မှိုင်းညိုညို ပြာတာတာ
ပြိုတော့မလို
ကိုမိုးညိုရယ်
ဟိုး …..
အရပ်ဆီက
ဝါတစ်ခါ ထိန်တစ်ချက်
လျှပ်ရောင်တွေ
ဖြာပါလို့ 
ကဲလိုက်တဲ
့ ဟန် ……… ။
သြော် ….
ဆွေးသူကို
ကျွမ်းစေတဲ့
ကိုဒေဝေါ
တွေးဆပြန်တော့
ဆွေးစတွေ ဖြာလေတော့
မျှော်တွေးကာ
ရွှေပြည်ကိုဖြင့်
ဆွေဖော် ရယ်
မရှိတာကြောင့်
လွမ်းရသူ
ကျွမ်းလု နှလုံး
သိနိုင်သူ
ရှိပါရော့ ….လား ……. ။
ဆွေမခင် တပြည်ကြားမှာ
ပျော်ရှာကာ
နေလိမ့်မည်လို့ 
မသေခင် ထင်သလောက်မိုက်လေ
ရော့
တွေးရှာတဲ
့ အဆွေကြင်တို့  ရယ်
ဒီရင်ကို
…… ဝင်ခဲ့ …… ပါလေ … ။
ပြည်တော်အဝေး
ငွေအရေးနဲ့ မလွန်သာ
ဆွေးသူမှာ
လန်းစေဘို့ 
ပူထုပ်ကို
ဟန်လုပ်ကာ ပြုံး
တမျှော်မျှော်
လွမ်းရပါတယ်
ဘဝင်မှာမောရှာလို
့ …. ကျွမ်းလုနှလုံး ….. ။
မောင်ဘုန်း
မှိုင်းညိုညို ပြာတာတာ
ReplyDeleteပြိုတော့မလို ကိုမိုးညိုရယ်
ဟိုး ….. အရပ်ဆီက
ဝါတစ်ခါ ထိန်တစ်ချက်
လျှပ်ရောင်တွေ ဖြာပါလို့ 
ကဲလိုက်တဲ့  ဟန် ……… ။
ကိုမိုးညိုဆိုလို့  နာမည်တူနေတာနဲ့ ပြုံးမိရင်ကဗျာလေးခံစားသွားပါတယ်
ကဗျာလေးကိုခံစားသွားပါတယ် ^_^
ReplyDeleteဝေးနေသူတို့အဖို့ကတော့ မိုးလေးအုံ့လည်းလွမ်းသလို ဆောင်းလေညှင်းလေးသွေးလည်းလွမ်းတာပဲနော်း)
ReplyDeleteကဗျာလေးအားပေးသွားတယ် မောင်ဘုန်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိမ်ကိုလွမ်းနေတာလား ? ချစ်သူကိုလွမ်းနေတာလား ဟင်။
ReplyDeleteရွှေပြည်ကို အမြန်ဆုံးပြန်ရောက်ပါစေ မောင်ဘုန်းရေ...
ReplyDeleteဆန္ဒတွေ အမြန်ပြည့်ဝပါစေ
ReplyDeleteမောင်ဘုန်းလွမ်းနေတာကို မောင်ဘုန်းရဲ့ ချစ်သူလေးကလဲသိမှာပါ
ReplyDeleteပြည်တော်အဝေး ငွေအရေးနဲ့ မလွန်သာ
ReplyDeleteဆွေးသူမှာ လန်းစေဘို့ 
ပူထုပ်ကို ဟန်လုပ်ကာ ပြုံး
တမျှော်မျှော် လွမ်းရပါတယ်
ဘဝင်မှာမောရှာလို့  …. ကျွမ်းလုနှလုံး ….
ကျွမ်းသွားပီဆိုတော့ပြာကျဖို့ပဲကျန်တော့တယ်နော်အကို
အားပေးသွားပါတယ်