Pages

Thursday, June 7, 2012

တစ်ဘဝ ..... ပါ






မျှော်ရင်း သာ လွမ်း ၊ လွမ်းရင်း သာ မျှော်
ဖြစ်သည့်  ဘဝ ၊ မလွန်  ရှာ လေ
မယ် က တပြည် ၊ မောင် တပြည် မို့ 
ယုယ ကင်းလျှက် ၊ ပူပန် ထပ် ကာ
ရစ်ရစ် အလွမ်း ၊ ထပ်ထပ် ခြုံ  လျှက်
ကုန်ရ ည ပေါင်း ၊ များရ ရှာပြီ
တစ်ည တစ်ရက် ၊ ဆုံးစေ များလည်း
ရင်ဆန့်  လေမျှ ၊ အလွမ်း စုကာ
စုံမက် ဆပွား ၊ ချစ်ရ ရှာ သည်
 ကမ္ဘာခြား စေ ၊ ရေမြေ ဆုံး စေ
တောတောင် ခြားလည်း ၊ နှစ်ဦး ထပ်တူ
ရှိသည့် ချစ်များ ၊ သက်ထက် စု ၍
နာရီ တရွေ့  ၊ လျှက်တပြတ် တိုင်း
ထပ်တူ မြဲ ရင်း ၊ သစ္စာ အပုံ
ထပ်ကာ ဆင့်လျှင် ၊ မြင့်မိုရ် မက
သာလွန် လျှက်မို့  ၊ အပ်နှင်း ထပ်ထပ်
 နှစ်ယောက် ဆိုလည်း ၊ တစ် ဘဝ ပါ ….. ။



မောင်ဘုန်း 




7 comments:

  1. သစ္စာတည်ကာ၊ မောင်မယ်လက်စုံ
    တောင်းဆုချွေလို့၊ ဝေးပင် ခဏ
    လွမ်းရကြုံလျှင်၊ အိုအရှင်
    မျှော်တိုင်းသည်မျှ ရပ်စေသား

    ရှေးရှေးဘ၀၊ သစ္စာပါရမီ
    ရက်ကန်းချည်သို့၊ မြဲပင်သစ္စာ
    တူယှဉ်ကာဖြင့်၊ ပြုသည်ဖူးစာ
    ကိုမောင်ဘုန်းနှင့် ချစ်သူသည်သာ

    မြန်ပင်မဆွ၊ နီးပါစေသား
    မြန်စွာမသွေ၊ ပြည်ပါစေကြောင်း
    တောင်းဆုချွေသည်၊ ကျွန်တော် AH
    တောင်းဆုပန်လွှာ၊ ၀သုန်မြေ သိစေသား......

    ReplyDelete
  2. ထပ်တူ မြဲ ရင်း ၊ သစ္စာ အပုံ
    ထပ်ကာ ဆင့်လျှင် ၊ မြင့်မိုရ် မက
    သာလွန် လျှက်မို့  ၊ အပ်နှင်း ထပ်ထပ်
    နှစ်ယောက် ဆိုလည်း ၊ တစ် ဘဝ ပါ ….. ။ချစ်သူတိုင်းပျော်ရွှင်ကြပါစေ

    ReplyDelete
  3. နှစ်ယောက်တဘဝ မှ ပြီးပြည့်စုံတာလေ
    ပျော်ရွှင်ပါစေမောင်ဘုန်းရေ..

    အမပစ်ပစ်

    ReplyDelete
  4. မန့်မလို့နှိပ်လိုက်တာ စက်ပါတခါထဲကျသွားလို့ နောက်တစ်ခေါက်ပြန်ဝင်လာရတယ်မောင်ဘုန်းရေ

    ဘာဘဲဖြစ်ဖြစ် နှစ်ယောက်တစ်ဘ၀မှာပြည့်စုံတာလို့ ပြောရင် တစ်ယောက်ထဲ ရှိနေတဲ့သူတွေအားနေငယ်ပါဦးမယ်ဟေ့ တို့တွေကတော့ ပြည့်စုံတ၀က် မပြည့်စုံတစ်ဝက်ပေါ့း)))))))))

    ခင်မင်လျှက်
    အမဂျီး ဒိုးကန်

    ReplyDelete
  5. ချစ်သူအတွက်ရေးတဲ့
    (မျှော်ရင်း သာ လွမ်း ၊ လွမ်းရင်း သာ မျှော်
    ဖြစ်သည့် ဘဝ ၊ မလွန် ရှာ လေ
    မယ် က တပြည် ၊ မောင် တပြည် မို့ )
    တကယ်ပဲ ကိုယ်ချင်းစာမိပါတယ်မောင်ဘုန်းရေ

    ReplyDelete
  6. ကမ္ဘာခြား စေ ၊ ရေမြေ ဆုံး စေ
    တောတောင် ခြားလည်း ၊ နှစ်ဦး ထပ်တူ
    ရှိသည့် ချစ်များ ၊ သက်ထက် စု ၍
    နာရီ တရွေ့  ၊ လျှက်တပြတ် တိုင်း
    ထပ်တူ မြဲ ရင်း ၊ သစ္စာ အပုံ
    ထပ်ကာ ဆင့်လျှင် ၊ မြင့်မိုရ် မက
    သာလွန် လျှက်မို့  ၊ အပ်နှင်း ထပ်ထပ်
    နှစ်ယောက် ဆိုလည်း ၊ တစ် ဘဝ ပါ …

    အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ မောင်ဘုန်းရေ

    ReplyDelete
  7. မောင်ဘုန်းကဗျာလေးကို လာခံစားသွားပါတယ်....။ စကားမစပ် တန်းပလိတ်နောက်ခံလေးကတိမ်ကလေးတွေလှလိုက်တာ...။

    ReplyDelete