Pages

Monday, March 5, 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင် (တဂ်ပို့စ်)


မင်္ဂလာပါ ဒီအကြောင်းရာကို post လေးတစ်ပုဒ်လောက် ရေးချင်နေတာ ကြာပါပြီ ။ ရေးလည်း ရေးဖြစ်ပါတယ်လက်စမသတ် နိုင်တာနဲ့  မတင်ဖြစ်ခဲ့ ဘူး ။ နောက်တော့ ကျနော် မကြာခဏ စာတွေဝင်ဖတ် လေ့ရှိတဲ့ ကို သက်တန့် ချို blog ကနေ အစပြုပြီး ဒီအကြောင်းရာ လေး တဂ် ပေးပြီး blogger တွေရဲ့ အမြင်ကို ရေးကြတာတွေ့ ရ ပါတယ် ။ အဲ့ဒီမှာ …. ကျနော် မောင်ဘုန်း အရင်ကမှ ရေးချင်နေတဲ့ အကြောင်း ဖြစ်လို့  ဆွေ့ ဆွေ့ ခုန် လျှက် တဂ်ပေးမဲ့ သူကို လိုက်ရှာ မိပါတယ်  ။

ခက်တာက မောင်ဘုန်း မှာလည်း blogger မိတ်ဆွေ ဆိုလို့  လက်ဆယ်ချောင်းပြည့်အောင် မရှိ ပါဘူး ။ ထို ဆယ်ချောင်းမပြည့်အောင် ရှိတဲ့ blogger မိတ်ဆွေ အိမ်တွေ ကို တစ်ပတ် တစ်ခါ လောက်  ရောက် မို့  ကြိုးစားယူ ရပါတယ် ။

နောက်ဆုံးတော့ ကျနော်ရဲ့ မဟာမိတ် blogger အပျိုကြီး ( သမီးစံ) ထံ ချဉ်းကပ်ပြီး  ။ အပျိုကြီးရေ … မောင်ဘုန်း ကို တဂ် ပါလို့   တောင်းဆိုခဲ့ရပါတယ် ။ အဲ့နေ့ ညမှာ ပဲ blog တွေ လိုက်ကြည့်ရင်း အန်တီတင့် တဂ် ထားတာတွေ့ ပါတယ် ။ ဒါကြောင့် ဒီ post လေးရေးခွင့် ရလို့  အန်တီတင့် နဲ့  အပျိုကြီး (သမီးစံ)  ကို ကျေးဇူး တင်မိပါတယ် ။


 ၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

မြန်မာ့ ဟန်းဖုန်း သမိုင်းမှာတော့ တန်းဖိုး အနည်းဆုံးလို့  ပြောလို့ ရပါတယ် ။ ဒါပင်မဲ့ တန်ဖိုးနည်း ဆိုတဲ့ စကားရပ် နဲ့  ကျပ်ငွေ နှစ်သိန်း ကို ယှဉ်ကြည့် မယ်ဆိုရင် အငြင်းပွားဖွယ်ရာ မရှိလောက်ပါဘူး … ။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

နိုင်ငံသားတိုင်း လုပ်ပိုင်ခွင့် ရှိတဲ့ အခွင့်ရေးတစ်ခုပါ ။ တိုင်းပြည်အကျိုး စီးပွားအတွက် နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ တောင်းဆိုပိုင် ခွင့် အခွင့်ရေး ရှိပါတယ် ။ ကျနော်အနေနှင့် လည်း တောက်ခံ အားပေးပါတယ်။

ဒါပင်မဲ့ နိုင်ငံသား အခွင့်ရေး နဲ့ လွတ်လပ်ခွင့် ကို သုံးစွဲမယ် ဆို နိုင်ငံသား တိုင်း လွတ်လပ်ခြင်းရဲ့ တန်ဖိုး ကို နားလည် မို့ တော့ အရေးကြီးပါတယ် ။ ဟိုတလောက သတင်းတစ်ခု ဖတ်မိလိုက်ပါတယ် ။ တောင်ဒဂုံ မှာ ၅၀၀၀တန် ဖုန်ကတ်ရရှိရေး အတွက် စာရွက်ဖြန့် ဝေသူ အယောက် ၂၀ ကို ထိန်းသိမ်း ခံရတယ် ဆိုတဲ့ သတင်းပါ ။ ထိုသတင်းမှာ ဖော်ပြထားတဲ့ အကြောင်းရာတွေ  ခိုင်ခိုင်လုံလုံ ရေးထားတာတွေ့ ရပါတယ် ။ ဘယ်ရုံး ၊ နာမည် က ဘယ်သူ ဆိုပြီး ဖော်ပြထားပါတယ် ။ ဒါပင်မဲ့ အခန်း (၂) ပုဒ်မ (၃၅၄) နိုင်ငံသား ပိုင်ခွင့်ကို ကျနော်တို့ ချိုးဖောက်ခံနေရတယ် …. လို့  ၂၀၀၈ အခြေခံဥပဒေ ကို ကိုးကားပြီးရေးသားဖော်ပြ ထားပါတယ် ။

ဘယ်လို လွဲ သွားလည်းမသိပါဘူး ။ အခြေခံ ဥပဒေ တိုင်းမှာ အခန်း (၂) ဆိုတာ နိုင်ငံသား ဆိုင်ရာ ကို ဖော်ပြလေ့ မရှိပါဘူး ။

အထက်ပါ ကိစ္စကို ဥပဒေ အရကြည့်မယ် ဆိုရင် ၂၀၀၈ အခြေခံဥပဒေ စာမျက်နှာ ၁၅၀ အခန်း (၈) ပုဒ်မ ၃၅၄ (က) တွင်  မိမိ ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ၊ ရေးသားဖြန့် ဝေ ခွင့်  ….. ရှိတယ် လို့ ဖော်ပြထားသလို ၊ ပုဒ်မ ၃၅၄ (ခ) မှာ ဆိုရင်လည်း လက်နက်မပါပဲ ငြိမ်းချမ်းစွာ စုဝေးခွင့် ၊ စီတန်း လှည့်လည်ခွင့် ရှိတယ် လို့  ဖော်ပြထားပါတယ် ။

ဒီနေရာမှာ စကားလေး နည်းနည်းလောက်ရှည်ပါရစေ … ။ လူ ဆိုသည့် တစ်ဦးနဲ့  တစ်ဦး ကွဲလွဲ တက်ပါတယ် ။ အဲ့ လို ကွဲလွဲ တက်သည်ကပင် လူသား ဆန်ခြင်းဖြစ်ပါတယ် ။ ဒီလို ကွဲလွဲတဲ့ လူအများ  ဖွဲ့ စည်း လုပ်ကိုင်တဲ့နေရာမှာ အမျိုးမျိုး ကွဲလွဲ တက်သောကြောင့် အခြေခံမှု များ ၊ ဥပဒေ များထား၍ လုပ်ကိုင် ရပါတယ် ။ ဒါမှသာ ထို အဖွဲ့ စည်း ရဲ့ လုပ်ဆောင်ချက် များ အောင်မြင်နိုင်မှာပါ … ။

ဒါကြောင့် ဥပဒေ ဆိုတာ ကြောင်းပြချက် ပေးမို့  မဟုတ်ဘူး ဆိုတာ ပြည်သူရော အစိုးရပါ နားလည်ထားသင့်ပါတယ် ။  လူအများနှင့် ဖွဲ့ စည်းထားတဲ့ အစိုးရ နှင့် ပြည်သူ များ   ဥပဒေ ကိုလေးစာ လိုက်နာမှ သာ ကျနော် တို့ မျှော်မှန်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာလိမ့်မယ် လို့  ထင်မိပါတယ် ။  အခြေခံဥပဒေ အခန်း (၈) မှာပါရှိတဲ့ နိုင်ငံသား အခွင့် ရေးကို သုံးပြုမယ်ဆိုရင် ၊ ထို အခန်း (၈) မှာ ပါရှိတဲ့ နိုင်ငံသား တာဝန်  ဆိုတာလည်း လိုက်မို့ အရေးကြီးပါတယ် ။


၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ

ထိရောက်တဲ့ လုပ်ဆောင်ချက်ပါ ။ ဦးဆောင်တဲ့ သူအတွက်လည်း ချီးကျူး မိပါတယ် ။ ပြည်သူ့ အစိုးရအနေနှင့် ပြည်သူ သဘောထားကို အသိမှတ်ပြုရမှာပါ ။ ပြည်သူ အတွက် ကျေနပ်လောက်တဲ့ ရလဒ် မျိုး ပြည်သူ့ လွတ်တော် မှာ ဆုံးဖြတ် နိုင်လိမ့်မယ်လို့  မျှော်လင့် မိပါတယ် ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

 ဟုတ်ကဲ့ ….. ဝမ်းသာအားရ ကြိုဆို ပါတယ် ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

ဟုတ်ကဲ့ပါ … ။ ငါးထောင်တန် ဖုန်း ဆိုတဲ့ စကားရပ် နေရာမှာ တန်ဖိုးနည်း ဆိုတာလေး ပြောင်းလဲ ရေးသားခွင့်ပြုပါ ။ တစ်ပုဒ် မ က ရေးခွင့်ပြုပါလို့ လည်းတောင်းဆိုပါရစေ ။

 မြန်မာပြည်ရဲ့ ဆက်သွယ်ရေး စနစ် အားနည်းချက် တွေကိုတော့ လူတိုင်း သိပြီးသာပါ ။ ယခု အချိန်မှာ အစိုးအနေနှင့် တိုင်းပြည်အတွက် တိုးတက် အောင် လုပ်မယ်ဆိုတဲ့ ကြော်ငြာချက်အများ လည်း တွေ့ ရှိရပါတယ် ။ ထိုသို့ တိုးတက် သော တိုင်းပြည် ကို ဖော်ဆောင်ရာ မှာ အခြေခံ ကျသော ဈေးကွက်စီးပွားရေး စနစ်အတွက် လူတန်းစား တစ်ရပ်လုံး အသုံးပြု နိုင် တဲ့ တန်ဖိုးနည်း ဆက်သွယ်ရေး စနစ်ဟာ မရှိမဖြစ် လိုအပ် တယ်ဆိုတာကို အစိုးရအဖွဲ့ ဝင် စီးပွားရေး ပညာရှင်များ အတိကျ ကို သိကျမှာပါ ။

 ၁.၁၀ . ၂၀၁၁ ရက်စွဲပါ ပြည်သူ့ လွတ်တော်  ကြေငြာ ချက်အရ မြန်မာ ပြည်မှာ လူဦးရေ ၆၀ .၃၈ သန်း ရှိတယ်လို့ သိ ရပါတယ် ။ ဒါကြောင့် လူတန်းစား တစ်ရပ် လုံး အသုံးပြု နိုင်တဲ့ တန်ဖိုးနည်း ဖုန်း ကို ဖော်ဆောင် မယ်ဆို၇င် ။ စီပွားရေး ပညာ အရ လူဦးရေ ၆၀.၃၈ သန်း ပါဝင် နိုင်မဲ့  အလွန်ခိုင်လုံတဲ့ ဈေကွက် ကြီးတစ်ခု ဖြစ်လာမှာပါ ။ ဒီလို အလွန်ခိုင်လုံတဲ့ ဈေးကွက် အတွက် နည်းပညာ ၊ အရင်းနှီး ဆို လွယ်ကူ စွာဖော်ဆောင် နိုင်မဲ့ အနေထားရှိ ပါတယ် ။ အကျိုးအမြတ် အနေနှင့် ကြည့်မယ် ဆိုရင်လည်း လက်ရှိ ပြည်တွင်းမှာ ရှိတဲ့ ဈေးကွက်များထက် အဆပေါင်းများစွာ သာလွန်တဲ့ ဈေးကွက်ကြီး တစ်ခု မလွဲမသွေ ဖြစ်လာ မှာပါ ။ တနည်း ပြောရရင် အစိုးရအနေ နဲ့  နိုင်ငံသားပိုင်ဆိုင်မှု့ ကို မြှင့်တင်ပေးရာ ရောက်ပါတယ် ။ ဒါက ကျနော် နေနဲ့  တန်ဖိုးနည်း ဖုန်း ဖြစ်လာမယ်ဆိုရင် ကျနော် အနေ နဲ့   မြင်မိ တဲ့ အမြင်ပါ ။

 ပြည်သူ့  အစိုးရ ဆိုတာ ပြည်သူ ပိုင်ငွေများ ကို အသုံးပြု ပြီး ၊ ပြည်သူ့  အကျိုးစီပွား ကို ဖော်ဆောင်ရတာ ဖြစ်တဲ့ အတွက် ကောင်းကျိုး တစ်ခု တည်း ကို ကြည့်ပြီး လုပ်ဆောင်လို့  မရဘူး ဆို ကျနော် အနေ နှင့် အစိုးရအဖွဲ့ ကို နားလည် ပါတယ် ။ လူတန်းစာ တစ်ရပ်လုံး အသုံးပြု နိုင်တဲ့ တန်ဖိုးနည်း ဆက်သွယ်ရေး စနစ် ပေါ်ပေါက်လာ ခြင်း အတွက် ဆိုးကျိုး များကိုလည်း ထည့် စဉ်းစား ရမှာပါ ။ ဆိုးကျိုးများ လည်း ရှိလိမ့်မယ် လို့  ထင်မိပါ ။ 

ဥပမာ တစ်ခု အနေနှင့်  ပြောရ ရင်တော့ တန်းဖိုးနည်းဆက်သွယ်ရေး စနစ် ဟာ UG network ကို အားပေးလိုက်သလို ဖြစ်သွား နိုင်ပါတယ် ။ ယနေ့  ပြည်တွင်း UG အင်းအားစုဟာ ပြည်သူ့ လုံခြုံ ရေး ကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေမှာ ရှိပါတယ် ။ ပြည်သူ့  အစိုးရ ဆိုသောကြောင့် ပြည်သူ့  လုံခြုံ ရေးဟာ အစိုးရ လုံခြုံ ရေးလို့  ပြောမယ် ဆိုရင် မမှားလောက်ပါဘူး ။

ခေတ်အဆက်ဆက် အစိုးရများ ဟာ UG များအပေါ် ပတ်ဆို့ တားဆီးတဲ့ မှုဝါဒ ကို အသုံးပြုခဲ့ပင်မဲ့ ယနေ့  အချိန်ထိ နှစ်စဉ် အကြမ်းဖက်ဖောက်ခွဲ မှု့ တွေ ရှိနေခြင်း ၊ ဒီလို ပိတ်ဆို့ တားဆီးတဲ့ နေရာမှာ UG network ကို အဓိကထား ပိတ်ထားခြင်းကြောင့် ပြည်သူ့  ဆက်သွယ်ရေး စနစ် ဟာ အရည်သွေးရော နည်းပညာ ပါ ထိခိုက် လျှက်ရှိပါတယ် ။

နောက်တစ်ခုက အစိုးရနှင့် ဆန့် ကျင်သဘောထား ကွဲလွဲ ရင် UG လို့  သတ်မှတ်ထားခြင်း ကြောင့် တချို့ သော NGO အဖွဲ့  များရဲ့ လုပ်ဆောင်ချက်များ ဟာ တိုင်းပြည်နှင့် လူမျိုး အတွက်ဆိုသော်လည်း ၊ သဘောထားကွဲလွဲ ရင် UG ဟု သတ်မှတ် ထားခြင်းကြောင့် UG အသွင်ဖြစ် လုပ်ဆောင်နေရတာကို  လည်းဝမ်းနည်းစွာ တွေ့ မြင်ရပါတယ် ။ ဒီလို သတ်မှတ်ထားခြင်း ဟာ UG အင်အား စု ကိုမိုပို ကြီးထွားအောင်လုပ်ဆောင် နေသလိုဖြစ်နေပြီး ၊ ပြည်သူ့  လုံခြုံရေး ကို အမှန်တကယ် ထိခိုက်စေတဲ့ UG များအတွက် အလွယ်တကူ အသွင်ပြောင်း နိုင်အောင် ဖော်ဆောင်ပေးသလို ဖြစ်နေတယ် ဆိုတာ သတိပြုသင့်ပါတယ် ။

နောက်တစ်ချက်က အစိုးရနှင့် သဘောထာကွဲလွဲ လို့  လုပ်ရပါတယ် ဆိုပင်မဲ့ ။ အကြမ်းဖက်ဖောက်ခွဲ မှု့ ဖြစ်စဉ် အားလုံးလိုလို မှာ ပြည်သူ များသာ ဝမ်းနည်းစွာဖြင့် အသက် ဆုံးရှုံး စေခြင်းကြောင့် ၊ ခေတ်အဆက်ဆက် အစိုးရများ UG များအပေါ် ပတ်ဆို့ တားဆီးတဲ့ မှုဝါဒ ဟာ အစိုးရအဖွဲ့  လုံခြုံရေး ကိုပဲ ကာကွယ် ပေးတာလို့  မေးစရာ ဖြစ်နေပါတယ် ။

ဒါကြောင့် အစိုးရအနေ နဲ့  တိုင်းပြည် တိုးတက်ရေး ဆိုတာထက် ပြည်သူ လုံခြုံရေးဟာ ဦးစားပေး အဆင့်မှာ ရှိပါသောကြောင့် ခေတ်အဆက်ဆက် အစိုးရများ UG များအပေါ် ပတ်ဆို့ တားဆီးတဲ့ မှုဝါဒ အပေါ်မှာ ပြန်လည် သုံးသတ် သင့်တယ် လို့  ထင်မိပါတယ် ။ ပြည်သူ့  လုံခြုံ ကို အမှန်တကယ် ထိခိုက်စေသော UG အင်အား စုကို ဖယ်ရှားနိုင် မှ သာ ကျနော် တို့  မျှော်မှန်းတဲ့ တိုးတက်သော နိုင်ငံ အတွက် အခြေခံ ဈေးကွက်စီးပွားရေး စနစ် ကို ဖော်နိုင်မှာ ဖြစ်သလို ၊ ဒီလို အခြေခံကျတဲ့ ဈေးကွက်စီးပွားရေး စနစ် အတွက် အရည်သွေးကောင်းပြီး တန်ဖိုးနည်း ဆက်သွယ်ရေး စနစ် ကိုလည်း ဖော်ဆောင် နိုင်လိမ့်မယ် လို့  ထင်မိပါတယ် ။

ဒီ post လေးရေးမို့  တဂ် ပေးသူများ နှင့် ကျနော် မိတ်ဆွေ သူငယ်ချင်း များ ခဗျာ ... ။ တဂ် ပေးထားတဲ့ ခေါင်း စဉ်နဲ့  ဘာမှမဆိုင်တဲ့ ကြောင်းရာတွေ ထည့်ရေးတယ်လို့  ထင်သွားပါက ကျနော် မောင်ဘုန်း တောင်းပန်ပါတယ် ။ လွတ်လပ်စွာ ရေးသားခွင့် ရှိတယ် ဆိုတဲ့ ခေါင်းစဉ်အောက် မှာ ကျနော် စိတ်ထဲ တွေးမိတာလေးကို ရေးမိ ခြင်းသာဖြစ်ပါတယ် ။


ခင်မင်စွာဖြင့်



မောင်ဘုန်း

8 comments:

  1. မင်္ဂလာပါ... ဒီဆိုဒ်လေးကိုပထမဦးဆုံးရောက်ဖူးတာပါ..
    ခုလို အကြောင်းအရာစုံစုံလေးဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ...
    camomilla

    ReplyDelete
  2. မောင်ဘုန်းရဲ့ အမြင်လေးလာဖတ်ခဲ့ပါကြောင်း

    ReplyDelete
  3. တဂ်ပို့စ်လေးဖတ်ရင်း ဗဟုသုတတွေပါ ရသွားတယ် မောင်ဘုန်းရေ။
    ရင်ထဲကစကားလုံးလေးတွေပါ ကြည်နူးစွာဖတ်သွားတယ်နော်။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကိုဘုန်းရေးတာ..ထိမိတယ်ဗျာ......အကိုးကားတွေနဲ့ ........ဗဟုသုတ တိုးသွားပြီဗျို့ ...

    ReplyDelete
  5. မောင်ဘုန်းရဲ့ အမြင်လေးကိုစိတ်ဝင်တစားဖတ်ခဲ့ပါတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  6. မောင်ဘုန်းအမြင်လေးကို ဖတ်သွားပါတယ်

    ReplyDelete
  7. လူတိုင်းဖုန်းကိုင်နိုင်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်လို့ ပြောရမလိုဖြစ်နေပြီ။
    အင်းခုတော့ ဘလော်ဂါတွေအားလုံး ဝိုင်းပြောကြတာပေါ့
    သူသူငှာငှာ ဖုန်းကိုင်ချင်တာဘဲလေ.
    သူတို့ဘဲ ကိုင်နိုင်လို့ ဘယ်ဖြစ်မလဲနော်

    ReplyDelete
  8. ဘာာာာာာာာာာာာာာာာာာာာာာာာာာ ကိုမောင်ဘုန်း
    သများတဂ်ထားတယ်လေ ဟွန့်ကြာပေါ့း)))


    ဘာပဲပြောပြော အားလုံးရဲ့ဆန္ဒတွေမြန်မြန်အကောင်အထည်ပေါ်ပါစေ

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete