မင်္ဂလာပါဗျာ
… ။ ကျနော် ကားအကြောင်းတွေ မရေးဖြစ်တာတော်တော် ကြာသွားပါပြီ ဒီနေ့  တော့ ရေးလက်စ ကားဆေးအရောင်
ပျက်စီးစေခြင်း နှင့် ထိန်းသိမ်းခြင်း အပိုင်း ၂ ကို လက်စသတ် ပါမယ် ။
ကားတစ်စီးရဲ့
ဆေးအရောင် ပျက်စီးစေတဲ့ အကြောင်းရာတွေထဲမှာ ဖြစ်များတဲ့ အကြောင်းရာ နှစ်မျိုးကို ပထမ
post မှာရေးခဲ့ပြီပါပြီး ။ အခု နောက်ထပ် ဆေးအရောင် ပျက်စီးစေတဲ့ ကြောင်းတွေထဲမှ မကြာမကြာ
တွေ့ ရတဲ့ အကြောင်းရာ တစ်မျိုးကို ပြောပြပါတယ် ။ ဒီအကြောင်းရာ ကတော့ ပေါ်လစ် (Car Polish ) ကြောင့် ပျက်စီး စေခြင်းပါပဲ
။
ပေါ်လစ် (Car
Polish ) ကြောင့် ပျက်စီးခြင်း
Car
Polish ဆိုတာ ကားတစ်ရဲ့ ဆေးအရောင်ကို တောက်ပအောင် ပြုလုပ်ရာမှာ အများစု အသုံးပြုကြပါတယ်
။ အမှန်တော့ Car Polish ဆိုတာ ဆေးအရောင် တောက်ပ အောင်အသုံပြုတာထက် ၊ ဆေးအရောင် ပျက်စီစေမှု ကို ထိန်းသိမ်းတဲ့ ပစ္စည်းတစ်မျိုးပါပဲ
… ။ ဒါပင်မဲ့ ကားဆေးအရောင် ပျက်စီးစေတဲ့ ကြောင်းရာတွေထဲမှာ Polish ကြောင့် ဖြစ်ရတဲ့ ကားတွေ ကို မကြာမကြာ တွေ
့ရပါတယ် ။ Car Polish ကြောင့် ဆေးရောင် ပျက်စီး တဲ့ကားတွေမှာ Polish ကို မသုံးတက် တာကြောင့်
ဆေးရောင် ပျက်စီးရတယ် ဆိုလည်းတွေရပါတယ် ။
polish ဆိုတာ paste compound တစ်မျိုးပါ ။ Metallic
ကားဆေးရဲ့ မျက်နှာပြင်ဟာ paste ဖြစ်တာကြောင့် paste
compound ဖြစ်တဲ့ Polish အသုံပြု ခြင်းဖြင့် ဆေးရောင်ကို ခဏတာ တောက်ပ စေတာပါ ။ အသုံးပြုတဲ့
Polish အမျိုးအစား မမှန်ရင်တော့ ကားဆေးရောင် ကို ပျက်စီးစေပါတယ် ။
အများအာဖြင့်
Car Polish ဆိုရင် တူတူပဲ လို့ ထင်ကြပါတယ် ။ ဈေးကွက်မှာ တံဆိပ် အမျိုးမျိုးရှိတဲ့
Car Polish များကို အခြေခံအားဖြင့် အမျိုးစား သုံးမျိုးခွဲထားပါတယ် ။
၁ ။ ပေါ်လစ်
အကြမ်း ( Remover
Paste … လို့  တံဆိပ်
မှာ ရေးထား တက်ပါတယ် )
၂ ။ ပေါ်လစ်
အနု (Removes light …. လို့  တံဆိပ် မှာ ရေးထား တက်ပါတယ် )
၃
။ ပေါ်လစ်အရည် (Remover Cleaner ….. လို့ 
တံဆိပ် မှာ ရေးထား တက်ပါတယ် )
ဒါ့အပြင်
3 in 1 / (3M ) ဆိုပြီး သုံးမျိုးပေါင်းစပ်ထားတာလည်း
ရှိပါတယ် ။ ကျနော် သုံးပြုပုံကို ရှင်းပြပါမယ် ။ ပေါ်လစ်အကြမ်း ကို သုံးရာမှာ ကားတစ်စီးကို
ဆေးပြန်မှုတ်ပြီးတဲ့အချိန် ဆေးမှာ ပါတဲ့ အမှိုက်ကြောင့် ဖြစ်စေ ၊ ပတ်ဝန်းကျင်မှ ကျရောက်တဲ့
အမှိုက်ကြောင့် ဖြစ်စေ ကား ရဲ့ မျက်နှာပြင် မှာ အဖု လေးသေးသေး လေးတွေ ဖြစ်သွားတက် ပါ
တယ် ။ အဲ့လို အမှိုက်တွေ ရှင်းတဲ့နေရာမှာ ပေါ်လစ်အကြမ်း ကို သုံးပါတယ် ။ နောက်တစ်ခုက
မိမိရဲ့ကားမျက်နှာပြင် မှာ တစ်ခုခုနဲ့  ထိမိလို ဆေးပေါက်မသွားပဲ အဆင်းကြောင်း တွေ ဖြစ်သွားတယ်ဆိုရင်
ဒီလို အဆင်းကြောင်းတွေကို မှုလဆေးရောင်တိုင် ဖြစ်စေမို့  ပေါ်လစ်အကြမ်း ကိုသုံးပါတယ်
။
ပေါ်လစ်အကြမ်း ဟာ ကားဆေးရဲ့ မျက်နှာပြင် paste ကို ပျော့သွား သည်အထိ Chemical
အားပြင်းပါတယ် ကျနော်အထက်မှာ ပြောသလို အမှိုက်တွေ ၊ အဆင်းကြောင်းရာတွေ ကို ဖယ်ထုတ်နိုင်တဲ့
အစွမ်း ရှိပင်မဲ့ ၊ ဆိုးကျိုးအနေနဲ့  မိမိကားဆေးရဲ့ မျက်နှာပြင် ပါးသွားစေပါတယ် ။
colour effect ကို ပျက်စီးသွားစေပါတယ် ။ လိုအပ်လို့  အသုံပြုမယ် ဆိုရင် သင့်တော်ပင်မဲ
့ ၊ မလိုအပ်ပဲ မိမိကားကို ဆေးအရောင်လေး တောက်စေချင်လို့  ပေါ်လစ်တိုက် တဲ့နေရာမှာ ပေါ်လစ်အကြမ်း
ကိုသုံးမိမယ် ဆိုရင်တော့ မိမိကား မှာ colour effect ပျက်စီးသွားစေ သလို ။ ဆေးပါးသွား
တာကြောင့် ရက်ပိုင်းအတွင်း မိမိကားရဲ့ ဆေးရောင်တက်ပမှု့  ဆုံးရှုံးရစေပါတယ် ။ ရက်ကြာလာတာနဲ
့ မိမိကားမှာ အဖြူရောင်သန်းလာပါတယ် ( ဥပမာ အနီရောင် ကားဆိုရင် ပန်းရောင်း ဖြစ်သွားပါတယ်
) ။
နောက်တစ်မျိုးက
ပေါ်လစ် အနု ပါ ။ မိမိကားဆေးမျက်နှာပြင်မှာ အစက်ပျေက်တွေ အကွက်တွေ ဖယ်ရှားနိုင်တဲ့ အစွမ်းရှိပါတယ်
။ မလိုအပ်ပဲ အသုံးပြုလို့  မသင့်ပါဘူး ပေါ်လစ်အကြမ်းလောက် Chemical အားမပြင်းပင်မဲ့ 
မကြာမကြာ မလိုအပ်ပဲ အသုံပြုမယ်ဆိုရင် ပေါ်လစ်ကြမ်းလို ပဲ ဆိုးကျိုးများ ဖြစ်စေပါတယ်။
နောက်ဆုံးတစ်မျိုးကတော့
ပေါ်လစ် အရည်ပါ ။ မိမိကား ဆေး မျက်နှာပြင်မှာ အကွက်များနဲ့  ဆေးအရောင် တောက်ပအောင် အသုံးပြုနိုင်ပါတယ်
။ ဆေးအရောင် ကျနေတဲ့ ကားပဲ အသုံပြုသင့်ပါတယ် ။ ဆေးအသစ် ဖြစ်မယ်ဆိုရင်တော့ သူလည်း အထက်ပါ
အမျိုးစားတွေလို ပဲ မိမိကားဆေးအရောင် ကို ပျက်စီးစေပါတယ် ။
ကာတစ်စီးကို
ပေါ်လစ် ဘာကြောင့် အသုံပြုရလည်းဆိုရင်တော့ ။ အကြောင်းရာ နှစ်မျိုးရှိပါတယ် ။ မိမိကားဆေးမှာ
ထိခိုက်ဒဏ်ရာ ရှိလို့ နဲ့  ဆေးရောင် အကျနေလို့  အသုံပြုတာ များပါတယ် ။ ဒီနေရာမှာ တစ်ခုပြောစရာရှိပါတယ်
။ မြန်မာပြည်က ဆေးမှုတ်တဲ့ အလုပ်ရုံ တော်တော်များများ မှာ ကားတစ်စီးကို ဆေးပြန်မှုတ်ပြီးရင်
ပေါ်လစ် တိုက်ပါတယ် ။ အများစုဟာ ဆေးမှုတ်ခန်းဆိုတာ သီးသန့်  မရှိတဲ့အတွက် ဆေးမှုတ်နေရာ
မှာ ဆေးမခြောက်ခင် အချိန်အတွင်း ပတ်ဝန်းကျင်မှ အမှုံများ အမှိုက်များ ကျရောက်စေသည့်ပါတယ်
။ ဒီလို အမှုံတွေ အမှိုက်တွေ ဖယ်ရှားတဲ့နေနဲ့  အသုံပြုတာပါ ။ ဆေးမှုတ်တဲ့ နေရာသီးသန့် ထားပြီ
အမှုံအမှိုက် မကျရောက်စေတဲ့ နေရာဆိုရင်တော့ အကာင်းဆုံးပါပဲ ။
ဆေးအရောင်ကျနေတဲ့
ကားအတွက်တော့ မိမိရဲ့ကားဆေးအရောင်ကို ထိန်သိမ်းတဲ့ အနေ နဲ့  အသံုးပြုသင့်ပါတယ် ။
ကျနော်
တို့ က လိုအပ်လို့  မိမိကားမှာ ပေါ်လစ် အသုံးပြုမယ်ဆိုရင် ကားကို ရေအရင်ဆေးရပါမယ် ။
ကား body ပှုနေမယ် ဆိုရင် အေးအောင်စောင့်ရပါမယ် ။ စက်သတ် ထားရပါမယ် ။ ရေဆေးတယ် ဆိုတာကတော့
ပေါ်လစ်တိုက်တဲ့ နေရာမျာ သဲ ပါမှာစိုးလို့ ပါ ။ ပေါ်လစ်ဟာ ကားဆေးမျက်နှာပြင်ပျော့ သွားစေတာကြောင့်
အပူ ရှိနေရင် ပိုပြီပျော့သွားမှာဖြစ်လို့  body ကိုအေးအောင်လုပ်ပြီး စက်သတ်ထားရတာပါ။
ဒီလောက်ဆို လိုအပ်သလို အသုံးပြုလို့ ရပါပြီ ။
ပေါ်လစ် အနုရော အရည် ရော မှာ Chemical နည်းတဲ့အတွက်
အချိန်တို အတွင်း သိသိသာသာတော့ ပျက်စီးစေခြင်းမရှိပါဘူး ။ ပေါ်လစ် အမျိုးစားအားလုံးကို
မလိုအပ်ပဲ မကြာမကြာ အသုံးပြုမယ် ဆိုရင်တော့ ပထမဦးဆုံးအနေနှင့် မိမိကားဆေးရောင်မှာ
ပါရှိတဲ့ colour effect ကို ဦးစွာပျက်စီးစေပါတယ် ။ rainbow effect လိုအရောင်ပြေး
effect တွေမှာ သိသိသာသာ မဟုတ်ပင်မဲ့ ၊ ctystal effect အမျိုးစားဆိုရင်တော သိသိသာသာကို
ပျက်စီးတာတွေ့ ရပါတယ် ။
နောက်တစ်ခုက
မလိုအပ်ပဲ မကြာမကြာ ပေါ်လစ် အသုံးပြုတာကြောင့် မိမိကားဆေးရဲ့ မျက်နှာမှာရှိတဲ့ paste ကို ပါးသွားစေပါတယ် ။ နောက်ဆက်တွဲ အနေနဲ့  ဆေးအရောင် ပျယ်တဲ့ ဆင့်ကိုရောက်သွားပြီး
ပျက်စီးစေတာပါပဲ ။
ဒါကြောင့်မို
့လို့  ပေါ်လစ်ဟာ အသုံးပြုတာ မှန်ကန်ရင်တော့ မိမိကားရဲ့ဆေးအရောင် ကို ထိန်းသိမ်း နိုင်မှာ
ဖြစ်သလို ၊ အသုံးပြုတာ မမှန်ရင်တော့ မိမိကားဆေးအရောင်ကို ပျက်စီးစေပါတယ် ။ မလိုအပ်ပဲ
ပေါ်လစ်မကြာမကြာအသုံးပြုခြင်း ဟာ မိမိကားရဲ့ ဆေးရောင် တောက်ပမှု့ ကို ထိန်းသိမ်း တာမဟုတ်ပါဘူး
။ မိမိကားရဲ့ ဆေးအရောင် တောက်ပမှု့  ကို ပျက်စီးသလို ဖြစ်တက်ဆိုတာ သတိပြုသင့်ပါတယ် ။
ဓာတ်ပုံကို google မှရယူခဲ့ပါသည် ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
ကားအကြောင်းမသိပေမဲ့ဗဟုသုတအနေနဲ့ လာဖတ်သွားပါတယ်
ReplyDeleteအရာအားလုံးအဆင်ပြေပါစေ..
ဆင်ခြင်သင့်တာလေးတွေ ဖတ်ပြီးမှတ်သွားတယ် မောင်ဘုန်းရေ။
ReplyDeleteဗဟုသုတလေးတွေအတွက် ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မှတ်သားစရာပိုစ့်လေးပါ။ ကျေးဇူးပါ ကိုမောင်ဘုန်း ခင်ဗျာ။
ReplyDeleteနားမလည်ပါဘူးမောင်ဘုန်းရေ
ReplyDeleteအလှမ်းဝေးတဲ့ပန်း ကလေးလိုပါပဲဟယ်
သေချာတော့ကြည့်ခဲ့တယ်