မင်္ဂလာပါ … ကျနော် စိတ်ဝင်စား
မိသော ရတု ကဗျာ များ နှင့် ရတု ကဗျာ ရေးဖွဲ့  ဟန် ကြောင်း ကို အခုရက်ပိုင်းမှာ လေ့လာမိပါတယ်
… စာပန်းချီ ဟု တင်စား ခေါ် ဝေါ်သော ရတု ကဗျာ အကြောင်းလေး ကို မှတ်သားမိ သမျှ အရင် ပြောပြပါမယ် ….။
ရတု
ဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ `အခါရာသီ´(ရာသီဥတု)ဟု အဓိပ္ပါယ်
ရ ပါသည် ။
ရတုသည်
လင်္ကာ မှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည် ။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊
ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိဟု မှတ်သား ခဲ့ရပါသည် ။
ရတုတွင်
တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ် ၊ နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ ၊ သုံးပိုဒ်
ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ်
တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။
အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ၀တ်ဆံ
၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး
အရေအတွက် ပေါ်မူတည် ၍ သတ်မှတ် ခေါ်ဆို သည်
ဟု သိရပါသည် ။
ဤ
နေရာတွင် ပညာရှင်များ အငြင်းပွား ဖွယ်ရာ တစ်ခု ကိုလည်း တွေ့ ရှိခဲ့ပါသည် ။
သုံးပိုဒ် ထက်ပို၍ မဖွဲ့  ရ ဟု ဆိုသော် လည်း အပိုဒ် တစ်ရာ ထိဖွဲ့ ဆိုသော ရတု များ
ကို လည်းတွေ့ ပါသည် ။
နောက်ထပ်
ရတု ဖွဲ့  ဆို ပုံကို ခေါ်ဆိုရာ တွင် ပုံပြင် (သို့ ) ဇတ်တော် အကြောင်းကို ဖွဲ့ ဆို
လျှင် ပျို့  (ပျို့ ရတု ဟုမခေါ်) ၊ သမိုင်းဝင်ဖြစ်ရပ် တစ်ခုကို ဖွဲ့ ဆို လျှင်
မော်ကွန်းရတု ၊ ခရီးသွာ (သို့ ) တောထဲသွား သည့် အကြောင်း ကို ဖွဲ့  ဆို လျှင်
တောလားရတု ဟုခေါ်ဆိုသည် သလို လေးလုံးစပ် လေးဆစ် ရတု ၊ စကြာဟုခေါ်သော ထပ်ဆင့် ဖွဲ
့ရသော ရတု နှင့် အခြားသော ရတု များလည်း ရှိသည် ဟု မှတ်သားရပါသည် ။
ဤ
ကဲ့သို့  ရတု ခေါ်ဆို ပုံ အမျိုးမျိုး ကွဲ လွဲနေသောကြောင့် ယနေ့ ခေတ် တိုင် ပညာရှင်များ
ဤသည်ကာ လင်္ကာ ၊ ဤသည်ကာ ရတု ဟု အငြင်းပွား
ဖွယ်ရာ ဖြစ်ခဲ့ရပါသည် ။
မြန်မာ စာပေတွင် ပုဂံ ခေတ် မှစ ၍ ရတု ပေါ် လာခဲ့ဟု ယူဆ ခဲ့ပါသည် ထိုသို့ ယူဆ သော် လည်း
ပုဂံခေတ် ပေါ် ရတုများကို မျက်ဝါးထင်ထင် မတွေ့ရှိ ခဲ့ပေ ။ ရတုသဘော သက်ဝင်သော
လင်္ကာတိုကလေးများကို တွေ့ရှိရခြင်းဖြင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများတွင်
ကာရန်အစပ်အဟပ်ညီသော အဖွဲ့ကလေးများကို တွေ့ရ ခြင်းဖြင့် လည်းကောင်း၊ ထို
ထင်မြင်ယူဆချက်မှာ မှားသည်ဟု မဆိုနိုင်ပေ။ ဥပမာ ပြရမည်ဆိုသော် သက္ကရာဇ် ၅၃၆ ခုနှစ်
နရပတိစည်သူ မင်းကြီးလက်ထက်တွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ်သည်
မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရအံ့ဆဲဆဲတွင် ရေးခဲ့သော ...
“
သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"
အစရှိသည့် လင်္ကာတိုကလေးကို ဖွဲ့ဆိုခဲ့သည်ကို ထောက်၍လည်းကောင်း ……
ထို ခေတ်ထိုကာလလောက်ပင် ဖွဲ့ဆိုသည်ဟု ယူဆသော
...
"သိုးကလေး။
။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊
ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ ပန်းစကား" အစရှိသည့် ပုပ္ပါးနတ်တောင်ဘွဲ့
လင်္ကာသည်လည်းကောင်း
ထို့ပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုသည်ဟု ယူဆ ရသော
... " မြကန်သာ” …..
တောင်ကျချောင်းတေး၊
ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။" အစရှိသော 'မြကန်ဘွဲ့'
လင်္ကာတိုကလေးသည်လည်းကောင်း …..
ပဒလေးလုံး၊
ပဒသုံးလုံးဖြင့် အစချီ၍ လေးလုံးစပ် ကာရန် ဖြင့် ဖွဲ့ဆိုပြီးလျှင်
အချအပိုဒ်တွင်လည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့သည်ဖြစ်၍ လင်္ကာဟုပင်
တပ်အပ်ခေါ်သော် လည်း စင်စစ်သော်ကား ရတုသဘော သက်ဝင် နေသည် ဟု မှတ်သား ခဲ့ရပါသည် ။
မြန်မာနိုင်ငံတွင်
အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော
ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား
တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။
တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်ကို လည်း တွေ့ ရပါသည် ။
ရတုကဗျာအဖွဲ့မှန်ဟု
ဆိုအပ်သော စတုရင်္ဂဗလ အမတ်ရေးသည့် ရတု မှာ ...…..
“
ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊
ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ” ……. အစချီသောရတုကို
မယ်ဘွဲ့၊ မောင်ဘွဲ့ မဟုတ်သောကြောင့် ဓမ္မသဘောသက်ဝင်သည့် ရတု ဟု ခေါ် ဆိုကြသည် ။
အင်းဝခေတ်မှ
အစပြု၍ ရတု ဖွဲ့ ဆိုမှု့ မှာ ထွန်းကားလာခဲ့သည်ဟု မှတ်သားရပါသည် ။ ထိုခေတ်တွင်
မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများ ပေါ်ပေါက် လာခဲ့ပြီ ။ သက္ကရာဇ်
၉၀၀-ကျော်လောက်တွင် ရတုနဝဒေးကြီးဟု ကျော်စောထင်ရှားသော စစ်ကိုင်း
ထောင်သင်းမှူး(ခေါ်) စလင်းလက်ျာ(ခေါ်)ပြည် န၀ဒေးကြီးသည် ရတုပုဒ်ရေပေါင်း
၃၀၀-နီးပါးမျှကို စပ်ဆို ဖွဲ့နွဲ့ ခဲ့သည်ဟု မှတ်သားရပါ သည် ။
ထိုနောက် တောင်ငူခေတ်တွင် နတ်သျှင်နောင်
ရတုကဗျာအဖွဲ့ သည် များစွာ ခေတ်စားလာပြီးလျှင် လူပုဂ္ဂိုလ်တို့
အများအပြားဖွဲ့ဆိုလာကြသဖြင့် ထိုတောင်ငူခေတ်ကို ရတုခေတ်ကြီး ဟူ၍ လည်း ခေါ်တွင်ခဲ့သည်
ဟု မှတ်သားရပါသည် ။
ဤ
သည်မှာ ကျနော် လေ့လာ မှတ်သားမိ သော ရတု ကဗျား များ ၏ သမိုင်းဖြစ်ပါသည် ။ယနေ့  ခေတ်
တွင် ရတု ကဗျာ ဖွဲ့  ဆိုဟန် မှာ ပြောက်ကွယ် ပြီ ဟု ပြောရအောင် ရှားပါး နေပါပြီ ။
အထက်မှာ
ပြောခဲ့ သလို ရတု ကဗျာ အမျိုးမျိုး အယူဆ လွဲနေသော် လည်း ရတု ဖွဲ့ ဆိုသော စာဆိုရှင်
သည် လင်္ကာ ကို ပိုင်ပိုင် နိုင်နိုင် ကျွမ်းကျင်မှ သာ ရေးဖွဲ့  နိုင်သည် ဟု
မှတ်ချက် ချမိပါသည် ။
အင်းဝခေတ်
စာဆိုတော် ရှင်သီလဝံသ ရေးသော အောက်ပါ ရတု ကို ဖတ်ကြည့်ပါ
“
နွယ်လှ ရိုးတံ ၊ နွယ်လျှံ နွယ်ပြူး
နွယ်ဖူး
ရှက်ထွေး ၊ နွယ်လေး တလိုက်
နွယ်နွယ်
ဆိုက်သား ၊ နွယ်၌ စွဲလာ
နွယ်
ဂီဝါမူ ၊ နွယ်သာ ခြုံမည်
နွယ်ရှည်
ရွက်ဝန်း ၊ နွယ် စိမ်းလန်း၍ ”…… စသော “ နွယ် ” ဟူသော စကားလုံးကို ထပ်ဆင့် ဖွဲ့  ၍
စပ်ဆိုခဲ့
သော စာဆိုရှင် ၏ လင်္ကာ ပိုင်နိုင်မှု့  မှာ အံ့သြ ၍ မဆုံးနိုင် အောင် ဖြစ်ရပါသည် ။
ဤကဲ့သို
့ “ နွယ် ” ဟူသော စကားလုံး ထပ်ဆင့် ဖွဲ့ ဆိုထားသောကြောင့် စကြာရတု ဟု
ခေါ်ဆိုကြောင်းကို လည်း မှတ်သားခဲ့ ရပါသည် ။
ထိုကဲ့
သို့ စိတ်ဝင်စား ဖွယ်ကောင်းသောကြောင့် ရတု ကဗျာ များ စွာကို လက်လှမ်း မှီ သမျှ
ရှာဖွေ ခဲ့ပြီး လေ့လာ ခဲ့ပါသည် ။ အထူး သဖြင့် စကြာရတု ဟု ခေါ်သော ရေးဖွဲ့ ဟန် ကို
အလွန် ကြိုက်မိ၍
အထက်ဖော်ပြပါ
ရှင်သီလဝံသ ဖွဲ့ ဆိုသော ရတု ကို အကြိမ်ကြိမ် ဖတ်မိပါသည် ။
ထိုသို
့ ဖတ် နေ ရင်း ကျနော် မောင်ဘုန်းမှာ မတန်မရာ စိတ်ကူး တစ်ခု ဝင်လာမိတော့သည် ။
ကျနော် ၏ စိတ်ကူးမှာ စကြာရတု တစ်ပုဒ် လောက် ရေးကြည့် မည် ဟု တွေးမိတော့၏ ။
စာတစ်ပုဒ်
ကိုပင် ဖြောင့်အောင် မရေးတက်သော ကျနော် မှာ မတန်မရာ စိတ်ကူးကို
“
စမ်းကြည့်မည်” … ဟု တွေးကာ အသက်ကြီးလာ လေလေ ချာ လေလေ ဖြစ်သော ကျနော် ၏ ဦးနှောက်
ကို လက်ပူတိုက် ၍ ရှာဖွေ ရသမျှ စာဆိုတော်ကြီးများ ၏ ရတုကဗျာ များကို အတုယူ ကာ စကြာရတု
တစ်ပုဒ် ရေးမိပါတော့ သည် …။
နှစ်ရက်
ခန့် ကြာသော အခါ “ ပိုဒ်စုံစကြာ ရတု ” (သုံးပိုဒ် ရှိသောကြောင့် … ပိုဒ်စုံ ၊ ထပ်ဆင့် ဖွဲ့ ဆိုသောကြောင့် စကြာ …. ထို့ ကြောင့် ပိုဒ်စုံစကြာ
ဟု ကိုယ့်ဘာသာ ပေးလိုက်ခြင်းသာ) တစ်ပုဒ် ကို အောင်မြင်စွာ ရေးဖွဲ့ နိုင်ခဲ့ပါသည် ။
ကဗျာ
လေး ၏ နာမည် ကိုတော့ “ ပန်းရတု ” ဟုအမည်းပေးခဲ့ပါသည် … ကျနော် ကဗျာ မှာ
အောက်ပါအတိုင်း ဖြစ်ပါတော့ သည် ….။
ပန်းရတု
ပန်း
လှ ဝတ်ဆံ ၊ ပန်းဖူး ပန်းပွင့်
ပန်းဖြူ ရောင်နှော ၊ ပန်းပွင့်
တစ်သိုက်
ပန်း .. ပန်း .. ထပ်လည်း
၊ ပန်း သစ္စာတည်
ပန်း ၌ သာစွဲ ….
ပန်း ခ နန်းစံ ၊ ပန်း လှ
စံပျက်
ပန်း နံ့ ရယ်ပြေ ၊ ပန်း ပွင့်
ရယ် ခြောက်
ပန်း နွယ် တောဖြစ် ၊ ပန်း
လှ ပျက်လည်း
ပန်း ၌ သာစွဲ ….
ပန်း ပျိုးလက် မို့  ၊ ပန်း အလှ ကို
ပန်း ထက် မြတ်နိုး ၊ ပန်း
လှ ပွင့်စေ
ပန်း အတွက် သာ ၊ ပန်း ပန် တော့ပါ
ပန်း ချယ်ရီ ငယ် …..
…
မောင်ဘုန်း
ကိုးကား
စာရေးဆရာ မောင်သာနိုး ရေးသော ဂ န္ထဝင် မြန်မာ့ ကဗျာ
စာရေးဆရာ ဦးဖေမောင်တင် ရေးသော မြန်မာ့ စာပေ သမိုင်း
online စွယ်စုံကျမ်း မှ ရတု ရှင်းလင်းချက်
အထက်ပါ စာအုပ်များ ကို ကိုးကား ၍ ကျနော် ၏ ထင်မြင်ချက် သက်သက် ကို ရေးသားမိပါသောကြောင့် တခြားသော ကျမ်း စာပေ သို့ မဟုတ် တစ်စုံ တစ်ခု လွဲ မှား နေပါ လျှင် ကျနော် ၌ သာ တာဝန် ရှိပါသည်
မောင်ဘုန်း