Pages

Saturday, October 22, 2011

မှားနေတဲ့ အမှန်တရား





အားလုံးပဲ မင်္ဂလာပါ .... လွတ်လပ်စွာ ရေးသာခွင့်ရှိတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ထဲရှိတာလေး တစ်ခုလောက် ပြောပြချင်ပါတယ် ….

ပတ်ဝန်းကျင်မှာလည်း အကြိမ်ကြိမ် တွေ့ နေ မြင်နေရလို့  ရေးချင်တာနဲ့  ရေးမိပါတယ် ….

ဒီနှစ်ထဲမှာ သူငယ်ချင်း တော်တော် များများ အိမ်ထောင်ပြုကြပါတယ် …. တစ်ဦးနှင့် တစ်ဦး အရမ်းချစ်လို့  တကယ်တမ်း လက်ထပ်မယ် လုပ်ရော … ထင်သလောက်မလွယ် တာတွေ တွေ့ ရပါတယ်

အဲလို လက်ထပ်ကြတဲ့ အထဲမှာ သူငယ်ချင်းတစ်ယောက်ကတော့ လက်ထပ်မို့ အားလုံး စီစဉ်ပြီးကာမှ ဘာမဟုတ်တဲ့ အကြောင်းလေးတစ်ခုကြောင့် အခုဆို ချစ်သူအဖြစ်ကနေပါ လမ်းခွဲတဲ့ အဆင့်ကို ရောက်သွားပါတယ် ….အများပြောကြသလို ဖူးစာမပါလို့ ဆိုတဲ့ အကြောင်းပြချက်ကို ကျနော် လက်ခံမို့  အခက်တွေ့ ရပါတယ် …

လူ့ လောကကြီးမှာ တချို့  အမှန်တရားတွေဟာ မှားနေတယ်လို့ မြင်မိပါတယ် … အခုလို ခေတ်မှာ ယောက်ကျား မိန်းမ ခွဲခြားတက်ပါသလားလို့ မေးရင် … မခွဲခြားပါဘူးလို့  အားလုံးဖြေကြမှာပါ …

ခက်တာက တကယ်တမ်း အိမ်ထောင်ပြုမို့  စဉ်းစားတဲ့ အချိန်ကြရင် မျှတမှု့ မရှိတဲ့ ခွဲခြားမှု့ လေး တစ်ခုတွေ့ ရလို့ ပါ … သေချာ စဉ်းစားကြည့်တော့လည်း ဒီအကြောင်းရာကို မတရားဘူးလို့  ဘယ်သူမှ ပြာကြတာ မတွေ့ ပါဘူး … ဒီလိုပါ ….

သတိုးသားလောင်းတော်တော်များများနဲ့  သတိုးသားဘက် အသိုင်းဝိုင်း သတိုးသမီး ကို အဖြူစင်ဆုံးဖြစ်ချင်တဲ့ အကြောင်းပါပဲ … ကျနော် တို့ ယောက်ကျား လေးတွေ ဟာ ကိုယ့်လက်ထပ်မဲ့ သတိုးသမီး ကို အဖြူစင်ဆုံး ဖြစ်စေ ချင်ကြပါတယ် …  အားလုံးပဲနော် … ငါ့  တို့ တော့မပါဘူးလို့ မပြောပါနဲ့ …

ဒါပင်မဲ့ ကိုယ်တိုင် ရော ဖြူစင်ပါသလားလို့  မတွေးမိတက်ကြပါဘူး … သတိုးသမီးနှင့် အသိုင်းဝိုင်းက ဒီသတိုးသားဟာ အိမ်ထောင်မရှိဘူး လို့ ဆိုရင်ပဲ လက်ခံတက်ကြပါတယ် … သတိုးသားကဖြူစင်ပါသလား လူပျိုစစ်ပါသလား ဆိုတဲ့ အတွေးမျိုးမရှိပါဘူး …

သတိုးသားတွေဘက်ကတော့ ကိုယ်လက်ထပ်မဲ့ သတိုးသမီး ဖြူစင်ရဲ့လားဆိုတဲ့ အတွေးမျိုးလောက်ပဲ ရှိပင်မဲ့ … ခက်တာက သတိုးသားထက်ကို သတိုးသားမိဘတွေနဲ့ အသိုင်းဝိုင်းက ဒီသတိုးသမီး ဖြူစင်ပါသလားဆိုတဲ့ မေးခွန်းများစွာမေးတက်ကြပါတယ် … ဒါဟာ ကျနော် တို့ မြန်မာရိုးရာ အစဉ်လာတစ်ခုလိုဖြစ်နေပါပြီ …

သေချာ တွေးကြည့်ပါ .. ကိုယ့်တိုင်က ဖြူစင်တဲ့ သတိုးသမီးကို လက်ထပ်ချင်ရင် ကိုယ်တိုင်ရော ဖြူစင်သင့်ပါသလား … လို့ တွေးကြည့်သင့်တယ်လို့ ထင်ပါတယ် …

ကျနော် တို့ မြန်မာရိုးရာမှာ ယောက်ကျားလေး တစ်ယောက်ဟာ လူပျို ဘဝ ကို ထိန်းသိမ်း ရမယ်လို့ ဘယ်သူကမှ မပြောကြသလို တချို့ ဆို၇င် အခုလို ပြောရင်ပဲ “ မင်းတော့ရှုးသွားပြီး “ လို့  ပြန်ပြောတက်ကြပါတယ် …. ဒီနေရာမှာ နှမချင်းမစာနာ ခက်ညံ့ညံ့ ယုတ်မာတဲ့ သူတွေ ပြောတဲ့ စကားတစ်ခွန်းရှိပါတယ် … “ အသား မစားတဲ့ ကျား မရှိဘူးတဲ့  “ ဒါဟာ ဆင်ခြေပေးတဲ့ စကားတစ်ခွန်းပါ …

မိန်းကလေးတစ်ယောက် အရွယ်ရောက်လာ၇င်တော့ မိဘ ပတ်ဝန်းကျင်း အသိုင်းဝိုင်းက ကိုယ့် ဘဝကိုတန်ဖိုးထားဖြူစင်မို့  အမြဲတည်း သင်ပေးဆုံးမ တက်ကြပါတယ် ….

ပတ်ဝန်းကျင်မှာ ယောက်ကျားလေးတစ်ယောက် ရည်းစားနှစ်ယောက်ရှိရင် ဂုဏ်ယူပြောဆိုတက်ကြပင်မဲ့ … မိန်းကလေး တစ်ယောက် ချစ်သူ တစ်ဦး ပြီး တစ်ဦး ထားရင်ဆိုယုံပဲ ဒီကောင်မလေးက တန်ဖိုးမရှိတော့ဘူးလို့  ကဲ့ရဲ့ပြောဆိုတက်ကြပါတယ် ...

ကျနော် အစ မှာ ပြောခဲ့သလို အားလုံးပဲ အမျိုးသားအ မျိုးသမီး မခွဲခြားဘူးဆိုးရင် .. ဒီလို တော့လွဲမနေသင့်ပါဘူး … အခုတော့ ဒီဖြစ်ရပ်တွေဟာ ရိုးရာလို ဖြစ်နေပါပြီး ….

လောကကြီးမှာ ကိုယ် ယုံကြည့်တဲ့ မည့်သည့်ဘာသာတရားအရပဲ ကြည့်ကြည့် ခေတ်မှီတဲ့ နည်းပညာ အရပဲကြည့်ကြည့် တန်ပြန် သက်ရောက်မှု့ ရှိတယ် ဆိုတာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ …

ကိုယ်တိုင်က ဖြူစင်မှု့ ကို လိုချင်၇င် ကိုယ်တိုင်လည်း လည်းဖြူစင်ရမယ် လေ … တန်ပြန် မှု့ ပဲပေါ့
ကိုယ်တိုင်ဖြူစင်သင့်မှန်း ၊ ဖြူစင်ရကောင်းမှန်း မသိပဲနဲ့  ကိုယ် ချစ်လို့ ဆိုပြီ လက်ထပ်မဲ့ ချစ်သူကို ဖြူစင်ရဲ့ လားဆိုတဲ့ အတွေးမျိုး မရှိသင့်ပါဘူး …

ခက်တာက သတိုးသားလောင်းတော်တော် များများ ဒီ အတွေးမျိုး ရှိနေတက်ပါတယ် .. ဒါ ဟာ ကျနော် ပြောချင်တဲ့ မှားနေတဲ့ အမှန်တရား တစ်ခုပါပဲ ….

မည်သူကိုမှ ရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး … ကျနော် အတွေး တွေ မှားနေတယ်ဆိုရင်လည်း လွတ်လပ်စွာ ပြောလို့ ရပါတယ် …..

ခင်မင်စွာ ဖြင့် ....

မောင်ဘုန်း


10 comments:

  1. ဟုတ်တာပေါ့နော်ကိုယ်တိုင်ဖြူစင်မှုကို
    လိုချင်ရင်တော့ကိုယ်တိုင်လဲ ဖြူရမယ်လေ
    ကိုယ်ကတော့မဖြူပဲနဲ့ သူများကိုတော့ဖြူ
    ခိုင်းလို့ဘယ်ရမလဲ...
    စာရေးအရမ်းကိုကောင်းတယ်....
    ရှယ်ပဲ...
    ခင်တဲ့ jasmine

    ReplyDelete
  2. မှန်လိုက်လေမောင်ဘုန်းရယ်..
    နင့်တော့အားနာပါရဲ့ (အဟဲ)
    ယောကျာင်္းလေးတွေအားလုံးလိုလိုပါပဲ
    ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်ချင်တာဖြစ်မယ်
    လုပ်ချင်တာလုပ်မယ်..အဲ သူတို့ယူမယ့်
    မိန်းမကျရင်လေ..ခြောက်ပြစ်ကင်း..သလဲစင်မှ
    ယူကြတာတော်..(အိမ်ကအစ်ကိုတွေကအစလေ)
    ပြောချင်ပါဘူးဟယ် (အတင်း..အတင်း)
    ယူပြီးရင်ကော..ဘာထူးလဲဟယ်
    ဟိုမသွားနဲ့..ဒီမလာနဲ့..ဘာနဲ..ညာနဲ့
    စုံတကာကိုစေ့နေအောင်..
    တားမြစ်တတ်ကြတာကလား
    သူတို့ကျတော့.အံမယ်..သွားချင်တဲ့ဆီသွား
    စားချင်တဲ့ဆီ..စားတာတော် (မျက်မြင်.မျက်မြင်)
    ငါ့ယောင်းမလေးတွေဆို..သနားပါတယ်ဟယ်
    ဒါကြောင့်ငါ..အပျိုကြီးလုပ်တာပေါ့းP
    ကိုယ့်.အတွက်မကြည့်ပဲ.အမှန်တရားတွေ
    ဖော်ထုတ်ပေးတဲ့အတွက်..ကျေးဇူးအထူးပါ
    မောင်ဘုန်းရေ..
    ချစ်ခင်စွာဖြင့်
    အစ်မသမံစီးး)

    ReplyDelete
  3. ကြိုက်တယ် ဒီစကားလုံး 'မှားနေတဲ့ အမှန်တရားပဲတဲ့'

    ReplyDelete
  4. ဘယ်လိုပြောရမလဲမောင်ဘုန်းရေ
    ဒါဟာလည်း..သဘာဝတရားလို့ဘဲပြောရမလား
    လောကကြီးမှာအဲလိုဖြစ်နေတာ
    ကြာလှပြီဘဲ...စိုင်းထီးဆိုင်း ဆိုဖူးတယ်လေ
    ပျိုတယ် အိုတယ် ဆိုတဲ့ကျဉ်းမြောင်းတဲ့အယူအဆတွေရယ်....

    အဲတာကသီချင်းထဲမှာဘဲရှိတော့တယ်..
    တကယ်တော့ အချစ်ဆိုတာက ကိုယ်ကတကယ်
    ချစ်မြတ်နိုးရင် သူ့ကိုနားလည်ပေးတတ်ရတယ်..
    ယောက်ကျားလေးမှမိန်းကလေးမှမဟုတ်ဘူး..
    တခုတော့ရှိတာပေါ့ ...သိသိကြီးနဲ့ မပြင်ဘဲ
    နေတတ်သလိုနေတဲ့သူတွေကိုတော့
    နားလည်ပေးစရာမလိုဘူးပေါ့ဟာ..

    ယောက်ကျားလေးတွေကျတော့လည်း
    မောင်ဘုန်းပြောသလိုဘဲ .ကိုယ်ကအဖြူရောင်
    ဖြစ်ချင်မှဖြစ်မယ်..ကိုယ်ယူမဲ့အရာကိုကျတော့
    အစွန်းအထင်းမခံချင်ဘူး..
    ဗိုင်းကောင်းကျောက်ဖိ..လိုချင်ကြတယ်..
    မိန်းကလေးတွေကျတော့လည်း ကိုယ်ကဖြူစင်ချင်မှ
    ဖြူစင်မယ်.. ကိုယ်ယူမဲ့အရာကျတော့
    ပညာတတ် ပိုက်ဆံအကုန်အပ်..မိန်းမစကား
    နားထောင်..မရှုပ်မပွေ..
    အဲလိုလူမျိုးဘဲလိုချင်ကြတယ်...
    အော်..သူလည်းလူသားဘဲလေ..အမှားကင်းချင်မှ
    ကင်းလိမ့်မယ်ဆိုတဲ့အတွေးတွေးတဲ့သူ
    နည်းပါတယ်...မိန်းကလေးနဲ့
    ယောက်ကျားလေးယှဉ်ရင် ယောက်ကျားလေး
    တွေကတော့ ပိုပြီးတော့ ခြောက်ပြစ်ကင်း
    သဲလဲစင် လိုချင်တာပေါ့ဟာ..
    လောကကြီးကအဲလိုဘဲဟ...

    ReplyDelete
  5. တော်လိုက်တာ
    ရေးသားမှု့အရမ်းကောင်းပါတယ်

    ReplyDelete
  6. ဟုတ်တယ်..အိမ်မက်လဲ ချစ်သူနဲ့ ဒီကိစ္စကို ဆွေးနွေးဖူးတယ်..အရမ်းကောင်းပါတယ်.. ဒီလိုအမြင်မျိုးရှိတဲ့ ယောက်ျားလေးတွေ တအားနည်းပါတယ်..ချီးကျူးပါတယ်
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  7. ဆန္ဒနဲ့ဘဝ ထပ်တူကျဘို့ ခဲယဉ်းတဲ့ လောကကြီးထဲမှာ ခံယူချက်တွေခိုင်ခိုင်မာမာ ချထားပြီးသည့်တိုင် ကိုယ်လျှောက်လှမ်းရမည့် လမ်းကြောင်းကို အတိတ်ကံက ရွေးချယ်ပြီးသားပါ မောင်ဘုန်းရေ။
    ဖြစ်တည်လာမှုကို လက်ခံပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားသင့်တယ်လို့ ယူဆတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. မှန်လိုက်လေ ကိုမောင်ဘုန်းရယ်
    အားလုံးမျှမျှတတတွေးးတတ်ကြပါစေပဲပေါ့း)

    ReplyDelete
  9. ကိုယ်ချစ်တဲ့ မိန်းခလေးက ရည်းစားတွေ ထားခဲ့ဖူးလို့ မဖြူစင်တော့ပါဘူးဆိုတဲ့ အထင်နဲ့ လမ်းခွဲပြီးနောက် ဖြူစင်လွန်းပါတယ်ဆိုတဲ့ ရိုးရိုးအအမိန်းခလေးကို အချစ်မပါဘဲ လက်ထပ်ပြီးကာမှ အဲဒီမိန်းခလေးရဲ့ ရိုးအလွန်းမှုကို ဘယ်လိုမှ သည်းမခံတော့တာကြောင့် အိမ်ထောင်ရေး အဆင်မပြေတာမျိုးလည်း တွေ့ဖူးတယ်
    လူနှစ်ယောက် အဓိက အရေးကြီးတာက တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးနိုင်မှု နားလည်ခွင့်လွတ်တတ်မှုတို့ပါဘဲ..
    ဒါတွေ မပါခဲ့ရင် အပျိုစင်သတို့သမီးလေးကို ရစေဦးတော့ အိမ်ထောင်ရေး သာယာဖို့ မလွယ်ကူပါဘူး။
    ကိုယ်တိုင်ကတောင် သူများကို မပေးနိုင်တဲ့ ကိုယ့်ရဲ့ လိုချင် အတ္တတွေကို လျော့ချနိုင်ရင် အကောင်းဆုံးပေါ့နော်

    ReplyDelete
  10. မောင်ဘုန်းရေ... တကယ်တော့ နှစ်ယောက်လက်တွဲပြီး နောက် ဖြူစင်နေကြဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ အပျို၊ လူပျို အစွန်းအထင်းနဲ့ ဖြူစင်မှုမှာ မောင်ဘုန်းပြောသလိုပဲ တန်းတူအခွင့်အရေးတော့ ရှိသင့်တာပေါ့..

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete