Pages

Saturday, December 3, 2011

ပုံပြင်လေးရဲ့ အဖြေ


အားလုံးပဲ မင်္ဂလာပါ ဗျာ ... ကျနော် အခုရက်ပိုင်း အတွင်း အလုပ်လည်းများ တစ်ဦးတည်းသော ညီမ လေးနှင့် ချစ်သူ ကောင်းကင်ဖြူ က တိုင်ပင်ထားသလို ချက်ချင်း ဆေးရုံ ရောက်တဲ့ အဆင့်ထိ ကျန်းမာရေး မကောင်းဖြစ်နေပါသောကြောင့် ဒီရက်ပိုင်း မှာ ဘယ်သူ ဆီကိုမှ အလည်မရောက် ဖြစ်တဲ့ အတွက် အရင်ဆုံးတောင်းပန် ပါရစေ ....

ဒီနေ့  တစ်ပတ်တိတိ ပြည့်တဲ့ နေ့ မို့ လို့ ပုံပြင်လေးရဲ့ အဖြေကို ပြောပြပါမယ် ... ဒီပုံပြင်လေးကို ဆရာမပြောပြတုံးကလည်း ကျနော် တို့ ကို အခုလိုပဲ မေးခွန်း နှစ်ခုမေးခဲ့ပါတယ် ... လူ ၆၀ ကျော်ရှိတဲ့ စာသင်ခန်းထဲမှာ ဆရာမပြောတဲ့ ပုံပြင်လေးရဲ့ အဖြေကို တစ်ယောက်မှ အတိကျ မဖြေ နိုင်ခဲ့ပါဘူး ... ။

အခုတော့  အရေးရော အချက်ပြုတ် ပါ ကောင်းမွန်လှတဲ့  ကျနော် တို့ ရဲ့
အစ်မ ချော (အစိမ်းရောင်လွင်ပြင်) က ပုံပြင်လေးရဲ့ အဖြေကို အတိကျ ဖော်ပြသွားပေးပါတယ် ... ။

အစ်မ ရေ ... အခုလို ဖြေဆိုပေးတဲ့ အတွက် ကျနော် မောင်ဘုန်းက အထူးပဲ ကျေးဇူးတင်ရှိ ပါတယ် ဗျာ ...

အစ်မ ချော (အစိမ်းရောင်လွင်ပြင်) ရဲ့ အဖြေက ...

ထင်တဲ့အဖြေကိုရေးမယ်နော်..
စော်ဘွားကြီးက အဲဒီလူ၂ယောက်ကို ဘာလို့သူခိုးလို့ ထင်သလဲဆိုတော့ အဲဒီ ၂ယောက်ဟာ လင်းတရဲ့ လက်၂ဖက်ကို မကိုင်ခဲ့လို့ ပါဘဲ.
သူခိုးဆိုတာက တကယ်ခိုးထားတဲ့သူ ဖြစ်လေတော့ စိတ်ထဲက မလုံပါဘူး.. သူကိုင်လိုက်ရင် ငှက်က အော်လိုက်မှာကိုစိုးပါတယ်. ဒါကြောင့် လင်းတကို မကိုင်ရဲပါဘူး။
စော်ဘွားက သူတို့၂ယောက် ငှက်ကို မကိုင်မှန်း ဘာကြောင့်သိသလဲဆိုတော့ လင်းတဟာ အလွန် ညစ်ပတ် ပေရေနေတယ်လို့ စာထဲမှာရေးထားတဲ့အတွက် လင်းတကို ကိုင်လိုက်ရင် ကိုင်တဲ့လူရဲ့ လက်ဟာလည်း ညစ်ပေသွားမယ်ဆိုတာသိနိုင်ပါတယ်။ 

ဒီလိုဆိုတော့လင်းတကိုမကိုင်ခင်အဝင်အထွက်မှာ စော်ဘွားရဲ့ လက်ကိုကိုင်ပြီး ဂါရဝပြုရတယ်ဆိုတော့ လင်းတကို မကိုင်တဲ့လက်ကို (မညစ်ပတ်တဲ့လက်ကို) စော်ဘွားက အလွယ်တကူ စစ်ဆေးရှာဖွေနိုင်ပါတယ်. ဒီနည်းနဲ့ သူခိုးဖမ်းမိသွားတာပါ
လင်းတဟာ ဘာတန်ခိုးမှ မရှိတဲ့ သာမန် ငှက်တစ်ကောင်ပါ။
(မှန်ရင် ဘာလက်ဆောင်ပေးမတုန်း) :P ......

အစ်မ ရဲ့ အဖြေကအတိကျ မှန်နေတဲ့အတွက် ကျနော် ပြန်မရေးတော့ဘူးနော် ... အနည်းငယ်ဖြည့် စွက် ရရင်တော့ စော်ဘွားကြီးက လင်းတ ဌက် မှာ သစ်စေး တစ်မျိုး သုတ်ထားပြီး ညစ်ပတ် အောင်လုပ်ထားခဲ့ပါတယ် ...

မှန်ရင် ဘာလက်ဆောင်ပေးမတုန်း  .... တဲ့ ... အယ် ... မောင်ဘုန်း အစ်မ comment စဖတ်မိ ကတည်းက စဉ်စားပါတယ် ... ဘာလက်ဆောင် ပေးရမလည်းလို့  ... အစ်မရေ ... ကျနော် လက်ဆောင်ရဲ့ တန်ဖိုးဆိုတာကို မကြည့်ပဲ စေတနာ အရင်းခံနဲ့  ရှိတာလေး ပေးလိုက်ပါတယ် ...နော် ..

အစ်မ ချော (စိမ်းရောင်လွင်ပြင်) နှင့် ပုံပြင်လေးမှာ ပါဝင် comment ပေးခဲ့ကြသော မိတ်ဆွေ သူငယ်ချင်းများအတွက် မောင်ဘုန်း ကြိုက်မိတဲ့ wallpaper ပုံလေးတွေ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ် ... 



နောက်ထပ် နီးဆုံး အဖြေမှန်တဲ့ သူကတော့ အပျိုကြီး(သမီးစံ) ပါ

Blogger သမီးစံ said......ဒီမေးခွန်းမှာ..အဖြေက
အသွားအပြန်ကိုင်ရတဲ့စော်ဘွားကြီး
လက်ကြောင့်ဖြစ်မယ်
ပြီးတော့..လင်းတငှက်.
အော်သံရယ်လို့..တစ်ခါမှမကြားဖူးဘူး အဲ့ဒီ့ငှက်က.မအော်တတ်ဘူးလို့ယူဆပါတယ် :P


... ဇာတ်တော် ထဲမှာ ဖတ်ဘူးတယ်ဆိုလို့  ရှိတဲ့ စာအုပ်တွေ လိုက် ဖတ်ကြည့်ပါသေးတယ် ...
အပျိုကြီးရေ မောင်ဘုန်း တော့ စာဖတ်အားနည်း တယ်လို့  ဆိုရမှာပဲ ရှာမတွေ့ ဘူး နော် ...


နောက်ထပ် သူငယ်ချင်းတွေက တော့ 
Blogger လမင်းငယ် said...
ဟီဟီ နောက်တစ်ပတ်မှာအဖြေစောင့်တော့မယ်နော်

အဖြေရေးပေးခဲ့ ပြီနော် ... ဟီဟီ (သူ့ လိုလုပ်ကြည့်တာ)

Blogger mstint said......တီတင့်လည်း အဖြေကိုနောက်အပတ်မှ ဖတ်တော့မယ် မောင်ဘုန်းရေး)
ချောဖြေတာမှန်လို့ တစ်ခုခုကျွေးမယ်ဆိုရင်တော့ တီတင့်ကို လက်တို့လိုက် လာအားပေးချင်လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အန်တီရေ ... မောင်ဘုန်း ၁၀ စုနှစ်အတွင်း အဆိုးရွားဆုံး ဆင်းရဲမွဲတေမှု့ နှင့် ကြုံတွေ့ နေရလိုပါ .. မောင်ဘုန်း အခန်းထဲမှာ စားစရာ ဆိုလို့  ကော်ဖီ တောင်မရှိတော့ လို့ ပါ .. အဟီး ....

AH said..... လက်ကိုမကိုင်ပဲ လင်းတရဲ့ ပါးစပ်ကို ပိတ်ပြီး ကိုင်ထားလို့ ဖြစ်မှာပေါ့... :)

နောင်တော် အတွေးလည်း ကောင်းတယ် ဗျာ ... ခက်တာက စော်ဘွားကြီး လင်းတ ဌက်ရဲ့ ပါးစပ်ကို သစ်စေး မသုတ်မိဘူးထင်တယ်နော် ... ကျေးဇူးပါ နောင်တော် .. အခုလို ပါဝင်ဖြေဆိုပေးတဲ့ အတွက်ပါ ....

Delete
Blogger မောင်(စွယ်စုံကျမ်း) said... အဖြေပေးနော် ကိုဘုန်းးးး လာရောက်ဖတ်သွာတယ် အဖြေကတော့ မပေးဘူး..ဟန်ဂျီအင်းပေးရမှာမလို့ ..နော်
ချင်းချင်းတွေ ဖြေတောင်း၇ဘူး

နောင်တော်ရေ ... ဟန်ဂျီအင်းကို အဖြေ ပေးလိုက်တော့လေ ... သနားပါတယ် ..သူ့ မှာ စောင့်နေရတာမော ရောပေါ့ ....

Delete
Blogger blackroze said..... မီးမီးမသိပါဘူး...

ဟုတ်ကဲ့ မောင်ဘုန်းလည်း ဘာပြန်ပြောရမှန်ကို မသိပါဘူး ... အဟီး ...
ကျေးဇူးပါ ... အစ်မရေ .... 
Blogger jasmine(တောင်ကြီး) said..... ဂျက်စမင်း မသိပါဘူး
ခင်မင်တာလေးပဲသိပါတယ်

ကဗျာတွေ အရေးကောင်တဲ့ အစ်မ ဂျက် ရေ .. ကျေးဇူးပါ နော် ...


Blogger မဒမ်ကိုး said.....ဆံပင်ဖြူနေပါတယ်ဆိုမှ ကိုမောင်ဘုန်း လာအုန်းစားပြန်ပြီ
စောင့်ဖတ်မယ်ဒါဘဲး)

အစ်မရယ် ... စိတ်မကောင်း မဖြစ်ပါနဲ့  ကိုရင် ရဲ့ အာလပ်ချိန် တွေမှာ အလုပ်ရတာပေါ့ ... အဟီး



ခင်မင်စွာဖြင့်

မောင်ဘုန်း




5 comments:

  1. ကဲ ချစ်သူလဲ နေကောင်းပါစေ ညီမလေးလဲနေကောင်းပါစေ
    မောင်ဘုန်းလဲ တောင်ပြုံးမရောက်ပဲ ပြုစုနိုင်ပါစေ
    ဘာကိစ္စငါဖြူတာ ကိုလာလာထိတာဒုန်း
    ကိုရင်တောင်မနိုင်တော့ဘူးကွဲ့သိရဲ့လားး)

    ReplyDelete
  2. အဖြေလေးလာဖတ်သွားပါတယ်
    နာသိသာပဲ ဟီဟီ
    အဒေါ်ကြီးတစ်ယောက်ပြောတဲ့စကားပါ
    သူများပြောပြီသွားမှာနာသိတာပဲဆိုတာလေ :P

    ReplyDelete
  3. မချောအရမ်းကိုတော်ပါတယ်
    တစ်ကယ်ပြောတာပါ
    မုန့်ကျွေးနော်ဘာလုပ်ကျွေးမလဲစောင့်နေပါတယ်

    ကောင်းကင်ဖြူမြန်မြန်နေကောင်းပါစေလို့ဆုတောင်းခဲ့ပါတယ်...မောင်ဘုန်းလဲခြေငြိမ်နော်ကိုယ့်ချစ်သူကနေကောင်းတာမဟုတ်ဘူး----ဒီလောက်ပဲပြောခဲ့မယ်(ရန်တိုက်ခဲ့တာ)

    ReplyDelete
  4. အော်..အဖြေကဂလိုကိုးးး

    ReplyDelete
  5. မောင်ဘုန်းကို ကျွေးခိုင်းရမှာ ဘယ့်နှယ် ကျုပ်ကို လာကျွေးခိုင်းတယ်..း)
    ပုံလေးတွေထဲက လှတာလေးတွေေ
    ဒါင်းသွားတယ်နော်
    ရမ်းဖြေလိုက်တာ မှန်သွားတယ်ပေါ့း)
    ၂ယောက်လုံး နေကောင်းပါစေနော်

    ReplyDelete