညီမို ့ဆိုတာမၿဖစ္ႏိုင္ဘူးေလ …

၅ ….. ေဆးဆက္ရာ မရိွၿခင္း

သူကေတာ့ ၾကည့္ရနည္းနည္းခက္ပါတယ္ … ေဆးပြင့္ညီတာ ၾကည့္သလိုပဲ ၾကည့္ရပင္မဲ့ တစ္ကြပ္ထဲ ၾကည့္လို ့မရပါဘူး … မ်က္ႏွာၿပင္တစ္ခုလံုကို ၾကည့္လိုက္ရင္ ေဆးပြင့္မ်ား စုၿပီး လိုင္းကဲ့ သို ့ၿဖစ္ေန၇င္ ဒါဟာ ေဆးဆက္ရာ ေပါ့ …. ..ဒါဆို၇င္ ေအာ္ (origin ) ေဆးမဟုတ္ေတာ့ဘူးေလ ….

ေအာ္ (origin) ေဆးကို မႈတ္ေနရာမွာ ကားေဘာ္ဒီ ကို သက္သက္ တံခါးနွင့္ အၿခားပစၥည္းေတြကို သက္သက္ မႈတ္တာေၾကာင့္ ဘယ္လို မွ ေဆးဆက္ရာဆိုတာမရိွႏိုင္ဘူးေလ …

က်ေနာ္ တို ့လို ေဆးၿပန္မႈတ္တဲ့ သူေတြကေတာ့ ကားတစ္စီး လံုးကို လြယ္ကူတဲ့ ပစၥည္းေလာက္သာ ၿပဳတ္ၿပီ ကားတစ္စီးလံုးကို ဒီအတိုင္းၿပန္မႈတ္ ရေတာ့ လက္ဆန္ ့ႏိုင္သေလာက္သာ .. ေဆးမႈတ္လို ့ရတဲ့ အတြက္ ဆက္ရာ ေတာ့ ရိွပါတယ္ … ကြ်မ္းက်င္မႈ ့ေၾကာင့္ ဆက္ရာ နည္းတာနဲ ့မ်ားတာပဲကြာပါတယ္ …

ကဲ …. က်ေနာ္ အခုေၿပာခဲ့တဲ့ အခ်က္ ၅ ခ်က္ဟာ ေအာ္ေဆး လို ့ေခၚတဲ့ မႈရင္းေဆး ရဲ့ ထူးၿခာတဲ့ အခ်က္ေတြပါ …. ကားတစ္ စီးကို  ေဆးပါးၿခင္း ၊ မ်က္ႏွာၿပင္ လိုင္းမရိွၿခင္း ၊ အလက္ ညီၿခင္း သို ့မဟုတ္ ေဆးေရာင္ ေတာက္ပမႈ ့ညီညာၿခင္း ဒီ အခ်က္ သံုးခ်က္နဲ ့ၿပည့္စံုရင္ပဲ ေဆးေကာင္းတယ္ လို ့ မွတ္ယူလို ့ရပါတယ္ ….

က်ေနာ္ တို ့ၿမန္မာၿပည္မွာ ကားပြဲစားလုပ္တဲ့သူေတြ ကားဝယ္ေရာင္လုပ္တဲ့သူ ေတြ ကားတစ္စီး ကို ေဆး ၊ ေဘာ္ဒီး စစ္ေဆးရင္ ကားရဲ့ ေဘာ္ဒီ ေနရာစံု ကို လက္နဲ ့လိုက္ေခါက္ တာၿမင္ဘူးၾကမယ္လို ့ ထင္ပါတယ္ ..
ဘာေၾကာင့္မ်ား လက္နဲ ့ေခါက္လည္းဆိုရင္ ေအာ္ေဆး ဟုတ္မဟုတ္စမ္းၾကည့္တာတဲ့ …..
ေဘာ္ဒီ သံၿပားကိုေခါက္ရင္ ေတာ့ သံၿပား အသံ ထြက္ၿပီ … ပတ္တီး (putty) ရိွေနရင္ေတာ့ သံၿပာ အသံ မထြက္ဘူးေပါ့ဗ်ာ …..

ဒါဆိုရင္ က်ေနာ္ က ပတ္တီး ပါးပါးေလး ကိုင္ၿပီး ေဆးၿပန္ မႈတ္ထားတဲ့ ကားကို ေအာ္ေဆးပါလို ့ေၿပာရင္
သူ ့တို ့ယံုမွာေသခ်ာတယ္ေနာ္ ….
ပတ္တီး ပါးပါး ထည့္ထာရင္ လက္နဲ ့ေခါက္လည္း သံၿပား အသံ ထြက္ေန မွာပဲေလ …. ေနာက္ၿပီ လက္နဲ ့ေခါက္တယ္ဆိုတာ … ကားတစ္လံုးလိုက္ ေခါက္လို ့ရမလား ဗ်ာ …

ဆက္လက္ေရးသားပါမည္ ....

ဒီ Post ေလးေရးေနတံုး ေကာင္းကင္ၿဖဴ က ... ကိုရင္( မဒမ္ကိုး ) ေရးတဲ့  post ေလးက ရီရတယ္ဆိုလို ့ ဖတ္မိတာ အခုေတာ့ ကိုရင္ အကိုင္မခံရေအာင္ ကိုရင္ေပးတဲ့ တဂ္ ေလး ေရးေနရၿပီေလ ...
ကိုရင္ .... ေရ ... တစ္ရက္ ႏွစ္ရက္ေလာက္ေတာ့ ေစာင့္ပါအံုးေနာ္ ...


ေမာင္ဘုန္း 



Thursday, September 1, 2011

ကားတစ္စီးဝယ္ရန္ စစ္ေဆးရမည့္ အဓိက ၃၈ ခ်က္



အားလံုးပဲ မဂၤလာပါ ... အလုပ္ပိတ္ရက္မွာ ဘယ္မွမသြားပဲ ေခါက္ဆြဲၾကက္ဥနဲ ့ က်ေနာ္ ကြန္ၿပဴတာေလးကို အေဖာ္ၿပဳရင္း စာေတြထိုင္ေရးေနမိပါတယ္ .... မနက္ကေတာ့ colour effect ဆိုတဲ့ post ကိုတင္းၿပီး ေတာ့
မနက္စာ စားေနတဲ့ အခ်ိန္မွာပဲ ေမာင္ဘုန္းရဲ့ သူေဌး ေရာက္လားၿပီး မနက္ၿဖန္သြားစရာရိွလို ့ မွာစရာရိွတာေတြ ရိွလို ့ဆိုၿပီ အလုပ္ရံုကိုေခၚသြားတာနဲ ့ ေမာင္ဘုန္းတစ္ေယာက္လည္း စားလက္စ ေခါက္ဆြဲကို ေဘးခ်ၿပီ သူေဌးနဲ ့လိုက္သြားတယ္ေလ .....

အလုပ္ရံုကိုသြားတဲ့ လမ္းမဟုတ္လို ့ဘယ္သြားမွာလည္းလို ့ေမးၾကည့္ေတာ့ အေရာင္း ၿပခန္းဘက္ကို ခဏဝင္မလို ့ဆိုၿပီး ေမာင္ဘုန္းတို ့ ကုမၼဏီရဲ့ ကားေရာင္းၿပခန္းကိုေရာက္သြားပါေတာ့တယ္ ...
ဟိုေရာက္ေတာ့ ... သူေဌးက ေမာင္ဘုန္းကို ခဏဆိုၿပီး ရံုးခန္ဘက္ကို တက္သြားတာနဲ ့ ေမာင္ဘုန္း လည္းအေရာင္းၿပခန္းထဲက ကားေတြကိုလိုက္ၾကည့္ေနမိတယ္ ....

ဒီအေ၇ာင္းၿပခန္းေလးထဲမ်ာေတာ့ ကားအမ်ိဳးစားေတြကေတာ့ အားလံုး ဂ်ပန္ကားေတြၾကီးပါတယ္ ....
ဒီကားေတြကို ႏွစ္မ်ိဳးခြဲထာပါတယ္ ... used ကားနဲ ့ import ကားဆိုၿပီခြဲထားတယ္ေလ ...

used ကားဆိုတာေတာ့ ကုမၼဏီက ဂ်ပန္ကား ကီလိုေက်ာ္တာတို ့ေဆးက်ေနတာတို ့ စတဲ့ အေဟာင္းေတြကို သြင္းၿပီ ေမာင္ဘုန္း တို ့အလုပ္ရံုမွာ ေဆး ၊ ေဘာ္ဒီ ၿပန္လုပ္ကာ အခုလို အေရာင္းၿပခန္းနဲ ့ေရာင္းတဲ့ ကားကို ေခၚတာပါ ....

import ကားဆိုတာေတာ့ စက္ရံုကေန တိုက္ရိုက္သြင္းတဲ့ ကားအသစ္ေပါ့ ...

ေမာင္ဘုန္းလည္း ဟိုၾကည့္ဒီၾကည့္နဲ ့ ကားဝယ္မဲ့လူတစ္စုကို အေရာင္းဝန္ထမ္းက ကားအေၾကာင္းရွင္းၿပေနတဲ့ အသံၾကားေတာ့ ေဘးကေနၿပီ နားေထာင္ေနမိတယ္ေလ ...

အေရာင္းဝန္ထမ္းကေတာ့ အဂၤလိပ္လို တစ္ဝက္ တရုတ္လို တစ္ဝက္ ရွင္းၿပေနတဲ့ အသံကို နားလည္တစ္ခ်က္ နားမလည္တာ မ်ားမ်ားနဲ ့ေမာင္ဘုန္း လည္း ဘာသာၿပန္ၿပီနားေထာင္ၾကည့္ေတာ့

ကားတစ္ဝယ္ရင္ စစ္ေဆးရမဲ့ အဓိက အခ်က္ေတြအေၾကာင္းကိုရွင္ၿပေနတယ္လို ့ေတာ့ ဘာသာၿပန္မိပါတယ္ ....
ေမာင္ဘုန္းလည္း နားေထာင္ေနရင္နဲ ့ ေနာက္ထပ္ အေရာင္းဝန္ထမ္းတစ္ ေယာက္က ေမာင္ဘုန္း ကို ကားဝယ္မဲ့ လူစုထဲကလို ့ထင္လာမသိဘူး လက္ထဲကို စာရြက္ေတြ လာထည့္ေပးတယ္ေလ ....

အဲ့ဒီ အခ်ိန္မွာပဲ ေမာင္ဘုန္းရဲ့ သူေဌး ရံုးခန္ဘက္ကေန ဆင္းလာတာေတြ ့လို ့ ေမာင္ဘုန္းလည္း စာရြက္ေတြ ယူၿပီး သူေဌးနဲ ့အလုပ္ရံု ကိုလိုက္သြားခဲ့ပါတယ္ ...

အလုပ္ရံုေရာက္ေတာ့ နာရီ ဝက္ေလာက္ စကားေၿပာၾကၿပီ ...သူေဌးက ေမာင္ဘုန္း ေနတဲ့ အခန္းေလးဆီၿပန္ပို ့တယ္ေလ .... အိမ္ေရာက္ေတာ့မွ ခုဏက ေပးလိုက္တဲ့စာရြက္ေတြကို ၾကည့္မိေတာ့
ေမာင္ဘုန္းတို ့ကုမၼဏီ ရဲ့ ကားေၾကာ္ၿငာ စာရြက္ေတြနဲ ့ ကားတစ္စီးဝယ္ရင္ စစ္ေဆးရမဲ့ အဓိက အခ်က္ ေတြကိုေရးထားတာေတြ ့တာနဲ ့ ဒီ post ေလးမိတာပါ ...

ေရးမယ္လုပ္ေတာ့ ဘာသာၿပန္မဲ့ အခက္ခဲ ေတြ ့ေတာ့တာပဲေလ ... ဒါနဲ ့ အဂၤလိပ္စာ ကြ်မ္းက်င္တဲ့ ေကာင္းကင္ၿဖဴ ကို သတိရလိုက္တာနဲ ့ ဖုန္းဆက္ၾကည့္ေတာ့ အလုပ္မအားဘူးတဲ့ ...
ေမာင္ဘုန္းလည္း တက္သေလာက္ မွတ္သေလာက္ဘာသာၿပန္ၿပီး ေရးပါေတာ့တယ္ ..ဘာသာၿပန္လို ့လည္းၿပီး တင္မယ္လုပ္မွ စဥ္းစားမိပါတယ္ ... ကိုယ္ဘာသာၿပန္တာမွန္မွ 
မွန္ပလားလို ့ ေတြးေန၇င္း မွားသြားမွာ ေၾကာက္တာနဲ ့ပဲ မူရင္း အဂၤလိပ္ လို မမွားေအာင္ေသခ်ာ စစ္ၿပီးၿပန္ စာရြက္ထဲကအတိုင္း ၿပန္ရိုက္ေပးလိုက္ပါတယ္ .... အားလံုးက ေမာင္ဘုန္းထက္ေတာ္တဲ့ သူေတြၾကီးပဲေလ ....

ဘာပဲၿဖစ္ၿဖစ္ ေမာင္ဘုန္းရဲ့ သူငယ္ခ်င္းမ်ား ကားတစ္စီးဝယ္မို ့အ ေရာင္းၿပခန္းေရာက္သြားရင္ သူမ်ားေၿပာၿပေနတာထက္ ကိုယ္က ၾကိဳသိေနေတာ့ နည္းနည္းေတာ့ အဆင္းေၿပမယ္လို ့ထင္လို ့ပါ ...

ကဲ ... ကိုယ့္ဘာသာကိုယ္ ဘာသာၿပန္ၾကည့္ေတာ့ေနာ္ ....


TopMark's 38-point Quality Control Checklist:
 
Engine
1. Ignition timing
2. Drive belts/Timing belt/Air-cond belt

Fuel System
3. Fuel tank/Leakage
4. Fuel hose and condition of pipes

Fluids
5. Brake
6. Clutch
7. Engine
8. Power steering
9. Auto transmission
10. Windscreen washer
11. Coolant

Cooling System
12. Condition of radiator & hoses
13. Condition of radiator cap
14. Leakage test
15. Cooling fan function test

Battery
16. Terminals (Cleanliness)

Electrical
17. Room light
18. Headlamp/Focus
19. Signal light
20. Brake light
21. License lamp
22. Parking lamp
23. Horn
24. Windscreen wiper
25. Windscreen washer
26. Demister

Bonnet, Doors & Hinges
27. Central locking
28. Power window/Window regulator
29. Back door/Boot lid

Undercarriage Check
30. Exhaust system - pipes & mounting, catalytic converter/Leakage
31. Tighten undercarriage bolts & nuts
32. Transmission/Axle oil level
33. Shock absorber condition (oil leak)

Frame & Chassis Check
34. Chassis number/Check authenticity
35. Engine number
36. Check chassis for cut-and-join vehicle

Tyres
37. Tyre condition (uneven wear, cracks, nails)

Accessories
38. Air-cond



ေမာင္ဘုန္း .....







Wednesday, August 31, 2011

colour effect


အားလံုးပဲ မဂၤလာ ပါဗ်ာ …. ဒီေန ့ colour effect အေၾကာင္းေလး ေမာင္ဘုန္း သိ သေလာက္ ေၿပာၿပမယ္ ေနာ္ ….

က်ေနာ္ ကားအေရာင္ေရြးခ်ယ္ ၿခင္းဆိုတဲ့ post ေရးထဲက colour effect အေၾကာင္းကို ပါထည့္ေရး ရမွာပါ ဘာၿဖစ္လို ့လည္းဆို ရင္ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းထုတ္တဲ့ ကားေတြမွာ ေဆးအေရာင္ထက္ colour effect ကိုပိုၿပီးအေရးပါလာလို ့ပါ ….။

ကဲ …စ မယ္ ဗ်ာ ….

ကမာၻေပၚမွာရိွရိွသမွ် ကားထုတ္တဲ့ ကုမၼဏီ ေတြက သူတို ့ထုတ္တဲ့ ကားရဲ့ colour effect  ကို သူ ့ဘာသာ နာမည္ ေပးၾကပါတယ္ .. ဒါေၾကာင့္  colour effect ကိုဘာအမ်ိဳးစားပါလို ့ အလြယ္တကူ ခြဲၿခားလို ့မရဘူးေလ ….။

ကားထုတ္တဲ့ ကုမၼဏီေတြအေနနဲ ့ လိုက္ၿပီးတုပလို ့မရေအာင္ သူသံုးတဲ့ colour effect ဟာ ဘာအမ်ိဳးစားပါလို႕ ဘယ္သူမွေၿပာၾကပါဘူး …။

စက္ရံုကထုတ္လိုက္တဲ့ ကားကို ေဆးအေရာင္က်သြားလို ့ ေဆးၿပန္မႈတ္ရင္ မႈရင္း colour effect ကို ၿပန္မရေတာ့ပါဘူး …. ကားထုတ္တဲ့ ကုမၼဏီေတြဟာ colour effect ကို အပိုပစၥည္းအၿဖစ္ ဘယ္ကုမၼဏီမွ မေရာင္းပါၾကဘူး …။

ဒါဆို၇င္ က်ေနာ္ တို ့ေဆးမႈတ္တဲ့သူေတြ ဘယ္လိုမ်ားၿပန္လုပ္သလဲဆို၇င္ … နည္း ၂မ်ိဳးနဲ ့ colour effect ကို ၿပန္လုပ္ယူပါတယ္ …။

တစ္နည္းကေတာ့ရွင္းပါတယ္ ကြန္ၿပဴတာသံုးၿပီး sample colour effect ကိုတိုင္းယူပါတယ္ …. သိပ့္ေတာ့ အလုပ္မၿဖစ္ပါဘူး … ေဆးက်ေနတဲ့ ကားကို sample colour တိုင္းမွေတာ့   ဘယ္လို မႈရင္း ဘယ္ရမွာလည္းဗ်ာ …။

ေနာက္တစ္နည္းကေတာ့ အေၿခခံ colour effect ကို ကြ်မ္းက်င္တဲ့ လုပ္သား ကသံုးသတ္ ၿခင္းပါပဲ …. ဒီနည္းကလည္း လုပ္သားရဲ့ ကြ်မ္းက်င္မႈ ့ကိုအားထားေနရတာဆိုေတာ့ ေသခ်ာတယ္လို ့ေၿပာလို ့မရဘူးေလ …တစ္ကယ္ေတာ္တဲ့သူမ်ားက်ေတာ့လည္း … ကြန္ၿပဴတာသံုးၿပီ sample colour effect တိုင္းတာထက္ အမ်ားၾကီး ေကာင္းပါတယ္ …. ဒါပင္မဲ့ အမ်ားစုကေတာ့ ကြန္ၿပဴတာသံုးၿပီး sample colour effect ရွာတဲ့နည္းကိုပဲသံုးၾကပါတယ္ …….။

Colour effect ဆိုတာ ကားတစ္စီး ရဲ့ ေဆးကို ပိုမိုေတာက္ပေစၿပီ …ၾကာရွည္ခံ ေစပါတယ္ ….
ဘာေၾကာင့္ colour effect ထည့္တာနဲ ့ ကားေဆးကို ပိုပိုၾကာရွည္ခံေစသလိုရင္ ေတာ့ …

ဒီလိုပါ … colour effect မွာေၾကြဓာတ္ပါလို ့ပါ ….ကားေဆးမႈတ္တဲ့ေနရာမွာ ေအာက္ခံေဆး မႈတ္ ၊ ေဆးအေခ်ာမႈတ္ၿပီးတဲ့ အခ်ိန္မွာ colour effect ကို မႈတ္ရပါတယ္ …. ေၾကြဓာတ္ပါတဲ့ အတြက္ မႈရင္းေဆးကို ပို၍ အဆေပါင္းမ်ားစြာ မားေစၿပီ ေဆးေက်ာ တင္းသြားေစပါတယ္ ……
အနီးဆံုး ဥပမာ ေၿပာရရင္ ေၿမအိုးနဲ ့ ေၾကြအိုး ဆို ဘယ္ အိုးကပိုမာ မလဲဗ်ာ …အားလံုး ရႊံ ့ေစးကလုပ္တာပဲေနာ္ … ေၾကြအိုးကေတာ့ မာၿပီး အေရာင္းမ်ားစြာ ေတာက္ပ ေနတာေတြ ့ရမယ္ေနာ္..။

Colour effect ရဲ့ အဓိကအားသာခ်က္ကေတာ့ ပထမ post မွာေရးခဲ့တဲ့ CMYK အေရာင္အုပ္စုေတြဟာ အပူဒဏ္ကိုမခံႏိုင္ပင္မဲ့ colour effect ပါ၇င္ေတာ့ အထိုက္ေလွ်ာက္ အပူဒဏ္ကို ခံႏိုင္ရည္ရိွပါတယ္ …

အားနည္းခ်က္ကေတာ့ ကားတစ္စီးကို colour effect ထည့္ၿပီး အေရာင္ ခဏခဏ မေၿပာင္းသင့္ပါဘူး …
ႏွစ္ၾကိမ္ထက္ ပိုလာရင္ colour effect ေၾကာင့္ ေဆးသားအရမ္းမာလားၿပီ ေဆးကြဲတဲ့ အဆင့္ကိုေရာက္သြားတက္ပါတယ္ …..

အထက္မွာေၿပာခဲ့သလို အမ်ိဳးမ်ိဳးရိွတဲ့ colour effect ကို ေၿခခံ ႏွစ္မ်ိဳးပဲ ခြဲၿခားထားပါတယ္ ….
rainbow effect နဲ ့ crystal effect ဆိုၿပီ ႏွစ္မ်ိဳးခြဲထားပါတယ္ …

rainbow effect

rainbow effect ဆိုတာ ၾကည့္လိုက္ရင္ေရာင္ေၿပးေနတယ္လို ့ ေၿပာလို ့ရပင္မဲ့ အေရာင္မေၿပးတဲ့ rainbow effect ေတြလည္းရိွတယ္ပါတယ္ …. အၾကမ္းအားၿဖင့္ေတာ့ ကားနားကို သြားရပ္ရင္ သူငယ္ခ်င္းတို ့ရဲ့ အပံုရိပ္ဟာ ရွည္ရွည္ေလးၿဖစ္ေနတာေတြ ့ရမယ္ေနာ္ …. ဒါဆို၇င္ rainbow effect ေပါ့ ….
rainbow effect ရဲ့ အားသာခ်က္ကေတာ့ အလငး္ၿပန္မႈ ့မ်ားတဲ့အတြက္ အပႈဒဏ္ကို သာမာန္ထက္ ပိုမိုခံႏိုင္ရည္ရိွပါတယ္ …. ေအာက္က ပံုၾကည့္ပါ …ဒါဟာ rainbow effect ထည့္ထားတဲ့ ကားေပါ့

 ဒါ rainbow effect သံုးထား ကားပါ ... rainbow effect မွာပဲ အမ်ိဳးမ်ိဳး ရိွပါေသးတယ္ ... အခုအေပၚက ၿမင္ရတဲ့ကားဟာ တစ္ေရာင္ေၿပး rainbow effect ပါ ...ေအာက္ကပံုကို ဆက္ၾကည့္ပါ

ဒါ ႏွစ္ေရာင္ေၿပး rainbow effect အမ်ိဳးစားပါ ...ဒီ effect ကို lanborghini effect လို ့ေခၚပါတယ္ ..ဒီ effect ကေတာ့ လူအၾကိဳက္မ်ားဆံုး effect ၿဖစ္ပါတယ္ ...

ေနာက္တစ္ခုက


ဒါကေတာ့ သံုးေရာင္ေၿပး rainbow effect ပါ .... သူ ့ကို ေတာ့ magenta effect လို ့ေခၚပါတယ္ ...သူလဲ လူၾကိဳက္မ်ားပါတယ္ ကားေဆးရဲ့ တန္ဖိုးထက္ ဒီ effect က ႏွစ္ဆ တန္ဖိုးရိွပါတယ္ .... 
ေနာက္ထပ္ rainbow effect အမ်ိဳးစာေတြ အမ်ားၾကီးရိွပါေသးတယ္ ... အခုေဖာ္ၿပတာကေတာ့ ယေန ့ေခတ္ ကားေလာကမွာ လူးၾကိဳက္မ်ားတဲ့ effect ေတြကိုပဲ ေဖာ္ၿပေပးတာပါ ....



crystal effect

crystal effect ဆိုတာ ေဆးအေရာင္ကို သာမာန္ထက္ပိုၿပီးေတာက္ပေစပါတယ္ … အနီးကပ္ၾကည့္၇င္ ကိုယ့္ရဲ့ပံုရိပ္ဟာ မွန္ကဲ့သို ့ၾကည့္လင္ ေနတာေတြ ့ရဘာလိမ့္မယ္ … ကာေဆးကိုၾကည့္ရင္လည္း အတုံးေသးေသးေလးေတြ … သို ့မဟုတ္ ေဆးပြင့္ေတြ အ ေရာင္ေတာက္ေနတာမ်ိဳးေတြ ့ရရင္ေတာ့
ဒါဟာ ctystal effect ပါပဲ ….ေအာက္ကပံုၾကည့္ပါ .... အေပၚက သစ္ပင္ရဲ့ အရိပ္ဟာ မွန္မွာေပၚေနသလို
ပဲၿမင္ေနရတာ ...ဒါဟာ ... ctystal effect ေၾကာင့္ေပါ့

ေနာက္တစ္စီၾကည့္ပါအံုး

crystal effect ေတြကို CMYK အုပ္စု ေရာင္ေတြမွာ အသံုးမ်ားပါတယ္ ...ပိုၿပီးေပၚလြင္ေစလို ့ပါ ... သူက ေဆးေသ RGB နဲ ့ဆို သိမ့္မေပၚဘူးေလ .... အမ်ားအားၿဖင့္ အနက္ေရာင္မွာ crystal effect ကို သံုးၿခင္းၿဖင့္ အေတာက္ပဆံုး ေဆးေရာင္ကို ေတြ ့ရပါလိမ့္မယ္ ....

crystal effect လည္း အမ်ိဳးမ်ိဳးရိွပါတယ္ က်ေနာ္ ဓာတ္ပံုရွာလို ့မရေတာ့လို ့ ဒီေလာက္ပဲေဖာ္ၿပလိုက္ပါတယ္

crystal effect ရဲ့ အဓိကအာသာခ်က္ကေတာ့ ေဆးေရာင္ကို ၾကာရွည္စြာခံႏိုင္ရွည္ရိွၿပီ ကားေရ ေဆးၿခင္းေၾကာင့္ၿဖစ္တက္ေသာ ေရာင္က်ၿခင္းမွ ကြာကြယ္ေပးပါတယ္ ....

အားလံုးပဲ colour effect အေၾကာင္းကို က်ေနာ္ ၿပည့္ၿပည့္စံုစံုမဟုတ္ပင္မဲ့ ဒီေလာက္ဆို နည္းနည္းေတာ့
နားလည္လိမ့္မယ္လို ့ေမွ်ာ္လင့္ရပါတယ္ .....


ေမာင္ဘုန္း


Tuesday, August 30, 2011

Sand Track D5U

အကို တစ္ေယာက္က c box မွာ ေမးထားတာေတြ ့လို ့ ဒီ post ေလးေရးၿဖစ္တာပါ ....
Sand track D5U ဆိုတာ colour ကုတ္မဟုတ္ပါဘူး … colour effect ကိုေၿပာတာ ပါ ..။
Colour effect ဆိုတာ ေဆးေရာင္ကို ေတာက္ပေစၿပီး ၾကာရွည္ခံေစပါတယ္ ….

အေၿခခံ colour effect ႏွစ္မ်ိဳးပဲရိွပါတယ္ … rainbow effect နဲ ့ crystal effect ဆိုၿပီး ႏွစ္မ်ိဳးပဲရိွပါတယ္
ဒါပင္မဲ့ မတူညီတဲ့ ကားထုတ္တဲ့ ကုမၼဏီေတြက သူဘာသာ ေဆးစပ္ၿပီး effect ထည့္ကာ သူဘာသာပဲနာမည္ေပးေလ့ရိွပါတယ္ …

အကို ေမးတဲ့ sand track  D5U ဆိုတာ ctystal effect အမ်ိဳးစားမွာ ပါတဲ့ effect တစ္မ်ိဳးပါ …
လြဲေနမလာေတာ့မသိဘူး … က်ေနာ္ သိတဲ့ D5U ကေတာ့ KIA ကထုတ္တဲ့ effect ပါ …
ဒီႏွစ္မွ ထုတ္တဲ့ effect ေပါ့ … က်ေနာ္ ေတာင္တစ္ခါပဲၿမင္ဘူးတာပါ …. Crystal effect ၿဖစ္တဲ့ အတြက္ ေဆးေရာင္ကို ၾကာရွည္ခံပါတယ္ ….

က်ေနာ္ ေရာက္ေနတဲ့ မေလးမွေတာင္ ဒီလို ကားမ်ိဳးရွားပါတယ္ ... က်ေနာ္ ၿမင္ဘူးတဲ့ KIA Sand Track D5U ကုိ ဒီမွာေတာ့ ေဆးေဘာ္ဒီ အာမခံ ၆ ႏွစ္ေပးတယ္လို ့သိရပါတယ္ ...
KIA ကထုတ္တဲ့ တစ္ၿခား effect ေတြရိွပါေသတယ္ ... ေအာက္က ပံုေတြၾကည့္ပါေနာ္ ...

ဒါကေတာ့ Sand Track D5U ပါ ..... 



ဒါကေတာ့ signal red BEG ပါ ...



က်ေနာ္ သိတာေတာ့ အကုန္ပါပဲ ဒီကားေတြဟာ 2011 model ၿဖစ္လို ့ ေသခ်ာ မေၿပာၿပႏိုင္တာေတာ့ သီးခံပါေနာ္ ....


ဓာတ္ပံုကို google မွ ကူးယူေဖာ္ၿပပါသည္

ေမာင္ဘုန္း

ကားအေရာင္ ေရြးခ်ယ္ၿခင္း

က်ေနာ္ blog မွာ ကားေဆးမႈတ္တဲ့ ပညာ နဲ ့ ကားေဆးအေရာင္ေတြ အေၾကာင္း ကို က်ေနာ္ သိသေလာက္ေလး ေရးၿပေပးပါမယ္ …။


ေရးရတဲ့ ေၾကာင္းကေတာ့ google မွာ ၿမန္မာလိုေရးတဲ့ ကား အေၾကာင္းနည္းေနတာလည္းေတြ ့ရလို ့
ၿမန္မာ blog မ်ားေၾကာင္းရာစံုေအာင္ ၿဖည့္ဆည္းတဲ့ အေနနဲ ့ေရးခ်င္တာရယ္ …
တၿခားအေၾကာင္းလည္း ဘာမွမေရးတက္တာရယ္ …. ေၾကာင့္ ပါ …

က်ေနာ္ စာမေရးတက္တဲ့အတြက္ စိတ္ဝင္စားလို ့မရွင္းတာမ်ားရိွရင္ က်ေနာ္ အားၿပန္ေမးခဲ့ပါေနာ္

ကဲ စမယ္ဗ်ာ …..

တန္ဖိုးၾကီးတဲ့ ကားတစ္စီး ကိုဝယ္ၿပီး အင္ဂ်င္ေကာင္းပါရဲ့ နဲ ့ ေဆးအေရာင္းက ကိုယ့္လက္ထဲေရာက္မွ ခဏေလး ပ်က္စီးသြားတက္ပါတယ္ …. ဒါဟာ ကားဝယ္စဥ္က ကားေဆးအေရာင္းအေၾကာင္းကို ေသေသခ်ာခ်ာ မသိခဲ့လို ့ပါပဲ ….
သာမန္ကားတစ္စီးရဲ့ ေဆးေရာင္ဟာ စက္ရံုက ထုတ္ၿပီး အသံုးၿပဳသူ လက္ထဲမွာ ၅ ႏွစ္ေက်ာ္ အေရာင္ေတာက္ေနဆဲပါ ….
ဆိုလိုတာကေတာ့ ေအာ္(origin) ေဆးဟာ ၅ႏွစ္ခံတယ္ေပါ့ဗ်ာ …. ဒါပင္မဲ့ ေဆးအေရာင္းတိုင္း ၅ ႏွစ္ မခံပါဘူး
တခ်ိဳ ့အေရာင္ဆို တစ္ႏွစ္ေလာက္ပဲ ခံ ၿပီး အေရာင္က်သြားတက္ပါတယ္ …… ဒါဆိုရင္ …ဘယ္အေရာင္ေတြက ၾကာၾကာခံၿပီး ဘယ္ေရာင္ေတြက ပ်က္စီးလြယ္တက္လည္းဆိုတာ က်ေနာ္ ဆက္ေရးမယ္ေနာ္ …

မ်ားၿပားလွတဲ့ ကားေဆးအေရာင္ေတြကို က်ေနာ္ ေၿပာတဲ့ေနရာမွာ အဓိက အေရာင္အုပ္စု ႏွစ္ခုကို ေၿပာၿပမွာ ၿဖစ္ပါတယ္ … အလုပ္မွာ သံုးတဲ့ အေရာင္ကုတ္ ေတြကို ေၿပာရင္လည္း စာဖတ္သူ နာလည္မို ့ခက္ေနမွာဆိုးလို ့
အဓိက အေရာင္အုပ္စု ႏွစ္ခုကိုပဲ က်ေနာ္ ေရးသားသြာပါမယ္ ….။

ေၿခခံအေရာင္ ႏွစ္မ်ိဳးရိွတာေတာ့ အားလံုးသိမွာပါေနာ္ … RGB လို ့ေခၚတဲ့ အၿဖဴေရာင္ကို အေၿခခံ တဲ့ အေရာင္နဲ ့ CMYK လို ့ေခၚတဲ့ အနက္ေရာင္ကို ေၿခခံတဲ့ အေရာင္ဆိုၿပီ ႏွစ္ေရာင ္ရိွပါတယ္ …..

RGB အေရာင္အုပ္စုေတြဟာ ေၿခခံ အၿဖဴေရာင္ၿဖစ္တဲ့ အတြက္ အပူ ၊ အေအး ဒဏ္ကို ခံႏိုင္ရည္ ရိွၿပီ ေဆးအေရာင္ ၾကာရွည္ ခံတက္ၿပီ CMYK ေရာင္အုပ္စုေတြကေတာ့ အပူစုတ္ယူမႈ ့မ်ားတာေၾကာင့္ အေရာင္က်လြယ္ပါတယ္ …။

ေနာက္ၿပီ ကားေဆးမႈတ္တဲ့ေနရာမ်ာလည္း RGB ကို အေရာင္ေသ လို ့ေခၚဆိုၿပီ CMYK ကိုေတာ့ အေရာင္ရွင္ အၿဖစ္ သတ္မွတ္ထားပါတယ္ … ဆိုလိုတာက RGB အေရာင္အုပ္စုေတြဟာ အေရာင္ေသ ၿဖစ္တဲ့ အတြက္ အလြယ္တကူ ေဆးၿပန္မႈတ္လို ့မရပါ ဥပမာ .. RGB အုပ္စုၿဖစ္တဲ့ အနီေရာင္ကားကို ေဆးမႈတ္ၿပီ တစ္ႏွစ္အတြင္း မည္သည့္ေရာင္မွ ေၿပာင္းလွဲ ၿပန္မႈတ္လို ့မရပါဘူး (ရေအာင္မႈတ္တယ္ဆိုရင္လည္း မလုပ္သင့္တဲ့အရာပါ ) … ေဆးေသၿဖစ္တဲ့အတြက္ အေရာင္မအုပ္  လို ့ပါ ..။ CMYK အုပ္စုကေတာ့ အေရာင္ရွင္ ၿဖစ္တဲ့အတြက္ အလြယ္တစ္ကူ ေဆးမႈတ္ၿပီး လပိုင္းအတြင္းမွာပင္ ၿပန္ၿပီးေဆးေရာင္ေၿပာင္းလို ့ရပါတယ္ …။

RGB အေရာင္အုပ္စု

RGB ဆိုတာအားလံုးသိတဲ့အတိုင္းပါပဲ အနီရယ္ အစိမ္းရယ္ အၿပာရယ္ ကို ေပါင္းစပ္ရင္ အၿဖဴေရာင္ရလာပါတယ္ …. အေ၇ာင္ တန္ဖိုး ၿမင့္ေလ အၿဖဴေရာင္ႏွင့္ နီးေလေပါ့ …
RGB အုပ္စုေတြထဲမွာ မွ အၿဖဴေရာင္ ႏွင့္ ေငြမွင္ ေရာင္ ဟာ ကားတစ္စီးေဆးေရာင္ကို ပိုမိုၾကာရည္ခံႏိုင္တဲ့ စြမ္းရည္ရိွပါတယ္ … ( ေငြမွင္ေရာင္ဆိုတာ RGB အုပ္စုပါ RG တန္ဖိုးကို အၿမင့္ဆံုထားၿပီ B တန္ဖိုး အနည္းငယ္ေလ်ာ့လိုက္ရင္ ေငြမွင္ေရာင္ ရလာပါတယ္ )
တိုယိုတာက ထုတ္တဲ့ ေငြမွင္ေရာင္ ကားေတြကို ၆ႏွစ္ထိအာမခံေပးထားတယ္ေနာ္ ….
သူငယ္ခ်င္းတို ့က RGB အုပ္စုထဲက မိမိၾကိဳက္တဲ့ ကားအေရာင္ကို ဝယ္မယ္ဆိုရင္ စဥ္းစားစရာ တစ္ေရာင္ပဲရိွပါတယ္ ….
အနီေရာင္ပါ ….. ကားေတြထဲမ်ာ အနီေရာင္ဟာ RGB အုပ္စုထဲပါလို ့ အေရာင္ၾကာရွည္ခံပါတယ္ …. ဒါပင္မဲ့
ကိုယ္က ႏွစ္ရွည္လမ်ာသံုးစြဲမယ္ဆိုရင္ ၅ႏွစ္ၾကာ ေရာင္က်သြာလို ့ေဆးၿပန္မႈတ္မယ္ဆိုရင္ရင္ ….
အနီေရာင္ ဟာ တၿခားေရာင္ေၿပာင္းလွဲ မို ့ မေကာင္းတဲ့ အေရာင္ပါ …
အနီေရာင္ကားတစ္စီးဝယ္ၿပီးသြားရင္ေတာ့ ေနာက္ထပ္ေဆးၿပန္မႈတ္ရင္ အေရာင္မေၿပာင္းပဲ အနီေရာင္ပဲၿပန္ မႈတ္သင့္ပါတယ္ …. ဘာေၾကာင့္လည္းဆို၇င္ … အနီေရာင္ဟာ ေဆးၿပန္မႈတ္ရင္ RGB အုပ္စုမွ အေရာင္ေတြကို လံုးဝ လက္မခံပဲ အေရာင္ မအုပ္တဲ့ အစြမ္းသတၱိ ရိွလို ့ပါ …. ( အေရာင္အုပ္ေအာင္ မႈတ္မယ္လို ့ဆို၇င္လည္းရပါတယ္ ဒါပင္မဲ့ တစ္ႏွစ္ေတာင္ခံမွာမဟုတ္ပဲ ကားတစ္စီးလံုး ေဆးေရာင္ပ်ယ္ တယ္ဆိုတဲ့ အဆင့္ကိုေရာက္သြားပါလိမ့္မယ္ … ေဆးေရာင္ပ်ယ္ၿခင္း ကို ဆက္လက္ေရးတဲ့အခါမွ ပဲ အေသးစိတ္ရွင္းၿပပါမယ္ )

က်ေနာ္ အထက္မွာေရးခဲ့ၿပီၿပီေနာ္ … RGB ဆိုတဲ့ အေရာင္တန္ဖိုး ၿမင့္ေလ အၿဖဴေရာင္ႏွင့္နီးေလပဲေနာ္ …ဒါဆိုရင္ အနီေရာင္ အ၇င့္ ႏွင့္ အနီေရာင္ အႏု ဆို၇င္ … RGB အုပ္စုေတြထဲကမွ အနီေရာင္ အႏုဟာ ရည္ရွည္အသံုးၿပဳမဲ့ ကားဆိုရင္ ေရြးခ်ယ္မို ့စဥ္းစားရမဲ့ အေရာင္တစ္ခုပါ ….

CMYK အေရာင္အုပ္စု

သူငယ္ခ်င္းတို ့က ကားတစ္စီးၿပီးတစ္စီး ထပ္လွဲစီးႏိုင္တဲ့ သူဆိုရင္ေတာ့ အရမ္းေကာင္းတဲ့အေရာင္ပါ ..
ဘာၿဖစ္လဲေနာ္ … ကားတစ္စီးကို တစ္ႏွစ္ေလာက္ စီးၿပီး အေရာင္က်သြားရင္ ေနာက္တစ္စီးေပါ့ ….:D
ဥပမာ … အနက္ေရာင္ ဆိုရင္ သာမာန္ေရာင္ေတြထက္ အမ်ားၾကီး ပိုေတာက္ပၿပီး ေရာင္ထြက္ေစပါတယ္
CMYK အေရာင္ေတြထဲမွာမွ အဝါေရာင္အုပ္စုဟာ CMYK အုပ္စုေတြထဲမွာ ေဆးေရာင္ပိုၾကာရွည္ခံပါတယ္ ဥပမာ အဝါေရာင္ တန္ဖိုး အသင့္တင့္နဲ ့ေရာစပ္ထာတဲ့ ေရႊအိုေရာင္ ဆိုရင္  RGB ေရာင္ေတြေလာက္ကို
ၾကာရွည္ခံပါတယ္ …. ေအာက္က ပံုကို ၾကည့္ပါ ….





ဒီအေရာင္ဟာ CMYK အုပ္စု ထဲမွ အဝါေရာင္ကို ေၿခခံ ၿပီ Modifies လုပ္ထားတဲ့အေရာင္ပါ … (မဟုတ္ပါဘူးေမာင္ဘုန္းရယ္ ေသခ်ာၾကည့္ပါအံုး အနီေရာင္ကို ေၿခခံထားတာဆို ခက္ၿပီေနာ္ ...က်ေနာ္ လည္း ကားေဆးေရာင္းေတြ အေၾကာင္းမသိခင္က ဒီအေရာင္ဟာ အနီေရာင္ကို ေၿခခံတယ္လို ့ထင္ပါမိပါတယ္) 

ၿမန္မာလိုဆို ေရႊအိုေရာင္ လို ့ေခၚမလာ ..ေပါ့ေနာ္ … လြဲေနမလားမသိ … ဒီလို modifies ေရာင္ေတြကို ၿမန္မာလိုေခၚရတာ နည္းငယ္ခက္လို ့ပါ ….

ေနာက္ၿပီ CMYK ရဲ့ ေကာင္းမြန္တဲ့ အခ်က္က Colour Effect  ကို ရာႏႈန္းၿပည့္ ေတာက္ပ ေစပါတယ္
Colour Effect ဆိုတာ အေဝးကၾကည့္ရင္အေရာင္တစ္မ်ိဳး အနီးကပ္ ၾကည့္ရင္ ေရာင္တစ္မ်ိဳး ၿဖစ္ေစတာကို ေၿပာတာပါ … ( Colour Effect အေၾကာင္း ေရးေတာ့မွပဲ ေသခ်ာ ရွင္းၿပပါမယ္ )
အေပၚကပံုနဲ ့အခု ေအာက္က ပံုနဲ ့ကို ၾကည့္ရင္ အေရာင္မတူဘူးလို ့ထင္ရပါလိမ့္မယ္ …. တစ္ကယ္ေတာ့ တူတူပါပဲ … Colour Effect ေၾကာင့္ သာ လြဲေနတယ္လို ့ထင္ရတာပါ …




အားလံုးပဲ ဒီေလာက္ဆို ကိုယ္ဝယ္မဲ့ကားကို အေရာင္ေရြးမို ့အတြက္ နည္းနည္းေတာ့ အဆင္ေၿပသြားမယ္လို ့ေမ်ာ္လင့္ရပါတယ္ ….
က်ေနာ္ ေရးခဲ့ မရွင္းရင္ ၿပန္ေမးလို ့ရပါတယ္ … c box မွာ ၿဖစ္ၿဖစ္ comment မွာၿဖစ္ ေရးခဲ့လို ့ရပါတယ္ေနာ္ ….

ေမာင္ဘုန္း