Pages
Sunday, July 1, 2012
ရွှေဖီမြေမှ ချစ်ရသူ
ရွှေဖီမြေ မြိုင်ရိပ်ဆီက
နှင်းမှုံ တွေဝေ
စိမ်းစိုတဲ့ ရွှေဖီမြေ
သည်အခါ တောင်ယံတွေကြားမှာ
ခါတော်မှီ ရွှေဖီခူးမို့ 
တောင်ယံဆီ လှမ်းလို့ ပျော် ….. ။
မြိုင်ယံလယ် ရွှေဖီခင်း ဝယ်
ရွှေဖီသူ နွဲ့ နွဲ့  ဟန်က
ချည်လက်ရှည် ရယ်  ထမီတို
ခမောက်ငယ် နဲ့  ပလိုင်းဆင်
ယဉ်တကိုယ် ဆန်းလှပုံက
ကပိုကရို လှကွက်ချယ်တယ် …… ။
ရောင်နီဖြာ အပူသန်း ပြန်တော့
အသားစို အဖြူထက်ဆီက
ရွှေအဆင်းချယ် သနပ်ခါး မှာဖြင့်
ရွှေဖီသူ မောရရှာလို့ 
ချွေးစို့  ကာ စိုရရှာလည်း
လေအဝှေ့  မှာ အေးရပြန်သည် …. ။
အိုး …….
မဖြေသာဘူး ရွှေဖီသူရယ် ….
တပြည်ဆီက မောင့် ရင်မှာ
ရွှေဖီမြေက နှင်းတွေ လို
မှိုင်းအုံ့ အုံ့  ပေါ့ ….
ရွှေဖီမြေမှ ချစ်ရ သူရယ်  ………. ။
ရွှေဖီမြေ
 ရွှေဖီသူ (သို့ ) ကျနော်ရဲ့ ချစ်လှစွာသော ကောင်းကင်ဖြူ
မောင်ဘုန်း
Sunday, June 17, 2012
ဖိနပ်တစ်ရံ
တစ်ခါလည် မိုး
ပြန်ရောက် သည့်တိုင်
မပျက် နိုင်ရှာ
သည် ဖိနပ်မှာ
နီနီ အဆင်း
ဖင်ပါး ထိပ်ချောင်
သဲကြိုး သစ်လည်း
စိတ်ဝယ် မပျော်
အဖေ့ စကား
နားဝယ် ကြားလျှက်
ဒီ … တစ်ခါ …. ဖြင့်
ပျက်ဝယ် ရှိက
အသစ် ဝယ်မယ်
ငါ့ သား .... ရယ် ….. ။
ထို မှ စ၍
ကျနော် ဖိနပ်
ပျက်မည့်နေ့ ကို
စောင့်မျှော် ရင်းကာ
တန်းတူ များပြိုင်
ဆင်ကြယ် တံဆိပ်
ဆက်ဆက် အသစ်
စီးကာ ကြွ လျှက်
လှမ်းမည့် ဟန်ကို
စေ့စေ့ တွေးထင်
မျှော်ရ ရှာသည် … ။
တစ်နေ့  ချိန်ဝယ်
မိုး ခြိမ့်ခြိမ့် ဆင်
ရေ ဖွေးဖွေး လွင်
ဝန်းကျင် အုံ့ စိုင်း
အခါ ချမ်းတဲ့
ကျောင်းဆင်းချိန် ဝယ်
အိမ်ပြန် လမ်းလျှောက်
စွတ်စွတ် ရွှဲစို
ပျော်မြူး ရင်းက
ပါးပါး ဖိနပ်
ခြေမှာ ကြည့်၍
အလိုမကျ
စိတ်က ပြောင်းလျှက်
အကြံ ရသော်
ရေးစီး ထက်ဝယ်
မျှောကာ ပစ်၍
ဖိနပ် မပါ
ခြေ ဗလာ ဖြင့်
မြူးမြူး ကခုန်
အိမ်သို့ ပြန်သည် … ။
ကျနော် စကား
မုသား ဆိုလျှင်
မာတာ အမိ
ယုံလျှက် သနား
မနက် ကျောင်းအမှီ
အသစ် ဝယ်မယ်
သားငယ် ….. ရယ် …. ။
အမိ စကား
ကြားရ ပါမှ
ပျော်ပျော် မဆုံး
ဖြစ်ရချိန် ဝယ်
အိတ်ငယ် ပိုက်လျှက်
စိုရွဲ မိုး ရည်
ကျနော် အဖေ
အိမ်ပြန် ရောက်၍
ရွှင်ပြုံး မျက်နှာ
ခေါ်ဆို သံနှင့်
သားငယ် ရှေ့ ဆီ
ရောက်လျှင် ချက်ခြင်း
အိတ်ငယ် ဖွင့်၍ …………….
ရော့ …. ငါ့ ….. သားဖိနပ် …. အဖေ ချောင်းထဲမှာ မျောနေတာ တွေ့ လို့ 
ရေကူးပြီး ဆယ်လာတာ …. ။
….. သြော် …. အဖေ …. ရယ် ……… ။။။။။။။။။။။။။။။။။။။။။။။။
ဘာရယ်တော့ မဟုတ်ပါဘူး ..... ။  ဒီနေ့  အဖေများနေ့ မှာ အဖေ့ကို သတိရရင်း ငယ်စဉ်က မေ့မရတဲ့ အဖေနဲ့  ကျနော် ကြားက အဖြစ်လေးကို သတိရလို့  ချရေးမိတာပါ …. ။
အဖေ ကျန်းမာပါစေလို့  သား ဆုတောင်းပါတယ် ….. ။
မောင်ဘုန်း
Thursday, June 7, 2012
တစ်ဘဝ ..... ပါ
မျှော်ရင်း သာ လွမ်း ၊ လွမ်းရင်း သာ မျှော်
ဖြစ်သည့်  ဘဝ ၊ မလွန်  ရှာ လေ
မယ် က တပြည် ၊ မောင် တပြည် မို့ 
ယုယ ကင်းလျှက် ၊ ပူပန် ထပ် ကာ
ရစ်ရစ် အလွမ်း ၊ ထပ်ထပ် ခြုံ  လျှက်
ကုန်ရ ည ပေါင်း ၊ များရ ရှာပြီ
တစ်ည တစ်ရက် ၊ ဆုံးစေ များလည်း
ရင်ဆန့်  လေမျှ ၊ အလွမ်း စုကာ
စုံမက် ဆပွား ၊ ချစ်ရ ရှာ သည်
 ကမ္ဘာခြား စေ ၊ ရေမြေ ဆုံး စေ
တောတောင် ခြားလည်း ၊ နှစ်ဦး ထပ်တူ
ရှိသည့် ချစ်များ ၊ သက်ထက် စု ၍
နာရီ တရွေ့  ၊ လျှက်တပြတ် တိုင်း
ထပ်တူ မြဲ ရင်း ၊ သစ္စာ အပုံ
ထပ်ကာ ဆင့်လျှင် ၊ မြင့်မိုရ် မက
သာလွန် လျှက်မို့  ၊ အပ်နှင်း ထပ်ထပ်
 နှစ်ယောက် ဆိုလည်း ၊ တစ် ဘဝ ပါ ….. ။
မောင်ဘုန်း 
Sunday, June 3, 2012
ဓာတ်တိုင်အောက်က new post
သြော် ….. နာရမည် ၊ အိုရမည် ၊ သေရမည်  ….. လို့  ဆရာတော်ဘုရားဟော စဉ်က ဘာမှ မခံစားရသလိုပဲ ။ အင်း ….. အခု လပိုင်း ကျန်းမာရေး နည်းနည်း ညံ့ လာတော့မှ တွေးကြည့်လေ ကြောက်မိလေပဲ …  အင်းလေ .. သဘာဝပေပဲ ဘာ မတက်နိုင် မှာလဲ ….. ။
ကျနော် နှင့် ဆရာဝန်
နှစ်လ လောက်ရှိပါပြီ ။ ဘယ်လို က ဘယ်လို စတယ်မသိ ကျနော် မကြာခဏ ဆိုသလို နေမကောင်းဖြစ်တယ် ။ ကြီးကြီမားမား ရောဂါတော့ မဟုတ်ပါဘူး ။ အအေးမိ ဖျားတာ  ၂ လအတွင်း သုံးကြိမ်ကြိမ် တိတိရှိပါပြီ ။
ပြီးခဲ့တဲ့ အပတ်က နောက်ဆုံးအကြိမ်ပေါ့ … ။ ရိုးရိုးဖျားရာ ကနေ ရင်ဘက်အောင့် လာပါရော ဗျာ ။ နည်းနည်းလေး အေးရင် ကို အောင့်တာ ပါ ။ အောင့်တဲ့ နေရာက နံရိုး ကနေ အောင့်နေတာ ။ ကျနော် အထင်တော့ ဒဏ်ရာဟောင်းက ပြန်နာ တယ်လို့  ထင်မိပါတယ် ။
ဒီလိုပါ လွန်ခဲ့ ၂ နှစ်လောက်က ကျနော် ကားကြီးတွေ ဆေးမှုတ်တဲ့ အလုပ်လုပ်ပါတယ် ။ တစ်နေ့  အလုပ်လုပ်နေရင် ဆယ်ဘီကား ခေါင်မိုးပေါ်ကနေ ပြုတ်ကျ ခဲ့ဖူးပါတယ် အဲ့မှာ ကျနော် ဘယ်ဘက် နံရိုး တစ်ချောင်း ကျိုးခဲ့ ပါတယ် ။ ကလန်း ဆေးရုံ မှာ တစ်ပတ်လောက် နေခဲ့ရပြီ ကျိုးနေတဲ့ နံရိုး ကို ပြန်ဆက်ခဲ့ပါတယ် ။ တစ်လလောက်ရှိမယ် ထင်ပါတယ် ကျနော် အလုပ် မဆင်နိုင်ခဲ့ဘူး ။ နောက်တော့ အဲ့ ဒဏ်ရာက ကျနော် အတွက် မေ့တောင် မေ့နေပါပြီ ဘာနာကျင်မှု့  မှ မရှိပါဘူး ။
အခုအချိန်မှ နာလာတော့ ပြန်များကျိုး သွားပြီလား ထင်မိတာပါ ။ ဒါပင်မဲ့ ဘာနဲ့  မှလည်း ထိခိုက်မှု့  မရှိခဲ့ပါဘူး ။ ခက်တာက နာတဲ့ နေရာက ဒဏ်ရာဟောင်နေရာတည့်တည့် ဖြစ်နေတယ်လေ ။
ဒါနဲ့  ဆေးခန်း သွားပြီး ဆရာဝန်ကို ဖြစ်ကြောင်းကုန်စင် ပြောပြ တော့ ဆရာဝန်က သေချာစမ်းပါတယ် ဟိုနားကိုင်လိုက် ဒီနာကိုင်လိုက်နဲ့  နာလားလို့  မေးပါတယ် ။ မနာလို့  မနာဘူးလို့  ပြန်ပြောလိုက်တော့
ဓာတ်မှန် ရိုက်မယ်တဲ့ … ။ ရိုက်ရမယ် ဆိုလဲ ရိုက်ပေါ့ ….  ဒါနဲ့  အဲ့ ဆေးခန်း မှာပဲ နာရီဝက်လောက် အကြာ ဓာတ်မှန် ရိုက်ပြီး ဆရာဝန် နဲ့  ဒုတိယ အကြိမ် ထပ်တွေ့  ပါတယ် ။
ဆရာဝန် ……….. ရင်ဘက်က တစ်ကယ်ရော နာနေတာလား ။ ပွင့်ပွင့် လင်းလင်းပြောပါ မင်း MC လိုချင်လို့ လား .... ။
မောင်ဘုန်း …… ဗျာ …. ။ မဟုတ်ဘူး ဆရာ … ။ ကျနော် တစ်ကယ် နာနေတာပါ နှစ်ရက်ရှိပါပြီ … ။
ဆရာဝန် …..…. ဆရာလည်း သေချာဆန်းတာပဲ မသေချာမှာဆိုးလို့  ဓာတ်မှန် ရိုက်ကြည့်တာ ဘာမှမတွေ့  ပါဘူး ။ အရင် ကျိုးထားတဲ့ ဒဏ်ရာဟောင်းကလဲ အသားသေ နေပြီ ဘာမှ ထူးထူးခြားခြားမတွေ့  ဘူး .. ။
မောင်ဘုန်း …. ဗျာ … ဒါဆို ဘာလို့  နာတာလဲ ဆရာ …. ။
ဆရာဝန် ….. ဆရာလည်း သေချာ ပြောလို့ မရဘူး  ။ တစ်ကယ် နာနေရင်တော့ ဆေးရုံ သွားပြီး ဆေးစစ်ကြည့်တာ အကောင်းဆုံးပဲ ။
မောင်ဘုန်း ….. ဟုတ်ကဲ့
ဆရာဝန် …..  တစ်ခုလောက် အကြံပြုချင်တယ်ဗျာ …. ။
မောင်ဘုန်း …. ဟုတ်ကဲ့ ….ပြောပါ ... ။
ဆရာဝန် ……....  ဒီဒဏ်ရာ ဟောင်းကို စိတ်ထဲ ထည့်မထားနဲ့  ဗျာ .. ။ ခဗျား … ဒီ ဒဏ်ရာဟောင်းကို စိတ်ထဲ စွဲနေတယ်လို့  ကျနော် ယူဆတယ် လေ ။ အခု ဓာတ်မှန်လည်း ရိုက်ကြည့် ပြီးပါပြီ ။ ဒီ ဒဏ်ရာ ဟောင်းက ဘာမှ မဖြစ်ဘူးဆိုတာ သေချာပါတယ် ကျနော် အာမခံပါတယ် ။ စိတ်ထဲမှာ ဒီ ဒဏ်ရာကို အစွဲ မထားနဲ့  ဗျာ … ....... အခု ခဗျား အအေးမိလို့  ဖျားနေတယ် … ။ ကိုယ်ပူ ချိန်လဲ နည်းနည်း များတယ် အဲ့ဒါကိုပဲ ဂရုစိုက်ပါ ကျနော် MC ၄ ရက် ရေးပေးလိုက်မယ် … ။
ကျနော် ဆရာဝန် ကို ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး ။ ပေးလိုက်တဲ့ ဆေးတွေ ယူပြီ ပြန်လာခဲ့ပါတယ် ။ ဆရာဝန်ပြောလိုက်တဲ့ စကားတွေ ကိုပဲ ပြန်စဉ်စားနေမိတယ် ။ ကျနော် ပဲ ဘာသာပြန်တာ လွဲသလာပေါ့ ။ သေချာတွေးကြည့်လေ ကျနော် ကိုယ် ကျနော် သံတယ ဖြစ်လာတယ် ။
ကျနော် က ဘာမှမရှိတဲ့ ဝေဒနာကို စိတ်က နာတယ်လို့  ထင်နေတာလားလို့  ကိုယ့်ကို မေးကြည့်တယ် ။ တွေးလေ တွေးလေ …. ဘုရားရေ …. ဆရာဝန်က ကျနော် ကို စိတ်ရောဂါ ဖြစ်နေပြီ လို့  ပြောလိုက်တာများလားလို့  တွေးမိ ရင်း ဖျားနေတာတောင် ဘယ်ရောက်သွားမှန် မသိ ပါ ။
ညရောက်တဲ့ ထိအတွေးက ဆရာဝန်ပြောလိုက်တဲ့ စကားကိုပဲ ကြားနေမိတယ် … ။ ဒါနဲ့  ကောင်းကင်ဖြူ ဆီ ဖုန်းခေါ်ပြီး ဘာလုပ်သင့်လဲ လို့  တိုင်ပင်ကြည့်တော့ ကောင်းကင်ဖြူက စိတ်ထဲ မထည့်ရမှာက ဆရာဝန် ပြောလိုက်တဲ့ စကားပါတဲ့ မသက်သာရင် ဆေးရုံးသွားပြီး ဆေးစစ်ကြည့်ပါတဲ့ ။ အဲ့နေ့ ညက ကောင်းကင်ဖြူ ပြောတဲ့စကားတွေ ကြောင့်သာ စိတ်သက်သာ ခဲ့ပါတယ် ။ မနက်မိုးလင်းတော့ ဖျားတာလဲပျောက် ၊ ရင်ဘက်က နာတာလဲ ပျောက် လုံးဝ အရှင်းပဲ …။ တစ်ရက်လောက် စောင့်ကြည့်တယ် ...ရင်ဘက်က ဘာမှ နာကျင်မှု့  မရှိတော့ဘူး ။ အခု အလုပ်ပြန်ဆင်းနေပြီ ဘာမှကို မဖြစ်တော့ဘူး လေ ။ ကျနော် ပဲ စိတ်စွဲ သလား ဆရာဝန် ပဲ ယူဆချက်မှားလားတော့ အခုထိ ခွဲခြားလို့ မရပါဘူး ။
ကျနော် နှင့် တရုတ်ကား
ဒီနေ့ တော့ စာရေးချင်တာနဲ့  စိတ်ထဲရှိတာတွေ ရေးနေမိပါတယ် ။ အခု ကျနော် အလုပ်အကြောင်းလေး နည်းနည်းလောက် ပြောပြချင်ပါတယ် ။ အခု ရက်ပိုင်မှာ အရင်လုပ်နေတဲ့ ကားတွေ လက်စသက်ပါပြီ အားလုံးပြီးပါပြီ ။
 အင်ဒိုပို့ မဲ့ကားတွေပါ
 ဒါကတော့ လက်ကျန်ကားတွေပါ လာမယူကြသေးဘူးလေ
ဒါကတော့ ပျက်နေတဲ့ကားတွေပါ ဘယ်လိုမှ လက်ပူတိုက်မရပါ ဒီကားတွေ ကို ထုတ်လိုက်တဲ့ စက်ရုံက ကျွမ်းကျင်တဲ့ သူတွေ လာလုပ်မယ်လို့  ပြောတာပဲ 
ဒါကတော့ ကျနော် မောင်ဘုန်း ရဲ့ လက်ရာ ပါ ဒိုက်ခွက် ထဲမီးမလာလို့  ကလိရင်း အဲ့လိုဖြစ်သွားတာပဲ ပြန်တက်ဆိုရင်တောင် ဘယ်လို လုပ်ရမှန်မသိပါဘူး အဲ့လို တော်တာလေ .. ။
ဒီမှာ တစ်စီး ကားအသစ်ပါ ... ။ အင်းဂျင် စစ်ရင်း Power pump ပျက်သွားတယ် ...  တရုတ်ကားအဲ့လို  ကောင်းတာ .... ။
ကားတွေ အားလုံးလုပ်ပြီးတော့ မောင်ဘုန်း ပြန်ရတော့မယ်ဆိုပြီ ပျော်နေမိတာ ။ ရှိသေးတယ်တဲ့ နောက်ထပ် တရုတ်ကား အသစ် တွေ လာနေပြီတဲ့ ... ။
ဒီတခါလုပ်ရတဲ့ ကားအကြောင်းတော့ သေချာမသိရသေးပါဘူး တစ်စီးမှ ကို မဆင်ရသေးတာပါ အခုမှ လူခွဲ ပြီး ကိုယ်လုပ်ရမဲ့ အပိုင်းကိုလေ့လာနေကြဆဲပါ ... ။ ကားနာမည်က JAC တဲ့ လုပ်ငန်းသုံး အမျိုး စားဖြစ်ပါတယ် ။
simple  ကားပါ ... ရှေ့ ကနေ သေချာရိုက်ထားတဲ့ ဓာတ်ပုံတွေ ဘယ်ရောက်မှန် မသိလို့  ရှိတာလေးပဲ တင်လိုက်တာပါ နောက်မှ သေချာ ရိုက်ခဲ့ပါမယ်  ... ။
ပုံက သိမ့်မကြည်ဘူး... ရှာကြည့်တာ ဒီပုံလေး ထွက်လာလို့   ပါ ... ။
အရင်ဆုံး အခုလိုပြန် ဖြုတ်ပြီး ကိုယ်နဲ့ ဆိုင်ရာ အပိုင်လိုက် ကားတပ်ဆင်ပုံ လေ့လာကြပါတယ် ။
ဒီကားရဲ့ အင်ဂျင်ပါ .... ။
ဒီကားတွေ အ ကြောင်းလောလောဆယ် သိသလာက်တော့ တော့ ဒီကားတွေ ကို ZHEJIANG AMP INCORPORATION ကထုတ်လုပ်တာ ဖြစ်ပြီ တရုတ်ကားဈေး ကွက်မှာ တော့ အရည်သွေး ကောင်းနာမည် ရ အမှတ် တံဆိပ် ရှိပါတယ် .... ။ နောက်မှ ပဲ လုပ်ရင်းနဲ့  အားနည်းချက် အားသာချက်တွေ ရေးပါမယ် ။ 
နောက်ဆုံးပြောချင်တာတော့ ကျနော် အခုရေးတဲ့ post လေးရဲ့ ခေါင်းစဉ် အကြောင်းပါ .. ။ ဓာတ်တိုင်အောက်က new post လို့  နာမည်ပေးလိုက်တာကတော့ ဒီနေ့  စာရေးချင်တာနဲ့  လူရှင်းတဲ့ ဒီနေရာလေးမှာ အခုလို စိတ်ထဲ ရှိတာတွေ ချရေးနေမိလို့ ပါ .... ကြည့်ပါအုံး ... 
အခုရောက်နေတာက ကိုယ့်အိမ်မဟုတ်ဘူးလေ နေရတာ လူအရမ်းများတယ် ဘယ်လိုမှ အခန်းထဲမှာ သုံးလို့  အဆင်မပြေလို့  ဒီနေရာလေးလာခဲ့တာပါ ... ။ အခုတလော ကျနော်လိုင်းလည်းသိမ့်မသုံးဖြစ်ပါဘူး
ကျနော် မိတ်ဆွေ  သူငယ်ချင်းတွေ အိမ်ကို မရောက်ဖြစ်တဲ့ တွက် တောင်းပန်ပါတယ် ဗျာ ... ။
အခုလို ဘာတွေမှန် မသိ ရေးထားတာကို ဆုံးအောင်ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ ... ။ မင်္ဂလာ ညချမ်းလေး ဖြစ်ပါစေ ..... ။ ကျနော် ကတော့ ပြန်တော့မယ် ခြင်ကိုက်တယ်လေ ... ။
ခင်မင်စွာဖြင့် 
မောင်ဘုန်း
Friday, June 1, 2012
နယုန်ဆန်းတဲ့ မင်္ဂလာ
လ နယုန် ဝေယံမှာ
မှိုင်းပြာပြာ တိမ်ပန်း တွေက
ငွေခြည်ရောင် သွန်းကာရစ် လို့ 
လှရှာ တဲ့ နတ်ပန်းချီ ရယ် ….. ။
မြေယံဝယ် ကြည့်ပြန် တော့
စိမ်းနုအခင်း  မြက်သားမွေး နှင့်
ပန်းစံပယ် လန်းတဲ့ ရာသီ
ဘယ်မမှီ ထူးလှ ပြန်တယ် …. ။
သည်အခါ ထွန်း လေမှ
လ နယုန် ဆန်းလငယ် နှင့်
ယှဉ်ကာပြိုင် ထွန်း လေတဲ့
မြတ် မဟာ မွေးနေ့ မင်္ဂလာ ……။
ယနေ့ ကျရောက်သော ကိုလွင်ပြင် ရဲ့ မွေးနေ့ မင်္ဂလာမှ သည် နောင်နှစ်များစွာတိုင်ထိ ချစ်ဇနီး နှင့် မတ္တာ ဆင့်ကဲ ထပ်တူ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ... ။
မောင်ဘုန်း
Sunday, May 27, 2012
ကားဆေးအရောင်းများ နှင့် ကားဆေးများအကြောင်း
မင်္ဂလာပါဗျာ … ။ ဒီနေ့  အလုပ်နားရက်လေးမို့  ကားဆေးရောင် နှင့် ကားဆေးအမျိုးစားများ အကြောင်းကို သိသလောက်လေး ပြောပြပါမယ် ။ ကမ္ဘာပေါ်မှာ ရှိသမျှ ကားတွေ ရဲ့ အရောင် များကို world’s most popular car color မှ စစ်တမ်း ကောက်ယူ ခဲ့တဲ့ မှတ်တမ်းအရ ….
1. Silver – 26 percent
2. Black – 24 percent
3. White – 16 percent
4. Gray – 16 percent
5. Red – 6 percent
6. Blue – 5 percent
7. Brown/Beige – 3 percent
8. Green – 2 percent
9. Yellow/Gold – 1 percent
10. Others – < 1 percent …..  ရှိတယ်လို့  သိရပါတယ် … ။
Silver အရောင်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ကားတွေရဲ့ ၂၆% ရှိပါတယ် ။ ငွေမှင်ရောင် အကြောင်းကို ကျနော် ရေးခဲ့ဘူးတယ်  ဒီအရောင်ရဲ့ အဓိက အာသားချက်က တော့ အပူဒဏ်ကို ခံနိုင်ရည် ရှိခြင်း ပါပဲ ။
Black  ကတော့ ကျနော်တို့  အာရှနိုင်ငံတွေ မှာ အသုံးနည်း ပင်မဲ့ ဥရောပနိုင်ငံတွေမှာ ရှိတဲ့ ကားတွေရဲ့ ၂၇% ဟာ Black အရောင် ရှိတယ် လို့  မှတ်သားဘူးပါတယ် ။ ဒီအရောင်ရဲ့ အဓိက အားသာ ချက်ကတော့ တောက်ပ မှု့  အကောင်းဆုံး ပါပဲ … ။
နောက်တစ်ခု က အဖြူရောင် ပါ ။ အာရှနိုင်ငံတွေ မှာ အများဆုံးတွေ့ ရတဲ့ ရောင်လို့  သိရပါတယ် ။ အဓိက အားသာချက်ကတော့ Silver ပြီးရင် အပူဒဏ် ကို ခံနိုင်ရည် အရှိဆုံးက အဖြူ ရောင်ပဲ ဖြစ်ပါတယ် ။
အခုလို အရောင် အမျိုးမျိုးရှိတဲ့ ကားဆေး တွေကိုတော့ အခြေခံအားဖြင့် နှစ်မျိုးသာ ခွဲထားပါတယ် ။ ဒါကတော့ Metallic နဲ့  non – Metallic ဆိုပြီ နှစ်မျိုး ပဲ ခွဲ ထားပါတယ် ။
Metallic ဆေး
ကားဆေး တွေ မှာ Metallic ဆေး ဆိုတာကို လူသိများပါတယ် ။ တချို့ က polychromatic လို့ ခေါ်ကြသလို ၊ ကျနော် ထိုင်းမှာ လုပ်ခဲ့ တုန်းက metal flake လို့ ခေါ်ကြတာလည်း တွေ့ ခဲ့ဘူးပါတယ် ။
Metallic ဆေးရဲ့ ထူးခြားချက်ကတော့ small metal flakes လို့ ခေါ်တဲ့ အမှုံ များပါဝင်ပြီး ဆေးအရောင်ကို sparkling effect  တောက်ပမှု ဖြစ်စေပါတယ် ။ ယနေ့  အသုံးပြုနေတဲ့ အိမ်စီးကား တော်တော် များများ မှာ Metallic ဆေးကို အသုံးကြပါတယ် ။
ယနေ့  အချိန်မှာ Metallic ကားဆေး အမျိုးစာ များစွာရှိပါတယ် ။ ကားထုတ်လုပ်တဲ့ ကုမ္မဏီ တွေ အနေနှင့် မိမိကားရဲ့ ဆေးအရည်သွေးကို တုပလို့  မရအောင် မိမိထုတ်လုပ်လိုက်တဲ့ Metallic ကားဆေးကို အပို ပစ္စည်းအနေ နဲ့  မရောင်းကြပါဘူး ။ ကားဆေး ထုတ်လုပ်တဲ့ သူတွေကတော့ မှုရင်းကို ပဲ တုပ ပြီး ဈေးကွက် တင်ကြတာများပါတယ် ။ အဲ့လို အမျိုးမျိုး ရှိတဲ့ Metallic ဆေး အမျိုးစာကို ခွဲခြား ရာမှတော့ Metallic 2K အမျိုးစားနဲ့  Metallic 1K ဆိုပြီး နှစ်မျိုး ပဲ ရှိပါတယ် ။
Metallic 2K
Metallic 2Kဆေး
2Kclear
Metallic 2K
Metallic 2K ကိုတော့ ယနေ့  အသုံပြုနေတဲ့ Metallic ဆေးမှာ အများဆုံးအသုံးပြု တာတွေ့ ရပါတယ် ။ အသုံးပြုရာမှာ အခြေခံအားဖြင့် undercoat   ၊ basecoat ၊ clearcoat  ဆိုပြီး သုံးဆင့် ရှိသလို midcoat ဆိုပြီ လေးဆင့် အသုံးပြု တာလည်းရှိပါတယ် ။ ၊ basecoat နဲ့  clearcoat  ကြားမှာ colour effect ဆိုတာ ထည့်သုံးလို့  ရသလို clearcoat ကိုလည်း မိမိ စိတ်ကြိုက် modified လုပ်လို့ ရပါတယ် ။ ယနေ့  အသုံးပြုနေတဲ့ ကားဆေး အမျိုးစားတွေ ထဲမှာ တော့ Metallic 2K ဆေးအမျိုး ဟာ အကောင်းဆုံးပါပဲ ။
Metallic 2K ရဲ့ အားသာချက် ကတော့ colour effect အသုံးပြု နိုင်ခြင်းကြောင့် ဆေးရောင်ကို ကြာရည်ခံနိုင် ရည် ရှိစေပြီ ၊ အတောက်ပဆုံး ဆေးရောင် ကို ရရှိစေပါတယ် ။ အားနည်းချက်ကတော့ ဆေးရောစပ် မှု့  လွဲသွားတာနဲ့  ဆေးအရောင် ပါ လွဲသွားတက်ပါတယ် ။
 Metallic 1K
 Metallic 1K
Metallic 1K
Metallic 1K ဆိုတာကတော့ Metallic 2K  ဆေးမှုတ် ရာမှာ undercoat   ၊ basecoat ၊ clearcoat  ဆိုပြီ  သုံးဆင့် ရှိပင်မဲ့ ။ Metallic 1K ကတော့ undercoat နဲ့  colourcoat  ဆိုပြီ နှစ်ဆင့်ပဲ ရှိပါတယ် … ။ ရှင်းအောင်ပြောရရင်တော့ Metallic 1K ဟာ basecoat နဲ့  clearcoat  ရောစပ်ပြီးသာ လို့ ပြောလို့ ရပါတယ် ။ Metallic 1K ရဲ့ အားသာ ချက်ကတော့ basecoat နဲ့  clearcoat ကို ရောစပ်ပြီးသာ ဖြစ်တာကြောင့် ဆေးအရောင် လွဲသွားတာမျိုး လုံးဝ မရှိပါဘူး ။ အားနည်း ချက်ကတော့ basecoat နဲ့  clearcoat ရောစပ်ထားတာကြောင့် basecoat နဲ့  clearcoat ကြားမှာ အသုံးပြုရသော colour effect  အသုံးပြုလို့  မရ တော့ပါဘူး ။ တစ်နည်းပြောရရင် ဆေးသေ အမျိုးစားဖြစ်ပါတယ် ။
ကားဈေးကွက်ထဲမှာ တော့ Metallic 2K  နဲ့  Metallic 1K ကို တစ်ခါတလေ အလွယ်တကူခွဲခြားမရလို့  အငြင်းပွာ ဖွယ်ရာဖြစ်တက်ပါတယ် ။ အများအားဖြင့် Metallic 2K   ဟာ  Metallic 1K ထက် တန်ဖိုးရော အရည်သွေးပါ ကောင်းမွန်တယ် ဆိုပင်မဲ့ တချို့ Metallic 1K  အမျိုးစာတွေဟာ  Metallic 2K နဲ့ ခွဲမရအောင် အရည်သွေးကောင်းမွန် တာရှိပါတယ် ။ Metallic 2K  နဲ့  Metallic 1K ကို လွယ်လွယ်ကူကူ ခွဲခြားမယ် ဆိုရင်တော့ colour effect ကို ကြည့်ကြပါတယ် ။ colour effect ပါရင် Metallic 2K  မပါရင်တော့  Metallic 1K ပေါ့ …. ။ ဒါပင်မဲ့ ယခုနှစ်ပိုင်း  မှာ colour effect ပါတဲ့ Metallic 1K ဆေး အသစ်ထွက်ရှိ နေပါတယ် ။
non – Metallic ဆေးအသုံးထားတဲ့ ကား
non – Metallic ဆေး
non – Metallic ဆိုတာက small metal flakes ဆိုတဲ့ အမှုံ မပါတဲ့  ရိုးရိုးဆေးပါ ။ မြန်မာပြည် မှာ တော့ ပေါင်းဆေး လို့  ခေါ်ကြပါတယ် ။ ဆေးသေ အမျိုးစာ ဖြစ်ပါတယ် ။ အသုံးပြုရာမှာ undercoat နဲ့  colourcoat  ဆိုပြီး နှစ် ဆင့်ပဲ ရှိပါတယ် ။ တန်ဖိုးနည်းသလို ပျက်စီလွယ် ပါတက်ပါ ။ အဓိက အားနည်းချက်ကတော့ တောက်ပမှု ကိုကြာရည် မခံနိုင်ခြင်းပါပဲ ။ အရည်သွေးကောင်းတဲ့ non – Metallic ဆေးတောင် တောက်ပမှု ကြာရည်မခံ တာတွေ ရပါတယ် ။ အများစုတော့ လုပ်ငန်းသုံးကားတွေ မှာပဲ အသုံးပြု ပင်မဲ့ တချို့ အိမ်စီး တရုတ်ကားတွေ မှာ အသုံးပြု တက်ပါတယ် ။
non – Metallic ဆေးဟာ ဆေးမှုတ်ပြီး တစ်လ လောက်ထိ တောက်ပမှု ကောင်းကောင်းရှိနေတာကြောင့် ကားဈေးကွက်ထဲမှာ တခါတစ်လေ Metallic 1K နဲ့  အငြင်းပွား ဖွယ်ရာ ဖြစ်တက်ပါတယ် ။ လွယ်လွယ်ကူကူ ခွဲခြားမယ်ဆိုရင် ဆေးအရောင်မှာ small metal flakes ဆိုတာ မပါပဲ တောက်ပ နေမယ်ဆိုရင် ဒါဟာ non – Metallic ဆေးပဲပါပဲ ….. ။
(ဓာတ်ပုံများကို google မှ ရယူခဲ့ပါသည် )
ခင်မင်စွာဖြင့်
မောင်ဘုန်း
Saturday, May 19, 2012
သံသယစိတ်
သည်လောက ဝယ်
နှင်းခ သစ္စာ ထပ်တူပြုလည်း
ဗျာပါ မီးက ထပ်ထပ်ပိုတယ်
စိတ်ပွေ လို့  ဆင့်ကဲ
ယင်နာ တဲ့ ပင့်ကူ အိမ် လို
လှုပ်လေ ရစ်လေ
တစ်ဆစ်ဆစ် နာတယ်
တစ်ငွေ့ ငွေ့  လောင်လို့ 
 ဖြစ်ရတဲ့ သည် စိတ်
မေတ္တေန …… မေတ္တာ
သစ္စေန ………. သစ္စာ
အခါခါ ရွတ်ဆို ဟန်မှုမထိန်း
ငယ်မှု အတွေး ပြုလိုက်ပုံ က  …… ။
ရော့ ….. အကြွေစေ့ ….
ခေါင်းပန်းလှန် မယ် …..
ပန်းဖြစ်နိုင်ချေ တစ်ခုနဲ့ 
ခေါင်းဖြစ်နိုင်ချေ တစ်ခု ....
 ကျန်တာ မင်း  အကုန် ယူ ကွာ …. ။
အားးးးးးးးးးးးးးးးးးးးးးးးးး
လောကကြီးရယ် ….
အဲ့လို   မကြည့်   ပါနဲ့  ….
ကျနော် ကို အတ္တလေး နည်းနည်းလောက် ပေးပါဗျာ ….. ။
မောင်ဘုန်း