အားလုံးပဲ မင်္ဂလာပါဗျာ …. ။ တဂ်ပို့ စ် မရေးရတာတော်တော်
ကိုကြာပါပြီ … ။ အစ်မ ပစ်ပစ် က သတိတရ တဂ်ပေးထားလို့  ဝမ်းသာအားရ ချရေးမိပါတယ် … ။
2012 ကိုပြန်လှည့်ကြည့်ခြင်း
ကမ္ဘာပျက်မယ်ဆိုပြီ
ရုပ်ရှင်ရုံတွေထဲမှာ
ရောင်းစားခံလိုက်ရတဲ့ ….. 2012 …
ပြောင်းလဲမှုတွေ
ကြားမှာ
ရခိုင်လူမျိုးများ
အတွက် စိတ်မကောင်းဖြစ်ရတဲ့ ….. 2012 ….
ဒီမိုကရေစီ
ခေါင်းစဉ်အောက်မှာ
တိုက်ပွဲတွေ
၊ ဆန္ဒ ပြပွဲတွေ ခဏခဏ မြင်ရတဲ့ …. 2012 …..
ပြောင်းလဲခြင်း ခေါင်းစဉ်အောက်မှာ
မပြောင်လဲနိုင်တဲ့ ကွဲလွဲမှုတွေ အများကြီးဖြစ်ခဲ့တဲ့ .....2012 .....
အဲ့
၂၀၁၂ ဟာ ကျနော်အတွက်တော့ ခရီးသွားနှစ် ပါပဲ
။ နှစ်လည်း ကုန်တော့မယ် ကျနော် လည်း ဘယ်မှ
မသွားရတော့ပါဘူး ။ ၂၀၁၂ နှစ်ဟာ ကျနော် အတွက် ထူးခြားတဲ့ နှစ် တစ်နှစ်လည်း ဖြစ်ပါတယ်
။
ပထမ ထူးခြားမှု ကတော့ ကျနော် အလုပ်ပါ ။ အပြောင်းအလဲ အ၇မ်းများပါတယ် ။ စိတ်မဝင်စားတဲ့ အလုပ်ကို စိတ်ဝင်စားဖွယ်ရာ လခ ကြောင့် မြန်မာပြည်ပြန်မဲ့ အစီစဉ်ကို ဖျတ်သိမ်းပြီး ရွေးချယ်ခဲ့မိပါတယ် ။ တစ်ခုကို လိုချင်ရင် တစ်ခုဆုံးရှုံးတယ်ဆိုသလိုပါပဲ ။ အလုပ်ချိန် တနေ့ ၁၃ နာ၇ီ ဖြစ်သွားကြောင့် ကျနော် အတွက် ကိုယ်ပိုင်အချိန် အရမ်းရှားသွားပါတယ် ။ အရင်လို blog မှာ စာများများမရေးဖြစ်တော့ပါဘူး ။ နောက်တစ်ခုကတော့ အလုပ်မှာ တာဝန်ယူရတဲ့ အပိုင်းတွေ များလာတာကြောင့် ကျနော်အတွက် ဖိအားတွေ များခဲ့ပါတယ် ။ လူတိုင်း လောဘ ဆိုတာရှိတာကြောင့် ပြိုင်ဆိုင်မှု တွေလည်းရှိခဲ့ပါ ။ ကျနော် ရွေးချယ်လိုက်တဲ့ အလုပ်ဟာ အစပိုင်းမှာ ဖိအားတွေ ပြိုင်ဆိုင်မှုတွေနဲ့  ကျနော် အတွက်ပျော်စရာဆိုတဲ့ အချိန်အလွန်းရှားခဲ့ရပါတယ် … ။
အဲ့ အကျိုးဆက်တွေ
လားတော့မသိပါ ။ ၂၀၁၂ မှာ မကြာမကြာ ကျန်းမာရေးမကောင်း တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်
။ ကျနော် ပျော်ရတဲ့ နေ့ ၇က်တွေကတော့ လစာ ထုတ်တဲ့နေ့ ပါ ။ ကျနော် မျှော်လင့် ထားတဲ့
လစာ ရလို့ ပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်ကျေကျေနပ်နပ် ရွေးချယ်ထားခဲ့လို
့ ဒီ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆက်လုပ်မယ်လို့  ဆုံးဖြတ်ထားပါတယ် ။ ဖိအားတွေ ပြိုင်ဆိုင်မှု
တွေကြားမှာ အချိန်ကြာလာတာနဲ့  ကျနော် နေသားကျလာပါပြီ ။ တခါတခါ အလုပ် လုပ်ရင်း ကျနော်
သိမ့်ကြိုက်တဲ့ ဟန်ထူးလွင်သီချင်းလေး ဆိုရင်း ပျော်တက်နေပါပြီ … ။
ဒုတိယ
ထူးခြားတာ ကတော့ ၂၀၁၂ မှာ ကျနော် ရဲ့ ချစ်သူနဲ့  လက်ထပ်မို့  ဆွေးနွေး ပြင်ဆင် ခဲ့ပါတယ်
။ ဘဝ တစ်ခုနဲ့  တစ်ခု ပေါင်းစပ်မို့  ထင်သလောက် မလွယ်မှန်းကျနော် နားလည်ခဲ့ပါတယ် ။
ကျနော် ရော ချစ်သူမှာ အခြေခံပိုင်ဆိုင်မှု့  မရှိတာကြောင့် ကျနော် တို့  ဘဝကို အခြေခံကနေ
စပြီး တည်ဆောက် ခဲ့ရပါတယ် ။ ကျနော် တို့  လက်ထပ်မယ် လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစ
ပြီး ။ ကျနော်တို့  နှစ်ဦးကြားမှာ ရှိတဲ့ အလိုမကျမှု့ လေးတွေ ၊ သာတယ် နာတယ် ဆိုတဲ့ အတွေး တွေဟာ အလိုလို ပျောက်ဆုံးသွားပါတယ်
။
ချစ်သူ
ဖြစ်ကာစက တစ်ဦးနဲ့ တစ်ဦး စိတ်ဆိုးကြတာ ၊ သာတယ် နာတယ်လို့  တွေးမိတာတွေဟာ တစ်ကယ် တမ်း
ဘဝတစ်ခုကို ရင်ဆိုင်မို့  တွေ့ ကြုံရတဲ့ အခက်ခဲတွေ နဲ့  နှိုင်းယှဉ် မယ်ဆိုရင် ဘာမှကိုမပြောပလောက်အောင်
သေးငယ်သွားပါတယ် ။ တစ်ဦးကို တစ်ဦးလည်းပိုပြီး သံယောဇဉ် ဖြစ်လာပါတယ် ။ အရင်ကထက်ပိုပြီး
နားလည်မှု့ တွေ ပေးလာနိုင်ခဲ့ပါတယ် ။ ကျနော် တို့  ရည်မှန်းထားတဲ့ တစ်ခု ပြီးမြှောက်တိုင်း
ပီတိ တစ်ခု ခံစားမိတယ် ။ ချမ်းသာတယ်ဆိုတဲ့
ဘဝ တစ်ခု ကိုမမျှော်မှန်းခဲ့ပါဘူး ။ အေးချမ်းတဲ့ ဘဝတစ်ခုကိုပဲ မျှော်မှန်းပြီး တည်းဆောက်ခဲ့တာပါ
။
ဒီလို
အေးချမ်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်မို့  အစပြုခဲ့တဲ့ ၂၀၁၂ ဟာ ကျနော်တို့ အတွက် တစ်သက်တာမေ့မရတဲ့
နေ့ ရက်တွေအဖြစ်အမြဲ ရှိနေမှာပါ …. ။
အချိန်ဆိုတာ ကုန်ဆုံးတက်သည်မဟုတ်ပါလော … ။ ၂၀၁၂ လည်းကုန်တော့မယ်
တစ်နှစ်ကုန်သွားတိုင်း ကျနော် ပြန်သုံးသပ်မိပါတယ် ဒီနှစ်မှာ ကိုယ့်အတွက် ဘာတွေ ဖြစ်သွားလည်းပေါ့
.. ။
၂၀၁၂
မှာ ကျနော် အတွက် ဖိအားတွေနဲ့  အလုပ်တိုးတက်ခဲ့ပါ ။ အဲ့ဖိအားတွေကြောင့် ထင်တယ် ကျနော်
နည်းနည်း ရင့်ကျက်လာသလိုပဲ … ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရွေးချယ်ခွင့်ဆိုတာ များများ မရှိတဲ့
ဘဝ ထဲမှာ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင် ၂၀၁၂ ဆို ကုန်ဆုံးတော့ပါမယ်
။
နှစ်သစ်ဖြစ်တဲ့
၂၀၁၃ မှာတော့ စိန်ခေါ်မှု တွေ အများကြီးရှိနေမယ်ဆိုတာ မျှော်လင့်ပြီးသာပါ ။ ရင်ခုန်မှု
တွေလည်းအပြည့်ပါပဲ ။ ချစ်သူနဲ့  လက်ထပ် ရမည့် နှစ်ပေါ့ ။ အိမ်ထောင်သည်ဆိုတဲ့ ဘဝကို
ပိုင်ဆိုင်ရမဲ့ နှစ်ပေါ့ ။ ဒါကြောင့်
၂၀၁၃ ဆိုတာကို ရင်ခုန်စွာမျှော်လင့်မိရင်း … ဒီ Post လေးကို အဆုံးသက်လိုက်ပါတယ် … ။
ကျနော်ရဲ့
blogger မိတ်ဆွေ သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပြီ ၊ ကံကောင်းခြင်းတွေ
ယူဆောင်လာတဲ့ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေ … ။
ဒီ
post လေးကိုရေးမို့  တဂ်ပေးတဲ့ အစ်မ ပစ်ပစ် ကို ကျေးဇူးမိပါတယ် ။ အခုတလော ကျနော် မိတ်ဆွေသူငယ်ချင်းတွေလည်း
ကျနော်လို စာရေးနည်းသွားသလိုပါပဲ ။ တချို့ လည်း facebook မှာ ပျော်နေကြသတဲ့ ။ ကျနော် ကိုယ်တိုင်လည်း စာများများမရေးဖြစ်တော့ပါဘူး
။ နောက်ပြီ ကျနော် blog လေးကိုလာလည်တဲ့ blogger အသစ်တွေ ကို ကျေးဇူးတင်ရတယ် ။ ဒါကြောင့်
ဒီ Post လေးကို ခင်မင်စွာဖြင့် ဆက်လက်ပြီ တဂ် ပေးလိုက်ရပါတယ် ။ အချိန်လေးများရရင် ရေးပေးကြပါနော်
…. ။
၁ ။ သမီးစံ ( facebook ကနေ ခဏလေးဆင်းခဲ့ပါ )
၂ ။ မဒမ်ကိုး ( အစ်မကြီး မဒမ် )
၃ ။ အစ်မ မိုးငွေ့ 
၃ ။ အစ်မ မိုးငွေ့ 
၎ ။ အစ်မ ချော ( အစိမ်းရောင်လွင်ပြင်)
၅ ။ ကိုဘကြိုင် ( ကွန် မကောင်းဘူးလို့  သတင်းရထားပါတယ် အစဉ်ပြေရင်ပေါ့ဗျာ )
၆ ။ မောင်တစ်လုံး
၇ ။ ချစ်စံအိမ် ( ကျနော်လိုပဲ စာရေးနည်းသွားတယ် )
၈ ။ အန်တီတင့်
၉ ။ ကိုအောင်ထွဋ် ( ချောင်းသာမှာ သူမ နဲ့  ပျော်နေတာ နှောက်ယှက်သလို ဖြစ်သွား မလား ... :D )
၁၀ ။ ကိုလွင်ပြင်
၁၁ ။ အစ်မစံပယ်ချို
၁၂ ။ အစ်မ အိပ်မက်စေရာ
၁၃ ။ မိုးနတ်ကြယ်စင်
၁၄ ။ လရိပ်အိမ်
ကျန်အုံးမယ်ထင်ပါတယ် ... ။ ဒီ post လေးကို ဖတ်မိတဲ့ ကျနော် မိတ်ဆွေသူငယ်ချင်း အားလုံးကို တဂ် ပါတယ် ... ။ အချိန်က အရမ်းနောက်ကျနေလို ပါ ...။ အားလုံးပဲ အဆင်ပြေရင် ရေးပေးကြပါဗျာ ... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း