Pages

Tuesday, January 22, 2013

အလွမ်းနေ့ ရက်





ရင်ခုန်သံတွေ ရဲ့
အဝေးကို ထွက်သွားတော့
ကံတရားက ဇတ်ဆရာလို
အလွမ်းတွေ ချန်ပြီး
နှစ်ဦး ဘဝ ကမ္ဘာခြား
အလွမ်းနဲ့  ဗျာများ
အခြေမလှတဲ့ ဘဝတွေမို့ 
မြတ်နိုးသူရဲ့ အဝေးမှာ
မာန်တင်းလို့   ခံစား
အချစ်တဲ့လား … မောရရှာတယ် ….
အလွမ်းည ရဲ့ အလယ်မှာ
အတွေးများနဲ့  …….. တမ်းတရင်း
ရွှေဖီမြေမှာ သာလို့ 
နေမှကောင်းရဲ့လား ….. ချစ်သူရယ် …….. ။



အမှတ်တရ ... ၂၂ . ၁ . ၂၀၁၃ ..... အရင်လိုပါ ..... ပဲ ........ ချစ်သူ ....... ။



မောင်ဘုန်း





6 comments:

  1. အလွမ်းရဲ့ညဆိုတော့ မကြီးလွမ်းလည်း ပါတယ်နော်။
    အဟီး...
    အရင်းအတိုင်းဘဲ ချစ်သူရေတဲ့ ကဗျာကောင်းလေး အားပေးတွားတယ်

    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. အခြေမလှတဲ့ ဘဝတွေမို့ 
    မြတ်နိုးသူရဲ့ အဝေးမှာ
    မာန်တင်းလို့  ခံစား
    အချစ်တဲ့လား … မောရရှာတယ် ….

    အဲ့နားလေးတော့ သဘောကျမိသဗျို့
    အကိုဘုန်းရေ....အဲ့နားလေးတော့
    ထိသဗျို့....:)
    ချစ်သူလေးက ပြောတယ်...
    ကျန်းဂန်သာလို့ မာပါအိတဲ့..
    ဒါကြောင့် အကိုဘုန်းစိတ်ပူနဲ့တော့နော်.....:P
    ခင်မင်တဲ့....မိုးနတ်

    ReplyDelete
  3. မကြာခင် ပြန်ဆုံရမှာပေါ့ ..ခုချိန်ခဏ အားတင်းပြီး ကြိုးစားထားနော်..ချစ်သူလေးက အဝေးကနေပေမယ့် နှလုံးသားချင်း နားလည်းသူတွေမို့ အမြန်ဆုံးနီးကြရမှာပါ .ငါ့မောင်ရေ

    ReplyDelete
  4. အချစ်နဲ့ဆုံရရင် အလွမ်းနဲ့လဲ နဖူးတွေ့ဒူးတွေ့တွေ့ရတော့တာနော်။ ကဗျာလေးအားပေးသွားပါတယ်။

    ReplyDelete
  5. အလွမ်းဝေ အမြန်ဆုံးကင်းဝေးပါစေမောင်ဘုန်းရေ

    ReplyDelete
  6. သည်လိုချမ်းအေးလှတဲ့ နေ့မျိုးမှာ အလွမ်းကဗျာလေးကို ဖတ်လိုက်ရတာလည်း အရသာတစ်မျိုးပါလား
    ကဗျာကောင်းလေးကိုခံစားသွားတယ်နော်
    ပျော်ရွှင်နိုင်ပါစေ

    ReplyDelete