လ တပေါင်း
ပေမို့ 
ပင်အိုမှာ
စိမ်းနု ပျိုတယ်
နှင်းငွေမှုံ
စိမ်းနု ခိုလည်း
တောင်စွယ်မှာ ရောင်နီဖြန်း လို့ 
မြေ ‘ ခ ’
တယ် ..... လေး ……. ။
လ တပေါင်း ပေမို့ 
အခါနွေဆန်း
လေသွေ့ ပြန်တော့
တောင်က ညို ဖြူတဲ့ စေတီ
ဆည်းလည်းသံ မိုးယံထက်ဝယ်
‘ သာ ’ ရ
တယ် ....... လေး ……. ။
လ တပေါင်း ပေမို့ 
ပန်းထုံတဲ့
လေ အဝှေ့ မှာ
ရွက်ဟောင်းပျံ လေမှာ ဝဲ ရှာ လို့ 
လွမ်း တေးဆို
ဌက်ငယ် ကြူး ရင်ဖြင့်
‘ လွမ်း ’
ရတယ်လေး …….. ။
လွန်ခဲ့တဲ့ နှစ်က ရေးခဲ့ဘူးတဲ့ ကဗျာလေးပါ ... ။ တပေါင်းလပြည့်ည နဲ့  တပေါင်းရာသီ ကို လွမ်းနေရပင်မဲ့ စိတ်ထဲမှာ ကောင်းကင်ဖြူ တစ်ယောက် နေမကောင်းဖြစ်နေတာကို စိတ်ပူနေမိရင်း လ တပေါင်း ကဗျာလေး တစ်ပုဒ် လောက် ရေးမယ်လို့  စိတ်ကူးထားတာ မရေးဖြစ်ခဲ့ပါဘူး ။
ကဗျာဟောင်းလေးနဲ့ ပဲ တပေါင်းလ ရဲ့ သာယာ အေးချမ်းမှု နဲ့ တူ ကျန်းမာပျော်ရွှင်ကြပါစေလို့  ကျနော် မိတ်ဆွေသူငယ်ချင်းများ အတွက် ဆုတောင်းလိုက်ရပါတယ် ... ။
မောင်ဘုန်း
လ တပေါင်း ပေမို့ 
ReplyDeleteပန်းထုံတဲ့ လေ အဝှေ့ မှာ
ရွက်ဟောင်းပျံ လေမှာ ဝဲ ရှာ လို့ 
လွမ်း တေးဆို ဌက်ငယ် ကြူး ရင်ဖြင့်
‘ လွမ်း ’ ရတယ်လေး …….. ။ လွမ်းသွားပါတယ် မောင်ဘုန်းရေ
တပေါင်းလအတွက် မောင်ဘုန်းဆီကနေ ကဗျာတစ်ပုဒ်တင်လာမှာပဲလို့
ReplyDeleteထင်နေတာကြောင့် မနေ့ထဲက မျှော်နေမိသေးတယ် :)
သိမ်မွေ့နူးညံ့တဲ့ကဗျာလေးတွေ မကြာခနဖတ်ခွင့်ရတဲ့ဆိုဒ်လေးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီနွေပူတယ်ဗျာာ
ReplyDeleteမြန်မာကဗျာလေးကြိုက်တယ်
တပေါင်းလ ဘွဲ့
ReplyDeleteကဗျာလေးခံစားသွားတယ်မောင်ဘုန်းရေ
ရာသီစာကဗျာကလေး ချစ်ဖို့ကောင်းပါ၏
ReplyDelete