မင်္ဂလာပါ …
ဗျာ … လိုင်းပေါ် မရောက် ဖြစ်တာလည်း ၃ ရက်ရှိပြီ
။ ဖြစ်ပုံ ကတော့ သုံးတဲ့ လိုင်းက လစဉ်ကြေး မဆောင် လို့  ဆိုပြီး ဖြတ်လိုက်တယ် လေ …
မောင်ဘုန်း လည်း ပေးရ မဲ့ ကိစ္စ ဆို အမြဲ မေ့တက် တယ် …. အေးလေ … အသက်ကြီး လာလို့  ထင်ပါရဲ့
…
ကယ် … လိုင်းပေါ်
မရောက်ဖြစ် တဲ့ နေ့ တွေမှာ ရေးထားတဲ့ ရေးမိရေးရာ အကြောင်းလေး တွေလည်း လက်စ မသတ် နိုင်သေးတော့
… အစ်မ ပစ်ပစ် တဂ် ပေးထားတာလေး ပဲ အရင် ရေးလိုက်ပါတယ် …
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ ….????????????
ဟုတ် … ၇
နာရီ ခွဲ တိတိမှာ ဖုန်းမှာ ပေးထားတဲ့ alarm ထအော် လို့  မိုးလင်းပြီ ဆိုတဲ့ အသိ နဲ
့ ဘယ်ရောက်နေမှန် မသိတဲ့ စောင် ကို မျက်လုံး ပိတ်လျှက် အ၇င် ရှာ ပါတယ် … နေ့ စဉ် လုပ်နေကျမို
့လို့  ကျွမ်းကျင် စွာဖြင့် မျက်လုံး ပိတ်ထားသော်လည်း ခဏ အတွင်းမှာ စောင် ကို ရှာတွေ
့ လို့  စောင် ခြုံ ပြီး ပြန်အိပ် လိုက်ပါတယ် …
၂ မိနစ် အကြာမှာတော့
ဒုတိယ အကြိမ် ဖုန်း က alarm က ထအော် တဲ့ အသံကို
မသိ ချင်ဟန် ဆောင် လိုက် ပါတယ် …
တတိယ အကြိမ်
alarm မြည်တော့မှ မျက်လုံး ဖွင့် ပြီး ဖုန်း alarm ကို ပိတ် ရင်း screen ပေါ်က ပြုံး
ပြနေတဲ့ ချစ်သူ ပုံ ကို ကြည့်ပြီး ပြန်ပြုံး ပြမိပါတယ် … မထင်ရင် မထင်သလို အာဘွား ဆို
ပြီး လုပ်တက်သေးတယ် ….
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ …..?????????????
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ …..?????????????
အယ် …. ရန်ကုန်
က ဦးရေခဲ မုန့် ဟင်းခါး ရယ် ၊ မန္တလေး ဈေးချို နားက ဆရာဝန် လင်မယား ရောင်းတဲ့ နန်းကြီး
သုပ် ရယ် ကို အမေ ဖျော် ပေးတဲ့ ကော်ဖီ လေးနဲ့  စားလိုက် ချင်တယ် ဗျာ …..
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ??????
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ??????
လောလော ဆယ်
… ဟုတ်လား …. အင်း ………….. အခုရက်ပိုင်း .. အယ် ၃ရက်ရှိပြီ ကော်ဖီ ကုန်နေလို့  ရေနွေးကြမ်း
နဲ့  ကုလားဆိုင်းက ရောင်းတဲ့ ပြား ၈၀ တန် ရိုတီ ရယ် စားဖြစ်ပါတယ် … အယ် မေ့လို့  ရိုတီ
က ဒီနေ့ ပဲ ဈေးတက်သွားတယ် … ပြား၉၀ ဖြစ်သွားပြီ ….
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ….?????????????
နေရာမရွေးဘူး
… အလကား ဆိုရင်ပေါ့လေ …
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
…. ?????
ခက်ပါရော
လား … ငို ချင်ရဲ့ လက်တို့  ဆိုသလိုတော့ ဖြစ်နေပြီ … အင်း … အခုစားချင်တာက ရှောက်သီးသုပ် ကို
အမေ လုပ်ပေး တဲ့ လက်ဖက် ထမင်းနဲ့  ငါးဖယ် ဟင်းခါး ပူပူလေးနဲ့  ….. အယ် …. ကျကုန်ပြီ … ကျကုန်ပြီ
….
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ ….???????????????
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ ….???????????????
အပူတော့ မသောက်ဘူးဖြစ်ဘူးလေ
… ဒီမှာ လည်း အရမ်း ပူတော့ ကော်ဖီအေး ပဲ သောက်ဖြစ်ပါတယ် ….. ၃နာရီ ခွဲ ဆို အအေးသောက် နားပါတယ်
… ကင်တင်း မှာ တစ်ယောက်ကို အအေး တစ်ခွက် နဲ့  မုန့် တစ် တစ်ခု စားခွင့် ရှိတယ်လေ …
ကျနော် ကတော့ နေ့ တိုင်း ကော်ဖီ အေး မှာ သောက်တယ်လေ ….
ညနေစာကိုဘယ်မှာစားတတ်ပါလ
ဲ…… ?????????????
အယ် ….
OT ရှိတဲ့ နေ့ တွေမှာ တော့ ကင်တင်း ကကျွေးပါတယ် … OT မရှိရင်တော့ အိမ်မှာ ပဲပေါ့
….
ညနေစာစားရင်းနဲ့
အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ ???????
မနက်ဖြန်
ဘာချက်ရင် ကောင်းမလည်း လို့  တွေးမိပါတယ် … ချစ်သူ ရော စားပြီးပြီ လားလို့  တွေးနေတက်ပြီး
ဖုန်းဆက် မေးတက် ပါတယ် …. ။
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်……
????????????
အလုပ်ဆင်းတဲ့
အချိန် မှာ တွေးမိတာ ကတော့ ပထမဦး ဆုံး ဒီနေ့ လုပ်ခဲ့ အလုပ်ကို ပြန်တွေးပြီး မှတ်ထား
ပါတယ် နောက်နေ့ ဘယ်ကနေ စလုပ် ရမလည်းပေါ့ … ပြီးတော့ psss card ပေါ်က နေ့ တွေကြည့်ပြီး
လစာထုတ်မို့  လိုသေးပါလား တွေးမိ ပြန်တယ် ….
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ …..???????????
ဖိနပ်
အရင် သိမ်း ပါတယ် … အခု မွေးထားတဲ့ ခွေးက အရင်ဘဝ က ဖိနပ် နဲ့  ရန်သူ ဖြစ်ခဲ့ ပုံ ရတယ်
ဗျ … ကုန်ပေါင်း မနည်းတော့ ဘူးလေ ….
ဒုတိယလုပ်မိတာလေး
…………… ????????????????
ဖိနပ် စင်
အောက်မှာ ဘယ်သူမှ မသိအောင် ဝှက် ထားတဲ့ အခန်းသော့ ကို ယူပါတယ် (နောက်နေ့ တော့ နေရာပြောင်းပြီ
နော် )
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား ………????????????
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား ………????????????
ဟုတ် … OT
မရှိတဲ့ နေ့  ည ၈ နာရီ ဆို ရင် ကျနော် ကော်ဖီ သောက်ရမဲ့ အချိန်ပါ … အခုတော့ ကော်ဖီ
ကုန်နေလို့  ရေနွေး ကြမ်း ပဲ သောက်ဖြစ်တယ် ….
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ …………..
????????????
အိပ့်ရာခင်းတယ်
… ဘုရာ ရှစ်ခိုးတယ် …
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ ……... ???????????????
အယ် …. ဖြစ်ခဲ
တယ်ရော … အိပ့်ဆို ….. တုန်း …. ကနည်းပဲ …
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုးစိတ်အားငယ်တဲ့အခါမျိုးတွေမှာဘာလုပ်တတ်သလဲ??????????
တရား နာဖြစ်တယ်
… အယ် … အခု နှစ်ပိုင်းမှာ ချစ်သူ ကို ရင်ဖွင့် ပြီး ပြောပြတက် တာ အကျင့် တောင်
ဖြစ်နေပြီ ….
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း …… ??????????????
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း …… ??????????????
ပတ်ပို့ စ်
ကော်ပီ ….
မိသားစုဝင်တွေထဲမှာ
အချစ်ရဆုံးသောလူ …… ????????????????
ရန်တိုက်ပေးတာတော့
… မဟုတ်ပါဘူးနော် … အမေ့ ကိုလည်း ချစ်တယ် ၊ အဖေ ကိုလည်း ချစ်တယ် ၊ အစ်မ ကိုလည်း ချစ်တယ်
၊ ညီမလေးကို လည်း ချစ်တယ် ၊ ညီလေး ကိုလည်း ချစ်တယ် ၊ အိမ်မှာ မွေးထား ငါးလေးတွေ ကိုလည်း
ချစ်တယ် ၊ မဲလုံး လို့ နာမည်ပေးထားတဲ့ အိမ်က ခွေးလေး ကိုလည်း ချစ်တယ် … ပြီးတော့ အစ်မ ကို ယူပြီး ကြည့်မရ တဲ့ ဟိုလူကြီး
ကိုလည်း ချစ်တယ် … ။
သူစိမ်းတွေအထဲမှာ
မိမိအယုံကြည်ရဆုံးသူ ……….. ?????????????
ဘယ်သူ ရှိရမှာ
လည်း ဗျာ … အရမ်း ချစ်ရတဲ့ ချစ်သူ ကောင်းကင်ဖြူ လေး ပေါ့ … ဘယ်လောက်တောင် ယုံ ကြည်လည်း
ဆို ၇င် ၁၅ နှစ်သား လောက်က ရေကန်ထဲ ရေကူး ရင် ဘောင်ဘီး ကျွတ်ပြီး ရေထဲမှာ ဘယ်လို မှ
ပြန်ရှာ လို့  မရတော့လို့  ရေထဲမှာ အကြာကြီးနေခဲ့ ရတဲ့ ကြောင်းကို ဘယ်သူကို မှ မပြောပြခဲ့ ဘူးလေ
ချစ်သူကို ပဲ ပြောပြခဲ့တာ … အဲ့လောက်ကို ယုံကြည်တာလေ ….. သူများတွေ သိ၇င်တော့ ရှက်စရာကြီးလေ
… ဘယ်ပြောလို့  ဖြစ်မလည်း … နော် ….
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
…. ????????????
အင်ဒို လူမျိုးတစ်ယောက်ပါ
… အလုပ် လုပ်လို့  အခက်ခဲ တစ်တစ်ခုခု ဖြစ်လာ ၇င် အမြဲတည်း အကြံ ပေး အားပေးတက် တယ်လေ
….
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု……
????????????
ကျနော် မွေးနေ
့မှာ ချစ်သူ ဝယ် ပေးတဲ့ အဖြူ ရောင် အင်္ကျီ လေးပါ …
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု ….????????????
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု ….????????????
ပေါ်မှာ ပြောခဲ့ အင်္ကျီ လေးပါပဲ …
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ ….. ????????????
ချစ်သူ ပါ …
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
…. ???????????????
ခြင် ကိုက်တယ်
….. ခြင် မကိုက်တဲ့ နေရာမှာ ထိုင်ပြီး ဒီ တဂ်
လေးကို သေသေချာချာ ကို ရေးချင်တာ
ခြင်ဆေး
ကုန်နေတယ် လေ … ဒီနေ့  မှ ခြင်တွေ လည်း ဘယ်ကနေ ဘယ်လို လာမှန် ကို မသိဘူး …
အယ် … မေးခွန်းလည်း
မရှိတော့ ဘူး …
တစ်နေ့  တစ်နေ
့ ချစ်သူကို ဘယ်လို လွမ်း ရတယ် … ဘယ်လောက်ထိ လွမ်း ရတယ်ဆိုတဲ့ အကြောင်း လည်း မမေး ဘူး
…. ပြောပြချင်ပါတယ် ဆို …. အစ်မ ပစ်ပစ် ရေ
… နောက်တစ်ခါ တဂ် ပေးမယ် ဆိုရင် အဲ့ အကြောင်းတွေ ထည့်မေးနော် …
ခင်မင်ရတဲ့
မောင်ဘုန်း
တစ်နေ့တာကလဲဒါပဲလား
ReplyDeleteအဲခွေးမွေးထားတာလားအဖော်ရတာပေါ့နော်ဂျက်လဲခွေးတို့ကြောင်တို့ချစ်တယ်
မောင်ဘုန်းရေ နာလဲခြင်ကြောက်တယ်ဟ
မောင်ဘုန်းရေ တနေ့တာအကြောင်းလေးဖတ်သွားပါတယ်
ReplyDeleteချစ်သူဝယ်ပေးတဲ့ပစ္စည်းကိုတော့လူတိုင်းကြိုက်တတ်တာယုံသွားပါပြီဗျာ
ReplyDeleteမထင်ရင် မထင်သလို အာဘွားတဲ့. ညက်နာလဲ မသစ် သွားလဲမတိုက်ပဲနဲ့နော်.. ဓာတ်ပုံမိုက တော်သေးတယ်..လူဆိုတေပီ.. :D
ReplyDeleteဖတ်သွားပါတယ် စကားမစပ် ဘောင်ဘီကော ပြန်တွေ့ရဲ့လား ဟိ
ReplyDeleteတနေ့တာ တဂ်ပို့စ်လေးဖတ်သွားပါတယ်...ကိုမောင်ဘုန်းရေ
ReplyDeleteဘုန်း ရထားလား
ReplyDeleteဖတ်တွားတယ်နော်
ကဲနောက်တခါတက်ဂ်ရင်
ReplyDeleteမောင်ဘုန်းရေးချင်တာတွေ
ပါအောင်တက်ဂ်မယ်နော်