အိပ်တန်းပြန်တဲ့
ဌက်တစ်ကောင်လို
ကို… ရဲ့
အလွမ်းတွေကို ထုပ်ပိုးပြီး
ပြန်ခဲ့ ချင်ပြီ
ချစ်သူရယ် …
တစ်နေ့ တာ
အတွက်
ဖုန်းပြောခွင့်
ရမဲ့ အချိန် လေးကို
စောင့်မျှော်ရင်း
လွမ်းရက်တွေလည်း
များလှပါပြီ
….
ချစ်သူလက်ကို
တွဲပြီး
မြတ်နိုးရာ
လို့  အမည်ပေးထားတဲ့
အိမ်လေးရဲ့
တံခါးကို ဖွင့်မို့  …
ဘယ်လောက်ထိ
စောင့်ရအုံးမှာ လည်း ကွယ် …
မြတ်နိုးရာရဲ့
အရှင် သခင်မ အဖြစ်
ကို ရဲ့ အနားမှာ
ထာဝရ ရှိနေမယ် ဆိုရင်
ဘဝ ဆိုတဲ့
အခက်ခဲတွေကို
ရင်ဆိုင်ပစ်
လိုက်ချင်ပြီ … ချစ်သူ … ရေ ….
မောင်ဘုန်း
ကောင်းကင်ဖြူနဲ့..မြန်မြန်နီးစပ်ပါစေ
ReplyDeleteမောင်ဘုန်းရေ...
ဒါမှ..ငါလည်းစားရမှား)
ချစ်ခင်စွာဖြင့်
အမြန်ဆုံး နီးစပ်ပါစေနော်
ReplyDeleteမောင်ဘုန်းရေ
ReplyDeleteဖုန်းပြောခွင့်တောင်မရဘူးလား
ငါသနားမိပါတယ်တဟ်ကယ်ပြောတာပါ
ကောင်းကင်ဖြူနဲ့..မြန်မြန်နီးပါစေတော့ကွယ်
ကဲ...ချစ်သူနဲ့အမြန်ဆုံးနီးပါစေမောင်ဘုန်း
ReplyDeleteခင်တဲ့အမ ပစ်ပစ်
မြန်မြန်... :P
ReplyDeleteအဟမ်း အဟမ်း
ReplyDeleteသူများတွေကတော့ စကားတွေခေါ်ကုန်ပြီတော့း)
အိမ်ကလေးရဲ့ တံခါး အမြန်ဆုံးဖွင့်ပြီး အမြန်နီးနိုင်ပါစေလို့ ဆုတောင်းပေးသွားပါကြောင်း..
ReplyDeleteလက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်တဲ..အဟီး
ReplyDeleteအခက်အခဲတွေ အချိန်တွေ ကျော်ဖြတ်ပြီးသွားရင် ပျော်စရာ အကောင်းဆုံးနေ့ရက်တွေ လာမှာပါ ကိုဘုန်းရေ..အားတင်းထားဦး..ချစ်သူလဲ အမြန်ဆုံးနီးချင်နေမှာ..အမြန်ဆုံစုံစည်းကြဖို့ ဝိုင်းဝန်းဆုတောင်းပေးနေမယ်..
ခင်တဲ့
အိမ်မက်စေရာ
အင်း..ကောင်းကင်ဖြူရေ အခြေနေမကောင်းရင်တော့ ကတုံးတုံးပြီး ဘုန်းကြီးဝတ်လို့လဲရတယ်နော်...p;
ReplyDeleteချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ