Pages

Tuesday, August 30, 2011

ကားအရောင် ရွေးချယ်ခြင်း

ကျနော် blog မှာ ကားဆေးမှုတ်တဲ့ ပညာ နဲ့  ကားဆေးအရောင်တွေ အကြောင်း ကို ကျနော် သိသလောက်လေး ရေးပြပေးပါမယ် …။


ရေးရတဲ့ ကြောင်းကတော့ google မှာ မြန်မာလိုရေးတဲ့ ကား အကြောင်းနည်းနေတာလည်းတွေ့ ရလို့ 
မြန်မာ blog များကြောင်းရာစုံအောင် ဖြည့်ဆည်းတဲ့ အနေနဲ့ ရေးချင်တာရယ် …
တခြားအကြောင်းလည်း ဘာမှမရေးတက်တာရယ် …. ကြောင့် ပါ …

ကျနော် စာမရေးတက်တဲ့အတွက် စိတ်ဝင်စားလို့ မရှင်းတာများရှိရင် ကျနော် အားပြန်မေးခဲ့ပါနော်

ကဲ စမယ်ဗျာ …..

တန်ဖိုးကြီးတဲ့ ကားတစ်စီး ကိုဝယ်ပြီး အင်ဂျင်ကောင်းပါရဲ့ နဲ့  ဆေးအရောင်းက ကိုယ့်လက်ထဲရောက်မှ ခဏလေး ပျက်စီးသွားတက်ပါတယ် …. ဒါဟာ ကားဝယ်စဉ်က ကားဆေးအရောင်းအကြောင်းကို သေသေချာချာ မသိခဲ့လို့ ပါပဲ ….
သာမန်ကားတစ်စီးရဲ့ ဆေးရောင်ဟာ စက်ရုံက ထုတ်ပြီး အသုံးပြုသူ လက်ထဲမှာ ၅ နှစ်ကျော် အရောင်တောက်နေဆဲပါ ….
ဆိုလိုတာကတော့ အော်(origin) ဆေးဟာ ၅နှစ်ခံတယ်ပေါ့ဗျာ …. ဒါပင်မဲ့ ဆေးအရောင်းတိုင်း ၅ နှစ် မခံပါဘူး
တချို့ အရောင်ဆို တစ်နှစ်လောက်ပဲ ခံ ပြီး အရောင်ကျသွားတက်ပါတယ် …… ဒါဆိုရင် …ဘယ်အရောင်တွေက ကြာကြာခံပြီး ဘယ်ရောင်တွေက ပျက်စီးလွယ်တက်လည်းဆိုတာ ကျနော် ဆက်ရေးမယ်နော် …

များပြားလှတဲ့ ကားဆေးအရောင်တွေကို ကျနော် ပြောတဲ့နေရာမှာ အဓိက အရောင်အုပ်စု နှစ်ခုကို ပြောပြမှာ ဖြစ်ပါတယ် … အလုပ်မှာ သုံးတဲ့ အရောင်ကုတ် တွေကို ပြောရင်လည်း စာဖတ်သူ နာလည်မို့ ခက်နေမှာဆိုးလို့ 
အဓိက အရောင်အုပ်စု နှစ်ခုကိုပဲ ကျနော် ရေးသားသွာပါမယ် ….။

ခြေခံအရောင် နှစ်မျိုးရှိတာတော့ အားလုံးသိမှာပါနော် … RGB လို့ ခေါ်တဲ့ အဖြူရောင်ကို အခြေခံ တဲ့ အရောင်နဲ့  CMYK လို့ ခေါ်တဲ့ အနက်ရောင်ကို ခြေခံတဲ့ အရောင်ဆိုပြီ နှစ်ရောင်ရှိပါတယ် …..

RGB အရောင်အုပ်စုတွေဟာ ခြေခံ အဖြူရောင်ဖြစ်တဲ့ အတွက် အပူ ၊ အအေး ဒဏ်ကို ခံနိုင်ရည် ရှိပြီ ဆေးအရောင် ကြာရှည် ခံတက်ပြီ CMYK ရောင်အုပ်စုတွေကတော့ အပူစုတ်ယူမှု့ များတာကြောင့် အရောင်ကျလွယ်ပါတယ် …။

နောက်ပြီ ကားဆေးမှုတ်တဲ့နေရာမျာလည်း RGB ကို အရောင်သေ လို့ ခေါ်ဆိုပြီ CMYK ကိုတော့ အရောင်ရှင် အဖြစ် သတ်မှတ်ထားပါတယ် … ဆိုလိုတာက RGB အရောင်အုပ်စုတွေဟာ အရောင်သေ ဖြစ်တဲ့ အတွက် အလွယ်တကူ ဆေးပြန်မှုတ်လို့ မရပါ ဥပမာ .. RGB အုပ်စုဖြစ်တဲ့ အနီရောင်ကားကို ဆေးမှုတ်ပြီ တစ်နှစ်အတွင်း မည်သည့်ရောင်မှ ပြောင်းလှဲ ပြန်မှုတ်လို့ မရပါဘူး (ရအောင်မှုတ်တယ်ဆိုရင်လည်း မလုပ်သင့်တဲ့အရာပါ ) … ဆေးသေဖြစ်တဲ့အတွက် အရောင်မအုပ်  လို့ ပါ ..။ CMYK အုပ်စုကတော့ အရောင်ရှင် ဖြစ်တဲ့အတွက် အလွယ်တစ်ကူ ဆေးမှုတ်ပြီး လပိုင်းအတွင်းမှာပင် ပြန်ပြီးဆေးရောင်ပြောင်းလို့ ရပါတယ် …။

RGB အရောင်အုပ်စု

RGB ဆိုတာအားလုံးသိတဲ့အတိုင်းပါပဲ အနီရယ် အစိမ်းရယ် အပြာရယ် ကို ပေါင်းစပ်ရင် အဖြူရောင်ရလာပါတယ် …. အေ၇ာင် တန်ဖိုး မြင့်လေ အဖြူရောင်နှင့် နီးလေပေါ့ …
RGB အုပ်စုတွေထဲမှာ မှ အဖြူရောင် နှင့် ငွေမှင် ရောင် ဟာ ကားတစ်စီးဆေးရောင်ကို ပိုမိုကြာရည်ခံနိုင်တဲ့ စွမ်းရည်ရှိပါတယ် … ( ငွေမှင်ရောင်ဆိုတာ RGB အုပ်စုပါ RG တန်ဖိုးကို အမြင့်ဆုံထားပြီ B တန်ဖိုး အနည်းငယ်လျော့လိုက်ရင် ငွေမှင်ရောင် ရလာပါတယ် )
တိုယိုတာက ထုတ်တဲ့ ငွေမှင်ရောင် ကားတွေကို ၆နှစ်ထိအာမခံပေးထားတယ်နော် ….
သူငယ်ချင်းတို့ က RGB အုပ်စုထဲက မိမိကြိုက်တဲ့ ကားအရောင်ကို ဝယ်မယ်ဆိုရင် စဉ်းစားစရာ တစ်ရောင်ပဲရှိပါတယ် ….
အနီရောင်ပါ ….. ကားတွေထဲမျာ အနီရောင်ဟာ RGB အုပ်စုထဲပါလို့  အရောင်ကြာရှည်ခံပါတယ် …. ဒါပင်မဲ့
ကိုယ်က နှစ်ရှည်လမျာသုံးစွဲမယ်ဆိုရင် ၅နှစ်ကြာ ရောင်ကျသွာလို့ ဆေးပြန်မှုတ်မယ်ဆိုရင်ရင် ….
အနီရောင် ဟာ တခြားရောင်ပြောင်းလှဲ မို့  မကောင်းတဲ့ အရောင်ပါ …
အနီရောင်ကားတစ်စီးဝယ်ပြီးသွားရင်တော့ နောက်ထပ်ဆေးပြန်မှုတ်ရင် အရောင်မပြောင်းပဲ အနီရောင်ပဲပြန် မှုတ်သင့်ပါတယ် …. ဘာကြောင့်လည်းဆို၇င် … အနီရောင်ဟာ ဆေးပြန်မှုတ်ရင် RGB အုပ်စုမှ အရောင်တွေကို လုံးဝ လက်မခံပဲ အရောင် မအုပ်တဲ့ အစွမ်းသတ္တိ ရှိလို့ ပါ …. ( အရောင်အုပ်အောင် မှုတ်မယ်လို့ ဆို၇င်လည်းရပါတယ် ဒါပင်မဲ့ တစ်နှစ်တောင်ခံမှာမဟုတ်ပဲ ကားတစ်စီးလုံး ဆေးရောင်ပျယ် တယ်ဆိုတဲ့ အဆင့်ကိုရောက်သွားပါလိမ့်မယ် … ဆေးရောင်ပျယ်ခြင်း ကို ဆက်လက်ရေးတဲ့အခါမှ ပဲ အသေးစိတ်ရှင်းပြပါမယ် )

ကျနော် အထက်မှာရေးခဲ့ပြီပြီနော် … RGB ဆိုတဲ့ အရောင်တန်ဖိုး မြင့်လေ အဖြူရောင်နှင့်နီးလေပဲနော် …ဒါဆိုရင် အနီရောင် အ၇င့် နှင့် အနီရောင် အနု ဆို၇င် … RGB အုပ်စုတွေထဲကမှ အနီရောင် အနုဟာ ရည်ရှည်အသုံးပြုမဲ့ ကားဆိုရင် ရွေးချယ်မို့ စဉ်းစားရမဲ့ အရောင်တစ်ခုပါ ….

CMYK အရောင်အုပ်စု

သူငယ်ချင်းတို့ က ကားတစ်စီးပြီးတစ်စီး ထပ်လှဲစီးနိုင်တဲ့ သူဆိုရင်တော့ အရမ်းကောင်းတဲ့အရောင်ပါ ..
ဘာဖြစ်လဲနော် … ကားတစ်စီးကို တစ်နှစ်လောက် စီးပြီး အရောင်ကျသွားရင် နောက်တစ်စီးပေါ့ ….:D
ဥပမာ … အနက်ရောင် ဆိုရင် သာမာန်ရောင်တွေထက် အများကြီး ပိုတောက်ပပြီး ရောင်ထွက်စေပါတယ်
CMYK အရောင်တွေထဲမှာမှ အဝါရောင်အုပ်စုဟာ CMYK အုပ်စုတွေထဲမှာ ဆေးရောင်ပိုကြာရှည်ခံပါတယ် ဥပမာ အဝါရောင် တန်ဖိုး အသင့်တင့်နဲ့ ရောစပ်ထာတဲ့ ရွှေအိုရောင် ဆိုရင်  RGB ရောင်တွေလောက်ကို
ကြာရှည်ခံပါတယ် …. အောက်က ပုံကို ကြည့်ပါ ….





ဒီအရောင်ဟာ CMYK အုပ်စု ထဲမှ အဝါရောင်ကို ခြေခံ ပြီ Modifies လုပ်ထားတဲ့အရောင်ပါ … (မဟုတ်ပါဘူးမောင်ဘုန်းရယ် သေချာကြည့်ပါအုံး အနီရောင်ကို ခြေခံထားတာဆို ခက်ပြီနော် ...ကျနော် လည်း ကားဆေးရောင်းတွေ အကြောင်းမသိခင်က ဒီအရောင်ဟာ အနီရောင်ကို ခြေခံတယ်လို့ ထင်ပါမိပါတယ်) 

မြန်မာလိုဆို ရွှေအိုရောင် လို့ ခေါ်မလာ ..ပေါ့နော် … လွဲနေမလားမသိ … ဒီလို modifies ရောင်တွေကို မြန်မာလိုခေါ်ရတာ နည်းငယ်ခက်လို့ ပါ ….

နောက်ပြီ CMYK ရဲ့ ကောင်းမွန်တဲ့ အချက်က Colour Effect  ကို ရာနှုန်းပြည့် တောက်ပ စေပါတယ်
Colour Effect ဆိုတာ အဝေးကကြည့်ရင်အရောင်တစ်မျိုး အနီးကပ် ကြည့်ရင် ရောင်တစ်မျိုး ဖြစ်စေတာကို ပြောတာပါ … ( Colour Effect အကြောင်း ရေးတော့မှပဲ သေချာ ရှင်းပြပါမယ် )
အပေါ်ကပုံနဲ့ အခု အောက်က ပုံနဲ့ ကို ကြည့်ရင် အရောင်မတူဘူးလို့ ထင်ရပါလိမ့်မယ် …. တစ်ကယ်တော့ တူတူပါပဲ … Colour Effect ကြောင့် သာ လွဲနေတယ်လို့ ထင်ရတာပါ …




အားလုံးပဲ ဒီလောက်ဆို ကိုယ်ဝယ်မဲ့ကားကို အရောင်ရွေးမို့ အတွက် နည်းနည်းတော့ အဆင်ပြေသွားမယ်လို့ မျော်လင့်ရပါတယ် ….
ကျနော် ရေးခဲ့ မရှင်းရင် ပြန်မေးလို့ ရပါတယ် … c box မှာ ဖြစ်ဖြစ် comment မှာဖြစ် ရေးခဲ့လို့ ရပါတယ်နော် ….

မောင်ဘုန်း



3 comments:

  1. ငယ်လေးရေ

    အရောင်တွေ အကြောင်းကိုပို သဘောပေါက်သွားတယ် အမ မာစီးဒီး ကားဝယ်တော့ မှာဘဲ ထပ်ဆွေးနွေးတော့ မယ် ဒီကြားထဲလည်း ဗဟုသုတ ရအောင် ပိုစ့် လေး တွေ ဆက်တင်ထားနော်

    ReplyDelete
  2. (အနီရောင်ကားတစ်စီးဝယ်ပြီးသွားရင်တော့ နောက်ထပ်ဆေးပြန်မှုတ်ရင် အရောင်မပြောင်းပဲ အနီရောင်ပဲပြန် မှုတ်သင့်ပါတယ် …. ဘာကြောင့်လည်းဆို၇င် … အနီရောင်ဟာ ဆေးပြန်မှုတ်ရင် RGB အုပ်စုမှ အရောင်တွေကို လုံးဝ လက်မခံပဲ အရောင် မအုပ်တဲ့ အစွမ်းသတ္တိ ရှိလို့ ပါ …. ( အရောင်အုပ်အောင် မှုတ်မယ်လို့ ဆို၇င်လည်းရပါတယ် ဒါပင်မဲ့ တစ်နှစ်တောင်ခံမှာမဟုတ်ပဲ ကားတစ်စီးလုံး ဆေးရောင်ပျယ် တယ်ဆိုတဲ့ အဆင့်ကိုရောက်သွားပါလိမ့်မယ် )..... ကိုဘုန်းရေ...ဒါလေးတော့မှားနေတယ်...........................................................ကိုဘုန်းပြောတဲ့အနီကို ဆေးမအုပ်ဘူးဆိုတာ အဲဒီဆေးအနီက ပေါင်းဆေး အရောင်လွင့် ပြောရရင်သက်တမ်းကုန်ပြီး ဆွေးနေတာပါ ပက်ကြားမအက်သေးပါဘူး..အဲဒါဆိုလုံးဝမရပါဘူး..2k ဆိုရင် ရပါတယ်... ဒါပေမဲ့သူ့ကို ခံဆေး(clear ခံဆေးလုံးဝမရပါ..)သေချာမှုတ်ပြီး ဆေးပြန်မှုတ်မယ်ဆိုရင် သေချာပေါက်ရပါတယ်...အရောင်လည်းမပြယ်ပါဘူး... အခုနောက်ပိုင်း မော်ဒယ်မြင့်ကားအနီရောင်တွေကတော့ 2k ပဲဖြစ်ဖြစ် ပေါင်းဆေးပဲဖြစ်ဖြစ် ဆေးအသစ်တွေက ခံဆေးမလိုပါဘူး ..ရပါတယ်... ဆရာလုပ်တယ်မထင်ပါနဲ့...မျှဝေတာပါ..... အမြဲအားပေးနေပါတယ်

    ReplyDelete
    Replies
    1. တစ်ခုခုတော့ လွဲ နေပြီ ထင်ပါတယ် ... အခုလို အမြဲ အားပေးအတွက် အတိုင်း မသိ ကျေးဇူး တင်မိပါတယ် ။

      2k အနီ ရောင် ကို အနီ ရောင် ထပ်မှုတ်ရင် ..... ဥပမာ signal red 396 - 437 ဆိုပါတော့ ဗျာ ... ဆေးမှုတ်ပြီးရင် signal red 396 - 437 ကို ပြန်မရတော့ပါဘူး ။ နည်းတော့ လွဲ သွားပါတယ် ။
      putty များလို့  ဆေးကို နှစ်ထပ် ထက်ပိုပြီး မှုတ်မယ် ဆိုရင် ပိုလို့  တောင်လွဲသွားပါတယ် ။

      နောင်တော် ပြောသလို ပေါင်းဆေး ဆိုရင် လုံးဝ မရတော့ ဘူးဆိုတာတော့ ... ဟုတ်ပါတယ် လို့  ပြောရမှာပဲ .... ဒါပင်မဲ့ ရအောင်လုပ် မယ် ဆိုရင် လည်း ဖြစ်ပါတယ် ။ ဥပမာ အနီ ရောင် ကို ပျယ်စေတဲ့ .... 396- 431 (ပန်းရောင် အဖြူ + အနီ ) ကို ခံပြီ လုပ် ဆို၇င် ရပါတယ် ။

      နောင်တော်ရေ .... ကျနော် လည်း သိသလောက် လေး ၊ လုပ်ဖူး သလောက်လေး ပြန်ပြောမိတာပါ ...။ အခုလို အချိန်ပေးပြီး ရောက်လာပေးတဲ့ အတွက် ဒုတိယ အကြိမ် ကျေးဇူးတင် ပါ တယ် ။

      ကျနော် တို့ ကြားမှာ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ် ။

      ခင်မင်စွာဖြင့်

      မောင်ဘုန်း

      Delete