Pages

Sunday, March 31, 2013

ထာဝရမြဲ ကြပါစေ ... ။





ကတိသစ္စာမိုးတွေ သည်းနေချိန်မှာ
သိက္ခာက  ဆန္ဒကို  လွှတ်ပေးလိုက်တယ်
ကမ္ဘာမြေ တခွင်လုံး သာယာ သွားတော့
နေ့ တွေ ညတွေ ကို သတိမရခဲ့ဘူး … ။

ဒီလိုနဲ့  ….
မိုးစက်တွေကြား ပန်းပွင့်တွေ
ကြွေကျ မြေခ နေတော့
တွဲလက်တွေ ကို ဆုတောင်းမိတယ်
ထာဝရမြဲ ကြပါစေ …. ။




မောင်ဘုန်း 
 


Tuesday, March 26, 2013

လ တပေါင်း






လ တပေါင်း ပေမို့ 
ပင်အိုမှာ စိမ်းနု ပျိုတယ်
နှင်းငွေမှုံ စိမ်းနု ခိုလည်း
တောင်စွယ်မှာ ရောင်နီဖြန်း လို့ 
မြေ ‘ ခ ’ တယ် .....  လေး ……. ။

လ တပေါင်း ပေမို့ 
အခါနွေဆန်း လေသွေ့ ပြန်တော့
တောင်က ညို  ဖြူတဲ့ စေတီ
ဆည်းလည်းသံ မိုးယံထက်ဝယ်
‘ သာ ’ ရ တယ် ....... လေး ……. ။

လ တပေါင်း ပေမို့ 
ပန်းထုံတဲ့ လေ အဝှေ့ မှာ
ရွက်ဟောင်းပျံ လေမှာ ဝဲ ရှာ လို့ 
လွမ်း တေးဆို ဌက်ငယ် ကြူး ရင်ဖြင့်
‘ လွမ်း ’ ရတယ်လေး …….. ။



လွန်ခဲ့တဲ့ နှစ်က ရေးခဲ့ဘူးတဲ့ ကဗျာလေးပါ ... ။ တပေါင်းလပြည့်ည နဲ့  တပေါင်းရာသီ ကို လွမ်းနေရပင်မဲ့ စိတ်ထဲမှာ ကောင်းကင်ဖြူ တစ်ယောက် နေမကောင်းဖြစ်နေတာကို စိတ်ပူနေမိရင်း လ တပေါင်း ကဗျာလေး တစ်ပုဒ် လောက် ရေးမယ်လို့  စိတ်ကူးထားတာ မရေးဖြစ်ခဲ့ပါဘူး ။

ကဗျာဟောင်းလေးနဲ့ ပဲ တပေါင်းလ ရဲ့ သာယာ အေးချမ်းမှု နဲ့ တူ ကျန်းမာပျော်ရွှင်ကြပါစေလို့  ကျနော် မိတ်ဆွေသူငယ်ချင်းများ အတွက် ဆုတောင်းလိုက်ရပါတယ် ... ။


မောင်ဘုန်း 




 

Monday, March 18, 2013

ကင်းလွတ်စေချင်ကြပါတယ်





လက်တစ်ဖက် … နှိုက် …
ဟာ … ခနဲ  …. ဆို
တိုးတိတ် …. ရှိုက် .. သွင်း
ဟင်းးး …. ခနဲ …ထုတ် …
လှိုက် … ခနဲ …. ရှိုက်
ငို သဲ့သဲ့ … နှော …
ဆို ငြီး ကာ   …. ပြော …
ဆန် မရှိတော့ပါ လား …….. ။

မရှိ ခဏ …..
စဉ်ကာ  …. အမြဲ ..
လိုတာ …… မရ ….
ရတာ …. မလောက်
အဖြေ ကြည့် …..  တော့
ဘာရယ် …. မသိ
ဘာမှ…. မရှိ
ဆင်းရဲ … အတိ
ဖြစ်ရလေ ….. ရှာ ….
ဘဝ ဆိုတာ ငိုချင်း ….. ငိုရင်း …… ။

ဟင်းးး …. ခနဲ …ထုတ် …
လှိုက် … ခနဲ …. ရှိုက် ….
စီ ….. ခနဲ …. ရှု  ……
လှိုက် ကာ …. ရှိုက် ကာ…..
 ငို ရ …….. ပါတော့ သည်  ….. ။


တစ်ကယ်တော့ ဆင်းရဲ တယ်ဆိုတဲ့ စကားဟာ ကျနော် နဲ့  ရင်းနှီး နေပြီးသာပါ ။ ကိုယ်တိုင် အဲ့လို အခြေနေ မဟုတ်ပင်မဲ့ ကျနော် ပတ်ဝန်းကျင်မှာ အမြဲလိုလို တွေ့ နေရတက်ပါတယ် ။ နေညိုရင် ဆန်ထုပ် လေးပိုက်ပြီ သူတို့ ရဲ့  အိမ်ပြန် ခရီးကို ကျနော် မကြာမကြာ ငေးကြည့်ဘူးပါတယ် ။ ကျနော် ပြောတဲ့ ဆင်းရဲတယ်ဆိုတာက လိုတာမရ ၊ ရတာမလို စိတ်ဆင်းရဲ  ရတဲ့အဖြစ်မျိုးတော့မဟုတ်ပါဘူး ။ … လူအလို နတ်မလိုက်နိုင် …. ဆိုတဲ့ မြန်မာ စကားပုံ လို လူတိုင်း နေ့ စဉ်လိုလို စိတ်ဆင်းရဲ ရတာတော့ သဘာဝကျတဲ့ ဖြစ်ရပ်ပါ ။ အခုပြောတဲ့ ဆင်းရဲ ခြင်း ဆိုတာ လူတစ်ယောက်အတွက် အသက်ရှင်နေထိုင်မို့  စားဝတ်နေရေး ဆင်းရဲ ခြင်းပေါ့ …. ။

ကမ္ဘာ့ လူဦးရေ ရဲ့ သန်း (million) ၇၈၀ ဟာ နေ့ စဉ်နဲ့  အမျှ အစားအစာ လိုအပ်နေတယ်တဲ့ ။ ဒါက ၉/၁၀/၂၀၁၂ ရက်စွဲပါ UN hunger report  တစ်ခုမှာ တွေ့ လိုက်ရတဲ့ အရေအတွက်ပါ ။ နောက်တစ်ခုက ၂၁ရာစုမှာ လူသားတွေ အတွက်  အကြီးမားဆုံး ရန်သူဟာ ဆင်းရဲမွဲတေ မှု ပါ တဲ့ …. ။ တကယ်ပဲ ကျနော်တို့  အတွက် ဆင်းရဲခြင်းဟာ ရန်သူ ဖြစ်နေမလား ။ ဆင်းရဲခြင်းဆိုတာ ဟာ မချမ်းသာတဲ့ ကျနော်တို့  မြန်မာ တွေအတွက်တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး ။ ဟိုအရင်ကတည်းက လည်းရှိခဲ့တယ် ထင်ပါတယ် ။ ကဗျာတွေဖတ်ရင်း စလေဦးပုည ရဲ့ကဗျာလေး တစ်ပုဒ် မှာ …

အကာဆူးခက် အင်ဖက်အမိုး
ကျူရိုးတိုင်ထူ နေပူကျဲကျဲ ၀က်သိုက်ထဲတွင်
အုပ်ခဲခေါင်းအုံး အိုးတစ်လုံးဖျာမရှိ
ဘူမိကဗ္ဗလာ မြေမှို့ယာနှင့်
ချူခြာတော်မူလှသော ……

အခုလို ရေးဖွဲ့ ထားတာကို ကြည့် မယ်ဆိုရင် ကျနော်တို့  မြန်မာတွေမှာလည်း  ဟိုအရင်ကတည်း ဆင်းရဲခြင်းဆိုတာ ရှိတယ်လို့ထင်မိပါတယ် ။ အခုလို အခြေအနေကြောင့် ဆင်းရဲခြင်းဆိုတာဟာ ကျနော် တို့  မြန်မာ တွေအတွက် အထူးအဆန်း မဖြစ်သလို ယဉ်ပါးနေတဲ့ စကားလုံး လည်းဖြစ်ခဲ့ပါတယ် ။

တကယ်တော့ ကျနော် မြန်မာလူမျိုးဆိုတာ စာနာစိတ်အခြေခံ ကောင်းမွန်တဲ့ လူမျိုး များဖြစ်ကြပါတယ် ။ အများစုဟာ ဆင်းရဲနွမ်းပါးတဲ့  သူတွေကို တက်နိုင်သလောက် လှုဒါန်း ကြသလို၊ တချို့  ဆိုရင် မရှိတဲ့ကြားကပဲ မွန်မြတ်စွာ မျှဝေ လှုဒါန်း တက်ကြပါတယ် ။ အခုလို လှုဒါန်း ကျ ပင်မဲ့ ဆင်းရဲသူများအတွက်တာ့ ခဏတာ သာ ဆင်ပြေပြီ ဆင်းရဲခြင်း တွင်းနက်ကြီးက မထွက်နိုင်ခဲ့ပါဘူး ။ လူပတ်ဝန်ကျင် တစ်ခု ဆင်းရဲနေခြင်းဟာ အဲ့ ပတ်ဝန်းကျင် အတွက် ထိခိုက်မှုတွေ ဖြစ်စေ သလား ဆိုတာ ကျနော် တို့  စဉ်းစားသင့်ပါတယ် သူတို့  ပါသာ အလုပ်မလုပ်လို့  ဆင်းရဲကြတာ ကျုပ်တို့ နဲ့  ဘာဆိုင်လို့ လဲလို့  အပေါ်ယံအတွေး အချို့ လည်းရှိပါတယ် ။

ဆင်းရဲခြင်းမှ တစ်ဆင့် လူပတ်ဝန်းကို ထိခိုက်စေတယ်ဆိုတာတော့ သတိပြုသင့်ပါတယ် ။ အစားအသောက် ဆင်းရဲနေရတဲ့ မိသားစုမှာ ကျန်းမာရေး ချို့ တဲ့ အခြေအနေ အလိုလို ရောက်သွားပါတယ် ။  ဒီအခြေအနေမှာ ကူးစက်ရောဂါဆိုတာမျိုးက အခွင့်ကောင်းပေါ့ ။ အဲ့ကနေ့  တစ်ဆင့် ပတ်ဝန်းကျင်းကို ကူးစက်တော့တာပါပဲ ။ နောက်တစ်ခုက လူမှုဆက်ဆံ ရေးပါ ။ အနေအထိုင်အစားအသောက် ဆင်းရဲတဲ့ မိသားတစ်စုမှာ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်လို့ မရတာ တွေ့ ပါတယ် ။ ဥပမာ အနေနဲ့  ပြောရရင် မိဘ နဲ့  သားသမီး ဆက်ဆံရေး ကနေအခြေပြုပြီး ဆိုးရွားတဲ့ လူမှုဆက်ဆံရေးစရိုက် တစ်ခုဖြစ်လာစေပါတယ် ။ ဒီ စရိုက်ဟာ ပတ်ဝန်းကျင်ကို ကူးစက်စေတာပေါ့ ။ အရမ်းဆိုးတဲ့ အခြေနေကတော့ ဆင်းရဲခြင်းကို အခြေပြုပြီး ရာဇဝတ်မှု တွေ ဖြစ်ခြင်းပါပဲ ။

ဒါဆိုရင် ဆင်းရဲခြင်းဆိုတာ ဟာ မဆင်းရဲ တဲ့ သူတွေ နဲ့ လည်း ဆိုင်တယ်လို့  ဆိုရင် မှားနေမလား … ။ မဆိုင်ဘူးဆိုရင်တော့ အနေသာကြီးပါ ။ ဆိုင်တယ် ဆိုရင်ရော ကျနော် တို့  ဘာလုပ်သင့်ပါလည်း … ။ ကြီးမား တဲ့ သစ်ပင်ကို  ပြိုလဲသွားအောင် ခဲသေးသေး နဲ့ ပေါက်နေသလို ဆိုပင်မဲ့ တစ်ဦးတစ်ယောက် အစပြုပြီး အားလုံး တက်စွမ်းသလောက် လုပ်ကြမယ်ဆို ဒီ သစ်ပင်ကြီး မပြိုလဲ ရင်တောင် ဆက်လက်မကြီးထွားနိုင်တော့ ဘူးလို့  ထင်မိပါတယ် …။ အမှန်တကယ် လိုအပ်နေတာတော့ ဦးဆောင်မှု့ ပါပဲ ဆင်းရဲခြင်းအတွက် စောင့်ကြည့် ၊ မှတ်တမ်းတင် ၊ သူတို့ အတွက် အလုပ်ကိုင် အခွင့်လမ်းနဲ့  လူနေ မှု ဘဝ တွေ ကို မြှင့်တင်ဆောင်ရွက်ပေးတဲ့ အစိုးရအဖွဲ့ ဖြစ်စေ ၊ အစိုးရမဟုတ်တဲ့ အဖွဲ့ ဖြစ်စေ ၊ စနစ်တကျ ဖွဲ့ စည်းပြီး ကျနော် တို့  အားလုံးက တက်စွမ်းသမျှ ပါဝင်မယ်ဆိုရင် ကျနော် တို့  ပတ်ဝန်းကျင်အတွက် ဆင်းရဲခြင်း ဆိုတာကို ရဲရဲကြီး ရင်ဆိုင်နိုင်လိမ့်မယ်လို့  ထင်မိပါတယ် ။

တစ်ကယ်တော့  ကျနော်တို့ ဟာ သဘောင်္ပျက်ထဲမှာ ရေမကူးတက်ပဲနဲ့   သူများ တွေ ရေနစ်မှာကို စိုးရိမ် နေရတဲ့ အခြေနေမျိုးပါပဲ ။ ကျနော် တို့  မဆင်းရဲ ပင်မဲ့ မချမ်းသာဘူးလေ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော် တို့  ပတ်ဝန်းကျင်ကိုတော့  အားလုံးပဲ ဆင်းရဲခြင်းက …………..  ကင်းလွတ်စေချင်ကြပါတယ်  ………… ။ 


သီချင်းဟောင်းလေး တစ်ပုဒ် လောက် နားထောင်ပေးပါ ..... ။





 မောင်ဘုန်း





Tuesday, March 12, 2013

ရိုးရှင်းတဲ့ သက်ရှိ လူသား





လှံစိုက်ရာမြေနိမ့် …. ဆိုရမလား မြေနိမ့်ရာလှံစိုက်လို့  ပြောရမလား… ။ လှံလာစိုက်လို့  မြေ နိမ့်သွားတာလား … ။ မြေနိမ့် လို့  လှံ လာစိုက် တာလား … ကျနော် မသိပါ ။ ကျနော် တို့ နှစ်တွေ တော်တော်ကြာ မရှိအတူရှိအတူ နေ့ ရက်တွေ ဖြတ်သန်းခဲ့ဘူးတယ် ။ မျှော်လင့်ချက်ကိုယ်စီနဲ့  ကုသိုလ်များများ မလုပ်ဖြစ်ပင်မဲ့ အကုသိုလ်မဖြစ်အောင် နေထိုင်ခဲ့ပါတယ် ။

အဖြစ်အပျက်က မြန်ဆန်လွန်းပါတယ် ။ မမြဲခြင်းတရားဆိုတာ သိပင်မဲ့ ဘယ်လိုမှ ဖြေမရ ပါ ။ ဒီနေ့  ည ၆နာရီ ၁၅မိနစ်လောက်အချိန်မှာ သူမျက်လုံးကို အောင်မြင်စွာ ခွဲစိတ်ပြီးပြီ ဆိုတာသတင်းကြားတော့ စိတ်ထဲမှာ အရာရာငြိမ်သက် သွားသလို ဘာမှ မလုပ်ချင်တော့ဘူး ။ စိတ်ထဲမှာလည်း မေးခွန်းပေါင်းများစွာပေါ့ ။

လူဘဝ ဆိုတာရိုးရိုးလေးပါ .. ။ ဘာကြောင့်များ ရှုပ်ယှက်ခက်နေတာ လည်း ကျနော် မတွေးတက်တော့ဘူး ။ ကျနော်ပဲ အတွေးလွန်နေသည်လော … ။ လူ အချင်းချင်း ကိုယ်ချင်းစာစိတ်ဆို တာ မရှိဘူးလို့  ကျနော် အခုထိ မယုံနိုင်သေးဘူး ။ ရင်ထဲမှာ မေးခွန်းတွေအတွက်  ကျနော် အိပ့်မပျော်နိုင်သေးပါ … ။ လက်တွေ့ ဘဝကြီးက ကျနော် သိခဲ့တာတွေနဲ့  တော်တော်လွဲနေပါတယ် ။ ကျနော် ဟာ အမှန်မဟုတ်တာတွေ ကို သင်ယူခဲ့မိတာများလား … ။

မနေ့  ညနေ ၄နာရီခွဲတိတိမှာ မတော်တဆဖြစ်ပါတယ် … ။ အရေးပေါ်အခြေနေနဲ့  ဆေးရုံကို ၅ နာရီလောက်ရောက်ပါတယ် ။ တာဝန်ကျဆရာဝန်က အရေးပေါ်ခွဲစိတ်မို့  လိုအပ်တယ်လို့  မှတ်ချက်ရေးထားပင်မဲ့ ။ ၂၄ နာရီ ကြာစောင့်ရပြီ ယနေ့ ညနေ ၅နာရီ ထိုးလောက်မှ ခွဲစိတ်ဖြစ်ခဲ့ပါတယ် … ။ ၆နာရီ ၁၅ မှာတော့ ခွဲစိတ်မူ အောင်မြင်တယ်ဆိုတာ သိရပါတယ် ။ မျက်လုံးတစ်ဖက်တော့ ဆုံးရှုံးသွားပင်မဲ့ ကျန်တစ်ဖက်ကိုတော့ ဘာမှ မထိခိုက်တော့ပါဘူး ။ ခွဲစိတ်မို့  စောင့်ရတဲ့ ၂၄ နာရီ အတွင်း လူတွေ ကို ကျနော် တော်တော် ကြောက်သွားမိပါတယ် ။ ကိုယ်ချင်းစာစိတ်ဆို တာ သူတို့ ဆီမှာ မရှိပါဘူး ။ သေရေးရှင်ရေ အခြေနေမှာတောင် ကိုယ့်အတွက် အမြတ်ထုတ်ချင်ကြတဲ့ လူတွေ ။  ကြားရတဲ့ နားတွေ မြင်ရတဲ့ အပြုအမှုတွေ မယုံနိုင်အောင်ပါပဲ ။

တစ်မိုးအောင်မှာ အသက်ရှင် ကြတာချင်းတူတူ IC ဆိုတာရှိမှ လူလို့  သတ်မှတ်မည်လော ။ ဥပဒေ ဆိုတာက လူတစ်ယော်ရဲ့  အသက် ထက်အရေးကြီးနေတာလား ။

ကျနော် ဟာ ဥပဒေ ပညာကို ကျေကျေနပ်နပ်စိတ်ဝင်တစားသင်ယူခဲ့ ဖူးတဲ့ သူတစ်ယောက်ပါ ။ ဥပဒေဆိုတာ ကျနော် တို့  လူသားတွေ ရဲ့ ဘဝ အတွက်  လုံခြုံမှု နဲ့  သာတူညီမျှ ဖြစ်စေမှု ကို ဖော်ဆောင်တယ်လို့  ယုံကြည်ထားသလို အဲ့လို ဖြစ်စေတယ်လိုပဲ သင်ယူခဲ့ရတာပါ ။ အခုလက်တွေ့ ဘဝကြီးမှာတော့ ကျနော် သိတာတွေ မှားကုန်ပါပြီ ။ ကျနော်က အမှားတွေကိုပဲ အသင်ယူမိခဲ့တာလား .... ။ လူတစ်ယောက် သေရေးရှင်ရေးမှာ ဥပဒေ က ပထမ လူအသက်က ဒုတိယ နေရာ မှာနေခဲ့ရပါတယ် ။ ဘာကြောင့်လဲဆိုရင် ကျနော် တို့ က အုပ်ချုပ်ခံ လူတန်းစားဖြစ်နေလို့ ပါ … တဲ့ ။ နှစ်ပေါင်း ၃၀ ပြည့်တော့မယ် လူဘဝကြီးထဲမှာ ရှင်သန်ခဲ့ရတာ အခုမှ ကိုယ့်ကိုယ် အုပ်ချုပ်ခံ လူတန်းစား ဖြစ်နေပါလားလို့  တွေးမိတာ ကျနော် တော်တော်လေး ညံ့လွန်းတယ်လို့  အရှက်ရမိပါတယ် ။

လူ …  အချင်းချင်း အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ ဆိုတာ ရှိနေသမျှတော့ သာတူညီမျှဆိုတဲ့ စကားလုံးဟာ ဘယ်လောက်ပဲ ရွှေချထားပါစေ … သွေးတွေ စွန်းနေအုံးမည် ။ အဖွဲ့ တစ်ဖွဲ့  ၊ တစ်စုံတစ်ယောက် ၊ တစ်စုံတစ်ဦးက ပေးမှ ရတာ လူ့ အခွင့်အရေးတဲ့လား …. ။ ပေးမှရတာ အခွင့်အရေးတဲ့ ……. ။ ဒီလောက်နဲ့ တင် တော်တော် ရီစရာကောင်းနေပါပြီ ။ ဒါကို အားမရလို့  လူ့ အခွင့်ရေး ဆိုပြီ ရွှေရောင်ခေါင်းစီးတွေနဲ့  သဘာဝ တရားကြီးကို မှိုင်းတိုက်ခံနေရတာကို လက်ခုပ်တီးပေးရမည်လော …. ။

 ပေးမှရတာ အခွင့်အရေး မဟုတ်ပါဘူး ။ ဘယ်သူမှပေးစရာမလိုပါဘူး ။ သဘာဝလောကကြီးက ပေးပြီသာပါ ။ လူတစ်ယောက် အသက်ရှင်တာ သဘာဝကပေးတဲ့ အခွင့်အရေးပါ ။ အသက်ရှင်ခွင့်ရအောင် ကာကွယ်ပေးတာမှ လူ့ အခွင့်ရေးဖော်ဆောင်တာပါ ။ လူတစ်ယောက်အတွက် တစ်စုံတစ်ဦးက အသက်ရှင်ခွင့် ပေးမှ ၊ အသက်ရှင်မို့  ခွင့်တောင်းမှ ရတာကို လူ့ အခွင့်ရေးလို့  ဆိုချင်ကြတာလား ..... ။

ကျနော် တို့  ရှင်သန်မို့ အတွက် စိတ်မပါတဲ့ ပါတီ ဆိုတာ ဝင်ရမှာလား ... ။ နေရင်းထိုင်ရင်းဒုက္ခသည် လုပ်ရမှာလား ... ။ ရှင်သန်မှုအတွက် သနားခံ ခိုလုံခွင့်တောင်းရမှာလား ။ နိုင်ငံသား ၊ နိုင်ငံခြားသား ဖြစ်တည်မှု က သေရေးရှင်ရေးထက်အရေးကြီးနေတာလား .. ။ ပညာတက် ၊ ပညာရှင်များရဲ့ တန်းတူအခွင့်အရေး ဆိုတာရယ် လှု့ အခွင့်ရေးဆိုတဲ့ စကားလုံးတွေအောက်မှာ ကျနော် တို့  ဘဝတွေ လုံခြုံမှု ကင်းမဲ့နေတာ ဘယ်သူသိနိုင်မှာ .... လည်းဗျာ ..။

တစ်ကယ်တော့ ကျနော် တို့ ဆိုတာ သဘာဝ လောကကြီးထဲက ဘာမှ မထူးဆန်း တဲ့ လူသားတွေပါပဲ ။ ဒုက္ခသည်လည်း မဟုတ်ပါဘူး ။ ခိုလုံတာလည်းမဟုတ်ပါဘူး ။ နိုင်ငံသားလည်းမဟုတ်ပါဘူး ။ နိုင်ငံခြားသားလည်းမဟုတ်ပါဘူး ။ အရမ်း …. အရမ်း …. ကို    ရိုးရှင်းတဲ့ သက်ရှိ လူသား …… တွေပါ …။


မောင်ဘုန်း





Monday, March 11, 2013

ရွှေလို့  ခေါ်ကြတဲ့ ကျနော် တို့  မြန်မာပေါ့ဗျာ


ဒီေ န့ ညနေ ၄နာရီ ခွဲ ထိထိအချိန် အလုပ်ထဲမှာ accident တစ်ခုဖြစ်ပါတယ် ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက် မျက်လုံးထိသွားပါတယ် ။ ဖြစ်ဖြစ်ချင်းဆေးရုံပို့  ပြီး ၅နာရီ ခွဲအချိန်မှာ ကြားရတဲ့ သတင်းကတော့ ကျနော် ရင်ထဲ အတိုင်းအဆမရှိ ခံစားလိုက်ရပါတယ် .... ။ သူရဲ့ မျက်လုံးတစ်ဖက်ခွဲထုတ်ပစ်ရမယ်တဲ့ ... ။ သူ့  မျက်လုံး တစ်ဖက် ဆုံးရှုံးရတော့မယ် ။ ဒီသတင်းကို စက်ရုံမှာ ပထဦးဆုံး သိရတဲ့ သူကတော့ ကျနော် အပါဝင် သုံးယောက်ပါ ... ။ သူဌေးက အလုပ်သမား ၆၀ ကျော် အားလုံး ဒီသတင်းကို သိရရင် ဘယ်သူမှ အလုပ်ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့  ပြောပြီး ၊
နောက် ၂နာရီ လောက်မှ အားလုံးကိုသူကိုယ်တိုင် ပြောပြမယ်ဆိုပြီး ပထမဆုံးသိတဲ့ ကျနော် တို့ ကို ၂နာရီလောက် ဒီသတင်းကို ဘယ်သူမှ မပြောမို့  ကူညီပေးပါလို့  ပြောပါတယ် ။ ကျနော် တို့ လည်း ဘယ်သူကိုမှ မပြောခဲ့ပါဘူး ။ နာရီ ဝက် အကြာမှာတော့ ဆိုက်က တာဝန်ခံတွေပဲ ကို သူဌေး ကိုယ်တိုင်လိုက်ပြောပြီး ဆေးကုသမှု ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ကြောင့် ရှင်းပြပါတယ် .... ။

အဲ့မှာ ဆိုက်တာဝန်ခံ ခေါင်းဆောင် တစ်ဦးက ဆေးရုံကို လိုက်သွားပြီ လက်ရှိ သူဌေး ဦးဆောင်ပြီးလုပ်နေတဲ့ ဆေးကုသမှု ကို ဝင်ရောက် ဦးဆောင်လိုက်ပါတယ် ... ။ တရာဝင် ငါ ဦးဆောင်ပြီးလုပ်မယ် ဆိုတဲ့ သဘောလည်းမဟုတ်ပါဘူး ။ လက်ရှိ အခြေအရ ခွဲစိတ်ကုသမို့  အခက်ခဲလေး တစ်ခုရှိနေပါတယ် ။ ဒါတော့ ကျနော် မပြောချင်ပါဘူး ။ ဒီတော့ သူဌေးဖြစ်သူ ပါးနပ်စွာ ဘေးထွက်ပြီး မင်းတို့  စိတ်ကြိုက်လုပ် ကျသမျှ ငါ ပေးမယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားပါတယ် ။ ကျနော် ဒီစာကို ရေးနေချိန် မှာ ၁၁ နာရီ ခွဲပါပြီ လူနာက အခုထိ ခွဲစိတ်ခန်းထဲ မဝင်ရသေးပါဘူး ။ ကျနော် ရင်ထဲက ဒေါသ က ဘယ်လိုမှ ထိန်းမအောင်ပါပဲ ။

ခေါင်းဆောင်ဆို တက်ရင် သိရင် လုပ်ပါ ။ တက်ယောင်ဝါးတော့ မလုပ်ရဘူး ။  ဖြစ်စဉ်က ရိုးရိုးလေးပါ လုပ်ငန်ခွင်မှာ အမှန်တကယ် ဖြစ်ခဲ့ မတော်တဆမှု ပါ ။ တာဝန်ရှိတဲ့ သူက သူဌေးပါ ။ သူတာဝန်ယူ လုပ်နေတာ ကို ကျနော် တို့ က ဘေးနေ ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူးလို့  ပြက်ပြက်သာသာ ပြောယုံပဲ  .... ။

အခုတော့ သိသလို တက်သလိုနဲ့  တစ်ကယ် ခံစားနေရတာ က လူနာပါ ... ။ စိတ်မကောင်းဖြစ်တာရော ဒေါသဖြစ်တာရော အစုံပဲ ။ ခက်တယ် လူတွေ နည်းနည်းလောက်သိရင် ဟုတ်လှပြီထင်နေကြတယ် ။ နေဝင်မိုးချူပ် ကျနော် တို့  ဘဝတွေ ကို ပိုက်ဆံ နဲ့  ကျေကျေနပ်နပ်ကြီးရောင်းစားခံနေရတာချင်းတူတူ ။ ပွဲလန့် တုန်း ဖျာခင်းကြတယ် ။ ကျနော် တို့ အတွက် တရားဥပဒေ စိုးမိုးမှု ဆိုတာ ဘာမှ မရှိဘူးဆိုတာ အားလုံး သိပြီးသာပါ ။

ဖြစ်တာက ဖြစ်ပြီးသွားပြီ မျက်လုံးတစ်ဖက်လည်း ဆုံးရှုံး ခဲ့ရပြီ ။ အခု သံစ က အထဲမှာရှိနေသေးတယ် တဲ့ နောက် တစ်ဖက်ပါ မဆုံးရှုံးမို့  အမြန်ခွဲစိတ် ရမယ် ။ သူအတွက် တရာမျှတမို့  တန်ရာတန်ကြေးရမို့  အဆိုးထဲကပဲ အကောင်းဆုံးဖြစ်မို့  ကျနော် တို့  ဘက်က စည်းလုံးနေရမဲ့ အခြေနေမှာ အခုတော့ ဘယ်လိုမှ စုစည်းမရအောင် ဒေါသတွေ ဖြစ်ကုန်တော့ .... တယ် ။ အဲ့ဒါ ရွှေလို့  ခေါ်ကြတဲ့ ကျနော် တို့  မြန်မာပေါ့ဗျာ ... ။



မောင်ဘုန်း