Pages

Wednesday, December 26, 2012

2012 ကိုပြန်လှည့်ကြည့်ခြင်း (Tag)



အားလုံးပဲ မင်္ဂလာပါဗျာ …. ။ တဂ်ပို့ စ် မရေးရတာတော်တော် ကိုကြာပါပြီ … ။ အစ်မ ပစ်ပစ် က သတိတရ တဂ်ပေးထားလို့  ဝမ်းသာအားရ ချရေးမိပါတယ် … ။ 


2012 ကိုပြန်လှည့်ကြည့်ခြင်း

ကမ္ဘာပျက်မယ်ဆိုပြီ
ရုပ်ရှင်ရုံတွေထဲမှာ ရောင်းစားခံလိုက်ရတဲ့ …..  2012 …

ပြောင်းလဲမှုတွေ ကြားမှာ
ရခိုင်လူမျိုးများ အတွက် စိတ်မကောင်းဖြစ်ရတဲ့  ….. 2012 ….

ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ
တိုက်ပွဲတွေ ၊ ဆန္ဒ ပြပွဲတွေ ခဏခဏ မြင်ရတဲ့  . 2012 ….. 

ပြောင်းလဲခြင်း ခေါင်းစဉ်အောက်မှာ 
မပြောင်လဲနိုင်တဲ့ ကွဲလွဲမှုတွေ အများကြီးဖြစ်ခဲ့တဲ့  .....2012 .....


အဲ့ ၂၀၁၂ ဟာ ကျနော်အတွက်တော့ ခရီးသွားနှစ်  ပါပဲ ။  နှစ်လည်း ကုန်တော့မယ် ကျနော် လည်း ဘယ်မှ မသွားရတော့ပါဘူး  ။ ၂၀၁၂ နှစ်ဟာ ကျနော် အတွက် ထူးခြားတဲ့ နှစ် တစ်နှစ်လည်း ဖြစ်ပါတယ် ။

ပထမ ထူးခြားမှု ကတော့ ကျနော် အလုပ်ပါ ။ အပြောင်းအလဲ အ၇မ်းများပါတယ် ။ စိတ်မဝင်စားတဲ့ အလုပ်ကို စိတ်ဝင်စားဖွယ်ရာ လခ ကြောင့် မြန်မာပြည်ပြန်မဲ့ အစီစဉ်ကို ဖျတ်သိမ်းပြီး ရွေးချယ်ခဲ့မိပါတယ် ။  တစ်ခုကို လိုချင်ရင် တစ်ခုဆုံးရှုံးတယ်ဆိုသလိုပါပဲ ။ အလုပ်ချိန် တနေ့ ၁၃ နာ၇ီ ဖြစ်သွားကြောင့် ကျနော်  အတွက် ကိုယ်ပိုင်အချိန် အရမ်းရှားသွားပါတယ် ။ အရင်လို blog မှာ စာများများမရေးဖြစ်တော့ပါဘူး ။ နောက်တစ်ခုကတော့ အလုပ်မှာ တာဝန်ယူရတဲ့ အပိုင်းတွေ များလာတာကြောင့် ကျနော်အတွက် ဖိအားတွေ များခဲ့ပါတယ် ။ လူတိုင်း လောဘ ဆိုတာရှိတာကြောင့် ပြိုင်ဆိုင်မှု တွေလည်းရှိခဲ့ပါ ။ ကျနော် ရွေးချယ်လိုက်တဲ့ အလုပ်ဟာ အစပိုင်းမှာ ဖိအားတွေ ပြိုင်ဆိုင်မှုတွေနဲ့  ကျနော် အတွက်ပျော်စရာဆိုတဲ့ အချိန်အလွန်းရှားခဲ့ရပါတယ် … ။

အဲ့ အကျိုးဆက်တွေ လားတော့မသိပါ ။ ၂၀၁၂ မှာ မကြာမကြာ ကျန်းမာရေးမကောင်း တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ် ။ ကျနော် ပျော်ရတဲ့ နေ့ ၇က်တွေကတော့ လစာ ထုတ်တဲ့နေ့ ပါ ။ ကျနော် မျှော်လင့် ထားတဲ့ လစာ ရလို့ ပါ ။ ဘယ်လိုပဲဖြစ်ဖြစ်  ကိုယ်တိုင်ကျေကျေနပ်နပ် ရွေးချယ်ထားခဲ့လို့  ဒီ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆက်လုပ်မယ်လို့  ဆုံးဖြတ်ထားပါတယ် ။ ဖိအားတွေ ပြိုင်ဆိုင်မှု တွေကြားမှာ အချိန်ကြာလာတာနဲ့  ကျနော် နေသားကျလာပါပြီ ။ တခါတခါ အလုပ် လုပ်ရင်း ကျနော် သိမ့်ကြိုက်တဲ့ ဟန်ထူးလွင်သီချင်းလေး ဆိုရင်း ပျော်တက်နေပါပြီ … ။

ဒုတိယ ထူးခြားတာ ကတော့  ၂၀၁၂ မှာ ကျနော် ရဲ့  ချစ်သူနဲ့  လက်ထပ်မို့  ဆွေးနွေး ပြင်ဆင် ခဲ့ပါတယ် ။ ဘဝ တစ်ခုနဲ့  တစ်ခု ပေါင်းစပ်မို့  ထင်သလောက် မလွယ်မှန်းကျနော် နားလည်ခဲ့ပါတယ် ။ ကျနော် ရော ချစ်သူမှာ အခြေခံပိုင်ဆိုင်မှု့  မရှိတာကြောင့် ကျနော် တို့  ဘဝကို အခြေခံကနေ စပြီး တည်ဆောက် ခဲ့ရပါတယ် ။ ကျနော် တို့  လက်ထပ်မယ် လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစ ပြီး ။ ကျနော်တို့  နှစ်ဦးကြားမှာ ရှိတဲ့ အလိုမကျမှု့ လေးတွေ  ၊ သာတယ် နာတယ် ဆိုတဲ့ အတွေး တွေဟာ အလိုလို ပျောက်ဆုံးသွားပါတယ် ။

ချစ်သူ ဖြစ်ကာစက တစ်ဦးနဲ့ တစ်ဦး စိတ်ဆိုးကြတာ ၊ သာတယ် နာတယ်လို့  တွေးမိတာတွေဟာ တစ်ကယ် တမ်း ဘဝတစ်ခုကို ရင်ဆိုင်မို့  တွေ့ ကြုံရတဲ့ အခက်ခဲတွေ နဲ့  နှိုင်းယှဉ် မယ်ဆိုရင် ဘာမှကိုမပြောပလောက်အောင် သေးငယ်သွားပါတယ် ။ တစ်ဦးကို တစ်ဦးလည်းပိုပြီး သံယောဇဉ် ဖြစ်လာပါတယ် ။ အရင်ကထက်ပိုပြီး နားလည်မှု့ တွေ ပေးလာနိုင်ခဲ့ပါတယ် ။ ကျနော် တို့  ရည်မှန်းထားတဲ့ တစ်ခု ပြီးမြှောက်တိုင်း ပီတိ တစ်ခု ခံစားမိတယ် ။  ချမ်းသာတယ်ဆိုတဲ့ ဘဝ တစ်ခု ကိုမမျှော်မှန်းခဲ့ပါဘူး ။ အေးချမ်းတဲ့ ဘဝတစ်ခုကိုပဲ မျှော်မှန်းပြီး တည်းဆောက်ခဲ့တာပါ ။

ဒီလို အေးချမ်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်မို့  အစပြုခဲ့တဲ့ ၂၀၁၂ ဟာ ကျနော်တို့ အတွက် တစ်သက်တာမေ့မရတဲ့ နေ့ ရက်တွေအဖြစ်အမြဲ ရှိနေမှာပါ …. ။
  
အချိန်ဆိုတာ ကုန်ဆုံးတက်သည်မဟုတ်ပါလော … ။ ၂၀၁၂ လည်းကုန်တော့မယ် တစ်နှစ်ကုန်သွားတိုင်း ကျနော် ပြန်သုံးသပ်မိပါတယ် ဒီနှစ်မှာ ကိုယ့်အတွက် ဘာတွေ ဖြစ်သွားလည်းပေါ့ .. ။

၂၀၁၂ မှာ ကျနော် အတွက် ဖိအားတွေနဲ့  အလုပ်တိုးတက်ခဲ့ပါ ။ အဲ့ဖိအားတွေကြောင့် ထင်တယ် ကျနော် နည်းနည်း ရင့်ကျက်လာသလိုပဲ … ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရွေးချယ်ခွင့်ဆိုတာ များများ မရှိတဲ့ ဘဝ ထဲမှာ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင် ၂၀၁၂ ဆို ကုန်ဆုံးတော့ပါမယ် ။

နှစ်သစ်ဖြစ်တဲ့ ၂၀၁၃ မှာတော့ စိန်ခေါ်မှု တွေ အများကြီးရှိနေမယ်ဆိုတာ မျှော်လင့်ပြီးသာပါ ။ ရင်ခုန်မှု တွေလည်းအပြည့်ပါပဲ ။ ချစ်သူနဲ့  လက်ထပ် ရမည့် နှစ်ပေါ့ ။ အိမ်ထောင်သည်ဆိုတဲ့ ဘဝကို ပိုင်ဆိုင်ရမဲ့ နှစ်ပေါ့ ။ ဒါကြောင့် ၂၀၁၃ ဆိုတာကို ရင်ခုန်စွာမျှော်လင့်မိရင်း … ဒီ Post လေးကို အဆုံးသက်လိုက်ပါတယ် … ။


ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပြီ ၊ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေ … ။

ဒီ post လေးကိုရေးမို့  တဂ်ပေးတဲ့ အစ်မ ပစ်ပစ် ကို ကျေးဇူးမိပါတယ် ။ အခုတလော ကျနော် မိတ်ဆွေသူငယ်ချင်းတွေလည်း ကျနော်လို  စာရေးနည်းသွားသလိုပါပဲ ။ တချို့ လည်း facebook မှာ ပျော်နေကြသတဲ့ ။  ကျနော် ကိုယ်တိုင်လည်း စာများများမရေးဖြစ်တော့ပါဘူး ။ နောက်ပြီ ကျနော် blog လေးကိုလာလည်တဲ့ blogger အသစ်တွေ ကို ကျေးဇူးတင်ရတယ် ။ ဒါကြောင့် ဒီ Post လေးကို ခင်မင်စွာဖြင့် ဆက်လက်ပြီ တဂ် ပေးလိုက်ရပါတယ် ။ အချိန်လေးများရရင် ရေးပေးကြပါနော် …. ။


၁ ။ သမီးစံ ( facebook ကနေ ခဏလေးဆင်းခဲ့ပါ )
၂ ။ မဒမ်ကိုး ( အစ်မကြီး မဒမ်  )
၃ ။ အစ်မ မိုးငွေ့ 
၎ ။ အစ်မ ချော ( အစိမ်းရောင်လွင်ပြင်)
၅ ။ ကိုဘကြိုင် ( ကွန် မကောင်းဘူးလို့  သတင်းရထားပါတယ် အစဉ်ပြေရင်ပေါ့ဗျာ )
၆ ။ မောင်တစ်လုံး 
၇ ။ ချစ်စံအိမ် ( ကျနော်လိုပဲ စာရေးနည်းသွားတယ် )
၈ ။ အန်တီတင့်
၉ ။ ကိုအောင်ထွဋ် ( ချောင်းသာမှာ သူမ နဲ့  ပျော်နေတာ နှောက်ယှက်သလို ဖြစ်သွား မလား ... :D )
၁၀ ။ ကိုလွင်ပြင်
၁၁ ။ အစ်မစံပယ်ချို
၁၂ ။ အစ်မ အိပ်မက်စေရာ
၁၃ ။ မိုးနတ်ကြယ်စင် 
၁၄ ။ လရိပ်အိမ်


ကျန်အုံးမယ်ထင်ပါတယ် ... ။  ဒီ  post လေးကို ဖတ်မိတဲ့ ကျနော် မိတ်ဆွေသူငယ်ချင်း အားလုံးကို တဂ် ပါတယ် ... ။ အချိန်က အရမ်းနောက်ကျနေလို ပါ ...။  အားလုံးပဲ အဆင်ပြေရင် ရေးပေးကြပါဗျာ ... ။



ခင်မင်စွာဖြင့်


မောင်ဘုန်း 






Saturday, December 22, 2012

Happy anniversary








Happy anniversary ပါချစ်သူ ။ ချစ်ခြင်း နေ့ ရက်တွေ ၂ နှစ်ပြည့်ပါပြီ ။ ကုန်ဆုံးခဲ့ရတဲ့ နေ့ ရက်တွေမှာ ကြည်နူးမှုတွေ ၊ ပျော်ရွှင်ခဲ့ရတဲ့ နေ့ ရက်တွေ ကို တွေးမိလိုက်တိုင်း ရင်ထဲမှာ ထားရှိတဲ့ အချစ်တွေ ခိုင်မာ ခဲ့ရပါတယ် ။

တစ်ခါတလေ …. အလိုမကျမှု တွေ ၊ ကွဲလွဲမှုတွေ ၊ အထင်လွဲမှုတွေ ရှိပင်မဲ့ ရင်ထဲမှာ ထားရှိတဲ့ ချစ်တွေ မလျှော့ခဲ့ပါဘူး ။

လက်ထပ်မို့  ဆွေးနွေးလိုက်တိုင်း သတ်မှတ်ထားတဲ့ နေ့ ရက်တွေ ကိုနောက်ဆုတ်လိုက်ရတဲ့ …. ကိုတို့  ဘဝ လိုအပ်ချက်တွေကြားမှာ အလွမ်းတွေကို အဖော်ပြုရင်း  ရင်ထဲက အချစ်တွေ မပြိုလဲ ပါဘူး .... ။


ချစ်သူရေ …….


နိုင်ငံတွေခြား လို့ ဝေးနေ လည်း
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ် ….. ။

မနက်ဖြန်ဆိုတဲ့ နေ့ ရက်တိုင်းမှာ
အလွမ်းတွေ ပြည့်နေလည်း
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ် ….. ။

ဘဝဆိုတဲ့ မုန်တိုင်းတွေ
ကြမ်းတမ်းရိုက်ခက် ပါစေ
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ် ….. ။

အချိန်တိုင်း မင်းလက်ကိုတွဲပြီး
ထာဝရ အတူရှိမဲ့
မြတ်နိုးရာ နေ့ ရက်များဆီ …… သို့ …….. ။




မောင်ဘုန်း 




Thursday, December 13, 2012

ဆောင်းနှင့်အတူ





ဒီဇင်ဘာ လေသွေး
အေးပါဘိ ဒီ ဆောင်းခို
တောင်ညိုမှာ မြူ သန်းပါလို့ 
ငွေနှင်းက စို
လေညုင်းက ချို ကာမှ
ဆောင်းသဇင် နဲ့ ယှဉ်ကာထွန်းတဲ့
 မွေးရက် အခါတော် ….. ။
                                                                                                                            
ဆောင်း အတိတ်မို့ 
အေးချမ်းရာ ထွန်းစေတော့
နောင် အရိပ် မှာ
ပျော်ရာတွေ လွှမ်းစေ တော့
ကြင်သူ အရိပ်မှာ
မခွဲမခွာ မြဲရစေ တော့
happy birthday မှာ
ဆောင်းနှင့်အတူ အေးချမ်းပျော်ရွှင်ရပါစေ .... ။ 





ယနေ့ ကျရောက်သော အစ်မ ပစ်ပစ် ရဲ့ မွေးနေ့ မှ သည်နောင်နှစ်များစွာထိ ကျန်းမာပျော်ရွှင်ပါစေလို့  ဆုတောင်းလိုက်ပါတယ် ... ။



မောင်ဘုန်း