Pages

Thursday, February 16, 2012

ရှိတာ တစ်ခု


ဘဝဆိုတာ ....
ငါ ရေးတဲ့ ပန်းချီကား ဖြစ်ခဲ့ရင်
ငါ ကြိုက်တဲ့ အရောင်တွေပဲ
ချယ်သ လိုက် ချင် ..... ရဲ့ ။

အခုတော့ ....
ဘယ်က ကျလာမှန်းမသိတဲ့
ဆေးစက်တွေ ကို အရောင်ခွဲရင်း
ပုံဖော်နေ ရပြီ ..... ။

အချစ် ဆိုတာ
ဇီးဖြူသီး လိုမှန်း ငါ့ မသိခဲ့ ဘူး
ချို မလို နဲ့ ခါး
ခါး မလို နဲ့  ချို
ရင်ခုန် စွာ စားသောက် ရတယ် နော် .... ။

 ဒါပင်မဲ့ ....
ဒီ အရသာကို ကျေကျေ နပ်နပ်
ကြိုက်တက် ခဲ့ လို့ 
ရင်ခုန် သံတွေ တောင်
သံစဉ် ဖွဲ့ ကုန်ပြီ .... ချစ်သူ ... ။


စိတ်ဆိုးတိုင်း လမ်းခွဲ စကားပြော တက်တဲ့
ငါ့ ရဲ့ ချစ်လှစွာသော ပန်းလေးတစ်ပွင့် ... ရေ
မင်း မက်တဲ့ အိမ်မက်တိုင်း ကို
စိန်စီ ပစ်လိုက် ချင်တယ် ကွာ .... ။


ဘာကိုမှ မတောင်းတ တက်တဲ့
ငါ့ရဲ့ စိတ်က
မင်းနဲ့  တွေ့ မှပဲ 
အဆုံးသတ် ရ ပြီ  ။


ငါ့ ....  ဆီမှာတော့
မင်းကို ချစ်တဲ့ အချစ်တွေ
ရင်နဲ့  မဆန့် အောင်  ရှိ လေ ..... ရဲ့ .... ။





မောင်ဘုန်း

9 comments:

  1. အချစ်တွေလျှံကျကုန်ပြီပေါ့။
    အလေအလွင့်မဖြစ်ပါစေနဲ့မောင်ဘုန်း :P

    ReplyDelete
  2. ဘာမှမရှိတဲ့သူမှာတောင်ရှိတာတစ်ခုရှိတယ်
    အဲဒါအချစ်ပဲ

    ကဗျာလေးခံစားသွားတယ်အကိုတော်မောင်ဘုန်းခင်ဗျာ့

    ReplyDelete
  3. မဆန့်တာတော့ မကောင်းဘူး..
    ပိုရင် ဘာပဲဖြစ်ဖြစ် သုံးမရဘူး..
    ကွက်တိပဲ ဖြစ်ပါစေ :)

    ReplyDelete
  4. ငါ့ .... ဆီမှာတော့
    မင်းကို ချစ်တဲ့ အချစ်တွေ
    ရင်နဲ့  မဆန့် အောင် ရှိ လေ ..... ရဲ့ .... အင်းသတိတော့ထားပေါ့
    မောင်ဘုန်းရေ :P

    ReplyDelete
  5. စိန်တွေစီလို့
    အသည်းတွေအန်ပေးလို့ပါလားဗျိုး

    အားပေးလျှက်

    မဒိုးကန်

    ReplyDelete
  6. ဘဝဆိုတာ ....
    ငါ ရေးတဲ့ ပန်းချီကား ဖြစ်ခဲ့ရင်
    ငါ ကြိုက်တဲ့ အရောင်တွေပဲ
    ချယ်သ လိုက် ချင် ..... ရဲ့ ။
    စာသားလေးကို အရမ်းကြိုက်မိပါ၏

    ReplyDelete
  7. ချစ်သူကိုချစ်တတ်သူတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေပါလား
    စာနာစွာဖတ်ရှုခံစားသွားပါတယ် မောင်ဘုန်းရေ

    ReplyDelete
  8. ချစ်နိုင်သူတွေချစ်ကြပါစေ ချစ်ကြစေး)း)

    ReplyDelete