Pages
Monday, February 20, 2012
ကား modified လုပ်ခြင်း
မင်္ဂလာပါ ဗျာ … ။ ကားအကြောင်း တွေ မရေး ဖြစ်တာလည်း ကြာပါပြီ … ။ ဒီနေ့  တော့  ကျနော် blogger မိတ်ဆွေ  သူငယ်ချင်း များ ၊ ကျနော် blog လေးကို ရောက်ရှိလာတဲ့ ဧည့်သည် များအတွက် ကား modified လုပ်တဲ့ အကြောင်းရာလေး ကို ကျနော် နားလည် သလောက် ပြောပြပါမယ် ... ။
ကျနော် ၏ blogger မိတ်ဆွေ သူငယ်ချင်း များ မိမိပိုင် ကားလေး ကို modified လုပ်မယ် ဆိုရင် နည်းနည်း တော့ အတောက်ကူ ဖြစ်မယ် လို့  မျှော်လင့်ရပါတယ် ။
နိုင်ငံတိုင်း မှာ ကား modified လုပ် တဲ့ အကြောင်းကို ကား ပိုင်ရှင် တိုင်း စိတ်ဝင်စား တက်ပါတယ် ။ ဒါ ကြောင့် ပြည်ပ နိုင်ငံ တွေမှာ ရုပ်သံ အစီစဉ် က နေ ကား modified လုပ်တဲ့ အကြောင်း ကို စိတ်ဝင်စား ဖွယ် ထုတ်လွှင့် ပြသ တာတွေ့ ရပါတယ် … ။ ကျနော် တို့  နိုင်ငံ မှာ လည်း တစ်နေ့ တော့ ဖြစ်လာ လိမ့်မယ် လို့  မျှော်လင့် ရပါတယ် … ။
ကား တစ်စီး ကို modified လုပ်တဲ့ နေရာမှာ အဓိက  ၃ ပိုင်း ခွဲခြားထား တာ တွေ့ ရပါတယ် ။
၁ …. Engine modified  လုပ်ခြင်း
၂ …. Electrical modified လုပ်ခြင်း
၃ …. Body modified လုပ်ခြင်း
ဒီ သုံး မျိုး ထဲကမှ ကျနော် အလုပ်မှာ ရှိတဲ့  body modified လုပ်တဲ့ အကြောင်း ကို ပဲ အဓိက ထား ဖော်ပြ သွားမှာ ပါ ။
ပထမဦး ဆုံး အနေနှင့်  ကားတစ် စီး ကို modified လုပ် တော့မယ် ဆိုရင် မိမိ ကား အတွက် ပို ပြီးကောင်း သွား သလား ၊ ဒါမှ မဟုတ် ဆိုး ကျိုး ကို ဖြစ်သွားစေ လားဆိုတာ အရင် ရှင်းပြပါမယ် ။
Modified လုပ်ပြီ ဆိုမှ တော့ ကိုယ့် ကားလေး ပို ကောင်းသွားအောင် ၊ ပို ပြီး လှ သွားအောင်း လုပ်တဲ့ 
သူတွေ ကြီးပါပဲ … ။
ဒါပင်မဲ့ ကားတစ်စီး ကို စနစ် တကျ modified လုပ်ခြင်း ဟာ ကောင်းကျိုး ဖြစ် စေသလို ၊ စနစ်တကျ မလုပ်ရင် တော့ ဆိုးကျိုး ဖြစ်စေ တယ်ဆိုတာကို သတိ ပြုရမှာပါ ။
စနစ်တကျ modified လုပ်ခြင်း
Engine ကို ဖြစ်စေ ၊ Electrical ပိုင်းဆိုင်ရာကို ဖြစ် ၊ Body ကို ဖြစ်စေ modified လုပ်တော့ မယ်ဆိုရင် အရေးကြီး ဆုံး တွက်ချက် မှု့ က မိမိ ကားရဲ့  vibreation ပါပဲ … ။ ကိုယ် တပ်ဆင်မဲ့ modified လုပ်ထားတဲ့ ပစ္စည်း ဟာ မိမိ ကားရဲ့ vibreation ကို ဘယ်လောက် ခံ နိုင်ရည် ရှိလည်း ၊ vibreation ဒဏ် ခံနိုင်အောင်  ဘယ်လို စနစ်တကျ  တပ်ဆင် မလည်း  ဆိုတာ သိထားမို့  အရမ်း အရေးကြီး တဲ့ အချက် တစ်ခုပါ … ။
 ကား Engine တိုင်းမှာ vibreation ရှိပါတယ် ။ Engine power များလေ vibreation များလေ ပါပဲ … ။ ဒါကြောင့် မိမိ တပ်ဆင် မဲ့ modified ပစ္စည်း ဟာ vibreation ဒဏ် ကိုခံ နိုင် အောင် စနစ် တကျ တပ်မှု့  က ပိုပြီ အရေးကြီး ဆုံးပါ … ။
ဥရောပ ကား ၊ ဂျပန်ကား ၊ တရုတ်ကား စတဲ့ ကားတွေ မှာ အရည်သွေး အဓိက ကွာခြားချက်က တော့ ကားအတွက် တပ်ဆင် ရာမှာ vibreation ရဲ့ ဒဏ် ကိုခံ နိုင်ရည် ရှိအောင် ပြုလုပ်ထား ခြင်းပါပဲ … ။
ဥရောပ ကားတွေ မှာ ဆို သဲကာ အဖြစ် တပ်ဆင်တဲ့ အပိုင်းမှာ တောင် vibreation ကို တန်ပြန် ခုခံ နိုင်တဲ့ အစိတ်ပိုင်း ပါ တာ ကို တွေ့ ရပါတယ် … ။
ဥပမာ တစ်ခု အနေ ပြောရ လျှင် နှင့် မိမိ ပိုင် model နိမ့် ကားလေး ကို နောက် ဆုံးပေါ် V8 Engine ကြီး တပ်ပြီး modified လုပ်တယ် ဆိုကြပါစို့  …. ။
အရင်ဆုံး မိမိကား Engine ကို ဖြုတ်ပြီး လုပ်နည်း လုပ်ဟန် အတိုင်း Modified လုပ်မဲ့ V8 Engine တပ်တာပေါ့ ဗျာ … ။ အားလုံးပြီးသွားတော့ ကား က အရင်ထက် အဆပေါင်းများ စွာ စွဲပါတယ် ။ လှစ်လှစ် ကိုပြေးနေတာလေ … ။ နောက်ဆုံးပေါ် V8 Engine ဆိုတော့ အရမ်းကောင်းတာပေါ့ …။ modified လုပ်ပြီပြီး ချင်တော့ ကားပိုင်ရှင် လည်း အရမ်း သဘော ကျပေါ့ဗျာ … ။
သိမ့် မကြာခင် ချိန် မှာ အရမ်း စွဲ တဲ့ကားလေး ဘယ်စွဲလိုက် ၊ ညာစွဲ လိုက် ဖြစ်လာပါတယ် ။ များမကြာမှီ မှာ  Transmission(ဂီယာ) ပျက်သွား ပါတယ် ။ body ပိုင်းဆိုင်ရာ တွေ တစ်ခုပြီး တစ်ခု
ချို့ ယွင်း လာပါတယ် ။  ဒါဖြစ်တက် တာလေးတွေ ပြောပြတာပါ …. ။
တန်ဖိုး ကြီး ဝယ်ထားတဲ့ မိမိတို့ ကား ကို အကုန် ကျ ခံ ပြီ ပျက်စီး ပစ်လိုက် သလို ပါပဲ ။
ဘာကြောင့် လည်း အဲ့လို ဖြစ်သွားရလည်း ဆိုရင် …
 modified စလုပ်တဲ့ အချိန် မှာ မိမိ တပ်ဆင်မဲ့ ပစ္စည်း ဟာ  vibreation ရဲ့ ဒဏ်ကို ဘယ်လောက်ထိ ခံနိုင် မလည်း ဆိုတာကို မစဉ်းစားမိခဲ့ လို့ ပါပဲ … ။ ကျနော် တို့  က မိမိ ကား ကို V8 Engine တပ်မယ် ဆိုရင် မှုရင်း V8 Engine တပ်ထားတဲ့ ကားရဲ့ တပ်ဆင် မှု့  ကို အရင်ဆုံး လေ့လာ ရမှာပါ … ။ ထိုကားမှာ Engine vibreation ကို ဘယ်လို ထိန်းချုပ် ထားတယ် ဆိုတာ ကို သေးစိတ် လေ့လာ ပြီး မှာ မိမိ ကား ပေါ်မှာ မှုရင်းအတိုင်း တုပ ပြီး တပ်ဆင် ရ ပါတယ် ။
ကောင်းဆုံး ဥပမာ တစ်ခု ပြောရ ၇င် ကျနော် တို့  မြန်မာ ပြည် စက်မှု့  ဇုံ က ထုတ်တဲ့ ဂျစ် ကား တွေ ကို ကြည့်ပါ ။
စက်မှု့  ဇုံ ကထုတ်လိုက် ပြီး တစ်နှစ် အကြာ ထိ ဝပ်ရှော့ မသွားရသေး ဘူး ဆိုတဲ့ ကား မရှိလောက်အောင် ရှားပါတယ် … ။ မြန်မာ ဂျစ်ကား လောက မှာ နာမည်ကြီး တဲ့ surf Engine  တပ်ထား ပါတယ် ဆိုတဲ့ ကား မှာ မူရင်း Toyota Hilux Surf မှာ ပါရှိတဲ့ Engine တပ်ဆင် မှု့  နဲ့  ယှဉ်ကြည့်မယ် ဆိုရင် တော်တော် လေး လွဲနေတာ တွေ့ ရမှာပါ ။ ဒါကြောင့် surf Engine နဲ့  modified လုပ်ထားတာ   မို့ လို ဝယ်လိုက် ပင် မဲ့ သုံးစွဲသူ အနေနှင့် တော့ အရည်သွေး အပြည့်ဝ ရမည် မဟုတ်ပါ ။
ဒါဟာ တပ်ဆင်မှု့  အပိုင်း နည်းပညာ အားနည်းလို့ ပါ ။ ဘာ Engine ပဲ တပ်တပ် မှုရင်း တပ်ဆင် မှု့  အတိုင်း (သို့ ) မှုရင်းထက် ကောင်းတဲ့ ပြင်ဆင်မှု့ ကို မိမိ ကား မှာ modified လုပ်မယ် ဆို ရင် ကျနော် တို့  တပ်ဆင် လိုက်တဲ့ modified ပစ္စည်း ရဲ့ အရည်သွေးကို အပြည့် ဝ ခံစား ရမှာ ဖြစ်ပါတယ် … ။
အဲ့လို မဟုတ်ရင် တော့ ကျနော် အထက်မှာ ပြောခဲ့ သလို တန်ဖိုး ကြီး ဝယ်ထားတဲ့ မိမိတို့ ကား ကို အကုန် ကျ ခံ ပြီ ပျက်စီး ပစ်လိုက် သလို ပါပဲ ။
ထို့ ကြောင့် မိမိ ကားကို modified လုပ်ခြင်း ဟာ စနစ် တကျ မလုပ်ခဲ့ ဘူး ဆို၇င် တော့ မိမိ ကားအတွက် ဆိုးကျိုး များကို သာ ရရှိစေမှာပါ ဖြစ်ပါတယ် … ။
Modified ပစ္စည်း အရည်သွေး
ကျနော် အထက်မှာ ပြောခဲ့ သလို modified လုပ်ပြီ ဆိုမှတော့ မှုရင်း ထက်ကောင်းတဲ့ ပစ္စည်း ပဲ သုံးကြပါတယ်။ ဒါပင်မဲ့ body ကို modified လုပ်တဲ့ နေရာမှာ တော့ အများ စု ဟာ လှပဆန်းသစ် တဲ့ ပုံစံ ကို ပဲ ဦးစားပေးပြီ modified လုပ် တပ်ဆင် လိုက်တဲ့ အရည်သွေးကို မစဉ်းစား တက်ကြပါဘူး ။
အများသောအား body ကို modified လုပ် တပ်ဆင် လိုက်တဲ့ ပစ္စည်းတွေ ဟာ ရည်ရှည် မခံတာ တွေ့ ရပါတယ်
ဘာကြောင့်လည်း ဆိုရင် body  modified လုပ်တဲ့ ပစ္စည်းတွေ ဟာ ဖိုက်ဘာ နဲ့ လုပ်တာများ ပါတယ် ။ 
ဒါကြောင့် ဖိုက်ဘာ ရဲ့ သဘာဝ ကို က ပူလာ လေ မာ ပြီး ကွဲ တက်သည့် အတွက် ရည်ရှည် အတွက် တော့ ဘယ်လို မှ အဆင်မပြေပါဘူး ... ။
 ကားမှာ ရှိတဲ့ vibreation နဲ့  အပူဒဏ် ကို ခံရပြီ ဆိုရင် အခုလို ကွဲသွား တက်ပါတယ် .... ။ ဒါက မိမိ ကား ကို modified လုပ်မယ် ဆိုရင် သတိထားသင့် တဲ့ အရာပါ ... ။ 
ဒါဆိုရင် ဘယ်လို ရည်ရှည် အသုံးပြု လို့ ရအောင် ဘယ်လို လုပ်မလည်း ဆိုတာ စဉ်းစားရပါပြီ ... ။
အထက်မှာ ပြောသလို ဖိုက်ဘာ နဲ့ လုပ်ထား တာ ဖြစ်တဲ့ အတွက် ရည်ရှည် ခံ မို့ ဆို မဖြစ်နိုင်ဘူး ဆိုပင်မဲ့
ကျနော် တို့ က မိမိကား ကို modified လုပ်ချင်တယ်လေ .... ရည်ရှည် မခံ ပင်မဲ့ လည်း မိမိလုပ်ချင် တဲ့ ပုံစံ လေး ဖြစ်သွား တာ လိုချင်တယ်လေ ... ။ ဒီတော့ ကျနော် တို့ အနေ နဲ့  လုပ်နိုင်မဲ့ အရာ တစ်ခုပဲ ရှိပါတယ် .... ။ ကျနော် တို့  တပ်ဆင်လိုက် တဲ့ modified ပစ္စည်း ကို Engine vibreation ဒဏ် ခံနိုင်အောင် ဘယ်လို အကောင်း ဆုံး လုပ်မလည်း ဆို တာပါ ... ။
ဒီလို တပ်ဆင် ရာမှာ ကော်ကပ် တဲ့နည်း လုံးဝ မ သုံးစေ ချင်ပါဘူး .. ။ body modified လုပ်တဲ့ နေမှာ သုံးတဲ့ ကော် တစ်မျိုး ရှိပါတယ် မြန်မာ ပြည်က အလုပ်ရုံ တွေ မှာ လည်း သုံးတာတွေ့ ဖူး သလို ပြည်ပ မှာ လည်း သုံးကြပါတယ် .... ။  ဒီ ကော် ရဲ့ ဆိုးကျိုး ကတော့ ကားဆေး အရောင် မှာရှိ colour effect နဲ့  ဘယ်လို့ မှ တည့် ပါဘူး ... ။ ကော် ကပ် ပြီး တပ်ဆင် လိုက်တဲ့ modified ပစ္စည်း  ဟာ ရည်ရှည် အတွက် ဘယ်လို မှ မဖြစ်နိုင် သလို မိမိကားရဲ့ မှုရင်း ဆေး ကို ပါ ပျက်စီး စေပါတယ် ... ။
နောက်တစ်ခု က  တပ်ဆင် ရာမှာ Engine vibreation ကို ကောင်းဆုံး ခံနိုင်မဲ့ တပ်ဆင် မှု့  ဖြစ်မို့  အရေးကြီးပါတယ် ... ။ ဥပမာ သေချာ တဲ့ အထိုင် ကို သေသေချာချာ ပြင်ဆင်ပြီး တပ်ဆင်တာမျိုး  ပြုလုပ်သင့်ပါတယ် .... ။ 
ဒါမှသာ ကျနော်  တို့ modified လုပ် တပ်ဆင် လိုက်တဲ့ ပစ္စည်း ဟာ အတိုင်းတာ တစ်ခု ထိ ခံ နိုင်ရည် ရှိမှာပါ .... ။ 
ဒါက  ကျနော် တို့  မြန်မာ ပြည်မှာ modified လုပ်တဲ့ ပစ္စည်း အများစု ဖြစ်တက်တာ ကို ဘယ်လို လုပ်ရင် ရနိုင် တယ် ဆို တာ ကို ကျနော် အနေ နှင့် အကြံ ပြု တာပါ ... ။
ပြည်ပ နိုင်ငံတွေ မှာတော့ အခု လို body modified လုပ်တဲ့ နေရာမှာ မြန်မာ ပြည်မှာ လို ဖိုက်ဘာ နဲ့  လုပ်ထားတဲ့ ပစ္စည်း တွေ သုံး တက်သလို အများစု ကတော့ modified လုပ်ရန် အတွက် သီးသန့်  ရောင်းတဲ့ ပစ္စည်တွေ ပဲ သုံးတက်ကြပါတယ် ... ။ ဒီလို သီးသန့်  ရောင်းတဲ့ ပစ္စည်းတွေ ဟာ မှုရင်း ကား body အတိုင်း ပြုလုပ်ထား တဲ့ အတွက် ရည်ရှည် ခံနိုင် ကြပါတယ် ။
ဒါ modified ပစ္စည်း တွေပဲ သီးသန့် ရောင်းတဲ့ ဆိုင် တစ်ဆိုင်ပါ ... ။ အခုမြင်နေရတဲ့ bumper က မှုရင်း Mitsubishi ASX ရဲ့ bumper ပုံစံ တူ ပါ .... ။ ဒီ bumper ကို မလေးရှား နိုင်ငံ ထုတ် ဖြစ်တဲ့ proton Inspira မှာ
တပ်ဆင် ပြီး Mitsubishi  ပုံစံ modified လုပ်မို့  အတွက် အခုလို သီးသန့်  ရောင်းတာပါ ... ။
အောက်က ပုံလေးတွေ ကို ကြည့်ပါ proton Inspira ကို Mitsubishi  ပုံစံ modified လုပ်ထားတဲ့ ပုံ လေးတွေပါ ... ။
 ဒါ မှုရင်း ကား  Mitsubishi ASX  ရဲ့ ပုံ ပါ ။ 
ဒီကားရဲ့ ရှေ့  bumper ပုံစံ အတိုင်း proton Inspira မှာ modified လုပ် တပ်ဆင် မှာပါ ... ။
ဒါကတော့ proton Inspira ရဲ့ မှုရင်း ပုံစံ ပါ ... ။
အခုလို proton Inspira ကို Mitsubishi ပုံစံ modified လုပ်  တပ်ဆင် လိုက် ခြင်းသာ ဖြစ်ပါတယ် ... ။
ပြည်ပ မှာတော့ အခုလို အရည်သွေးကောင်းတဲ့ modified လုပ်ပြီ ပစ္စည် အစိတ်ပိုင်း တွေ ကို အလွယ် တကူ ဝယ်လို့ ရတာကြောင့် အဆင်ပြေ တာပေါ့ ဗျာ ... ။
ဒီလောက် ဆို ကျနော် မိတ်တွေ သူငယ် ချင်း များ မိမိ ကား ကို modified လုပ်မယ် ဆိုရင် နည်းနည်း တော့ ကြိုပြီး သတိပြု နိုင်လိမ့်မယ် လို့ ထင်မိပါတယ် .... ။
ကျနော် ကြိုက်မိ တဲ့ modified လုပ်ထားတဲ့ ကားတွေ ကို ကြည့်ရ အောင်နော် ...
 ဒါ  Toyota Corolla 1982  model ကို modified လုပ်ထားတဲ့ ပုံစံ ပါ ။ မြန်မာ ပြည်မှာ ဒီ လို ကားတွေ အများ ကြီး အသုံးပြုနေပါ သေးတယ် ... ။
 ဒါကတော့ Toyota corolla 1993 model ဖြစ်ပါတယ် ... ။ ဒီ ကား လည်း မြန်မာ ပြည် မှာ အများဆုံး တွေ့ ရတဲ့ ကား model ဖြစ်ပါတယ် ... ။
body modified တပ်ဆင် တဲ့ အကြောင်းလေး ကို ကျနော် အချိန်ရ ရင် ရလို ဆက်လက် ရေးသွားပါမယ် ဒီ post လေးကို တော့ ဒီမှာ ပဲ အဆုံးသတ်လိုက်ပါပြီ .... ။
ဓာတ်ပုံ ကို google မှ ရယူခဲ့ပါသည် ။
ခင်မင်စွာဖြင့်
မောင်ဘုန်း 
Thursday, February 16, 2012
ရှိတာ တစ်ခု
ဘဝဆိုတာ ....
ငါ ရေးတဲ့ ပန်းချီကား ဖြစ်ခဲ့ရင်
ငါ ကြိုက်တဲ့ အရောင်တွေပဲ
ချယ်သ လိုက် ချင် ..... ရဲ့ ။
အခုတော့ ....
ဘယ်က ကျလာမှန်းမသိတဲ့
ဆေးစက်တွေ ကို အရောင်ခွဲရင်း
ပုံဖော်နေ ရပြီ ..... ။
အချစ် ဆိုတာ
ဇီးဖြူသီး လိုမှန်း ငါ့ မသိခဲ့ ဘူး
ချို မလို နဲ့ ခါး
ခါး မလို နဲ့  ချို
ရင်ခုန် စွာ စားသောက် ရတယ် နော် .... ။
 ဒါပင်မဲ့ ....
ဒီ အရသာကို ကျေကျေ နပ်နပ်
ကြိုက်တက် ခဲ့ လို့ 
ရင်ခုန် သံတွေ တောင်
သံစဉ် ဖွဲ့ ကုန်ပြီ .... ချစ်သူ ... ။
စိတ်ဆိုးတိုင်း လမ်းခွဲ စကားပြော တက်တဲ့
ငါ့ ရဲ့ ချစ်လှစွာသော ပန်းလေးတစ်ပွင့် ... ရေ
မင်း မက်တဲ့ အိမ်မက်တိုင်း ကို
စိန်စီ ပစ်လိုက် ချင်တယ် ကွာ .... ။
ဘာကိုမှ မတောင်းတ တက်တဲ့
ငါ့ရဲ့ စိတ်က
မင်းနဲ့  တွေ့ မှပဲ 
အဆုံးသတ် ရ ပြီ  ။
ငါ့ ....  ဆီမှာတော့
မင်းကို ချစ်တဲ့ အချစ်တွေ
ရင်နဲ့  မဆန့် အောင်  ရှိ လေ ..... ရဲ့ .... ။
မောင်ဘုန်း
Monday, February 13, 2012
အနှိုင်းမဲ့ .... ချစ်သူ
ရိုးရာ အဆင်
ဆန်း ကာ ရွေးတော့
ယဉ်မှု ဆန်းပုံ
 နှိုင်းမဲ့ ကင်းလွတ်
ဆန်းလှ အသွင်
လှဂုဏ် ကြွယ် တဲ့
ချစ်သူ ငယ် …… ။
အသား ရယ် စို
ဖြူကာ လှတယ်
စကား ရယ် ဆို
 ကြူကာ ဟ ရင်
“ ကို”  ရင်မှာ စွဲ ပါလို့ 
ချစ်ကြိုး ခွေမည်
ချစ်သူ ငယ် …. ။
လှဘုံ စုဝေး
လှဂုဏ် ဝင့်လည်း
စိတ်မှာ အစဉ်
မကြွား ဖြူ လို့ 
မြတ်နိုး ချစ်ခင်
သစ္စာ ပုံ ပြီ
ချစ်သူ ငယ် … ။
တော်ဝင် ဆန်းတဲ့
ပင်ကို လှ  ရယ်
 ပန်းချီ ချယ် ရေး
တော်ဝင် သွင်းမှ
နတ် ပန်းချီ မှာ
 ငို ရ ရှာလို့ 
နှိုင်းမဲ့ လွန်း တဲ့
 ချစ်သူ  ငယ် …..။ 
ချစ်တဲ့ သူတိုင်း ပျော်ရွင် ခြင်းများစွာ ဖြင့် ပြည့်စုံစေ သော နေ့ ရက် လေးဖြစ်ပါစေ ... ။
ကျနော် မောင်ဘုန်း တစ်ယောက် တော့ ထို ဓာတ်ပုံလေး ကြည့်ပြီး  အလွမ်း တွေနှင့်
ကုန်လွန် ရမည့် နေ့ ရက် လေးပေါ့ ..... ။ 
ခင်မင်စွာဖြင့် 
မောင်ဘုန်း
Sunday, February 12, 2012
တို့  .... ဗိုလ်ချုပ်
နှိုင်းတု မမှီ
ရာဇဝင် ချီ
ထာဝစဉ် မြဲ
ရင်မှာ စွဲ
မြဲ ရတော့ သည် …. ။
အနာဂတ် တည်
ရာဇဝင် ချီ
အမိုင်းစဉ် ဆက်
ရင်မှာ စွဲ
“ စံ” ထား ပြန်သည်  ။
သူ့ စေတနာ
အရောင် တွေဖြာ
မှောင်ကာ ဖုံးလည်း
ရင်မှာ စွဲ
တမ်းတ ကုန် သည်  ။
အချိန် တွေပြောင်း
ရက်တွေ ဟောင်း
မဟောင်း အစဉ်
ဦးညွှတ် အသွင်
" တို့ " ရင်မှာ စွဲ
လေးစား ရ သည်  ။
ယနေ့ ကျရောက်သော  ဗိုလ်ချုပ် အောင်ဆန်း ၏ မွေးနေ့ အား ဂုဏ်ပြုသော အားဖြင့်
ဓာတ်ပုံ ကို google မှ ကူးယူခဲ့ပါသည်
မောင်ဘုန်း
Thursday, February 9, 2012
ဘ၀ရဲ့အမှတ်တရ နေ့ရက်များ (တဂ်)
                                              ကာတွန်း (မောင်ဘုန်း)
မင်္ဂလာပါ … ဗျာ … ။ လူတွေကို ကျူးပစ်လုပ်ရတာ အဆင်မပြေ လို့  ချောကလက် ကို ကျူးပစ်လုပ်နေတဲ့ ညီတော်   ချောကလက်ကျူးပစ် ၊ တရားဝင် ကျောင်းပြေး တယ် ဆိုတဲ့ အပျိုကြီး (သမီးစံ) နှင့် ၊ နောင်တော် မောင် တလုံး ...... အယ် ... တစ် .. တစ် လုံး မောင်(စွယ်စုံကျမ်း) တို့  တဂ်ပေး ထား တာ စတွေ့  ကတည်း က ရေးမယ် ၊ ရေးမယ် နဲ့ ဒီနေ့ မှ ရေးဖြစ်တော့ ပါတယ် ။ ဒီတစ်ခါ တော့ မောင်ဘုန်း နောက်ဆုံး  မဟုတ် ဘူးနော် မရေးရသေးတဲ့ သူ တွေ အများကြီးရှိသေး တယ်လေ .... ။
တဂ် ပေးထားတဲ့ ခေါင်းစဉ်လေးက ရေးလို့  အလွန်ကောင်းတဲ့ အကြောင်းရာ လေးလည်း ဖြစ်လို့  ဘဝ မှာ ကြုံ ခဲ့ရတဲ့ အမှတ်တရ နေ့ ရက်တွေ ကို အကုန် ရေး ရလျှင် ဝတ္တု စာအုပ် တစ်အုပ် စာလောက် ရှိမည် ထင်ပါတယ် ။
ဘဝ ဆိုတာ ပြည့်စုံ သည် ဖြစ်စေ ၊ မပြည့်စုံ သည် ဖြစ် စေ အမြဲတမ်း တစ်ခုခု လို အပ် နေတက်တယ် လို့  ကျနော် ခံယူ ထားပါတယ် ။
လူဆိုသည့် သဘာဝ အရ ငယ်စဉ်က လို အပ် ချက်တစ်ခု မရခဲ့ လျှင် ငို ကြွေး တက် သလို ၊  ငိုကြွေး ခြင်း အဆုံးသတ် သွားသည့်နှင့် ထို လိုအပ်ချက် လည်းပျောက် ဆုံးသွားခဲ့ ပါတယ် ။
အရွယ်ရောက် လာသည့် နှင့် အမျှ လိုအပ် ချက် တစ်ခု မရလျှင် စိတ်ထဲမှာ တစ်ခုခု စွဲ ကျန် နေတက်ပြီး ၊ အချိန်တွေ ကြာလာသည့် နှင့် အမျှ ထိုလိုအပ်ခြင်း တွေ ပြည့်စုံ မှု့  မရခဲ့ လျှင် ဘဝ ရဲ့ နာကျင်မှု့  ဒဏ်ရာ အဖြင့် ပြောင်းလည်း ကာ ကျနော် တို့  ၏ စိတ်ကို ဒုက္ခ ပေး တက်သည် မဟုတ်ပါလော … ။
ထို ကြောင့် ကျနော် ဘဝ ရဲ့ လိုအပ် ခြင်း တွေ ကို တင်းတိမ်ရောင့်ရဲ တဲ့ စိတ်ဖြင့် ထိန်းချုပ်ကာ မေ့နိုင်သမျှ ၊ မေ့ နိုင်အောင် ကြိုးစား နေပါသော် ကြောင့် ကျနော် ဘဝ ၏ အမှတ်တရ နေ့ ရက် များ ဆိုတဲ့ ကြောင်းရာ ကို ရေးသား ရာ တွင် ဘဝ ရဲ့ ခါးသီး မှု့  နေ့ ရက် တွေ ၊ ကျရှုံးခဲ့တဲ့ နေ့ ရက် တွေ ကို မျက်ကွယ် ပြုပြီး ယနေ့  အချိန် ထိဖြတ်သန်း ခဲ့ ရတဲ့ ဘဝ နေ့ ရက် များ ကို အနည်းငယ် ရေးသား လိုပါတယ် ။
(ရေးရင်း များသွားပါသည် သီးခံပြီးသာ ဖတ်ပေးပါ)
၈ လပိုင်း ၂၀၀၀ ခုနှစ်  ….. ကျနော် ၏ ပထမဦး ဆုံး ခရီး
အမေ ပေးတဲ့ ပိုက်ဆံ ၃၀၀၀ ကျပ်တိတိ နှင့် အဖေ ရေးပေးတဲ့ လိပ်စာ စာရွက် ကို ကျစ်ကျစ် ပါအောင် ဆုပ် ကိုင် ၍ ရန်ကုန် ဆို တဲ့ မြို့  ထွက်ခဲ့ပါတယ် … ။
ဒီ ခရီးဟာ ကျနော် တစ်ယောက် တည်း သွား ခဲ့တဲ့ ကျနော် ရဲ့ ပထမဦး ဆုံး ခရီး အဖြစ်
အမှတ်တရ ရှိခဲ့ပါတယ် … ။
ကျနော် နှင့် ရန်ကုန် အမှတ် တရ နေ့ ရက် များ  ( ၈ လပိုင်း ၂၀၀၀ မှ ၆ လပိုင်း ၂၀၀၄ ထိ )
ရန်ကုန် မြို့ ကြီးက ကျနော် ကို အဆင်မပြေ မှု့ တွေ နှင့် ဦးစွာ ကြိုဆိုခဲ့ပါတယ် … ။ ဘယ် ဆွေမျိုး အိမ် မှာ …. မှ နှစ်လ ကြာအောင် မနေ နဲ့  ဆိုတဲ့ အဖေ စကားကို ရန်ကုန် ရောက်ပြီး ၆ လ အကြာမှာ နားလည် ခဲ့ပါတယ် ။
ရန်ကုန် မှာ ကျနော် အတွက် အကြီးမားဆုံး အခက်ခဲ က နေစရာ နေရာပင် ဖြစ်ပါတယ် … ။ ရန်ကုန် မှာ တစ်နှစ် ကျော် ကြာသည် အထိ နေစရာ အခက်ခဲ ကြောင့် ဟို အလုပ်ပြောင်း ဒီ အလုပ်ပြောင်း နဲ့  မယ်မယ်ရရ ဘာမှ မဖြစ်ခဲ့ပါဘူး  ။
မှတ်မှတ် ရရ ၂ လပိုင်း ၂၀၀၂ မှာ အကျိုးဆာင် ကုမ္မဏီ တစ်ခု မှာ တောက်တိုမယ်ရ စာရေးလေး အလုပ်ရခဲ့ပါတယ် … ။ သည်အလုပ် ဟာ ကျနော် အတွက် နေစရာ တစ်ခုရခဲ့ပါတယ် … ။ နေရာ က လသာ လမ်း ထဲ က တရုတ် ဘုံကျောင်း အပေါ်ထပ် မှာ ပါ ။
ဒီအလုပ်ဟာ ကျနော် အတွက် အစစရာရာ အဆင်ပြေ ခဲ့ လို့  ၂ နှစ်ခွဲ ကြာ လုပ်ဖြစ်ခဲ့ ပါတယ် …. ။ ဒီလို နဲ့   ရန်ကုန် ရောက် ခဲ့ တာ ၃ နှစ် ခွဲ ၄ နှစ်လောက် ရှိလာတဲ့ အချိန် မှာ ပုံသေ ၂၀ ဆိုသည့် Air-con Bus များကြောင့် ကားစီး လျှင် မှုးတက် သည့် ရောဂါ မှာ လုံးဝ အရှင်း ပျောက်သွားပါတယ် ။ Giordano အင်္ကျီ ဆိုတာ ဝတ်လို့ ကောင်းမှန်း သိလာခဲ့တယ် ။  J ဒိုးနတ် က ကော်ဖီ အရသာ ရှိမှန်းသိလာ ပါပြီ ။ ဒဂုံ တက္ကသုလ် မှာ  ဥပဒေ ဘာသာ နှင့် အဝေးသင် တက်နိုင် ခဲ့သလို  ၊ အစ်မ ဝမ်းကွဲ တစ်ယောက် က ရန်ကုန် တက္ကသိုလ် မှာ DBL တက်နိုင်မို့  ကျောင်းအပ်ပေတဲ့ အတွက် ၊ မနက် ၇ နာရီ မှ ၉ နာရီ အထိ  DBL သင်တန်းကို အလုပ်လုပ် ရင်း တက်နိုင် ခဲ့ ပါတယ် … ။
 အမှတ်တရ ဖြစ်ခဲ့ သော  ၂၀၀၄
၂၀၀၄ ခုနှစ် ၅ လပိုင်း မှာ ၉ လကြာ တက်ရောက် သင်ကြားခဲ့တဲ့  DBL သင်တန်းအပြီ ၊ ကျနော် အတွက် ပျော်ရွှင် ဖွယ်ရာ သတင်း တစ်ခု က နယ် မှာ ရှိတဲ့ ကျနော် မိသားစု ၆ လပိုင်းမှာ ရန်ကုန် မြို့ နား က မှော်ဘီ ကို ပြောင်းလာ တော့မယ် ဆို တဲ့ သတင်းပါပဲ  … အိမ် နှင့် ၄ နှစ်လောက် ခွဲ နေရလို့  ကျနော် အတွက် အိမ် မှာ ပြန်နေရမယ် ဆိုတဲ့ အသိက အတိုင်းမသိ ပျော်ရွှင်ခဲ့ပါတယ် … ။
ဒါပင်မဲ့ အခွင့်ရေး တစ်ခု ရခဲ့ လို့  ကျနော် မိသား စု မှော်ဘီ ကို ပြောင်းမလာ ခင် တစ်ပတ် လောက် မှာ ကျနော် မန္တလေး က ဟိုတယ် တစ်ခု မှာ အလုပ်လုပ် မို့  ၅လ ပိုင်း အကုန် မှာ မန္တလေး မြို့  ကို ထွက်ခွာ ခဲ့ရပါတယ် … ။
ဒီအလုပ်ဟာ ကျနော် ကို DBL ထားပေးတဲ့ အစ်မ ဝမ်းကွဲ ရဲ့ အကူညီ နဲ့ ရခဲ့တာပါ ။ အစ်မ တို့  မိသာစုလည်း မန္တလေး မှာ ပြောင်းရွေ့  နေထိုင်ကြ ပြီး သိသာသာ စီးပွားရေး ကောင်းခဲ့ ပါတယ် ။
မန္တလေး က ဟိုတယ်မှာ night reception  လုပ်ရ ဒါ ကြောင့် နေ့ လည် ဘက်မှာ ကျေးဇူးရှိ ခဲ့ တဲ့ အစ်မ အိမ် မှာ ပဲ နေပြီး ဝိုင်းကူ လုပ်ပေးခဲ့ ပါတယ် ။ နေရာက မန္တလေး ကန်တော်ကြီး မှာ ပါ ။
တန်ဖိုးမဲ့ နေ့ ရက်များ ၂၀၀၅
မန္တလေး မှာ တစ်နှစ်လောက် ရှိတဲ့ အချိန် မှာ ကျနော် ဘဝ အရာရာ ပြောင်းလည်း ခဲ့ပါပြီ ။ ဟိုတယ် အလုပ်ဟာ ဒီလောက် ဝင်ငွေ ကောင်း မှန်း ကျနော် မသိခဲ့ ပါဘူး ။
အစ်မ တို့  မိသာစု စီးပွားရေး ကလည်း မယုံ နိုင်အောင် ပြောင်းလည်း ခဲ့ ပါ တယ်  ။ အစ်မ ဝယ်ပေးထားတဲ့ ၀၉၂၀၀ ဖုန်းတစ်လုံး နှင့် အစ်မ အိမ် မှာ ပိုနေတဲ့ ဂျစ်ကား တစ်စီး ကို အသုံးချ ပြီး မန္တလေး မြို့  ရဲ့ လမ်းတွေ ပေါ် မှာ ကျနော် ဘဝ အတွက် ခွင့်ရေးတွေ ကို  ဖြန်းတီး စေ ခဲ့ ပါတယ် … ။
မစားဘူးတာစား ၊ မလုပ်ဘူးတာတွေ လုပ် ၊ မကိုင်ဘူး တာတွေ ကိုင် နဲ့  ကျနော် စိတ်  ပင် အံ့သြ လောက် အောင်ပြောင်းလည်း  ခဲ့ပါတယ် ။ အကောင်းဆုံး အခွင့်ရေးတွေ ကို ပျော်ရွှင် ခြင်း ဖြင့် ကုန်လွန် စေခဲ့ပါတယ် ။
အပြောင်းအလည်း မြန်တဲ့ ၂၀၀၆
ဘယ်လို မှ မျှော်လင့် မထားတဲ့ အခြေ နေ တစ်ခု ကို ရင် ဆိုင်လိုက်ရပါတယ် … နောင်တ တွေထုတ်ပိုး ပြီး ရန်ကုန် ပြန် ခဲ့ ပါတယ် ။ မှတ်မှတ်ရရ သီးတင်းကျွတ် တဲ့ အချိန်ပေါ့ ဆယ်တန်းအောင်ပြီး အိမ်က ထွက် လာခဲ့ တာ အခု တစ်ခါ အိမ် မှာ ပြန်နေရတာ ကျနော် အတွက် အေးချမ်း မှု့  အပြည့်ပါပဲ … ။
ထို အချိန် မှာ ကျနော် အတွက် ပိုက်ဆံ ၁သိန်းခွဲ လောက်ရယ် ၊ အဝေသင်စာမေးဖြေမို့  ပြန်လာတုန်း ဝယ်ထားမိတဲ့ တစ်ကွက် ၄ သောင်းတန် ခြံကွက် ၃ ကွက်ရယ် ၊ BA .(law) ဆိုတဲ့ စာရွက် တစ်ရွက်ရယ် ၊ DBL အောင်လက်မှတ် တစ်စောင် သာ ကျန် ခဲ့ ပါတယ် ။
ဘာအလုပ်မှ မလုပ်ပဲ မှော်ဘီ က အိမ် မှာ ပဲ အပြင် လုံးဝ အထွက် ပဲ ၂ လလောက် နေလိုက်ပါတယ် ။
၁၂ လပိုင်း ၂၀၀၆ မှာ တော့ တစ်ခုခု တော့ လုပ်မှ ဖြစ်မယ် ဆိုတဲ့ သိနဲ့  ၊ မန္တလေးမှာ လုပ်ခဲ့ တုန်းက သိခဲ့တဲ့ တရားရုံးချုပ် ရှေ့ နေကြီး တစ်ဦး ထံ မှာ BA.(law) နှင့် DBL စာရွက် လေး ကိုင်ပြီး အလုပ်သင် ရှေ့ နေ လုပ်ခွင့်ရမို့ တောင်းဆို ခဲ့ပါ ။
မေ့မရတဲ့ ၂၀၀၇
Happy new year ဆိုတဲ့ အသံ နှင့် အတူ တစ်ခါမှ မဝတ်ခဲ့ ဘူး တဲ့ တိုက်ပုံ အမည်း လေး နှင့် ကျနော် မောင်ဘုန်း အလုပ်သင် ရှေ့ နေ ဖြစ်ခဲ့ ပါပြီ ။ ဘာလုပ် ရမှန် မသိလို့  သာ လုပ်ခဲ့ တာပါ ။ ထင်ထားတဲ့ အတိုင်း ဘယ်လို့  မှ အဆင်မပြေ ပါဘူး ။
အဲ့လို အခြေနေမှာ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်မို့  အခွင့်ရေး တစ်ခု ရခဲ့ပါတယ် … ။ အချိန် က အရာရာ တိုးတက်နေတဲ့ ကုန်ဈေးနှုန်း ဖြစ်သောကြောင့် အမှတ် မထင် ဝယ်ထားလိုက်မိတဲ့ ၄ သောင်းတန် ခြံကွက် များ ကို တစ်ကွက် ၁၈ သိန်းဖြင့် ၂ ကွက် ရောင်းလိုက် ပြီး နိုင်ငံ ခြား ထွက် အလုပ်လုပ် ရန် စီစဉ်
ခဲ့ပါတယ် ။
၁၀ .၄ .၂၀၀၇ … ကျနော် နှင့် နိုင်ငံခြား
မြန်မာ ရုပ်ရှင် တွေ ထဲမှာ ဆင်းရဲပြီး အဆင်မပြေ တဲ့ မင်းသား ကို နိုင်ငံ ခြား ထွက် အလုပ်လုပ် တယ် ဆိုတဲ့ ပြကွက် လေး တစ်ကွက် ဖော်ပြ ၍ ၊ ၃ နှစ်ခန့်  ကြာသော အခါ ဆိုတဲ့ စာတန်း လေး ထိုးစေ ပြီး ၊ ထိုမင်းသားကို နောက် ဆုံးပေါ် ကား စီးစေ ပါတယ် … ။
အမှန်တိုင်း ဝန်ခံ ရလျှင်း မဖြစ် နိုင်မှန်း သိပင်မဲ့ အဲ့လို တော့ စိတ်ကူး ယဉ် ခဲ့မိ ပါတယ် … ။
မှတ်မှတ်ရရ ၁၀ .၄ .၂၀၀၇ နေ့ ည ၁၁ နာရီ တိတိ မှာ အမေ့  မျက်ရည် များ ကို ကျောခိုင်းပြီး စင်္ကာပူ နိုင်ငံ မှာရှိတဲ့ သင်္ဘောကျင်း လုပ်ငန်း တစ်ခု တွင် လုပ်ကိုင် ရန် မြန်မာ လေယာဉ်ကြီး ကို စီး ၍ ထွက် ခွာခဲ့ ပါတယ် ။
ကံတရား က ကျနော် ကို ကျီးစာ လွန်း ပါတယ် … ။ ဖြစ်ပုံက  ကျနော် စီးလာသော မြန်မာ လေယာဉ်ကြီး မှာ စင်္ကာပူ နိုင်ငံ သို့ ရောက်ခဲ့ ပြီး စင်္ကာပူ လေယာဉ်ကွင်း သို့ ဆင်းမည် အပြု တွင် ချို့ ယွင်းမှု့  များစွားဖြင့် မဆင်း နိုင်ပဲ စင်္ကာပူ နိုင်ပေါ် တွင် လည့်ပတ် ပျံသန်းနေရ ရှာပါတယ် ။
ကျနော် အပါဝင် လိုက်ပါလား သူ များမှာ မထင်မှတ်ထား သော အခြေနေကြောင့် ကြောက်လှန့် ကုန်ကြပါ၏ ။  ထိုအချိန် တွင် လွန်စွာ လှပသော မြန်မာ လေယာဉ် မယ် လေးများ သည် ကျနော် တို့ အား ကြောက်လှန့် မှု့  မဖြစ်စေ ၇န် အလွန် နားထောင်၍  ကောင်းသော " ဘေဘီလုံ မြို့ မှ သူဌေး ကြီး " ဟု အမည် ရ တဲ့ ပုံပြင်လေးကို စိတ်ဝင်စား ဖွယ် အလှည့် ကျ စနစ်ဖြင့် ပြောပြလေသည် ။
လေယာဉ်မယ်လေး များ ၏ သာယာစွာ ပုံပြော ကျွမ်းကျင် မှု့ ကြောင့် ကျနော် တို့  ကြောက်လှန့် ခြင်း မှ ကင်းဝေး ရသော် လည်း ကျနော် တို့  လေယာဉ်ကြီး မှာ စင်္ကာပူ လေယာဉ်ကွင်း ကို မဆင်း နိုင်ပဲ စင်္ကာပူ လေပိုင် နက် အတွင်း မှာ ရက်ပေါင်း ၂၀ တိတိ ပျံသန်း နေရ ရှာပါတယ် ။
နောက်ဆုံး မှာ လေယာဉ် မှုး ၏ ကျွမ်းကျင်မှု့ ကြောင့် စင်္ကာပူ လေယာဉ်ကွင်း သို့  အောင်မြင် စွာ ဆင်းသက် နိုင်ခဲ့ပါတယ် …..။ 
သို့ သော် … လေယာဉ်တွင်ပါရှိသော GPRS စနစ် မှာ စက်ချို့ ယွင်း သွား သည်က တစ်ကြောင်း ၊ ရာသီတုအခြေနေမှာ မိုးသည်းထန် စွာ ရွာနေပါ သဖြင့် ကျနော် တို့  လေယာဉ် ကြီး ဆင်းလိုက်သော လေယာဉ်ကွင်း မှာ စင်္ကာပူ နိုင်ငံ လေယာဉ် ကွင်း မဟုတ်ပဲ မလေးရှား လေယာဉ်ကွင်း ဖြစ်နေခဲ့ပါတယ် … ။
ကျနော် အပါဝင် လိုက်ပါသူများ မှာ အလွန်ကံကောင်းစွာ ဖြင့် ခရီစဉ် ပျက်ခဲ့ ခြင်းကြောင့်  ခရီးစဉ်အတွက် ကုန်ကျငွေ ပြန်ရရှိခဲ့ ပါတယ် ။
ကျနော် နှင့် လိုက်ပါ သူများ မှာ မလေးရှာ မှနေ ၍ အမိမြန်မာ ပြည် ပြန်ကြသော် လည်း ၊ ကျနော် တစ်ယောက် သာ မလေးရှား မှာ နေခဲ့ ပါတယ် ။ ကျနော် အတွက် နောက် ဆုတ်ရန် မဖြစ်နိုင်တော့ ဘူးလို့  ယူဆ ခဲ့ သောကြောင့် ပါ ။
၃ လပိုင်း ၂၀၁၀  ပြောင်းလည်းခြင်းနေ့ ရက် များ (သို့ ) မေ့မရသော  ခရီး တစ်ခု
မလေးရှား မှ သူဌေး များ မေးတက်သော " ဘာလုပ် တက်လည်း " ဆိုတဲ့ စကားကို ဖြေ နိုင်မို့  ကလန်း ဂျာရာ ဆိုတဲ့ အ၇ပ် မှာ ကားဆေး မှုတ်တဲ့ အလုပ်ကို အလုပ်သင် အနေ နှင့် စတင် လုပ်ကိုင်ခဲ့ပါတယ် ။ စာရေးဆရာ ၊ ကဗျာ ဆရာ များ ရေးကြသော နဖူး က ချွေး ခြေမ ကျ တယ် ဆိုတာ ဥပမာ လင်္ကာ ဖြစ်မှန်း သိခဲ့ရပါတယ် ။
တစ်နှစ်ခွဲ ခန့် ကြာသော် အခါ  ဂျင်ဂျာတော ဆိုတဲ့ အရပ် မှာ ရှိတဲ့ ကားဘော်ဒီ နှင့် ဆေးမှုတ် လုပ်ငန်း အဓိက လုပ်ကိုင်သော  အလုပ်ရုံ ကို ပြောင်းရွေ့ ခဲ့ပြန်ပါတယ် … ။
ဂျင်ဂျာတော ဆိုသည့် အရပ်ဟာ ကျနော် အတွက် အများကြီး တိုးတက် ပြောင်းလည်း စေခဲ့ပါတယ် ။ ၂၀၀၅ ခုနှစ် မန္တလေး နေ့ ရက်များ ၏   သင်ခန်းစာ ကြောင့် ယခု တစ်ကြိမ် ပြောင်းလည်း တိုးတက်ခြင်း အတွက် အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင် ခဲ့ပါ တယ် ။ ထိုအခွင့်ရေးများ သည် ကျနော် မိသားစု အတွက် အခြေ နေတစ်ခု ကို ဖန်တီး ပေးခွင့် ရပါတယ် ။
မှတ်မှတ် ရရ ၃လပိုင်း ၂၀၁၀ မှာ တော့ အလုပ်ရုံ သူဌေး နှင့် အတူ ထိုင်း နိုင်ငံ သို တရုတ် ကားများ တပ်ဆင် ရန် လိုက်ပါ လုပ်ဆောင် ခွင့် ရခဲ့ပါတယ် … ။
ထိုင်နိုင်ငံ မှာ ၃ လကျော် လုပ်ကိုင်ခဲ့ ပြီး ပြန်လာခဲ့ပါတယ် ။ ထို ခရီး စဉ် ဟာ ကျနော် ဘဝ အတွက် မေ့မရ သောခရီး တစ်ခု လည်း ဖြစ်ခဲ့ ပါတယ် … ။ ဘာကြောင့် လည်း ဆို ရင် ကျနော် ချစ်လှ စွာ သော ကောင်းကင်ဖြူ နှင့် ဆုံ တွေ့ ခွင့် ရ ပါတယ် ။
၂၂.၁၂.၂၀၁၀  ကျနော် ၏ ဘဝ သစ်
မျှော်လင့် ချက်တွေ ရှင်သန် ခဲ့ ရတဲ့ နေ့  ၊ အိပ့်မက်တွေ ပြည့်စုံ တဲ့ နေ့  ၊ ပျော်ရွှင်မှု့  ကြည်နှုးမှု့ တွေ ပြည့်နေ တဲ့ နေ့ ၇က် လေးပါ …။ ကျနော် ချစ်လှစွာသော ကောင်းကင်ဖြူ က ချစ်ပါသည် တဲ့ ….. ။
ကျနော် ဘဝ ထဲသို့  သူမရောက်ခဲ့ပါပြီ ။ သူမ ရောက်လာ ပြီး မှ ကျနော် ဘဝ ဆိုတာကို ကြည့်မိ ပါသည် ။ နေရာတိုင်း လိုအပ် ချက် တွေ အပြည့်ပေါ့ ။ ထို လိုအပ်ချက် များ တွက် ကျနော် ဆက်လက် ရ မည် မဟုတ်လော ။
လောလော ဆယ်တော့ အတိုင်းဆ မရှိတဲ့ နာလည်းမှု့  နှင့် ရင့်နှင့် မဆန့် အောင်ရှိတဲ့ အချစ်တွေ သာ သူမ အတွက် ပေးနိုင်ခဲ့ ပါသည် ……. ။
ကျနော် ၏ post လေးကို အဆုံးသတ် ရလျှင် ရှေ့ လူကြီး များပြောသော " ကံမရှိ ဥာဏ်ရှိတိုင်းမွဲ " ဆိုသည့် စကားလို  ၊ ဖြတ်သန်းခဲ့ ရသော ဘဝ နေ့ ရက်များကို ပြန်တွေးကြည့်မိ လျှင် ကျနော် မောင်ဘုန်း ဥာဏ် နည်းလို့ သာ အများကြီး မမွဲ တာလို့  ထင်မိပါသည် .... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
Saturday, February 4, 2012
လတ်တလော ....
ကျနော် မောင်ဘုန်း တစ်ယောက် ဒီနှစ် အစ မှာ တရုတ် ကားတွေ နဲ့  အကျိုးပေး တယ်လို့  ပြောရမှာ ပဲ ဗျာ ... ။
အခုရက် ပိုင်းအတွင်း လိုင်းပေါ် လည်းမရောက်ဖြစ် ၊ ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း တွေ ဆီ တွေ လည်း မရောက် ဖြစ် ၊ အလုပ်ချိန် တစ်ရက် ၁၄ နာရီ ဖြစ်နေတော့ အလုပ်ပြီး နားယူ တဲ့ အချိန် နဲ့  ကွန်ပြူတာလေး တောင် မဖွင့် ဖြစ်ပါဘူး ... ။
ဒီနှစ် အစ ပိုင်းမှာ ကျနော် သူဌေး ရဲ့ လုပ်ငန်း ခွဲ တစ်ခုမှာ လုပ်ငန်းသုံး တရုတ်ကား project တစ်ခု စလုပ်ပါတယ် ။  နေရာ က မောင်ဘုန်း နေတဲ့ နေရာနဲ့  မိုင် ၆၀ လောက်ဝေးနဲ့  west port ဆိုတဲ့
နေရာမှာပါ ။
ဒါ ပထမ တစ်ခေါက် လုပ်ခဲ့ တဲ့ ကားတွေ ပါ ... ။ ဒီကား တွေကို တစ်စ စီ ဖြုတ်ပြီး တရုတ် ကနေသွင်းတာပါ ။ ဒီနေရာမှာ ပြန်ဆင် ပြီး အင်တို ကိုပြန်ရောင်းပါတယ် ... မလေး ပြည်တွင်း လည်း သုံးပါတယ် ... ။ မောင်ဘုန်း က ဝယ်မဲ့ သူ စိတ်ကြိုက် အရောင် ပြန် မှုတ် ပေးရတဲ့ ဆေးမှုတ် တဲ့ အပိုင်းမှာ တာဝန် ယူ လုပ်ခဲ့ရတာပါ ... ။ ဒီမှာ ရှိတဲ့ ဆေးမှုတ် တဲ့ သူတွေ ကားကြီး လုပ်လေ့ လုပ်ထ မရှိတော့ ၊ ကားကြီး လုပ်ခဲ့ ဖူးတဲ့ မောင်ဘုန်း နဲ့  တွဲ ပြီး ၁ လလောက် တူတူ လုပ်ခဲ့ရပါတယ် .... ။
အခု ဒုတိယ အကြိမ် ရောက်ခဲ့ တာကတော့ အပေါ်က မြင်ရတဲ့ ကားတွေ ပါ ။ ဒီ ကား တွေကို အခုလို ဖြုတ်ပြီး သွင်း လာတာပါ ... ။ အင်တို ၊ မြန်မာ ၊ ထိုင်း က ဝယ်မဲ့ ကုမ္မဏီ တွေ ကမ်းလှမ်း ထား တယ်လို့  လည်း သိရပါတယ် ... ။
ဒီကားတွေ ကိုတော့ ဆေးပြန် မမှုတ်တော့ပါဘူး ဒီအတိုင်း ပြန်ရောင်း မှာပါ ။ ဒီမှာ ပြန်ဆင် တဲ့ အပိုင်း ပဲ လုပ်မယ် တဲ့ ... ။
မောင်ဘုန်း က ကျန်စစ်သား လို့ ပြောရမှာပဲ လွန်ခဲ့ ၂ နှစ်လောက် က ဒီလို မျိုးကားတွေ ကို ပြန်ဆင် တဲ့ အပိုင်းမှာ ဝိုင်းလုပ် ခဲ့ ဖူးပါတယ် ... ။ အခု လူ ဟောင်းတွေ လည်း ပြန်ကုန် ကြ တော့ ဒီ ကားတွေ ပြန်ဆင် တဲ့ အပိုင်းမှာ နေရာ လေး ရခဲ့ တာပေါ့  ။ ကျနော် က ကားအတွင်းခန်း တပ်ဆင် မှု့ အပိုင်းမှာ တာဝန် ယူခဲ့ရပါတယ် ... ။
ဒါက လာတဲ့ အတိုင်း အတွင်းခန်း ပါ ... ။
အရင်ဆုံး နောက် ခန်း ကို ဆင်ပါတယ် ။ ရှေ့ ပိုင်းက လုပ်စရာ နည်းလို့ ပါ ။ အောက်ပိုင်း ကို ပျဉ်ခင်းလိုက် တာပါ ၊ ဂျပန် ကားတွေ အလူမီနီယံ  ခင်း ပင်မဲ့ ၊ တရုတ် ကား ဆိုတော့ ထုံးစံ အတိုင်း ဈေးသက် သာ တာပဲ လုပ်တယ်လေ ... ။
ပြီးတော့ ရိုးရိုး ကော်ဇော ခင်းပါတယ် ... ။ အများစု တော့ အပူခံ ကော်ဇောခင်း တာပါ ။
ပြီးမှ အခုလို ထိုင်ခုံ ဆင် ပါတယ် ... ။
ဒါကတော့အားလုံး ပြီးတဲ့ အဆင့် ပါ
ဒီကား ရဲ့ ရှေ့ ထိုင်ခုံ အောက် မှာ ပါတဲ့ အချက် လက် ပါ ... ။
ဒီ တရုတ်ကား တွေ နဲ့  တစ် လ လောက် ဒီနေရာ မှာ နေရ အုံးမှာပါ ... ။ ဒီနေ့  တော့ စနေ ဖြစ်လို့  အလုပ်စောစော သိမ်း တာ နဲ့  လိုင်းပေါ် ရောက်ခဲ့ ပါတယ် ... ။
 အရင် ရေးတဲ့  post အတွက် comment တွေ ဖတ်ပြီးတော့ ... ကိုရင် နဲ့  ကို ဘကြိုင် သတိပေးတဲ့ word verification ကို ဖြုတ် တဲ့ နည်း google မှာ လိုက်ရှာ ပါတယ် ... အချိန် တွေသာ ကုန်သွားတယ် မတွေ့ ဘူးလေ ... တွေ့ တဲ့ နည်းကြတော့ လည်း  ကျနော်  blog comment setting မှာ ရှိတဲ့ ပုံစံ နဲ့ လွဲနေပါတယ် ... ။ ကို ဘကြိုင် ပြောတဲ့ Anonymous comment ကိုတော့ ပြန်ထည့် ပေးလိုက်ပါပြီ ။  word verification ကိုတော့ ဘယ်လို လုပ် ရမှန်း မသိလို့ ပါ .. ။
ကျနော် blog ကို လွန်ခဲ့ တဲ့ ၄ လ လောက်က update လုပ်ခဲ့ မိပါတယ် ... ။ အဲ့ အချိန် ကစ ပြီး blog setting အသစ် ဖြစ်သွားပါတယ် ... ။
ဒါ ကျနော် blog comment setting မှာ ရှိတာ အကုန်ပါပဲ .... ။ show word  verification ဆိုတာ ဘယ် နား မှာ ရှိလည်း မသိဘူးနော် .... ။
ကျနော်လည်း  အဲ့ဒါကြီး ဖြုတ် ချင်နေတာ ကြာပါပြီ ။ မောင်တစ်လုံး ကိုလည်း မေးခဲ့ ဘူးပါတယ် ။ update မလုပ်ခင် က show word  verification မှာ yes or no ဆိုပြီး တစ်ခု ရှိတာ သတိထားမိ ပါတယ် ...။ အခုတော့  word verification နဲ့  ပတ်သက်တာ ဘာတစ်မှ မတွေ့  လို့  ဘာလုပ် မှန်း မသိတော့လို့ ပါ ..။
သိတဲ့ သူရှိ  ရင် နည်းလေး ပြောပြပါ နော် .... ။
ကိုရင် ဆို သတိပေးတာ နှစ်ခါ ရှိပါပြီ ... ။ ကျနော် လည်း နည်းပညာ အားနည်း လွန်းပါတယ် ။ ကူညီ ကြပါအုံး ဗျာ ..... ။ ဘယ်လို လုပ်ရတယ် ဆိုတဲ့ အ ကြောင်းလေး comment မှာ မျှော်နေမယ် နော် ... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း