Pages

Sunday, June 3, 2012

ဓာတ်တိုင်အောက်က new post



သြော် ….. နာရမည် ၊ အိုရမည် ၊ သေရမည်  ….. လို့  ဆရာတော်ဘုရားဟော စဉ်က ဘာမှ မခံစားရသလိုပဲ ။ အင်း ….. အခု လပိုင်း ကျန်းမာရေး နည်းနည်း ညံ့ လာတော့မှ တွေးကြည့်လေ ကြောက်မိလေပဲ …  အင်းလေ .. သဘာဝပေပဲ ဘာ မတက်နိုင် မှာလဲ ….. ။


ကျနော် နှင့် ဆရာဝန်


နှစ်လ လောက်ရှိပါပြီ ။ ဘယ်လို က ဘယ်လို စတယ်မသိ ကျနော် မကြာခဏ ဆိုသလို နေမကောင်းဖြစ်တယ် ။ ကြီးကြီမားမား ရောဂါတော့ မဟုတ်ပါဘူး ။ အအေးမိ ဖျားတာ  ၂ လအတွင်း သုံးကြိမ်ကြိမ် တိတိရှိပါပြီ ။

ပြီးခဲ့တဲ့ အပတ်က နောက်ဆုံးအကြိမ်ပေါ့ … ။ ရိုးရိုးဖျားရာ ကနေ ရင်ဘက်အောင့် လာပါရော ဗျာ ။ နည်းနည်းလေး အေးရင် ကို အောင့်တာ ပါ ။ အောင့်တဲ့ နေရာက နံရိုး ကနေ အောင့်နေတာ ။ ကျနော် အထင်တော့ ဒဏ်ရာဟောင်းက ပြန်နာ တယ်လို့  ထင်မိပါတယ် ။

ဒီလိုပါ လွန်ခဲ့ ၂ နှစ်လောက်က ကျနော် ကားကြီးတွေ ဆေးမှုတ်တဲ့ အလုပ်လုပ်ပါတယ် ။ တစ်နေ့  အလုပ်လုပ်နေရင် ဆယ်ဘီကား ခေါင်မိုးပေါ်ကနေ ပြုတ်ကျ ခဲ့ဖူးပါတယ် အဲ့မှာ ကျနော် ဘယ်ဘက် နံရိုး တစ်ချောင်း ကျိုးခဲ့ ပါတယ် ။ ကလန်း ဆေးရုံ မှာ တစ်ပတ်လောက် နေခဲ့ရပြီ ကျိုးနေတဲ့ နံရိုး ကို ပြန်ဆက်ခဲ့ပါတယ် ။ တစ်လလောက်ရှိမယ် ထင်ပါတယ် ကျနော် အလုပ် မဆင်နိုင်ခဲ့ဘူး ။ နောက်တော့ အဲ့ ဒဏ်ရာက ကျနော် အတွက် မေ့တောင် မေ့နေပါပြီ ဘာနာကျင်မှု့  မှ မရှိပါဘူး ။

အခုအချိန်မှ နာလာတော့ ပြန်များကျိုး သွားပြီလား ထင်မိတာပါ ။ ဒါပင်မဲ့ ဘာနဲ့  မှလည်း ထိခိုက်မှု့  မရှိခဲ့ပါဘူး ။ ခက်တာက နာတဲ့ နေရာက ဒဏ်ရာဟောင်နေရာတည့်တည့် ဖြစ်နေတယ်လေ ။

ဒါနဲ့  ဆေးခန်း သွားပြီး ဆရာဝန်ကို ဖြစ်ကြောင်းကုန်စင် ပြောပြ တော့ ဆရာဝန်က သေချာစမ်းပါတယ် ဟိုနားကိုင်လိုက် ဒီနာကိုင်လိုက်နဲ့  နာလားလို့  မေးပါတယ် ။ မနာလို့  မနာဘူးလို့  ပြန်ပြောလိုက်တော့
ဓာတ်မှန် ရိုက်မယ်တဲ့ … ။ ရိုက်ရမယ် ဆိုလဲ ရိုက်ပေါ့ ….  ဒါနဲ့  အဲ့ ဆေးခန်း မှာပဲ နာရီဝက်လောက် အကြာ ဓာတ်မှန် ရိုက်ပြီး ဆရာဝန် နဲ့  ဒုတိယ အကြိမ် ထပ်တွေ့  ပါတယ် ။

ဆရာဝန် ……….. ရင်ဘက်က တစ်ကယ်ရော နာနေတာလား ။ ပွင့်ပွင့် လင်းလင်းပြောပါ မင်း MC လိုချင်လို့ လား .... ။

မောင်ဘုန်း …… ဗျာ …. ။ မဟုတ်ဘူး ဆရာ … ။ ကျနော် တစ်ကယ် နာနေတာပါ နှစ်ရက်ရှိပါပြီ … ။

ဆရာဝန် …..…. ဆရာလည်း သေချာဆန်းတာပဲ မသေချာမှာဆိုးလို့  ဓာတ်မှန် ရိုက်ကြည့်တာ ဘာမှမတွေ့  ပါဘူး ။ အရင် ကျိုးထားတဲ့ ဒဏ်ရာဟောင်းကလဲ အသားသေ နေပြီ ဘာမှ ထူးထူးခြားခြားမတွေ့  ဘူး .. ။

မောင်ဘုန်း …. ဗျာ … ဒါဆို ဘာလို့  နာတာလဲ ဆရာ …. ။

ဆရာဝန် ….. ဆရာလည်း သေချာ ပြောလို့ မရဘူး  ။ တစ်ကယ် နာနေရင်တော့ ဆေးရုံ သွားပြီး ဆေးစစ်ကြည့်တာ အကောင်းဆုံးပဲ ။

မောင်ဘုန်း ….. ဟုတ်ကဲ့

ဆရာဝန် …..  တစ်ခုလောက် အကြံပြုချင်တယ်ဗျာ …. ။

မောင်ဘုန်း …. ဟုတ်ကဲ့ ….ပြောပါ ... ။

ဆရာဝန် ……....  ဒီဒဏ်ရာ ဟောင်းကို စိတ်ထဲ ထည့်မထားနဲ့  ဗျာ .. ။ ခဗျား … ဒီ ဒဏ်ရာဟောင်းကို စိတ်ထဲ စွဲနေတယ်လို့  ကျနော် ယူဆတယ် လေ ။ အခု ဓာတ်မှန်လည်း ရိုက်ကြည့် ပြီးပါပြီ ။ ဒီ ဒဏ်ရာ ဟောင်းက ဘာမှ မဖြစ်ဘူးဆိုတာ သေချာပါတယ် ကျနော် အာမခံပါတယ် ။ စိတ်ထဲမှာ ဒီ ဒဏ်ရာကို အစွဲ မထားနဲ့  ဗျာ … ....... အခု ခဗျား အအေးမိလို့  ဖျားနေတယ် … ။ ကိုယ်ပူ ချိန်လဲ နည်းနည်း များတယ် အဲ့ဒါကိုပဲ ဂရုစိုက်ပါ ကျနော် MC ၄ ရက် ရေးပေးလိုက်မယ် … ။

ကျနော် ဆရာဝန် ကို ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး ။ ပေးလိုက်တဲ့ ဆေးတွေ ယူပြီ ပြန်လာခဲ့ပါတယ် ။ ဆရာဝန်ပြောလိုက်တဲ့ စကားတွေ ကိုပဲ ပြန်စဉ်စားနေမိတယ် ။ ကျနော် ပဲ ဘာသာပြန်တာ လွဲသလာပေါ့ ။ သေချာတွေးကြည့်လေ ကျနော် ကိုယ် ကျနော် သံတယ ဖြစ်လာတယ် ။

ကျနော် က ဘာမှမရှိတဲ့ ဝေဒနာကို စိတ်က နာတယ်လို့  ထင်နေတာလားလို့  ကိုယ့်ကို မေးကြည့်တယ် ။ တွေးလေ တွေးလေ …. ဘုရားရေ …. ဆရာဝန်က ကျနော် ကို စိတ်ရောဂါ ဖြစ်နေပြီ လို့  ပြောလိုက်တာများလားလို့  တွေးမိ ရင်း ဖျားနေတာတောင် ဘယ်ရောက်သွားမှန် မသိ ပါ ။

ညရောက်တဲ့ ထိအတွေးက ဆရာဝန်ပြောလိုက်တဲ့ စကားကိုပဲ ကြားနေမိတယ် … ။ ဒါနဲ့  ကောင်းကင်ဖြူ ဆီ ဖုန်းခေါ်ပြီး ဘာလုပ်သင့်လဲ လို့  တိုင်ပင်ကြည့်တော့ ကောင်းကင်ဖြူက စိတ်ထဲ မထည့်ရမှာက ဆရာဝန် ပြောလိုက်တဲ့ စကားပါတဲ့ မသက်သာရင် ဆေးရုံးသွားပြီး ဆေးစစ်ကြည့်ပါတဲ့ ။ အဲ့နေ့ ညက ကောင်းကင်ဖြူ ပြောတဲ့စကားတွေ ကြောင့်သာ စိတ်သက်သာ ခဲ့ပါတယ် ။ မနက်မိုးလင်းတော့ ဖျားတာလဲပျောက် ၊ ရင်ဘက်က နာတာလဲ ပျောက် လုံးဝ အရှင်းပဲ …။ တစ်ရက်လောက် စောင့်ကြည့်တယ် ...ရင်ဘက်က ဘာမှ နာကျင်မှု့  မရှိတော့ဘူး ။ အခု အလုပ်ပြန်ဆင်းနေပြီ ဘာမှကို မဖြစ်တော့ဘူး လေ ။ ကျနော် ပဲ စိတ်စွဲ သလား ဆရာဝန် ပဲ ယူဆချက်မှားလားတော့ အခုထိ ခွဲခြားလို့ မရပါဘူး ။


ကျနော် နှင့် တရုတ်ကား

ဒီနေ့ တော့ စာရေးချင်တာနဲ့  စိတ်ထဲရှိတာတွေ ရေးနေမိပါတယ် ။ အခု ကျနော် အလုပ်အကြောင်းလေး နည်းနည်းလောက် ပြောပြချင်ပါတယ် ။ အခု ရက်ပိုင်မှာ အရင်လုပ်နေတဲ့ ကားတွေ လက်စသက်ပါပြီ အားလုံးပြီးပါပြီ ။



 အင်ဒိုပို့ မဲ့ကားတွေပါ


 ဒါကတော့ လက်ကျန်ကားတွေပါ လာမယူကြသေးဘူးလေ


ဒါကတော့ ပျက်နေတဲ့ကားတွေပါ ဘယ်လိုမှ လက်ပူတိုက်မရပါ ဒီကားတွေ ကို ထုတ်လိုက်တဲ့ စက်ရုံက ကျွမ်းကျင်တဲ့ သူတွေ လာလုပ်မယ်လို့  ပြောတာပဲ 

ဒါကတော့ ကျနော် မောင်ဘုန်း ရဲ့ လက်ရာ ပါ ဒိုက်ခွက် ထဲမီးမလာလို့  ကလိရင်း အဲ့လိုဖြစ်သွားတာပဲ ပြန်တက်ဆိုရင်တောင် ဘယ်လို လုပ်ရမှန်မသိပါဘူး အဲ့လို တော်တာလေ .. ။



ဒီမှာ တစ်စီး ကားအသစ်ပါ ... ။ အင်းဂျင် စစ်ရင်း Power pump ပျက်သွားတယ် ...  တရုတ်ကားအဲ့လို  ကောင်းတာ .... ။

ကားတွေ အားလုံးလုပ်ပြီးတော့ မောင်ဘုန်း ပြန်ရတော့မယ်ဆိုပြီ ပျော်နေမိတာ ။ ရှိသေးတယ်တဲ့ နောက်ထပ် တရုတ်ကား အသစ် တွေ လာနေပြီတဲ့ ... ။

ဒီတခါလုပ်ရတဲ့ ကားအကြောင်းတော့ သေချာမသိရသေးပါဘူး တစ်စီးမှ ကို မဆင်ရသေးတာပါ အခုမှ လူခွဲ ပြီး ကိုယ်လုပ်ရမဲ့ အပိုင်းကိုလေ့လာနေကြဆဲပါ ... ။ ကားနာမည်က JAC တဲ့ လုပ်ငန်းသုံး အမျိုး စားဖြစ်ပါတယ် ။




simple  ကားပါ ... ရှေ့ ကနေ သေချာရိုက်ထားတဲ့ ဓာတ်ပုံတွေ ဘယ်ရောက်မှန် မသိလို့  ရှိတာလေးပဲ တင်လိုက်တာပါ နောက်မှ သေချာ ရိုက်ခဲ့ပါမယ်  ... ။


ပုံက သိမ့်မကြည်ဘူး... ရှာကြည့်တာ ဒီပုံလေး ထွက်လာလို့   ပါ ... ။


အရင်ဆုံး အခုလိုပြန် ဖြုတ်ပြီး ကိုယ်နဲ့ ဆိုင်ရာ အပိုင်လိုက် ကားတပ်ဆင်ပုံ လေ့လာကြပါတယ် ။


ဒီကားရဲ့ အင်ဂျင်ပါ .... ။

ဒီကားတွေ အ ကြောင်းလောလောဆယ် သိသလာက်တော့ တော့ ဒီကားတွေ ကို ZHEJIANG AMP INCORPORATION ကထုတ်လုပ်တာ ဖြစ်ပြီ တရုတ်ကားဈေး ကွက်မှာ တော့ အရည်သွေး ကောင်းနာမည် ရ အမှတ် တံဆိပ် ရှိပါတယ် .... ။ နောက်မှ ပဲ လုပ်ရင်းနဲ့  အားနည်းချက် အားသာချက်တွေ ရေးပါမယ် ။ 

နောက်ဆုံးပြောချင်တာတော့ ကျနော် အခုရေးတဲ့ post လေးရဲ့ ခေါင်းစဉ် အကြောင်းပါ .. ။ ဓာတ်တိုင်အောက်က new post လို့  နာမည်ပေးလိုက်တာကတော့ ဒီနေ့  စာရေးချင်တာနဲ့  လူရှင်းတဲ့ ဒီနေရာလေးမှာ အခုလို စိတ်ထဲ ရှိတာတွေ ချရေးနေမိလို့ ပါ .... ကြည့်ပါအုံး ... 


အခုရောက်နေတာက ကိုယ့်အိမ်မဟုတ်ဘူးလေ နေရတာ လူအရမ်းများတယ် ဘယ်လိုမှ အခန်းထဲမှာ သုံးလို့  အဆင်မပြေလို့  ဒီနေရာလေးလာခဲ့တာပါ ... ။ အခုတလော ကျနော်လိုင်းလည်းသိမ့်မသုံးဖြစ်ပါဘူး
ကျနော် မိတ်ဆွေ  သူငယ်ချင်းတွေ အိမ်ကို မရောက်ဖြစ်တဲ့ တွက် တောင်းပန်ပါတယ် ဗျာ ... ။

အခုလို ဘာတွေမှန် မသိ ရေးထားတာကို ဆုံးအောင်ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ ... ။ မင်္ဂလာ ညချမ်းလေး ဖြစ်ပါစေ ..... ။ ကျနော် ကတော့ ပြန်တော့မယ် ခြင်ကိုက်တယ်လေ ... ။


ခင်မင်စွာဖြင့် 


မောင်ဘုန်း




7 comments:

  1. မောင်ဘုန်းရေ
    အလုပ်တွေကိုပဲ စိတ်ထဲမထားနဲ့
    စိတ်ကိုလဲတင်းမထားနဲ့
    ကျန်းမားရေးကိုတော့အထူး ဂရုစိုက်ပါ
    ဖျားတာလဲရက်ဆက်လာရင်မကောင်းဘူး
    သက်သာပြီဆိုရင်တော့ လဲ ပြီးတာပါပဲ

    ReplyDelete
  2. ရင်ဘတ်အောင့်တာရောဂါမရှိပဲ ထ ထအောင့်တက်တဲ့ အမျိုးထဲမှာတယ်ထင်တယ်.. စိတ်ပင်ပန်းရင်လဲ အောင့်တယ်.. လေထိုးလို့လဲ အောင့်တယ်..တစ်ချို့လူတွေမှာ ဖြစ်တက်တယ်လို့ ထင်တာပါ အိမ်မက်လဲ မကြာမကြာဖြစ်ဖူးတယ်..သေချာဆေးစစ်ကြည့်လို့ ဘာမှမဖြစ်ဖူးဆိုရင် စိတ်ထဲထည့်မနေပါနဲ့တော့..ဒါပေမယ့် နောက်တခေါက်လောက်တော့ သွားစစ်ဦးလို့ အကြံပေးချင်တယ်..တခြားဆရာဝန်နဲ့ဖြစ်ဖြစ်ပေါ့..

    ဒါနဲ့ ဓါတ်တိုင်အောက်မျာ ခြင်မကိုက်ဖူးလားဟင်..း))

    အိမ်မက်စေရာ

    ReplyDelete
  3. မောင်ဘုန်းရေ နေကောင်းသွားတယ်ဆိုလို့ဝမ်းသာပါတယ်..
    ခဏခဏဖျားတာတော့ ကိုယ်ခံအားလျော့နည်းနေတာဖြစ်မယ်..
    အထူးဂရုစိုက်ရမှာက အစားအသောက်နဲ့ အိမ်ရေးတာပေါ့..
    ပင်ပန်းရင်လည်းဖြစ်တတ်ပါတယ်.. ကျန်းမာပျော်ပါစေ..

    ReplyDelete
  4. ဂရုတော့စိုက်ပေါ့လေ
    အရင်က အသည်းကွဲဒဏ်ရာတွေကများ ပြန်အောင့်စေသလားသိဖူးး)
    ဂျေအေစီ ကားတွေကိုတို့ပြည်တွင်းမှာ မြင်ဖူးသလားပဲ
    တော်တော်ခံမယ့်ပုံနော် ဟိဟိး)း)

    ReplyDelete
  5. မောင်ဘုန်း..
    တခါတလေ အခန့်မသင့်ရင် လေအောင့်တာ
    တွေဖြစ်တတ်ပါတယ်..ကိုယ်ကလည်း ဘာဆိုတာမသိတော့
    အရင်အနာဟောင်းကဘဲ နာသလားပေါ့
    အဲလိုတွေဖြစ်တတ်ပါတယ်...
    ကျန်းမာရေးတော့ ဂရုစိုက်ပါလို့ဘဲအကြံပေးချင်ပါတယ်..

    ReplyDelete
  6. အဆင်ပြေပါစေ နောင်တော်..... ဆေးလိပ်သောက်ရင်တော့ လျှော့သောက်၊ ဆေးသား ပျော့တာလေးတွေ ပြောင်းသောက်ပေါ့ အကို။ အမြန်ဆုံး ပြန်လည် ကျန်းမာပါစေဗျား။ ကားပုံလေးတွေအတွက် ကျေးဇူးပါ ခင်ဗျာ

    ReplyDelete
  7. မောင်ဘုန်းရေ ကျန်းမာရေးဂရုစိုက် နိုင်ငံရပ်ခြားမှာမို့ ကိုယ်ချင်းစာပါတယ်

    ReplyDelete