Pages
Sunday, July 17, 2011
သွေးစွန်းခဲ့သောလက်
ငါ … မင်းကို သတ်မယ် …. ဟုတ်တယ် … ငါ့ လက်နဲ့ သတ်ရမှ ကို ကျေနပ်နိုင်မယ် … မင်း ဒီလောကကြီးထဲမှာ ရှိမနေသင့်ဘူး …မင်းကြောင့် ငါ တဆစ်ဆစ် နာကျင်ခဲ့ရတယ် … အခုတော့ မင်း အလှည့်ပေါ့ ….
ဟင်း …. ည ၁၂နာရီ တောင် ကျော်နေပါရောလာ …..
အင်း …. အချိန်ကောင်းပဲ အခုလို ဒီဇင်ဘာလရဲ့ ည ၁၂နာရီကျော်တဲ့ အချိန် ဆို ပတ်ဝန်းကျင်လည်းတိတ်ဆိတ် နေပြီ … ပြီတော့ အိမ် ကလူတွေလည်း အားလုံးအိပ့်မော ကျနေပြီလေ ….
အင်း …ငါ … စိတ်ငြိမ်မို့  အရေးကြီးတယ် …ဒီလို အခွင့်ရေးဆိုတာ နောက်တစ်ကြိမ် ရမို့ မလွယ်ဘူးလေ ….
ကျနော် အသင့် တင်ထားတဲ့ အနက်ရောင်ကုတ် ကို ဝတ်ဆင်လိုက်ပြီ စာပွဲပေါ်က ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်ကို ယူသောက်မိသည် …..
ကျနော် စိတ်တွေ တော်တန် ငြိမ်လာပါပြီ ….. ကျနော် သိပါတယ် …. သူတပါးအသက်ကို သက်တယ်ဆိုတာ ဘယ်လို မှ မကောင်းတဲ့လုပ်ရပ်မှန် ကျနော် သိပါတယ် ….
ဒါပင်မဲ့ ကျနော် သီးခံခဲ့ပြီးပါပြီ …. တခါမက တော့ဘူး ….
ကျနော် ရှင်သန်မို့ အတွက်တော့ သူ့ ကို သတ်ရမှ ဖြစ်တဲ့ အခြေနေရောက်နေပြီလေ ….
ကျနော် မှာ ရွေးချယ်စရာမရှိတော့ပါ ….. သတ်မှ ကို ဖြစ်တော့မယ်လေ …..
ကယ် …. ဒီ အခွင့်ရေး လက်လွတ်ခံလို့ မဖြစ် ….
ကျနော် ဆေလိပ်ကို ဆေခွက်ထဲသို့ ထိုးထည့်လိုက်ပါတယ် …. ကျနော် စိတ်တွေလည်း တော်ငြိမ်သွားပါပြီ ….
ကျနော် အခန်းတံခါးကို ဖြေးညှင်းစွာဖွင့်ပြီ ခြေသံလုံစွာ ကျနော် အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းတံခါးကို ဖွင့်လိုက်ပါတယ် ….
ဒီအခန်း က ကျနော် အခန်းထက် အများကြီး ကျယ်ပါတယ် ….. စာကြည့်ခန်းတစ်ခုလေ ….
ဟုတ်ပြီ …..
စာကြည့်ခန်းထဲမှာ ဘယ်သူ စာကြည့်မီးမပိတ်ခဲ့လည်းမသိဘူး ….. ကျနော် အတွက် အဆင်ပြေတာပေါ့ ….
ကျနော် အရာအားလုံးကို ကောင်းကောင်းမြင်ရလို့ လေ ……
ခဏအတွင်းမှာ ကျနော် သူ့ ကို ရှာလို့ တွေ့ ခဲ့ပါပြီ ……..
အော် …. နံရံထောင့်မှာ အိပ့်ပျော်နေပြီ …..ကျနော် ခြေသံလုံစွာ အနားကိုရောက်ခဲ့ပါပြီ …..
အင်း ….ဘာမှမသိရှာဘူးနော် …. မင်း …မကြာမှီ အချိန်အတွင်းမှာ ဒီလောကကြီးထဲက ထွက်ခွာရတော့မယ်
အခုလိုကျတော့ လည်း မင်းက ဘာအပြစ်မှ မရှိတဲ့ ပုံပဲနော် …. ဒါပင်မဲ့ မင်းကို ငါ့ သတ်ရမယ် ….
ဒီအတွက် ငါ စိတ်မကောင်းပါဘူးကွာ …..
ကျနော် … ခါး ကြားက အသွား ၆လက်မ ကျော်ကျော်ရှိတဲ့ ဓား ကို လက်နဲ့ စမ်းကြည့်မိလိုက်ပါတယ် …..
အင်း ….မဖြစ်သေးပါဘူး …..
ကျနော် သူ့ ကို သေစေချင်တာတော့ အမှန်ပဲလေ …. ဒါမင်မဲ့ သူ့ ကို နာကျင်မှု့ တော့ မခံစားစေး ချင်ဘူး လေ …. ဒီ ဓားနဲ့ ဆို တစ်ချက်တည်းနဲ့  သေမို့ ဆိုတာမသေချာဘူးလေ …..
ကျနော် အကောင်းဆုံးနည်းကို ရွေးလိုက်ရပါတော့တယ် ….
ကျနော် ကိုယ်တွင်း ရှိ သမျှ အားအကုန် ကျနော် လက်ဆီသို့  ပေးပို့ လိုက်ပါတယ် ….
“ ဖုန်း ……….. ”
ကျနော် လက်ကို ဖိထားဆဲပါ …. ခဏအတွင်မှာပင် ကျနော် လက်အောက်မှ ဘာတုန့် ပြန်မှု့ မှမရှိတော့
သေချာလောက်ပါပြီ ……. သူ သေလောက်ပါပြီ …..
ကျနော် လက်ကို အသာယာမ တင်ကြည့်လိုက်ပါတယ် ….
ကျနော် လက်မှာတော့ သွေးစ တွေ နဲ့  ….. သူ ကတော့ လောကကြီးထဲကနေ ထွက်ခွာ သွားခဲ့ပါပြီ …..
ကောင်းရာမွန်ရာ ဘဝ ရောက်ပါစေကွာ …….
ဖြစ်လေရာ ဘဝ တိုင်းမှာ အခုလို ကိုယ်အသက်ရှင်မို့ အတွက် သူများသွေးကိုစုတ်ယူ အသက်ရှင်ရတဲ့ ခြင် တစ်ကောင်ရဲ့ ဘဝ မျိုးမရောက်ပါစေနဲ့ လို့  ဆုတောင်းပေးလိုက်ပါကွာ ……………
ကျနော်လက်တော့ သွေးစွန်း ခဲ့ပါပြီ ….ဒီသွေးက ကျနော် သွေးပါပဲ ………..:D …..:D
အားလုံးပဲပျော်ရွှင်ကြပါစေ ……
မောင်ဘုန်း
Thursday, June 30, 2011
နေရာသစ် .....
ကျနော် ရဲ့ နေရာသစ် လေးပေါ့ ....
.
Thursday, June 9, 2011
သီချင်း
ကိုရန်နိုင် ရဲ့ သီချင်းလေးတွေပါ ကျနော် ကတော့ အရမ်းကြိုက်တယ်လေ ..
Thursday, March 10, 2011
သီချင်းလက်ဆောင်
ဘာရယ်တော့ မဟုတ်ဘူး အခုတလောဘာဖြစ်တယ်မသိဘူး ဘာမှကိုမလုပ်ဖြစ်ပဲ သီးချင်းတွေထိုင်နားထောင်းရတာ ကျေနပ်မိနေတယ်
Friday, February 18, 2011
အမှန်တရား
အမှန်တရား
ဒီနေ့ တော့ ပုံပြင်လေးတပုဒ် ပြောပြမယ် …ထုံစံ အတိုင်း … ဟိုအဝေးကြီးတုံးကပေါ့ကွယ်… ဘာတိုင်းပြည်ပါလိမ့်… အဲ … ဘာမင်းကြီးလဲ … ဟင်း …. ထားပါတော့လေ ..တိုင်းပြည်တပြည်မှာ အလွန်တော်တဲ့ မင်းကြီးတပါးရှိသတဲ့ …. မင်းကြီးလုပ်တဲ့သူ တော်မှတော့ … တိုင်းပြည်ကြီးလည်း တိုးတက်သာယာ တာပေါ့နော် …. အယ် … အဲ့ဒီမင်းကြီးက ဘာစိတ်ကူးပေါက်တယ်မသိဘူး … တနေ့ မှာ တောကစားထွက်လေတယ် …. လေ … အမဲလိုက်တယ်ဆိုပါတော့ကွယ် …. မင်းကြီးကသူရဲ့စီးတော်မြင်းနဲ့  ဘယ်သူမှ ခေါ်မလားပဲတယောက်တည်း တောထဲကိုထွက်လာခဲ့တယ်လေ …. တောထဲရောက်တယ်ဆိုရင်ပဲ တွေ့ သမျှသားကောင်းကိုပစ်မယ်ဆိုပြီး လေးကတဖက် လက်စွဲတော်ဓားကတဖက်နဲ့  သားကောင်နောက်ကိုလိုက် လိုက်တော့တာပဲကွယ် …. တိုင်းရေးပြည်ရာ မှာအလွန်တော်တဲ့မင်းကြီး ဟာ အချိန်တော်တော်များများ တွေ့ သမျှ သားကောင်းနောက်လိုက်သော်လည်း တစ်ကောင်မှ မရရှာဘူးကွယ် ….
ကြာလာတော့ သားကောင်နောက်ကိုပြေးလိုက်ရလွန်းတော့ သူ့ ရဲ့စီးတော်မြင်းက ရေ မဆာပဲ မြင်းပေါ်မှာထိုင်လိုက်ရတဲ့ မင်းကြီးက ရေ ဆာ လာသတဲ့ကွယ် …. ဒါနဲ့ ပဲ အမဲမလိုက်တော့ပဲနဲ့  ရေလိုက် …….. အယ် …… ရေလိုက်ရှာသတဲ့ ….
ဟိုဟိုဒီဒီ ရှာရင်းနဲ့  တဲအိမ်လေးတစ်လုံးသွားတွေ့ တယ်ဆိုပါတော့ကွယ် … မင်းကြီးလည်း ရေဆာနေတာနဲ့  တဲထဲဝင်ပြီး ရေ တောင်းသောက်တာပေါ့…. ရေသောက်ပြီးကာမှပဲ သူ့ ကိုရေတိုက်တဲ့ သူ့  ကိုသေချာကြည့်မိ သတဲ့ … သူ့ ကိုရေတိုက်တဲ့သူက အဖွားအိုးတစ်ယောက်ဖြစ်နေတယ်လေ …
အဖွားအိုက မင်းကြီးကိုနေရာထိုင်ခင်းပေးပြီး ခဏလောက်အနားယူ မို့ ပြောသတဲ့ …. မင်းကြီးလဲ ဖွားအိုပေးတဲ့နေရာမှာထိုင်ပြီ အဖွားအိုကို ထိုသို့ မေးလေတယ် ကွယ် ….
“ အဖွားက အဘယ်ကြောင့် လူမနီးသူမနီးတဲ့ ဒီတောထဲမှာတစ်ယောက်တည်းနေရတာလည်း ….. နောက်ပြီး ကျွန်တော်မျိုး ကိုဘယ်ကြောင့် မင်းသားတစ်ပါးလို ပြောဆိုဆက်ဆံရတာလည်း …..အဖွား …. “
အဖွားအိုးကလည်းထိုသို့ ပြန်ဖြေတယ် …. လေ ….
“ သူငယ် ကို နန်းတော် က မင်းသားတစ်ပါလို့ ထင်မိတာလွယ်ပါတယ် …ကွယ် … သူငယ်ရဲ့ နေပုံထိုင်ပုံ နောက်ပြီး သူငယ်လက်မှာကိုင်ထားတဲ့ ရတနာဓားဟာ မင်းမျိုးမင်းနွယ်ဆိုတာ သက်သေခံနေတယ်လေ သူငယ်ရဲ့ …. တောထဲမှာနေရတာတော့ ရွာထဲကလူတွေက လက်မခံလို့  ဒီမှာလာနေရတာပါ ..။ အဖွားမှာ အကျင့် တခုရှိတယ်ကွဲ့  မင်းသားလေး ရဲ့ အဖွားက မှန်တာတွေ့ ရင်မှန်တဲ့အတိုင်းပဲပြောမိတယ် .. ကြာလာတော့ ရွာထဲကလူတွေက အမှန်တွေကြီးပြောလို့ ဆိုပြီး ရွာအပြင်ထုတ်ထားကြတယ်လေ .. အရင်ကတော့ဟို့ ရှေ့ ကရွာမှာနေတယ် …. မင်းသားလေးရဲ့ ….”
အမှန်တရားကိုမြတ်နိုးတဲ့ မင်းကြီးက အဖွားအို ကိုသနားမိသတဲ့ … နန်းတော်ပြန်ရောက်ရင် အဖွားအိုအကြောင်းကို သေသေချာချာလူလွတ် စုံစမ်းပြီး အမှန်တရားကိုမြတ်နိုးတဲ့ အဖွားအိုကို သူကောင်းပြုမယ် စဉ်းစားနေမိတယ်လေ ……..
စိတ်မြန်လက်မြန်ရှိတဲ့ မင်းကြီးဟာ အခုချက်ခြင်း ပဲ နန်းတော်ပြန်မယ်ဆိုပြီး  အဖွားအိုကိုနှုတ်ဆက်၍ သူ့  ရဲ့စီးတော် မြင်းရှိရာကိုထွက်ခဲ့သတဲ့ ….
အယ် … အဖွားအိုကတော့ မင်းကြီးရဲ့ လျှင်မြန်မှု့ ကြောင့်ဘာမှာကိုမပြောလိုက်ရပဲ ကျန်ခဲ့တာပေါ့ကွယ် …
မင်းကြီးထိုင်တဲ့နေရာကိုကြည့်လိုက်တော့ မင်းကြီးရဲ့ လက်စွဲတော်ဓား ကျန်ခဲ့သတဲ့ … ဒီတော့မှ အဖွားအိုလည်းမနေသာတော့ပဲ မင်းကြီး နောက်ကိုလိုက်ပြီး လက်စွဲတော်ဓား ကိုလိုက်ပေး သတဲ့ ….
အဲဒီအချိန်မှာ မင်းကြီးဟာ သူ့ စီးတော်မြင်းနဲ့ တဲ ရှေ့ က ထွက်ခွာစ ပြုနေပြီလေ ……
အဖွားအိုဟာ လက်တစ်ဖက်က ဓား ကိုင်ပြီ “ အမောင် မင်းသား အမောင် မင်းသား “  ဆိုပြီး နောက်ကနေ လိုက်ခေါ် တာပေါ့ကွယ် …
ဒါပင်မဲ့ မင်းကြီးကမကြားရှာဘူး ….ကွယ် ..
အဖွားအိုလဲ ပြေးရင်းနဲ့ ရှိသမျှ အသံကုန်အော်ခေါ်တော့တာပေါ့ …..
“ အိုး …. အမောင်မင်းသား …မျက်စိစောင်းနေတဲ့ မင်းသား … အို မျက်စောင်းမင်းသား ဓားကျန်ခဲ့ပြီး ကွယ့် …”
ဒီတော့မှပဲ  မင်းကြီးက ကြားသတဲ့ ကွယ် မင်းကြီးလဲ ဓားကို ပြန်လာယူ ပြီး အဖွားအိုကို ဘာစကားတခွန်းမှမပြောပဲ နန်းတော်ရှိရာသို့ ထွက်ခွာသွာလေ တယ်လေ ….
မင်းကြီးရဲ့ စိတ်ထဲ မှာတော့ အဖွားအို ကိုဒီလို ပြောသွားခဲ့တယ် ကွယ့်
“ ဒီ အဖွားကြီး ဒီထက်ဝေးတဲ့ နေရာကိုပို့ ရမယ် …. ”
ကယ်ပုံပြင် လေးကတော့ပြီးသွားပါပြီး
ပုံပြင်ထဲကလိုပဲ အမှန်တရားဆိုတာ နေရာတိုင်းမှာ မရှိဘူးဆိုတာ အားလုံးနားလည်းကြပါနော် ….
ကျနော်လည်း ဗိုက်ဆာလာပြီ ထမင်းစားလိုက်အုံးမယ် ….
အချိန်ရရင် နောက်ထပ်ပုံပြင် တစ်ပုဒ်လောက်ပြောပြချင်ပါတယ် …
ကဲ … အားလုံးပဲ …. Bye …bye …
Thursday, February 3, 2011
Wednesday, February 2, 2011
အိမ်မက်မဟုတ်သော ......
သီဆိုနေ၏ ။ ကျင့်သားမကျတဲ့ ပတ်ဝန်းကျင်ကြောင့်ထင်တယ် ကိုယ့်ကို ပြန်ကြည့်မိ၏ ။ ဟုတ်ပါတယ် ငါမှ ငါအစစ်ပါ ၊ တချိန် ကတော့စိတ်ကူးယဉ်ခဲ့ဘူးပါတယ် …. အေးစက်တဲ့လေနဲ့ ပန်းရနံ့ တို့ က ကျနော် ရင်ဘတ်ပေါ်တိုး၍ တိုက်ခတ်သွားသည် ။ ဘယ်လိုမှ မလွဲနိုင်ဘူးလေ ကျနော် ကျနော်အေးချမ်းတဲ့ ခံစားမှု့ တခုခံစား လိုက်ရတယ်လေ ပို၍သေချာအောင် မြက်ခင်းစိမ်းပေါ် မရဲတရဲ လမ်းလျှောက်ကြည့်၏ ။ ဟုတ်တယ်ဟ တကယ်ပဲကို မြက်ပင်လေတွေနဲ့ ကျနော် ခြေတောက်ထိတွေ့ တဲ့ခံစားမှု့ ။
ပတ်ဝန်းကျင်ကို အခုမှသတိထားမိ၏ ။ မြက်ခင်းရဲ့ အစွန်းမှာ အဖြူရောင်စာပွဲတစ်လုံး ၊ 
အဖြူရောင်ထိုင်ခုံတစ်လုံး ၊ မျက်နှာချင်းဆိုင်ထိုင်ခုံလေးမှာ …….. ဟင်…..သူမ……. ဟုတ်တယ် … သူမ မှ သူမ အစစ်ပါ …. ကျနော်ကိုမမြင်ဘူးထင်တယ် ….. လက်ထဲမှာလဲ စာအုပ်တစ်ကိုင်၍ စိတ်ဝင်တစားဖတ်နေ၏ ။ ကျနော်ခြေတောက်တွေက အလိုလို သူမ ဆီသို့ ……. ။ အနားရောက်တော့ သူမ  က ကျနော်ရှိမှန်း အလိုလိုသိနေတယ်ထင်တယ် ။ သူမ ဆီက အပြုံးတစ်ခု နောက်ပြီးအဓိပ္ပါယ်ပြည့်စုံတဲ့ အကြည့်တစ်ခု ….. သူမ မျက်လုံးတွေကိုပဲ အရင်ဘာသာပြန်လိုက်မိ၏ ။ ထိုင်ပြီး ကော်ဖီ သောက်ပါအုံးတဲ့ …… ။ အဖြူရောင်ခုံအလွတ်လေဆီသို့  ဝင်ထိုင်မိလိုက်သည် ။ သူမ ကတော့စာအုပ် ဆက်ဖတ်နေလေရဲ့ ၊ ကျနော် မျက်လုံးတွေက သူမ မျက်နှာပေါ်ကမဆင်းသေးဘူးလေ …. ဟုတ်ပါသည်….. ကျနော် ဘဝ မှာ သူမဆီက အပြုံးတခုကို ခုဏလေးမှတွေ့ လိုက်ရတာပါ ။ အငွေ့ မသေသေးတဲ့ ကော်ဖီရနံ့ က ကျနော် စိတ်ကိုဆွဲဆောင်နေလေသည် ။
ကျနော် လက်တွေအလိုလို ကော်ဖီခွက်ဆီသို့  ….. ဟာ ….. အခုမှကြည့်မိတယ် စာပွဲပေါ်ကပန်းအိုးထဲမှာ ပန်းတစ်ခက် ….. ဒီ … ပန်း …. ဒါ ချယ်ရီဖြူ … ဟုတ်တယ် ဒါ ချယ်ရီဖြူ မှ ချယ်ရီဖြူ အစစ် ………….. ဟုတ်ပါသည် ကျနော် ဘဝ မှာ ချယ်ရီဖြူ ဆိုတဲ့ ပန်းလေးတစ်ခက်ကို အပြင်မှာ အခုမှ မြင်ဘူးတာပါ တစ်ခါမှဒီလောက်ထိစိတ်လှုပ်ရှားတဲ့ ဖြစ်ရပ်မျိုးမကြုံဘူးတာ ဝန်ခံပါတယ် ….. ကျနော် စိတ်ကိုငြိမ်အောင် အရင်ထိန်းလိုက်၏ ။ ကော်ဖီ တငုံလောက်သောက်ချလိုက်မိ၏ ။ ရင်ထဲမှာနွေးထွေမှု့ နဲ့ အတူ ကျနော်စိတ်တွေ ငြိမ်ကျသွားလေသည် ။ ဖြစ်ရပ်အားလုံးသည် ကျနော်နှင့် အမှန်တကယ်ရှိနေသည် ။ သူမ လည်း ကျနော်နဲ့ အတူရှိနေတယ်လေ ။ ဟုတ်ပါတယ် …. အရာအားလုံးကို ကျနော် နားလည်လိုက်ပါပြီ …. ဒါဟာ အိမ်မက်မဟုတ်ဘူးလေ ။ သူမ ဘဝကို ကျနော် ပိုင်ဆိုင်ခွင့်ဆိုတာထက် မြတ်နိုးခွင့်ရခဲ့ပြီလေ ။ သူမ မျက်နှာပေါ်မှာ အေးချမ်းမှု့ တွေကနေရာ အပြည့်ပေါ့ ။
ကမ္ဘာတွေခြား လို့ ဝေးနေ လဲ
မင်း က ငါ့ အနားမှာ အမြဲရှိပါတယ်
မနက်ဖြန်ဆိုတဲ့နေ့ ရက်တိုင်းမှာ
အလွမ်းတွေပြည့်နေ လဲ
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ်
ဘဝဆိုတဲ့ မုန်တိုင်းတွေ
ကြမ်းတမ်းရိုက်ခက် ပါစေ
မင်း က ငါ့ အနားမှာ အမြဲရှိနေပါတယ်
အချိန်တိုင်း မင်းလက်ကိုတွဲပြီး
ထာဝရ အတူရှိမဲ့ နေရက်များဆီသို့ 
အမှတ်တရ ..... january 22 
မောင်ဘုန်း