အားလုံးပဲ
မင်္ဂလာပါ ဗျာ ။ ဒီနေ့  အလုပ်ထဲမှာ ဟိုဟိုဒီဒီပြောရင်းက ယောက်ျားတွေမှာ ဘုန်းရှိတယ်ဆိုတဲ့
အကြောင်းပြောမိပါတယ် ။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး ။ ပြောနေတဲ့သူတွေအားလုံး က ယောက်ျားတွေဆိုတော့
ဘုန်းရှိတယ်ဆိုတာကို အားလုံးလက်ခံကြပါတယ် ။ ကျနော်တို့  ငယ်ငယ်ကတည်းက မိဘတွေသွန်သင်ဆုံးမ
ထားတာတွေကလည်းရှိတယ်လေ ။ ထမီတန်းအောက်တို့  ၊ အိမ်အောက်တွေဆိုရင်မဝင်ရဘူး ယောက်ျားလေး ဆိုတာ ဘုန်းရှိတယ်တဲ့ ။ လိုရင်းကိုပြောရရင်
မြန်မာ အမျိုးသားတွေကို ဘုန်းရှိတယ်လို့ ပြောရင် အားလုံး ကန့် ကွက် မည့်သူမရှိလောက်ပါဘူးလို
့ထင်ပါတယ် ။
ကျနော်
ကိုယ်တိုင်လည်း ယောက်ျားဆိုတော့ ဘုန်းရှိတယ် ဆိုတာလက်ခံပါတယ် ။ ဘာကြောင့် ကျနော် တို
့ ယောက်ျားတွေက အလိုလို ဘုန်းရှိနေတာလည်းလို့  ငယ်ငယ်ကတော့ တစ်ခါမှ မတွေးမိခဲ့ပါဘူး ။
အရွယ်ရောက်လာတော့ တွေးမိပါတယ် ။ ဘာကြောင့်များအလိုလို ဘုန်းရှိနေတာလည်းပေါ့ ။ နောက်တစ်ခုက
ဘုန်းရှိတယ်ဆိုတာ တစ်ကယ်ပဲလား ဒါမဟုတ် ရိုးရာအစဉ်အဆက် ယုံကြည်ခဲ့လို့  ကျနော်တို့ တွေ
မိမိကိုယ်ကို ဘုန်းရှိတယ်လို့ များ ထင်နေတာများလားလို့  တွေးကြည့်မိပါတယ် ။
ဗုဒ္ဓဘာသာ
စာပေထဲမှာပဲကြည့်ကြည့် ၊ မြန်မာ့ရာဇဝင် စာပေထဲမှာပဲကြည့်ကြည့် ယောက်ျားတွေမှာ ဘုန်းရှိတယ်ဆိုတာ
အထင်အရှားကို တွေ့ ရပါတယ် ။ စာပေတွေထဲမှာ ယောက်ျားတွေဟာ ဘုန်းတန်ခိုးရှိတယ် ။ ဘုန်းကျက်သရေ
ရှိတယ် … စတဲ့အရေးအသားများကိုတွေ့ ရပါတယ် ။ မြန်မာစကားပုံတစ်ခုမှာ “ ယောက်ျားတို့ ဘုန်း
လက်ရုံး မိန်းမတို့ ဘုန်း ဆံထုံး ” လို့ ဆိုတဲ့ စကားပုံတစ်ခုမှာတော့ ဆံထုံးရှိတဲ့ အမျိုးသမီးတွေဟာ
ကျက်သရေ ရှိတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ် ။ ယောက်က်ျားတွေလို ဘုန်းရှိတာကို ဆိုလိုခြင်းမဟုတ်ပါဘူး
။ ယနေ့ အချိန်မှာတော့ ဘုန်းရှိတယ်လို့  ဆိုတဲ့စကားရပ်ကို တန်ခိုး ရှိတယ် ၊ ကျက်သေရေ
ရှိတယ် ဆိုတာထက် မြင့်မြတ်တယ်လို့ ပဲ အားလုံး နားလည်လက်ခံထားတာတွေ့ ရပါတယ် ။ ဆိုလိုချင်တာက
ယောက်ျားတွေ ဘုန်းရှိတယ်ဆိုတာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မြင့်မြတ်တယ် လို့ 
အဓိပ္ပါယ်ရပါတယ် ။
ဟုတ်ပါပြီ
… ။ ကျနော် တို့ ယောက်ျားတွေဟာ အမျိုးသမီးတွေ
ထက်မြင့်မြတ် ပါတယ် ။ တနည်းဆိုရရင် ဘုန်းရှိပါတယ် ။ ဘာလို့ များ အလိုလို ဘုန်းရှိနေတာလည်း …. ???? ။
ဒီနေရာမှာ ရိုးရာအစဉ်အဆက် ယုံကြည်မှု ကိုခဏလောက်မေ့ထားပြီး
တွေးကြည့်ရအောင်နော် … ။ လူတစ်ယောက်မွေးဖွားလာတာချင်းတူတူ ယောက်ျားတွေကမှ ဘုန်းရှိတယ်
တယ်လို့  ဆိုရင် လက်ခံနိုင်မလား … ။ လက်မခံဘူး
လို့ မပြောရင်တောင် နည်းနည်းလေးတော့ တွေဝေသွားမှာပါ ။ ကျနော် အထင်ပြောတာပါ ။
ကျနော်
ပတ်ဝန်းကျင်မှ ဘုန်းရှိပါတယ်ဆိုတဲ့ သူတစ်ယောက်အကြောင်းပြောပြချင်ပါတယ် ။ လွန်ခဲ့တဲ့
သုံးလလောက်က ကောင်မလေးတစ်ယောက်နဲ့  living
together နေကြပါတယ် ။ ကောင်မလေး မှာ ကောင်လေးအပေါ်ယုံကြည်လွန်းသဖြင့် အလုပ်မှထွက် ၊
overstay လုပ်ကာ ကောင်လေးအလုပ်ရှိရာ ဒေသမှာ လိုက်ပါနေထိုင်ခဲ့ပါတယ် ။ ဘာမှအဆင်သင့်
မဖြစ်သေးတဲ့ ဘဝတစ်ခုကို လက်တွေ့ ရင်ဆိုင်တဲ့အခါ အခက်အခဲတွေအများ ရှိနေတက်တာပေါ့ ။ အဆိုးဆုံးက
ကောင်းမလေးဖြစ်သူဟာ ကျန်းမားရေးမကောင်းတဲ့ ကြားထဲကမှ ကိုယ်ဝန်လွယ်ထားရပြန်ပါတယ် .။
တစ်နေ့ မှာ သူတို့ နှစ်ဦး ငွေကြေးကိစ္စတစ်ခုကို အခြေပြုပြီး စကားများကြပါတယ် ။ ကြီးကြီးကျယ်ကျယ်
မဟုတ်ပါဘူး ။ အဲ့ဒါကိုအကြောင်းပြုပြီး ကောင်းလေးက ဖြစ်ဖြစ်ခြင်း နှစ်ရက်တိတိ ကောင်းမလေးရှိရာ
အိမ်ကို မပြန်ပဲ နေလိုက်ပါတယ် ။ သုံးရက်မြှောက်တဲ့နေမှာတော့ ပျောက်သွားပါလေရောဗျာ
.. ။
ဒီလိုနဲ့ ပေါ်လာနိုးစောင့်ရင်း နီးရာရဲစခန်းတွေမှာ ရှာ ဟိုရှာဒီရှာနဲ့  ပတ်ဝန်းကျင်ကပါ မနေနိုင်တော့ပဲ လိုက်ရှာရတာပေါ့ ။ နောက်ဆုံးသတင်းရလိုက်တာက မြန်မာပြည်ပြန်သွားပါပြီတဲ့ … ။ ဒီကောင်လေးဟာ မြန်မာပြည်မှာလည်း တရားဝင် ဇနီးမယားရှိ သတဲ့ ။ အဲ့ဒါအပြင်အခုလို living together နေတာဟာ သူ့အတွက် ဒုတိယ အကြိမ်ဖြစ်ပါသတဲ့ … ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း သနားပြီးကောင်မလေးအတွက် တက်နိုင်သလောက်ကူညီပေးတဲ့ သူတွေရှိသလို … “ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး ” ဆိုပြီး ပြောတဲ့သူတွေလည်းရှိပါတယ် ။ ဒီဖြစ်ရပ်လေးရဲ့ အဆုံးမှာတော့ ကောင်းမလေးအတွက် နောင်တတွေရယ် ၊ ကိုယ်ဝန် ၅ လ ရယ်ကျန်ခဲ့ပါတယ် ။ဒီဖြစ်ရပ်လေးကို ကြည့်မယ်ဆိုရင် “ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် ” လို့ ဆိုပင်မဲ့ ဘုန်းရှိပါတယ်ဆိုတဲ့ ယောက်ျား တစ်ယောက်အနေတော့ ဘယ်လိုမှ မသင့်တော်ဘူးလို့ ဆိုရင် အားလုံးလက်ခံလောက်ပါတယ် ။
ဒီလိုနဲ့ ပေါ်လာနိုးစောင့်ရင်း နီးရာရဲစခန်းတွေမှာ ရှာ ဟိုရှာဒီရှာနဲ့  ပတ်ဝန်းကျင်ကပါ မနေနိုင်တော့ပဲ လိုက်ရှာရတာပေါ့ ။ နောက်ဆုံးသတင်းရလိုက်တာက မြန်မာပြည်ပြန်သွားပါပြီတဲ့ … ။ ဒီကောင်လေးဟာ မြန်မာပြည်မှာလည်း တရားဝင် ဇနီးမယားရှိ သတဲ့ ။ အဲ့ဒါအပြင်အခုလို living together နေတာဟာ သူ့အတွက် ဒုတိယ အကြိမ်ဖြစ်ပါသတဲ့ … ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း သနားပြီးကောင်မလေးအတွက် တက်နိုင်သလောက်ကူညီပေးတဲ့ သူတွေရှိသလို … “ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး ” ဆိုပြီး ပြောတဲ့သူတွေလည်းရှိပါတယ် ။ ဒီဖြစ်ရပ်လေးရဲ့ အဆုံးမှာတော့ ကောင်းမလေးအတွက် နောင်တတွေရယ် ၊ ကိုယ်ဝန် ၅ လ ရယ်ကျန်ခဲ့ပါတယ် ။ဒီဖြစ်ရပ်လေးကို ကြည့်မယ်ဆိုရင် “ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် ” လို့ ဆိုပင်မဲ့ ဘုန်းရှိပါတယ်ဆိုတဲ့ ယောက်ျား တစ်ယောက်အနေတော့ ဘယ်လိုမှ မသင့်တော်ဘူးလို့ ဆိုရင် အားလုံးလက်ခံလောက်ပါတယ် ။
ကျနော်
အထက်မှာပြောခဲ့သလို ကျနော် တို့ ယောက်ျားတွေဟာ
ရိုးရာအစဉ်ဆက် မိမိကိုယ်ကို ဘုန်းရှိတယ်လို့  ယုံကြည်ခဲ့ပါတယ် ။ တနည်းပြောရရင် မွေးလာကတည်းက
အလိုလို ပါလာတာပေါ့ ။ ဒါပင်မဲ့ ဘုန်းရှိပါတယ် ဆိုတဲ့ ယောက်ျားတချို့  လုပ်ရပ်ကြောင့်
ကျနော်တို့ မှာ အလိုလိုနေရင်း ဘုန်းရှိတယ်ဆိုတာ သံတယ ဖြစ်လာမိပါတယ် ။ တစ်ကယ်သာ ဘုန်းရှိတယ်ဆိုရင်
အထက်ပါ လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ပါဘူး… ။
ကျနော်
ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်တိုင်းမှာ အထက်ပါ ဖြစ်ရပ်မျိုးတွေ မကြာမကြာတွေ့ ရပါတယ် ။
ဒါကြောင့် ကျနော် တို့  ယောက်ျားတွေမှာ မွေးလာကတည်းက အလိုလို ဘုန်းရှိတယ် ဆိုတဲ့ ရိုးရာအစဉ်ဆက်
ယုံကြည်မှု့  ကိုကျနော် အနေနဲ့  တော့ လက်ခံမို့ တော်တော်ကို အခက်တွေ့ ရပါတယ် ။
ကျနော်
တို့ မှာ ဘုန်းရှိပါတယ် …. ။ ဒါမင်မဲ့ ကျနော် တို့  ကိုယ်တိုင်ဘုန်းရှိအောင်နေထိုင်မှ
ဘုန်းရှိမှာ ဖြစ်ပါတယ် ။ ဒါဟာ ကျနော် တို့ ယောက်က်ျားတွေ အတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပါပဲ
။ အမျိုးသမီးတွေ ဘယ်လိုပဲ ဘုန်းရှိအောင်နေ နေ ဘုန်းရှိတယ် သတ်မှတ်ခံရမှာ မဟုတ်ပါဘူး ။ ကျနော်
တို့ ကတော့ ဘုန်းရှိအောင် နေရင် ဘုန်းရှိတယ်လို့  သတ်မှတ်ခံရမှာပါ ။
နယူတန်က
တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ သီအိုရီကို တွေ့ ရှိခဲ့တာ ရာစုနှစ်တွေကြာခဲ့ပါပြီ ။
နယူတန်ဆိုတာ မမွေးခင်ကတည်းက ကျနော်တို့  ဗုဒ္ဓမြတ်စွာဘုရားက ကံ ကံ၏အကျိုးဆက်နှင့် ဝဋ်လည်တက်တယ်ဆိုတာ
တရားတော်တွေထဲမှာ ဟောကြားထားပြီသားဖြစ်ပါတယ် ။ သဘောတရားတူတူပဲနော် …. ။
ဖြူစင်တဲ့ သတိုးသမီးကိုလိုချင်ရင် မိမိကိုယ်တိုင်
ဖြူစင်သင့်ပါလား ….
မြတ်နိုးတန်ဖိုးထားခံစေချင်ရင်
မိမိကိုယ်တိုင် မြတ်နိုးတန်ဖိုးထား တက် သင့်ပါလား …
အချစ်စစ်အချစ်မှန်
ကိုလိုချင်ရင် မိမိကိုယ်တိုင် အချစ်စစ်အချစ်မှန် ရှိသင့်ပါလား …. ။
မြန်မာစကားပုံတွေထဲက “ ယောက်ျားကောင်း မောင်းမ တစ်ထောင် ” …. “ အသားမစားတဲ့ကျားမရှိဘူး
” …. စတဲ့ စကားပုံတွေဟာ ဘုန်းရှိပါတယ် မြင့်မြတ်ပါတယ် ဆိုတဲ့ ရိုးရာအစဉ်အဆက် ယုံကြည်မှု
နဲ့  ကိုက်ညီပါလား … ။ တစ်ခုခုတော့လွဲနေပြီလို့  ထင်မိပါတယ် ။ သေချာတာကတော့ ကျနော်တို
့ မှာ ဘုန်းရှိပါ …. အလိုလိုပဲရှိနေတာလား …… ဒါမှမဟုတ် ……. …….
………………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………………
……………………………………………………………………………………………………………… ဘုန်းရှိပါတယ်
။
ဓာတ်ပုံကို google မှ ရယူခဲ့ပါသည် ။
မောင်ဘုန်း
comment ဘာလို့  ရေးလို့ မရပါလိမ့်
ReplyDeleteဖြူစင်တဲ့ သတိုးသမီးကိုလိုချင်ရင် မိမိကိုယ်တိုင် ဖြူစင်သင့်ပါလား ….
ReplyDeleteမြတ်နိုးတန်ဖိုးထားခံစေချင်ရင် မိမိကိုယ်တိုင် မြတ်နိုးတန်ဖိုးထား တက် သင့်ပါလား …
အချစ်စစ်အချစ်မှန် ကိုလိုချင်ရင် မိမိကိုယ်တိုင် အချစ်စစ်အချစ်မှန် ရှိသင့်ပါလား …. ။
စာသားလေးတွေမှတ်သားဖတ်ရှုသွားပါတယ်။
သိပ်ကောင်းတဲ့စာလေးဘဲ..အားပေးနေပါတယ်မောင်ဘုန်းေ၇..
ReplyDeletei like the article expect this sentence "အမျိုးသမီးတွေ ဘယ်လိုပဲ ဘုန်းရှိအောင်နေ နေ ဘုန်းရှိတယ် သတ်မှတ်ခံရမဟုတ်ပါဘူး".
ReplyDeleteဘုန်းဆိုတဲ့ဝေါဟာရကိုသင်ဘယ်လိုနားလည်လဲတော့မသိဘူးတကယ်တော့ဘုန်းဆိုတာကုသိုလ်ကိုဆိုလိုတာပါယောင်္ကျားဖြစ်စေ၊မိန်းမဖြစ်စေကုသိုလ်ရှိရင်ဘုန်းရှိတာပါ
ReplyDelete