Pages

Saturday, April 21, 2012

တပြည်စီ က အလွမ်း







တပြည်စီ က လွမ်း ပုံကို
နှိုးထ လေ ရော့ … သည်မိုး ရယ် …..
အကြောင်း ရှာလို့  ….  မဖြေ သာ
နေပူ လည်းလွမ်း …..
မိုးရွာ လည်းလွမ်း ….
အိုး ….. လွမ်းရတဲ့ သည် အဖြစ်
ကုသိုလ်ကံ ရှိလေ သမျှ
အတွေးနဲ့ သာ ဖြေရ .... ရှာပြီ ... ။


တပြည်စီ မျှော်လွမ်း လေ … တော့
မှုန်ပြာပြာ တိမ်ယံ ကြားမှာ
ထင်ယောင်ကာ တစ်မိုးအောက် … ပေါ့
လေ အဟုန် မှ ……  မယ့် အသံ
ရစ်ဖုံးကာ ကြားပြန် …..  လေ တော့
စောင့်စားလို့  ပေါ်လာနိုး
မျှော်ကာ တမ်းလို့  .... ဆို မိတယ်
ဆုံ တစ်ခါ ...... ပြေးခဲ့  ….  ပါတော့ ….
မြတ်နိုးသူ ….. ရယ် ….. ။


ဖြေရှာလို့  လွမ်းရယ် မပြေ
နွမ်းစေယုံ ညဥ့်ယံ ထက်မှာ
မှေးစက် မပျော် မျက်ဝန်း ဆီ က
မယ့် ယဉ်မူ ပေါ်လာ ပြန်တော့
ဒီ ရင်မှာ မဖြေသိမ့် နိုင်တယ် …
စိတ်မခိုင် မျက်ရည်စို့ လို့  ........
တပြည် စီ ခြားနေပါလား …… မြတ်နိုးသူ …. ရယ်  ….. ။



ကို ... တို့ ရဲ့ မှတ်တရ နေ့ လေးမှာ အလွမ်းတွေနဲ့  ကုန်စေရပြန် ပြီ  .... ကျန်းမာ ပျော်ရွှင်နေပါစေလို့  ထပ်ထပ် ဆုတောင်းနေမိပါတယ် ... ချစ်သူ  .... ။

အမှတ်တရ ..... ၂၂ . ၄ .၂၀၁၂ .... ။


မောင်ဘုန်း 

9 comments:

  1. ကိုဘုန်းကြီးလည်း လွမ်းနေပြီ......

    ReplyDelete
  2. လွမ်းဆွေးခြင်းကင်းကြပါစေ..
    မောင်တလုံး ၀ရောလွမ်းဘူးလား
    သူများလွမ်းတာကိုဟွန့်
    အမလည်းလွမ်းသွားပါတယ်.:)

    ReplyDelete
  3. သာဓု သာဓု သာဓု
    များများ လွမ်းနိုင်ကြပါစေ ဒကာကြီး :D

    ReplyDelete
  4. ချစ်သူနှစ်ဦး ..
    အပျော်ပေါ် အပျော်ဆင့်လို့ အလွမ်းလွင့်ပါစေ။

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  5. တပြည်စီ မျှော်လွမ်း လေ … တော့
    မှုန်ပြာပြာ တိမ်ယံ ကြားမှာ
    ထင်ယောင်ကာ တစ်မိုးအောက် … ပေါ့

    ကဗျာလေးနဲ့ ဘလော့လေးနဲ့ လိုက်တယ်ဗျာ..
    အလွမ်းဓါတ်ခံ ကောင်းသူတွေမို့လို့လား မသိဘူး
    ကဗျာလေး ဖတ်ရင် ဘာမဆိုင်ညာမဆိုင်.
    အိမ်အောက်မှာရေသွားချိုးနေတဲ့ မဒန်ဒု ကို
    လွမ်းလိုက်မိသေးတယ်ဗျား)

    (ဒုတိယ)

    ReplyDelete
  6. လွမ်းပြီးရင်းလွမ်းသွားတယ် ကိုဘုန်း...
    လေလွင့်

    ReplyDelete
  7. တစ်ပြည်ဆီလွမ်းနေရတဲ့လူတွေအားလုံးကို ကိုယ်ချင်းစာမိပါတယ် ကိုဘုန်းရေ....အလွမ်းတွေအကုန်မြန်လို့ ချစ်သူနဲ့ အမြန်နီးပါစေဗျာ......

    ReplyDelete
  8. ကောင်းတယ်ကဗျာလေးက

    ReplyDelete
  9. လွမ်းမိတယ်..လွမ်းနေတယ်..လွမ်းလိုက်တာ....ဆိုတဲ့ဒီဝေါဟာရလေးတွေဟာ .နှလုံးသားကို
    ထိခိုက်စေပါတယ်..။အထီးကျန်ပြီး..အားငယ်တတ်လာတယ်..။ဒါကြောင့်လွမ်းတော့လွမ်းပါ။
    အနှူတ်လက္ခဏာတော့..မပြပါစေနဲ့..။
    တချိန်မှာ...ခုပြောတာကို..လက်ခံလာပါလိမ့်မယ်..။
    ခင်တဲ့
    ခင်မိုးညို..။

    ReplyDelete