Pages
Thursday, April 26, 2012
တတိယမြောက် သားကောင်
“ Human is by nature political animal ”…. တဲ့ BC 384 လောက် ကတည်းက Aristotle ဆိုသူက ပြောခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် … ။ ရာစုနှစ်တွေ တော်တော် ကြာနေ ပင်မဲ့  ယနေ့  အချိန်ထိ လူအများ ပြောနေဆဲပါ ။
ဒါဆိုရင် … လူဆိုတာ တစ်ကယ်ပဲ နိုင်ငံရေးရဲ့ သားကောင် များလော …. ။ ။။။။။။။
ဒီနေရာမှာ နိုင်ငံရေး (political) ဆိုတဲ့ကြောင်းရာကို  ခဏလောက်ထားပြီး လူသားနဲ့  ဥပဒေ ဆိုတဲ့ ခေါင်းစဉ်လေး ဦးစွာဆွေးနွေး လိုပါတယ် ။ နိုင်ငံရေး (political) ဆိုတာ ဥပဒေ ကိုအခြေပြု ပေါ်ပေါက်လာခဲ့ သည် မဟုတ်လော …… ။
လူသားနဲ့  ဥပဒေ
အဲလို လွတ်လပ်စွာနေထိုင်လိုတဲ့ သူတွေ ၊ လွတ်လပ်စွာ ကွဲလိုတဲ့ သူတွေ ၊ ကြီးနိုင် ငယ်ကျင့် ပြုလိုသူတွေ စုပေါင်း ထားတဲ့ လူအဖွဲ့ မှာ များစွာသော ကွဲလွဲမှု များကို ထိန်းချူပ် ရန်အတွက် ဥပဒေ ဆိုတာ အရေးပါလာ ခဲ့တယ် ။ ဒါပင်မဲ့ ဥပဒေ ဆိုတာ လွတ်လပ်စွာနေထိုင်တက်သော လူ့ ဘာဝကို ဆန့် ကျင် သလို ဖြစ်နေတာကြောင့် ဥပဒေ နဲ့  လူသား ဆို တာ ယနေ့ အချိန်ထိ ဆန့် ကျင် ကွဲလွဲနေဆဲပါပဲ … ။
တစ်ကယ်တော့ ဥပဒေ ဆိုတာ လွတ်လပ်စွာ နေထိုင်ခြင်း ဆိုတဲ့ လူ့ သဘာဝကို ဆန့်ကျင် တယ် ဆိုတာထက် လူသား အများ ရဲ့  လွတ်လပ်ခွင့် နဲ့  ကွဲလွဲခွင့် ကို စနစ်တကျ ဖော်ဆောင်တယ်ဆိုရင် ပို မှန်မယ် လို့  ထင်မိပါတယ် ။ ဒါကြောင့်သာ  ကျနော်တို့  လူသားများ နေထိုင်မှု့  ဟာ ယနေ့ အချိန်ထိ  တိုးတက်လာခဲ့ သည် မဟုတ် ပါလော … ။ သည်လို ကွဲလွဲမှုများ ဟာ လူသား တို့ အတွက် လွတ်လပ်ခွင့် ဆိုသော်လည်း  ၊ လက်တွေ့ မှာတော့ ကွဲလွဲမှု့  များကြောင့် လူသားများအတွက်    များစွာသော ဥပဒေ များ ပေါ်ထွက်လာစေသလို ၊ ဒီလို  ဥပဒေများကြောင့် များစွာသော ကွဲလွဲ မှု့  ကို ပြန်ဖြစ်စေပြီး လူသားနဲ့  ဥပဒေဆိုတာ သံသရာလည် နေတာကိုလည်း တွေ့ မိပါတယ် ။ ဒါကြောင့် ဥပဒေ ဆိုတာ လူသား များနဲ့  ကွဲလွဲ နေတက်ခြင်းဟာ သဘာဝ တစ်ခု သာ ဖြစ်ပါတယ် … ။
လူသားနှင့် နိုင်ငံရေး
သူငယ်ချင်းတစ်ယောက်က ပြောဘူးပါ တယ် “ ငါက နိုင်ငံရေး ဆိုတာကို စိတ်လည်းမဝင်စားဘူး လုံးဝ လည်း မပတ်သတ်ဘူး ” တဲ့  …… ။ ကျနော် တို့  လူသားများ နိုင်ငံရေး နှင့် မသတ်ပဲ နေလို့ ရပါ လား …. ။
နိုင်ငံရေးဆိုတာ လူ့ အဖွဲ့ စည်း မှာပေါ်ပေါက်လာသော ဥပဒေကို အခြေပြုထားခြင်းဖြစ် ပါတယ် ။ နိုင်ငံရေးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်လို့  ရှေ့ ပညာရှိ များ ပြောခဲ့တဲ့ စကားရပ် များစွာရှိပါတယ် ။ အရိုးဆုံးပြောပါဆိုရင်တော့ ….. ။ လူဆိုတာ မိသားစု အသိုက်ဝန်း နဲ့  နေထိုင်တက် ကြသလို မိသားစုအတွင်း မှ ဖြစ်ရပ် အားလုံးဟာ မိသားစုးအရေး လို့  ဆိုရင် ၊ မိမိနေထိုင်ရာ တိုင်းပြည် (သို့ ) နိုင်ငံမှာ ဖြစ်တဲ့ ဖြစ်ရပ်အားလုံး ဟာ လည်း နိုင်ငံရေး ဖြစ်ပါတယ် ။ ကိုယ့်   မိသားစု အတွင်းက  ဖြစ်ရပ်များ ဟာ မိသားစုဝင် များနဲ့  ဆိုင်သလို ၊ မိမိနေထိုင် ရာ တိုင်းပြည် (သို့ ) နိုင်ငံ မှာ ဖြစ်တဲ့ အရာအားလုံး ဟာလည်း ထို ဒေသအတွင်း နေထိုင်ကြတဲ့ သူများနဲ့  သက်ဆိုင် ပါတယ် ။
တနည်းဆိုရရင် လူဆိုတာ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့  နေသ၍ နိုင်ငံရေးဆိုတာ မပတ်သက်ပဲ နေလို့ မရတဲ့ အရာ ပါ ။ ကျနော်တို့  မိသားစု  ကောင်းခြင်း ဆိုးခြင်းဟာ ကျနော် တို့  နှင့် တိုက်ရိုက် ပတ်သတ် နေသလို ၊ ကျနော် တို့  နိုင်ငံ ကောင်းခြင်း ဆိုးခြင်းဟာ လည်း ကျနော်တို့  နှင့် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သော နည်းနဲ့ သက်ဆိုင်တယ် လို့ ပြောလို့ ရပါတယ် … ။ ဒါကြောင့် နိုင်ငံရေဆိုသည်မှာ ကျနော် တို့  လူးသားများနဲ့  မခေါ်ချင်သာနေလို့ မယ် မတော် ချင် လို့ မရဘူး လို့ ဆိုရင်  အငြင်းပွားဖွယ် မရှိလောက်ပါဘူး … ။
ကျနော် အထက်ပါ ဆွေးနွေးချက် များကို အကျဉ်းချူပ် ပါက ၊ နိုင်ငံရေး ဆိုတာ လူ့ ပတ်ဝန်းကျင် နဲ့  နေသ၍ ကျနော် တို့  နှင့် သက်ဆိုင်ပြီ ၊ ဥပဒေကို ဆန့် ကျင် တက်ခြင်းဟာ ကျနော် တို့  လူသားများအတွက် သဘာဝတစ်ခု ဖြစ်ပါတယ် ။
အခုတလော online ပေါ်မှာ ရေပန်းအစားဆုံး အကြောင်းရာကို ပြောပါဆိုရင် အခြေခံဥပဒေ ဆိုတာ ဖြစ်ပါတယ် ။  facebook မှာ ပဲဖြစ်ဖြစ် သတင်းစာ မျက်နှာ များပေါ်မှာ ဖြစ်ဖြစ် အခြေခံဥပဒေ ဆိုတဲ့ အကြောင်းရာ ကို နေ့ စဉ်လိုလို တွေမြင်ရပါတယ် … ။ ဒီတော့ အခြေခံဥပဒေဆိုတာ ဘာလည်း ... ။
အခြေခံဥပဒေ ဆိုတာ အစိုးရနဲ့  ပြည်သူ ကြား တာဝန်နဲ့  အခွင့်ရေးကို သဘောတူ ချူပ်ဆိုတဲ့ စာချူပ် ဆိုရင် မမှားပါဘူး ။   နိုင်ငံ တစ်နိုင်ငံ အတွက် အမှန်တကယ် လိုအပ်တဲ့ အရာလည်း ဖြစ်ပါတယ် ။ အခု online ပေါ်မှာ တွေ့ မြင်တဲ့ အကြောင်းရာ အများစု ဟာ အခြေခံဥပဒေ အပေါ် ကွဲလွဲတဲ့ အကြောင်းအများစု ကိုလည်းတွေ့ ရပါတယ် ။ အထက်မှာ ပြောခဲ့သလို ဥပဒေ ဆိုတာ လူသားများ နဲ့  ကွဲလွဲမှု့  ဟာ သဘာဝဖြစ်ပါတယ် ။ ဒါပင်မဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အခြေခံဥပဒေ ဆိုတာ ကျနော် တို့  ပြည်သူများ အတွက် ကောင်းကျိုး မဖြစ်ခဲ့တဲ့အပြင် ၊  ပြည်သူများ နိုင်ငံရေးရဲ့ သားကောင် သဖွယ် ခံစားစေခဲ့ ရတာကို မှတ်သားခဲ့ ဘူးပါတယ် ။
ဒီနေရာမှာ မှတ်သားခဲ့ဘူးတဲ့ မြန်မာ့ နိုင်ငံရေး အမိုင်းမှ အခြေခံဥပဒေများနဲ့ ထို ဥပဒေ များကြောင့် နိုင်ငံရေးရဲ့ သားကောင် ဖြစ်သွားရှာတဲ့ ပြည်သူများ အကြောင်းကို အနည်းငယ် ပြောလိုပါတယ် … ။
ပထမ အကြိမ် နိုင်ငံရေးရဲ့ သားကောင်းများ 
၁၉၄၇ ခုနှစ်မှာ မြန်မာပြည်အတွက် ပထမဦး ဆုံ အခြေခံဥပဒေ ကို ရေးဆွဲ  နိုင်ခဲ့ ပါတယ် ။ သည် ဥပဒေ ကို အင်္ဂလိပ် က ရေးဆွဲ ပေးတာဖြစ်ပြီ ပါလီမန်ဒီမိုကရေစီစနစ် ကို အခြေခံ ထားပါတယ် ။ ပါလီမန်ဒီမိုကရေစီစနစ် ဆိုတာ ကတော့ နိုင်ငံကို လွှတ်တော်မှ တစ်ဆင့် တာဝန်ယူ အုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ် ။
ဒီ ဥပဒေ အပေါ်မှာ   အဓိက ကွဲလွဲမှု့ ကတော့ Federal ( ပြည်တောင် ) နဲ့ Union ( ပြည်ထောင်စု) ကွဲလွဲ ခြင်းပဲ ဖြစ်ပါတယ် ။ ဖြစ်ပုံက ဒီလိုပါ … ။ အဲ့ဒီ အချိန်က ချင်း၊ ကချင်၊ ရှမ်း တို့ ဟာ အင်္ဂလိပ်ခေတ် ကတည်းကိုက ကိုယ်ပိုင် ဥပဒေ  နှင့် ကိုယ်ပိုင် အုပ်ချူပ်ခွင့် ရသော Federal ( ပြည်တောင် ) များဖြစ်ပါတယ် ။ ၁၉၄၇ အခြေခံဥပဒေ မှာ ပြည်ထောင် ဆိုတဲ့ စကားရပ်ကို ပြည်နယ် ဟု ပြောင်းလဲစေပြီး ၊ ထို ပြည်နယ် များအတွက် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ကို သီးခြား ပြဋ္ဌာန်း ခြင်းမရှိဘဲ နောက်ဆက်တွဲ အနေ နှင့်သာ ပြဋ္ဌာန်း ခဲ့ ပါတယ် ။
သည်အားနည်း ချက် ကို ဗိုလ်ချူပ်အောင်ဆန်းက ရိပ်မိပုံ ရပါတယ် ။ ဒါကြောင့် ၁၉၄၇ ဖေဖဝါရီ ၁၂ မှာ ပင်လုံ စာချူပ်ကို လက်မှတ်ရေးထိုးစေပြီး Federal ( ပြည်တောင် ) များကို Union ( ပြည်ထောင်စု) အဖြစ် သဘောတူ စေခဲ့ပါတယ် ။ ဗိုလ်ချူပ်အောင်ဆန်း ရဲ့ ကြိုးပမ်း မှု့ ကြောင့် ပင်လုံ စာချူပ်ဟာ မြန်မာပြည်အတွက် ပထမဦး ဆုံး ပြည်ထောင်စုမြန်မာ နိုင်ငံ ဖြစ်စေခဲ့ပါတယ် ။ ဒါပင်မဲ့  ဗိုလ်ချူပ်အောင်ဆန်း လုပ်ကြံခံ ရပြီးနောက် မှာတော့ ပင်လုံ စာချူပ် သဘောတူညီ ချက်များ ကို ဆက်လက်မထိန်းသိမ်း နိုင်ခဲ့ပါဘူး ။
အဲ့နောက်မှာ  ၁၉၄၇ ခြေခံဥပဒေ အားနည်းချက်တစ်ခု ဖြစ်တဲ့ လူဦးရေ ကို အခြေံခံပြီး လွတ်တော်အမတ် ထားရှိခြင်းကြောင့် လူဦးရေများတဲ့ ဗမာများကသာ လွတ်တော် မှာ နေရာရ စေပြီး ၊ လူမျိုးစု လွတ်တော်အမတ်များ မှာတော့ အောက်လွတ်တော် အဆင့်မှာသာ ရခဲ့စေခြင်း မှ အစပြု ကွဲလွဲစေခဲ့ပါတယ် ။ နောက်ကွဲလွဲမှု့ ကတော့ ၊ မှုရင်း ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၂၁(၄)တွင် “နိုင်ငံရေးအလို့ငှာ ကိုးကွယ်ရာဘာသာကိုအလွဲသုံးစားမပြုရ” ဟု ပြဋ္ဌာန်း ထားသော်လည်း အနိုင်ရပါတီ က ၁၉၆၁ မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း ကာ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ခြင်းကြောင့် လူမျိုးစု လွတ်တော် အမတ် တချို့ နဲ့  ကွဲလွဲစေခဲ့ပြန်ပါတယ် ။
ဒီလိုကွဲလွဲမှု့ များ ကစပြီး ရှမ်းမူ(ခေါ်)ဖယ်ဒရယ်မူ ကို လွတ်တော် သို့  ရှမ်းစော်ဘွားများ တင်သွင်းခြင်းကို လက်မခံတဲ့အတွက် အာဏာသိမ်းမှု့  ၊ အနိုင်ရ ပ.ထ.စ (ပြည်ထောင်စုပါတီ) ကို ကရင်တို့ မှ ပုန်ကန်မှု့ ၊ ဗိုလ်ချုပ်ကြီးနေ၀င်းမှ ဦးဆောင်သည့် စစ်တပ်က ခွဲထွက်ရန်ကြိုးပမ်းမှု တို့ ကို ဖြစ်စေခဲ့စေပြီ ၊ ၁၉၄၇ အခြေခံဥပဒေ ဟာ လည်း ၁၉၆၂ မှာ တစ်ခန်းရပ် ဇတ်သိမ်းကာ တိုင်းပြည်အတွက် ဘယ်လိုမှ ကောင်းကျိုး မဖြစ်စေ ခဲ့ပါဘူး ။ ဇတ်သိမ်းမှာတော့ အမိုင်းတွင် လောက်အောင် ပြည်တွင်း စစ်ပွဲ များ ဖြစ်စေခဲ့သလို ၊ ပြည်သူများ သာ အသက်ဆုံးရှုံး စေခဲ့ရပါတယ် ။ ဒီ ဖြစ်ရပ် ကို ကြည့်မယ်ဆိုရင် ၁၉၄၇ အခြေခံဥပဒေ အပေါ်မှာ ကွဲလွဲ ရာက စခဲ့တယ်ဆိုတာ သတိပြု မိပါတယ် ။ အသက်ဆုံးရှုံးခဲ့ ရတဲ့ ပြည်သူများ ကတော့ နိုင်ငံရေးရဲ့ သားကောင်း များ ဖြစ်စေခဲ့ပါတယ် …. ။
ဒုတိယ အကြိမ် နိုင်ငံရေးရဲ့ သားကောင်းများ  
ဒီလိုနဲ့  မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းပြည်ကို ၁၉၆၂ မတ်လ ၂ ရက်နေ့ မှာ တော်လှန်ရေးကောင်းစီ ဖွဲ့ စည်းကြောင်း ကြေငြာကာ အဖွဲ့ ဝင် ၁၇ ဦး ဖြင့် နိုင်ငံတော်အာဏာ ကို တပ်မတော် မှ သိမ်းယူခဲ့ပါတယ် ။ နောက် ၁၀ နှစ် အကြာမှာတော့ ဒုတိယအကြိမ် အခြေခံဥပဒေ ဆိုတာကို စတင်ရေးဆွဲခဲ့ပြီး ။ ၂နှစ်အကြာမှာတော့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ပေါ်ပေါက်လာခဲ့ ပြန်ပါတယ် ။ ဒီအခြေခံဥပဒေဟာ ဆိုရှယ်လစ်စနစ်ဖြစ်သလို တစ်ပါတီ စနစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မ.ဆ.လ)က တိုင်းပြည်ကို အုပ်ချူပ်စေ ခဲ့ပါတယ် ။
၁၉၄၇ အခြေခံဥပေဒေ အပေါ် မှာတော့ ကွဲလွဲ မို့ အခြေနေကို မရောက်ခဲ့ပါဘူး ။ ဘာဖြစ်လို့  လည်းဆိုရင် တော်လှန်ရေးကောင် စီဝင် များဟာ ထို ဥပဒေ ကို ကိုယ်တိုင်ရေးဆွဲ ခဲ့ပြီ ၊ ပြည်သူဆန္ဒ မပါပဲ အတည်ပြု အသက်သွင်းခဲ့ တာကြောင့်ပါ ။ ၁၉၇၄ အခြေခံဥပဒေပုဒ်မ (၆၆) အရ “နိုင်တ်ာကောင်စီဥက္ကဌသည်နို င်ငံတ်ာသမ္မတ ဖြစ်သည်” ဟု ပါရှိသောကြောင့် နိုင်ငံတော်ကောင်စီဥက္ကဌဦးနေဝင်းမှာ သမ္မတ ဖြစ်ခဲ့ပြီး ၊ တစ်ပါတီ စနစ် ဖြင့် ၁၉၄၇ အခြေခံဥပေဒေ  ကို အသက်သွင်းခဲ့ပါတယ် ။ တစ်ပါတီ စနစ် ဆိုခြင်းကြောင့် အာဏာရှင် စနစ်ပုံစံ ဖြစ်စေသလို ၊ ဆိုရှယ်လစ် နိုင်ငံရေး စနစ် ဟာလည်း တိုင်းပြည်ကို ဘယ်လိုမှ ကောင်းကျိုးမပြုခဲ့ပါဘူး ။
နောက်ဆုံးတော့ အမိုင်းတွင်လောက်အောင် ၁၉၈၈ မှာ ရှစ်လေးလုံးအရေးအခင်း ဆိုတာ ဖြစ်စေခဲ့ ပြီး အဲ့ဒီ အရေးခင်း နဲ့  အတူ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာလည်း ဇတ်သိမ်း ခဲ့ပြန်ပါတယ် … ။ အဲ့နောက် သမိုင်းတွင်လောက်အောင် ပြည်တွင်း ဆူပူမှု့  များဖြစ်စေခဲ့ပြီး ၊ ပြည်တွင်း စစ်ပွဲ များဖြစ်စေကာ များစွာသော ပြည်သူများ အသက်ရှုံးဆုံးစေခဲ့ပြန်ပါတယ် ။ တနည်း ဆိုရရင် ပြည်သူများ ဒုတိယအကြိမ် နိုင်ငံရေးရဲ့ သားကောင် သဖွယ် ခံစားရ စေခဲ့ပါတယ် …. ။
အခု တတိယ အကြိမ် အခြေခံဥပဒေဆို လာပြန်ပါပြီ .. ။ ဒီ ဥပဒေ ကိုတော့ တပ်မတော်အစိုးရက ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာ ဆိုတာ ခေါ်ယူ ဆွေးနွေးစေပြီး ၊ အခြေခံဥပဒေ မှုကြမ်း ဖြစ်မြှောက်ရေးအတွက် စတင်လုပ်ဆောင် ခဲ့ပါတယ် ။ ဇတ်လမ်း အစ ကတည်းကို က အကွဲကွဲ အလွဲလွဲ နှင့် သမိုင်းတွင်လောက်အောင် အမျိုးညီလာခံ ကြီးမှာ ၁၄ နှစ်တိတိ ကြာခဲ့ ပြီး ၂၀၀၈ ခုနှစ်မှာတော့ အခြေခံဥပဒေ မှုကြမ်း ကို ရေးဆွဲ နိုင်ခဲ့ပါတယ် ။ သည်လိုနဲ့  ၂၀၁၀ မှာ ၂၀၀၈ အခြေခံဥပဒေ ဆိုတာကို အသက်သွင်း စေခဲ့ပါတယ် ။ ဒီဥပဒေဟာ ဒီမိုကရေစီ စနစ်ကို ခြေခံပြီ ၊ သမ္မတ စနစ်ကို ပုံဖော်ထားပြန်ပါတယ် ။
ဒီလို အသက်သွင်းပြီး ယနေ့  အချိန် ၂နှစ် ကြာတဲ့ခါမှာတော့ အားလုံးတွေ့ မြင်တဲ့ တိုင်း ၊ သည် ဥပဒေ အပေါ်မှာ ကွဲလွဲမှု့ တွေ အစပြုလာပါပြီ … ။ ကျနော် အထက်မှာ ပြောခဲ့ သလို ဥပဒေ ဆိုတာ လူသား များနဲ့  ဆန့် ကျင် ကွဲလွဲမှု့  ဟာ သဘာဝ ဆိုပင်မဲ့  ၊ ကျနော် တို့ မြန်မာ့ နိုင်ငံရေး သမိုင်း ဖြစ်စဉ် များကို ပြန်ကြည့်မယ် ဆိုရင် …
……. ကျနော် တို့ သည် …. တတိယမြောက် သားကောင်း များ လော ………. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုးကား ….
ဥပဒေအတွေးအမြင် ( ဦးရေချမ်း )
တိုင်းရင်းသားလူမျိုးများအရေး နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ် (Dr . Lian H. Sakhong )
နိုင်ငံရေးနှင့် နိုင်ငံရေးသမား ဆောင်းပါး (၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်း)
မြန်မာနိုင်ငံနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများ (http://wikimyanmar.co.cc/wiki/index.php?title)  
ဓာတ်ပုံ ကို google မှ ရယူခဲ့ပါတယ် ...... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
11 comments:
  1. မောင်ဘုန်းရေ
    အရမ်းကိုဗဟုသုတရတယ်
    ReplyDelete
  2. ကျေးကျေးပါ မောင်ဘုန်းရေ ဗဟုသုတလေးတွေအတွက်
    ReplyDelete
  3. ကျွန်တော်တို့က တတိယသားကောင်တွေဖြစ်နေပါပြီ
    အခွံ့ပြောင်း နိုင်ငံရေးကျားကွက်ကြားမှာ ကျွန်တော်တို့က တတိယမြောက်သားကောင်တွေပေါ့ဗျာ
    ReplyDelete
  4. ဗဟုသုတတွေရသွားတာမို့ ကျေးဇူးပါနော်။
    တတိယမြောက်သားကောင်အဖြစ်တော့ မရှင်သန်ခြင်ပါဘူး မောင်ဘုန်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  5. မသိတာတွေသိရလို့ကျေးဇူးတင်ပါတယ်မောင်ဘုန်းရေ
    ခေါင်းတော့နဲနဲမူးသွား ဟီခုနှစ်မှတ်ရလို့ :P
    ReplyDelete
  6. This comment has been removed by the author.
    ReplyDelete
  7. နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်.။
    လူတစ်ယောက်စီတိုင်းက နိုင်ငံရေးကို ရှောင်ခွာနေသရွေ့
    နိုင်ငံရေးကို မသိတဲ့လူ၊ အဲ့ဒီလူ အဲ့ဒီပုဂ္ဂိုဟာ လူ့ဘောင် လူ့စည်းကမ်းကို
    ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး..ပြောရရင်လည်း ခက်တော့ ခက်သားလား..
    ဆရာမဂျူးပြောတာလေးကို သတိရတယ်..
    နယ်ချဲ့ တွေ ခေတ်မှာ မွေးတဲ့အဖေက အင်္ဂလိပ်တွေကို တော်လှန်ခဲ့တယ်..
    အမေက ဖက်ဆစ်တွေကို တော်လှန်ခဲ့တယ်..။
    အရာအားလုံးပြောင်းလဲနေတဲ့ ကျုပ်တို့ ဒီဘက်ခေတ်မှာဆိုရင်
    ကျုပ်တို့က ဘာကို တော်လှန်ရအုံးမှာလဲ..။
    ဥပဒေတွေကိုလား..အာဏာကိုလား..စစ်တပ်ကိုလား...
    ဒီရွာတိုးတက်ဖို့ဆိုရင် ရွာသူကြီးရော ရွာသားတွေရော အားကြိုးမာန်တက် ရှိဖို့လိုတယ်..
    ဒီရွာစည်းလုံးဖို့ဆိုရင် ရွာသူကြီးရော ရွာသားတွေရော စည်းကမ်းရှိဖို့လိုတယ်..။
    ဒီရွာ ငြိမ်ဝပ်ပိပြားဖို့ဆိုရင် ရွာသူကြီးရော ရွာသားတွေရော ချမှတ်ထားတဲ့ဘောင်ထဲမှာ -နေတတ်ဖို့လိုတယ်..
    စက်ရုံတစ်ခုစီးပွားရေး ကျဆင်းလာလို့ အလုပ်သမားတွေကို လျှော့ချတဲ့ပုံစံဟာ အညံ့ဖျင်းဆုံး -ဖြေရှင်းနည်းတစ်ခု.။
    အဲ့လိုပါပဲ..မူတစ်ခု ဘောင်တစ်ခုအတွက် လူတွေကို အသုံးချခြင်းဟာ စိတ်ပျက်စရာအကောင်းဆုံး လုပ်ရပ်ပဲ..
    တစ်ခါတစ်လေတော့ ငါးတန်းကျောင်းသားဘ၀က သင်ခဲ့ဘူးတဲ့ ဟမ်မူရာဘီရဲ့ ကိုယ်ဒဥပဒေကို လွမ်းမိ သားဗျာ...
    ReplyDelete
  8. ဗဟုသုတ တော့ အတော်လေးရတယ် ဗျာ
    မသိသေးတာတွေ သိခဲ့တဲ့အတွက်ကျေးဇူး ပါပဲ ကိုဘုန်းရာ
    .......
    ကွန်မန့်တောင်ဘယ်လိုပေးရမှန်းမသိဖြစ်နေလို့
    ကိုဘုန်း ပြောခဲ့တဲ့စကား လိုပဲ ...
    တော်တော်ကြီးကြီး ကိုကိုင်နေတာလို့ပဲ
    ပြောခဲ့ပရစေ ကိုဘုနါးရေ့..း)
    ReplyDelete
  9. အဖိုးမဖြတ်နိုင်တဲ့မှတ်သားစရာလေး
    ReplyDelete
  10. မြတ် သေသေချာချာ ဖတ်သွားခဲ့ပါတယ်။
    တတိယသားကောင်တော့ မဖြစ်ချင်ပါဘူး ..
    ခင်လျက်
    မြတ်
    ReplyDelete
  11. ပထမ မြောက်သား ကောင်တွေမှာ ကွဲ.... ကွဲတော့ ပြဲ
    ဒုတိယမြောက်သား ကောင်တွေက မွဲ.... မွဲတော့ ငတ်
    တတိယမြောက်သား ကောင်တွေကျတော့ (ကျွန်တော်တို့) ပြူးတူး ပြူးတူးနဲ့ ကိုယ်တွေကို ဘာလုပ်နေလို့ လုပ်နေမှန်းကို မသိတော့ဘူး....
    ကျေးဇူးပါ ကိုဘုန်းရေ... ဒီပိုစ့်ကတော့ ဗဟုသုတရပါတယ်ခင်ဗျာ။
    ခင်မင်စွာဖြင့်
    AH
    ReplyDelete