ပျော်ရ ပါသည်
ရောင်နီ သန်းတဲ့
ငြိမ်းချမ်း
အသွင်
ရောင်ဖြာ
ထွန်း၍
ရွှေပြည် အတွက်
ပျော်ရ သေးသည်
…............ ။
ရွှင်ရ ပါသည်
သံတိုင် ကြားမှ
ရွှေရောင်
တောက်သည့်
အနာ ဂတ်များ
အားဖြည့်
ပေါင်း၍
ရွှေပြည် အတွက်
ရွှင်ရ သေးသည်
…............. ။
မျှော်ရ ပါသည်
ယမ်းငွေ့ 
ဝေတဲ့
သမိုင်း မထင်
သာသနာ ရောင်ပွဲ
ခြိမ့်ခြိမ့်
နွဲမည့်
ရွှေပြည် အတွက်
မျှော်ရ သေးသည် ……....... ။
ပူရ ပါသည်
အကွဲ အစ
အလွဲ အဆုံး
အိမ်မက် ဆိုးမှ
နိုးထ နိုင်ရန်
ရွှေပြည် အတွက်
ပူရ သေးသည်
…............. ။
မှတ်ချက် ....
ဒီကဗျာ လေးကို ရေးပြီးတာ ၂ ပတ်လောက် ရှိပြီ ထင်ပါတယ် ... ။ တရုတ် နှစ်ကူး ပိတ်ရက် မှာ မောင်ဘုန်း တစ်ယောက် ငွေယား လေးတွေ ရတာ နဲ့ လက်ယား ခြေယား ဖြစ်ကာ ငြိမ်ငြိမ် မနေနိုင်ပဲ လမ်းများ ခဲ့ပါတယ် ဒီနေ့ တော့ ရှိတဲ့ ငွေယား လေးတွေ လည်း ကုန်သလောက် ရှိပြီ် မို့  အယားလည်း ပြေ အမောဆို့ ကာ နေရပ် ဆီအုန်းတော ကို ပြန်ရောက်ပြီး ဒီနေ့  ညမှ ဒီ ကဗျာ လေး တင်လိုက်ရတာပါ ... ။
မောင်ဘုန်း
မောင်ဘုန်း
သိရဘာပြီ ငွေယားပြီးတော့ လက်ယား၏
ReplyDeleteကဗျာလေးကောင်း၏
ခင်မင်လျှက်
မဒိုးကန်
ကဗျာလေးအရမ်းကောင်း၏
ReplyDeleteငွေယားပေမဲ့လက်မယားရအောင်
ReplyDeleteအိမ်မှာဘဲနေလိုက်ပါသည်..
မောင်ဘုန်းရေ ကဗျာလေးလာရောက်ခံစား
ReplyDeleteအားပေးသွားပါတယ်
တကယ့်ကို ခေတ်ကာလ အချိန်နဲ့ လိုက်ဖက်ညီညွတ်တဲ့ ကဗျာလေးပါ။ ကဗျာရှင်နဲ့ထပ်တူ ပျော်မိ၊ ရွှင်မိ၊ မျှော်မိ၊ ပူမိပါတယ်။
ReplyDeleteခင်မင်စွာဖြင့်
မြတ်ပန်းနွယ်