Pages

Tuesday, November 13, 2012

ဆောင်းမဲ့နေရာက ဆောင်းတစ်ည








ဆောင်းဟေမာန် ဆန်းထလို့ 
ငွေနှင်းက မှုံ
လေညင်းက သုန် ပြန်တော့
မှေးစက်ရာ ရွှေနန်းထက်ဝယ်
ခိုက်တုန်လို့  ချမ်း …. ။

ဆောင်းဓလေ့မို့ 
နှင်းငွေ့ လှုံ ပျော်မြူး
“ ချမ်းပါဘူး ” ဆိုကာမှဖြင့်
(အိုကွယ်) … ချမ်းဓာတ်က အရိုးစွဲပေါ့
ချမ်းခိုမို့  ဟန်ပြင်
မမြင်နိုင်ပါ မှေးစက်ပျော် မျက်ဝန်းတွေက
မှီရာကို ဆွဲလို့ ခြုံ
အနံရယ်တို  စောင်ငယ် လွှမ်းလို့ 
ချမ်းခို မိ လေ …….. ။

ချမ်းခိုလို့  ချမ်းဓာတ်မပြေ
အောက်ပိုင်းဆီက တုန်းလို့ ချမ်း
အေးလိုက်တဲ့ အဖြစ်
မှေးစက်ရာ လန့် ကာ …. နိုး

(သြော်) ….. ငါ့နဲ့  …. ဖြစ်ရမယ်
ဆောင်းမဲ့ တဲ့ နေရာမှာ
ဆောင်းည အိမ်မက်တွေနဲ့ 
ပုဆိုးခြုံးပြီး
ချမ်းနေပါရောလား  …… ။



မောင်ဘုန်း

6 comments:

  1. ဆောင်းဓလေ့မို့ 
    နှင်းငွေ့ လှုံ ပျော်မြူး
    “ ချမ်းပါဘူး ” ဆိုကာမှဖြင့်
    (အိုကွယ်) … ချမ်းဓာတ်က အရိုးစွဲပေါ့
    ချမ်းခိုမို့  ဟန်ပြင်
    မမြင်နိုင်ပါ မှေးစက်ပျော် မျက်ဝန်းတွေက
    မှီရာကို ဆွဲလို့ ခြုံ
    အနံရယ်တို စောင်ငယ် လွှမ်းလို့ 
    ချမ်းခို မိ လေ …….. ။

    ReplyDelete
  2. ကိုဘုန်း ကတော့ ဖြစ်ရမယ် ပုဆိုးနဲ့  စောင်မှားပြီး ဆွဲခြုံ ရတယ်လို့  ...


    kဇင်

    ReplyDelete
  3. မောင်ဘုန်းရေ စောင်လေးတထည်တော့ဝယ်လိုက်ပါအုန်းဟယ်
    ပုဆိုးကဘယ်လုံပါ့မလဲ ဟားဟားဟား
    ခင်တဲ့ sis jasmine

    ReplyDelete
  4. လက်တွေ့ဖြစ်ရပ်နဲ့ ဆန့်ကျင်ဘက်ကို ပုံဖော်သွားတဲ့ ဆောင်းအိပ်မက် ကဗျာလေးပဲကိုး။
    ကာရံညီညီ စီခြယ်ထားတဲ့ နူးညံ့သိမ်မွေ့ကဗျာလေးတစ်ပုဒ်ကို အားပေးသွားတယ် မောင်ဘုန်းရေ။
    တီတင့်လည်း ခရီးတွေလွန်နေလို့ အလည်မရောက်တာကြာပေမယ့် အမြဲသတိတရရှိနေပါတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ခစ်ခစ်..ပုဆိုးဆိုလို့တော်သေးတာပေါ့နော်....မိုးနတ်အိမ်လေးကိုလင့်ချိတ်ထားပေးတဲ့အတွက်
    ကျေးကျေးပါနော်...အားပေးနေပါမယ်..
    ခင်တဲ့....မိုးနတ်

    ReplyDelete
  6. ဆောင်းဟေမာန် ဆန်းထလို့ 
    ငွေနှင်းက မှုံ
    လေညင်းက သုန် ပြန်တော့
    မှေးစက်ရာ ရွှေနန်းထက်ဝယ်
    ခိုက်တုန်လို့  ချမ်း …. ။
    အားပေးသွားပါတယ်။

    ReplyDelete