တစ်ခါလည်
မိုး
ပြန်ရောက် သည့်တိုင်
မပျက် နိုင်ရှာ
သည် ဖိနပ်မှာ
နီနီ အဆင်း
ဖင်ပါး ထိပ်ချောင်
သဲကြိုး သစ်လည်း
စိတ်ဝယ် မပျော်
အဖေ့ စကား
နားဝယ် ကြားလျှက်
ဒီ … တစ်ခါ
…. ဖြင့်
ပျက်ဝယ် ရှိက
အသစ် ဝယ်မယ်
ငါ့ သား .... ရယ်
….. ။
ထို မှ စ၍
ကျနော် ဖိနပ်
ပျက်မည့်နေ
့ကို
စောင့်မျှော် ရင်းကာ
တန်းတူ များပြိုင်
ဆင်ကြယ် တံဆိပ်
ဆက်ဆက် အသစ်
စီးကာ ကြွ
လျှက်
လှမ်းမည့်
ဟန်ကို
စေ့စေ့ တွေးထင်
မျှော်ရ ရှာသည်
… ။
တစ်နေ့  ချိန်ဝယ်
မိုး ခြိမ့်ခြိမ့် ဆင်
ရေ ဖွေးဖွေး လွင်
ဝန်းကျင်
အုံ့ စိုင်း
အခါ ချမ်းတဲ့
ကျောင်းဆင်းချိန်
ဝယ်
အိမ်ပြန် လမ်းလျှောက်
စွတ်စွတ် ရွှဲစို
ပျော်မြူး ရင်းက
ပါးပါး ဖိနပ်
ခြေမှာ ကြည့်၍
အလိုမကျ
စိတ်က ပြောင်းလျှက်
အကြံ ရသော်
ရှေ့ လမ်း ဆီက
ရေးစီး ထက်ဝယ်
မျှောကာ ပစ်၍
ဖိနပ် မပါ
ခြေ ဗလာ ဖြင့်
မြူးမြူး
ကခုန်
အိမ်သို့ ပြန်သည်
… ။
ကျနော် စကား
မုသား ဆိုလျှင်
မာတာ အမိ
ယုံလျှက်
သနား
မနက် ကျောင်းအမှီ
အသစ် ဝယ်မယ်
သားငယ် …..
ရယ် …. ။
အမိ စကား
ကြားရ ပါမှ
ပျော်ပျော်
မဆုံး
ဖြစ်ရချိန်
ဝယ်
အိတ်ငယ် ပိုက်လျှက်
စိုရွဲ မိုး
ရည်
ကျနော် အဖေ
အိမ်ပြန်
ရောက်၍
ရွှင်ပြုံး
မျက်နှာ
ခေါ်ဆို သံနှင့်
သားငယ် ရှေ
့ဆီ
ရောက်လျှင်
ချက်ခြင်း
အိတ်ငယ် ဖွင့်၍
…………….
ရော့ …. ငါ့
….. သားဖိနပ် …. အဖေ ချောင်းထဲမှာ မျောနေတာ တွေ့ လို့ 
ရေကူးပြီး
ဆယ်လာတာ …. ။
….. သြော်
…. အဖေ …. ရယ် ……… ။။။။။။။။။။။။။။။။။။။။။။။။
ဘာရယ်တော့ မဟုတ်ပါဘူး ..... ။
ဒီနေ့  အဖေများနေ့ မှာ အဖေ့ကို သတိရရင်း ငယ်စဉ်က မေ့မရတဲ့ အဖေနဲ့  ကျနော် ကြားက အဖြစ်လေးကို
သတိရလို့  ချရေးမိတာပါ …. ။
အဖေ ကျန်းမာပါစေလို
့ သား ဆုတောင်းပါတယ် ….. ။
မောင်ဘုန်း
ကဗျာလေးဖတ်ပြီစိတ်ထဲတမျိုးဖြစ်သွားတယ် မောင်ဘုန်းရေ
ReplyDeleteအဖေများအားလုံးကျန်းမာပျော်ရွှင်ကြပါစေ
အဖေတွေလည်း ကျန်းမာပါစေ..
ReplyDeleteဖခင်လောင်းတွေလည်း ကျန်းမာပါစေ..
နှစ်ဦးနှစ်ယောက်စလုံး ကျန်းမာ ပျော်ရွှင်ပါစေဗျား.....
ReplyDeleteHi looks so impressive and interesting blogs, come and visit us back too:
ReplyDeletehttp://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
အဖေအားလုံးကလဲအမေလိုပါပဲသားသမီးတွေကိုချစ်တတ်တာလေ
ReplyDeleteလွမ်းသွားတယ်မောင်ဘုန်းရေ
ဖေဖေတွေလည်းကျန်းမာကြပါစေ
ReplyDeleteမေမေတွေလည်းကျန်းမာကြပါစေ
သားသမီးတွေလည်းကျန်းမာကြပါစေ..။
မောင်ဘုန်းလည်းကျန်းမာပါစေး)
အင်း..
ReplyDeletehi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
ReplyDeleteကဗျာလေးအားပေးသွားတယ် မောင်ဘုန်းရေ။ ဖခင်ကို သတိတရရှိတဲ့ သားလိမ္မာတစ်ယောက်ပဲ။
ReplyDeleteကဗျာထဲမှာ ဥာဏ်နီဥာဏ်နက်များတဲ့ကလေးနဲ့ ဖခင်ရဲ့မေတ္တာလေးပေါ်လွင်နေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်