Pages

Sunday, September 11, 2011

အလွမ်းနေ့ ရက်




တရွေ့ ရွေ့ ထွက်ခွာသွားတဲ့ ချစ်သူ ခြေလှမ်းတွေကိုကြည့်ရင်း

လည်ပြန်ကြည့်လိုက်တဲ့  ချစ်သူ ရဲ့ ကြင်နာ မျက်ဝန်း တစ်စုံကြောင့်

ကို ... ရင်ခုန်သံတွေ ရပ်တန့် ခဲ့ရတယ် .. ချစ်သူ 

လက်ပြလို့  နှုတ်ဆက် မို့ တောင် မေ့ နေခဲ့တယ်လေ 

ခဏတာ ဆိုတဲ့ အသိ ရင်ထဲရှိပင်မဲ့ 

အလိုလို ဝမ်းနည်းလာတဲ့ စိတ်ကို ထိန်းရင်

ကို .... ပြန်လာခဲ့ပါတယ်

ချစ်သူရေ .... 

ကမ္ဘာကြီး က ဒီနေ့ မှ ဆွဲအားပိုပြင်းနေသလိုပဲ

အပြန်လမ်း မှာ ကို ... ခြေထောက်တွေ အရမ်းလေးနေတယ်လေ

မနက်ဖြန်ဆိုတဲ့ နေ့ ရက် တွေမှာ အရင်လို လွမ်း နေရအုံးမယ်နော် 

ဒီနေ့  sunday လေ ....

မနက်က ကားဂိတ် လေးကိုမျှော်ကြည့်နေမိတယ်

ကော်ဖီဖျှော်တော့ နှစ်ခွက် ဖျှော်မိတယ်

မင်း ကြိုက်တက်တဲ့ ဒိန်ချဉ် ဗူးတွေ ဝယ်လာမိတယ်

အခု မင်းနဲ့  ထိုင်နေကျ online ပေါ်က ထိုင်ခုံ လေးမှာ ကိုတစ်ယောက်တည်လေ

အစ်မ ချော ( အစိမ်းရောင်လွင်ပြင် ) ရေးတဲ့ မန်စီ မြို့ လေးအကြောင်း 

ဖတ်ပြနေတဲ့ မင်းရဲ့ အသံ ...

ကိုရင် ရေးတဲ့ တဂ် ကိုဖတ်ပြီ ရီနေတဲ့ မင်း ရဲ့ မျက်နှာလေးကို ....

မြင်နေမိတယ် ချစ်သူရယ် ...

မနက်ဖြန် ဆိုတဲ့ နေ့ ရက်တိုင်းဟာ

ကို .... အတွက်တော့ အလွမ်း နေ့ ရက်တွေ ဖြစ်ရပြီပေါ့ ... ချစ်သူ ..


မောင်ဘုန်း





8 comments:

  1. ကဗျာလေးဖတ်ပြီးတော့
    ရင်ထဲနင့် ခနဲဖြစ်သွားတယ်မောင်ဘုန်းရယ်..
    ခံစားချက်ချင်းလာတူနေတယ်..
    မနက်ဖန်ဆိုတဲ့နေ့ရက်တိုင်းဟာအလွမ်းနေ့ရက်တွေ
    ဖြစ်နေတယ်ဆိုတဲ့ စာသားလေးကရင်ကိုအထိရှဆုံးပါဘဲ

    ခင်မင်တဲ့ အမ blackroze

    ReplyDelete
  2. မောင်ဘုန်း ရေ

    အလွမ်းသန် လှချီလား ကြည့်ရတာ ချောင်းခြား တဲ့ ဇာတ်လမ်း ထဲက ငှက်မောင်နှံများ ဝင်စားသလားဘဲ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  3. ကောင်းကင်ဖြူကဘယ်သွားလို့တုန်း
    မောင်ဘုန်းရဲ့...

    ReplyDelete
  4. မောင်ဘုန်းရေ ကဗျာလေး လာရောက်ခံစားသွားပါတယ်နော်...ကျန်းမာပျော်ရွှင်ပါစေဗျာ...

    ReplyDelete
  5. ဪအစ်ကိုဘုန်းတစ်ယောက် အတော်လွမ်းနေပါရော့လား။ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

    ReplyDelete
  6. ကိုယ်လွမ်းလှပြီထင်နေတာ
    ထွက်ကြည့်တော့မှ ကိုယ့်ထက်လွမ်းနေတဲ့သူတွေ
    နဲ့ပဲလာတွေ့နေတယ်...

    ReplyDelete
  7. အစ်ကိုက အရမ်းချစ်တက်ပုံပဲနော်..အစ်ကိုချစ်သူကံကောင်းလိုက်တ.. မြန်မြန်ပြန်ဆုံပါစေလို့ ဆုတောင်းပေးလိုက်တယ်..(သူခရီးသွားတယ်ထင်လို့)
    အိမ်မက်

    ReplyDelete
  8. အောင်မာ ကိုမောင်ဘုန်း ကနေ နီုကီယာဖုန်းဖြစ်တော့မယ် ..
    သူများတွေလွမ်းဖို့မထားဘူး
    သူချည်းလွမ်းပြနေလိုက်တာ
    ဟီးးးးးးးးးးးးးးးးးးးး
    ချူံးပွဲချငိုပြီး နှပ်ပါညှစ်သွားပီ
    ရွှီးးးးးးးးးးးးးးးးးးးးးဖတ် ...........း
    အောက်မှာကပ်
    ..
    ဒါပဲ
    မဒိုးကန်

    ReplyDelete