Blogger ဆိုတာ …..
အားလုံးပဲ
မင်္ဂလာပါဗျာ … ကိုရင် (မဒမ်ကိုး) တဂ် ပေးလို့ သာ ရေးရတယ် … အမှန်တိုင်းဝန်ခံရရင်
blogger ဆိုတာဘာလည်းလို့  တစ်ခါမှ မစဉ်းစားခဲ့မိဘူးလေ …
ကိုရင်တို
့စုံတွဲက လည်း တက်ညီလက်ညီပဲ လေ … တစ်ယောက်က မရေးရင် တောင်ပြုံးပို့ မယ်တဲ့ … တစ်ယောက်က
ကိုင်မယ်ကြီးတစ်ကဲကဲ လုပ်နေတော့ … ရေးလက်စ ဆေးဘ်ာဒီ အကဲခက်ခြင်း ဆိုတဲ့ post လေးကို
ခဏထားပြီး ဒီ Post လေးကို ရေးမိပါတယ် …
အယ် … ရေးဆိုလို
့ ဘယ်က စရမှန်တောင် မသိဘူး …
Bolgger ဆိုတာ
… ဆိုတဲ့ post လေးကို အရင် ဆုံး ဖတ်ဖြစ်တာက အစ်မရွှေစင်ဦး ရေးတဲ့ post လေး ကို အရင်ဆုံး ဖတ်ဖြစ်တာပါ … နောက်တော့ ကိုရင်ရေးတဲ့ post နဲ့ 
ကိုငွေလမင်း ရေးတဲ့ post လေးတွေကို ဖတ်ဖြစ်ပါတယ် ….
အစ်မရွှေစင်ဦး
ရေးတဲ့ post က အမှန်တရား ဖြစ်နေသလို … ကိုရင်ကလည်း ရီစရာလေးဖြစ်အောင် ရေးတက်ပြန်တယ်
… ကိုငွေလမင်းကတော့ ဗဟုသုတ ရအောင်ေ၇းထားတာတွေ့ ရပြန်ပါတယ် …
အခု မောင်ဘုန်းလို
ဘာမှမသိတဲ့ blogger ပေါက်စ လေး က ….. blogger ဆိုတာ … ဆိုတဲ့ post ကိုရေးရမှာ နည်းနည်းတော့
လက်တွန့် ရပါတယ် … သိုသော်လည်း နောက်ကတွန်းလို့  ရှေ့ ရောက်လာမှတော့ …
နောင်လာနောင်သား
blogger ပေါက်စလေးများအတွက် … အားတက်စရာ ဖြစ်အောင် အမှန်တရားကို ပါးပါးလေး အုပ်ပြီးပြောပြမယ်နော်
….
Blogger ဆိုတာ
…. ခပ်ချောချော အကိုကြီး ၊ ကိုလေး တွေ အစ်ကြီး ၊ အစ်မ လေးတွေသာ ဖြစ်ပါတယ်
Blogger ရဲ့
ချစ်သူဆို ….. ပိုတောင် ချောသေးတယ် …..( ဟုတ်တယ်နော် ကို၇င်)
တစ်ကယ်နော်
… မယုံဘူးလား … blog တော်တော်များများကို ကြည့်ပါ … ဘယ်သူမှ ကိုယ့်ဓာတ်ပုံ ကိုယ်မတင်ကြဘူးလေ
… မတင်ချင်လို့ မဟုတ်ဘူးနော် … လက်ရှိလုပ်စားနေတဲ့ model တွေ အလုပ်လက်မဲ့ ဖြစ်မှာဆိုးလို
့ မတင်ကြတာပါ …
အယ် … အဲ့
လိုချော ယုံတင်မက သေးဘူး … blogger ဆို တာ နတ်သား ၊ နတ်သမီး လေးတွေဖြစ်ပါတယ်
အဲ့ဒီ ခပ်ချောချော
နတ်သား နတ်သမီးလေးတွေဟာ online ဆိုတဲ့ တောနက်ကြီးထဲမှာ blog ဆိုတဲ့ သစ်ပင်လေးတွေကို
စောင့်ရှောက်ရတဲ့ နတ်သား နတ်သမီးတွေ့ ပေါ့ ...
မြို့ ပေါ်ကနတ်
တွေလို သူတို့ ကိုဘယ်သူကမှ ပူဇော်ပသ ခြင်းမရှိပင်မဲ့ … ကိုယ့် နတ်ကွန်း ကိုယ်ဆောက်
၊ ကိုဆွမ်း ကိုတင် ပြီး … ကိုယ့် နတ်ကွန်းစင် လေးကို တွယ်တာ နေတက်ကြတဲ့ သူတွေပေါ့ …
တချို့  နတ်တွေက
ကိုယ့် နတ်စင် ထဲရောက်လာတဲ့သူတွေကို တရားေ၇အေးတိုက်ကျွေး ကြပါတယ်
တချို့ က
ဘဝ အလင်းရောင်တွေ ပေးကြပါတယ်
တချို့  က
နည်းပညာတွေပေး ကြပါတယ်
တချို့ က
ကျန်းမာအောင်နည်းလမ်းတွေ ပေးတယ်
တချို့  က
ကိုယ်တိုင် နတ်ဟင်းလျှာ တွေ ချက်ကျွေးပြန်တယ်
တချို့  က
လွမ်းပြ တက်တယ်
တချို့ က
ချစ်ပြ ပြန်ရော
တချို့ က
ပျော်စရာလေးတွေနဲ့  ဧည့်ခံတယ်လေ
တချို့ ကလည်း
လွဲမှားတဲ့ တွေးခေါ် လုပ်ရပ်တွေ သင်ပေးပြန်ပါတယ်
အဲ့လို အမျိုးမျိုး
အဖုံဖုံ ရှိတဲ့ တောနက်ကြီးမှာ … လူသားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အဖိုတန် ရတနာတွေရှိသလို
… လူသားတွေ အတွက် အဆိပ့်သင့်စေတဲ့ အရာတွေလည်း အလွယ်တကူရစေပါတယ် ….
ဒီတောနက်ကြီးထဲက
မှ blog ဆိုတဲ့ သစ်ပင်ကိုစောင့်ရှောက်ရတဲ့ နတ်သမီး နတ်သားတွေဟာ … အများအားဖြင့် … ပျားတွေလို
စည်းလုံးကျပြီး ၊ ပုရွက်ဆိတ်တွေလို တစ်ဦးနဲ့ တစ်ဦး ကူညီတက်ကြပါတယ် ..
တောနက်ထဲကိုရောက်လာတဲ့
လူတန်းစားအားလုံးကို … ခြသေ့င်္တစ်ကောင်လို ရဲရင့်တက်မို့  သင်ပေးတက်သလို ကျားတစ်ကောင်ရဲ့
မာန်မျိုးဖြစ်အောင်လုပ်ပေးပြန်တယ် …
တချို့ လည်း
ဌက်တစ်ကောင်လို ကဗျာလေးတွေ သီးကျူတက်အောင်သင်ပေးပြန်တယ် …
တချို့ က
ပညာရှိ ဇီကွက်လို အမှန်တရာမြတ်နိုးတက်အောင် သင်ပေးသလို
တချို့ လည်း
မြေခွေးတစ်ကောင်လို ယုတ်မာတက်အောင် သင်ပေပြန်တယ် ….
အဲလို အမျိုးမျိုးရှိတဲ့
နတ်သား ၊ နတ်သမီးတွေရဲ့ တူညီတဲ့ အချက်ကတော့ …
Post တစ်ခုရမို
့ အမြဲတမ်း ဆင်ကြံ ကြံ နေတက်ကြပြီ …
ရလာတဲ့အကြံကို မျောက်အုန်းသီးရတဲ့ ပီတိမျိုးနဲ
့ နေမနားညမနား ....
မိမိနတ်ကွန်းစင်းလေးရဲ့
စာမျက်နှာပေါ်ကို ယုန်တစ်ကောင်လို အပြေးအလွှားကို တင်းပြီ …
ကောက်ရိုးပမာရှိတဲ့
comments လေးကို
နွားအိုကြီး
မြက်နှ ဝါးသလို တစ်စိမ့်စိမ့် ကြည့်ရှု့ ဝါးမျိုရင်း ….
ငါးခူ ပြုံးလေး
ပြုံးကာ ကြည်နှုးနေတက်ကျတယ်လေ … အဲ့ဒါ blogger ……………………… ပေါ့ … တိန် … တိန် … တိန် ….
:D ……………….. (မှတ်ချက် … ဘုန်းဘုန်း bloger များမပါ …..ပါ )
ကဲ .. ခေါင်းခေါက်ပြီးပြီ
… ဆိုတော့ … ဆိတ်ချိုးရဘူးနော် … သားသားက မရေးတက်လို့ ရေးတက်သလိုရေးလိုက်တာ … အဟီး
…
ဘေးမှာ လင့်ချိတ်ထားတဲ့
နတ်သမီး နတ်သားတို့ ဖြစ်တဲ့ အစ်မသမီးစံ (အပျိုးကြီး) ၊ ကိုမောင်သန့် ၊ အစ်မblackroze
၊ အစ်မ jasmines တို့  မရေးရသေတာတွေ
့လို့  ဒီ Post နဲ့ အတူ တဂ် ပေးလိုက်ပါတယ်
…. ကိုရင်လိုတော့ မကိုင် ပါဘူး … အချိန်လေးရရင်တော့ ရေးကြပေါ့နော် …
( အပျိုကြီးက ခွင့်ယူထားတော့
နောက်ကျလည်း ခွင့်လွတ်ပါတယ်) …
ကျနော် အတွက် ကောက်ရိုးတစ်မျှင်လောက် ပေးခဲ့အုံးနော် …….
:D …. :D ….
အားလုံးကို ခင်မင်လျှက် …
မောင်ဘုန်း …
ဒါက ဒီလိုရှိတယ် ကပ္ပိယကြီး မောင်ဘုန်းရဲ့..
ReplyDeleteဘလော့ဂါတိုင်း ရူပါလန်းတာ မဟုတ်ဘူး..
မယုံရင်ကြည့်ပါ..အောက်က comment ပေးမဲ့ လူတွေကို ဘယ်သူ လန်းလို့လဲ....:P
by da way...,
ကပ္ပိယကြီး ရဲ့ comment က Verification ကြီးဖြုတ်လိုက်ပါလား..ရေးရတာ ရှုပ်လို့...
Post တစ်ခုရမို့  အမြဲတမ်း ဆင်ကြံ ကြံ နေတက်ကြပြီ …
ReplyDeleteရလာတဲ့အကြံကို မျောက်အုန်းသီးရတဲ့ ပီတိမျိုးနဲ့  နေမနားညမနား ....
မိမိနတ်ကွန်းစင်းလေးရဲ့ စာမျက်နှာပေါ်ကို ယုန်တစ်ကောင်လို အပြေးအလွှားကို တင်းပြီ …
ကောက်ရိုးပမာရှိတဲ့ comments လေးကို
နွားအိုကြီး မြက်နှ ဝါးသလို တစ်စိမ့်စိမ့် ကြည့်ရှု့ ဝါးမျိုရင်း ….
ငါးခူ ပြုံးလေး ပြုံးကာ ကြည်နှုးနေတက်ကျတယ်လေ … အဲ့ဒါ blogger
EKKKKKKKKKKKKKKK
SOE LIEK KYA TAR BYOOOOOOOOO;(
တစ်ညလုံး ဖုန်းခေါ်တယ် .. မရဘူး ..ဖုန်းပိတ်ထားတယ်
ReplyDeleteonline ပေါ်တက်ကြည့်တော့ .. offline ဖြစ်နေတယ်
mail ထဲဝင်ကြည့်တော့လည်း ဝင်ထားတာ မတွေ့ လို့ 
အလုပ်တွေများနေတယ်လို့ ထင်နေတာ ...
ရှင် က ..ဒီစာ ထိုင်ရေးနေကို ...
အခုမှလာပြီ ဖုန်းခေါ်မနေနဲ့  .. ကျမ လည်း ရှင့် လို့ ဖုန်းပိတ်ထားတာ ...
ညနေ ၆နာရီ ခွဲ ကားလာမယ်တဲ့ ...
ရှင် ...လူကိုယ်တိုင် မလာရင် ... ကျမ အဆိုးမဆိုနဲ့ 
ဘလော်ဂါတွေဆိုတာ နတ်သားနတ်သမီးတွေကိုး
ReplyDeleteရာထူးတက်သွားပြီ။
ကောင်းလေစွ....
ကဲကဲ.. စာချည်းဘဲ ရေးမနေနဲ့။လူကိုယ်တိုင်ရောက်အောင် သွားလိုက်ပါဦးး)
နွားအိုကြီး မြက်နှ ဝါးသလို တစ်စိမ့်စိမ့် ကြည့်ရှု့ ဝါးမျိုရင်း ….
ReplyDeleteငါးခူ ပြုံးလေး ပြုံးကာ ကြည်နှုးနေတက်ကျတယ်လေ …
ကြည့်ရ ပြုံးရအောင် မန့်လေး ရေးခဲ့တယ်ဗျို့
မောင်ဘုန်းရေ..
ReplyDeleteအမနဲနဲနေမကောင်းလို့နော်..
ဒီတပါတ်အလုပ်ပိတ်ရက်ကြရင်ရေးပေးမယ်နော်..
နတ်သမီးစာရင်းထဲပါရအောင်လို့..
ခင်တဲ့ အမ blackroze